Channel Myanmar
Christopher McDonald
61* (2001) 7.7
61* (2001) IMDb raing - 7.7/10အခုတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ M&M boys လို့ဘေ့စ်ဘောသမိုင်းမှာ legendary most valuable players တွေလို့ကိုတင်စားထားတဲ့ Roger Maris နဲ့ Mickey Mantle တို့ သူတို့ရဲ့သမိုင်းမှတ်တိုင်ဖြစ်တဲ့ home run- 61 ခု မှတ်တိုင်ကိုဘယ်လိုစိုက်ထူခဲ့လဲဆိုတာကိုကြည့်ရမယ့် biography, drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တကယ့်ကိုအချိန်ပေးရထိုက်တန်တဲ့ Motivation အပြည့်အဝရနိုင်တဲ့ဇာတ်လမ်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့....Babe Ruth ဟာ Base Ball Single-season တစ်ခုတည်းနဲ့ home run record မှတ်တမ်းဝင်ထားတဲ့ most valuable player တစ်ယောက်ပါ။ ဒီ record ကိုချိုးဖျက််နိုင်တဲ့သူဟာ အမေရိကန်ပရိတ်သတ်တွေ တစ်ခဲနက်အားပေးကြတဲ့ ထူးချွန်တဲ့ Mickey Mantle ဖြစ်မယ်လို့အားလုံးကယူဆထားကြပါတယ်။ ဒီအချိန်မှာတော့ အသင်းဝင်အသစ်လေး Roger Maris တစ်ယောက်က အသင်းသားတွေနဲ့တွဲဖက်ညီညီဆော့နိုင်တဲ့အပြင် Mickey Mantle ...
movie
61* (2001)
Fanboys (2009)
Fanboys (2009)  ရုပ်ရှင်နာမည်အတိုင်းပဲ ဒီရုပ်ရှင်ဟာ ဖန်ဘွိုင်း (ပရိတ်သတ်) တအုပ် အကြောင်းရိုက်ထားတာပါ။ ဘာပရိတ်သတ်တွေလဲဆိုတော့ စတားဝါးစ် အမာခံပရိတ်သတ်တွေပါ။အချိန်ကာလအားဖြင့် Star Wars Episode 1 : Phantom Menace 1999 မထွက်ခင် ကာလမှာဇာတ်အိမ်တည်ထားပါတယ်။ မူလတန်းလောက်ကတည်းက စတားဝါးစ်ကို အရူးအမူးအားပေးလာကြတဲ့ စတားဝါးစ်ဂျပိုး လူငယ်တစုဟာ ဟောလိုး၀င်းပါတီတခုမှာပြန်ဆုံခဲ့ကြပါတယ်။ ဒီလိုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်း သူငယ်ချင်းအုပ်စုထဲက လိုင်းနက်စ်ဟာ ကင်ဆာရောဂါဖြစ်နေပြီး စတားဝါးစ်ရုပ်ရှင်သစ် ရုံတင်မယ့်ရက်ကို မမီနိုင်တော့တာကို သိရှိလိုက်ကြရပါတယ်။ ဒီလိုနဲ့ စတားဝါးစ်ဂျပိုး သူငယ်ချင်းတစုဟာ လိုင်းနက်စ်ကို မသေခင်မှာ Episode 1 ကိုပြလိုက်နိုင်ဖို့အတွက် ရုပ်ရှင်ဖလင်ကိုသိမ်းဆည်းထားတဲ့ စတားဝါးစ်တည်ထောင်သူဖခင်ကြီး ဂျော့ခ်ျလူးကပ်စ်ရဲ့ခြံထဲကိုခိုး၀င်ဖို့ မိုင်ထောင်ချီဝေးတဲ့ခရီးကို ဗန်ကားအစုတ်လေးတစီးနဲ့ စတင်စွန့်စားခန်းထွက်ကြ‌ပါတော့တယ်။စတားဝါးစ်နဲ့ပတ်သက်တဲ့ ရုပ်ရှင်ဖြစ်တာကြောင့် တကားလုံးမှာ စတားဝါးစ် ကိုးကားမှုတွေ ထို‌ခေတ်အခါက ရုပ်ရှင် ဂိမ်းနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အလျှံပယ်ထည့်သွင်းသုံးစွဲထားတာဖြစ်လို့ စတားဝါးစ်ကြည့်ဖူးထားရင်တော့ ဒီရုပ်ရှင်ကိုကြည့်ရတာ ပိုအရသာရှိပါလိမ့်မယ်။(ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုသတိပြုပေးပါ) File ...
movie
Fanboys (2009)
Thelma & Louise (1991) 7.5
Thelma & Louise (1991)  ဂန္တဝင်​လက်ရာ​တစ်ခုဖြစ်တဲ့​ ဒီရုပ်ရှင်ကိိုတော့ ရုပ်ရှင်​ဝါသနာပါသူတွေ ကြားဖူးကြမှာပါ။ ဇာတ်လမ်း​က​ Road​ Film အမျိုးအစား​ပါ။ ဇာတ်အိမ်တစ်ခုလုံးကို​ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တည်ထား​ပြီး​ ဇာတ်​ကောင်တွေ​ လမ်း​ခရီး​တစ်လျှောက်​ကြုံတွေ့​ခဲ့တဲ့​အဖြစ်သနစ်တွေကို​ တင်ဆက်​ထားတဲ့​ဇာတ်​လမ်းမျိုးပါ။ Little​ Miss​ Sunshine​ နဲ့ Natural Born Killers တို့လို Road Films တွေကိုနှစ်သက်ရင်တော့​ ဒီရုပ်ရှင်ကိုလည်း အကြိုက်တွေ့ပါလိမ့်မယ်။ ဒီ​ရုပ်ရှင်​ရဲ့​ဒါရိုက်တာ​ကတော့​ ဂန္တဝင်​ဒါရိုက်တာကြီး Ridley​Scott​ ဖြစ်ပြီး​ ၁၉၉၁ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပါတယ်။ Adventure​/Drama/Crime ရုပ်ရှင်​အမျိုးအစား​ဖြစ်ပြီး​ သူ့ရဲ့​ အကောင်း​ဆုံးလက်ရာတွေထဲကတစ်ခုအဖြစ်သတ်မှတ်ခံရတဲ့​ ရုပ်ရှင်​လည်းဖြစ်ပါတယ်။ ရာဇဝတ်မှု​တစ်ခုကျူးလွန်မိပြီးနောက်​ ထွက်ပြေး​တိမ်း​ရှောင်​ဖို့ကြိုးစားတဲ့​Thelma​ နဲ့​ Louise ဆိုတဲ့​ အမျိုးသမီး​နှစ်​ယောက်​ရဲ့​အ​ကြောင်းကို​ တင်ဆက်ထားတာဖြစ်ပါတယ်။ဇာတ်လမ်း​အကျဥ်း​ကတော့​ Thelma ဟာ​ ခင်​ပွန်း​ဖြစ်သူရဲ့ ဖိနှိပ်​ချုပ်ချယ်​ခြင်းကိုခံနေရတဲ့​ ရိုးရိုးအအ အိမ်​ထောင်ရှင်တစ်ဦးဖြစ်ပြီး​ သူ့သူငယ်ချင်းဖြစ်သူ​ Louise ကတော့​ အတိတ်က​စိတ်​ဒဏ်ရာတစ်ခုကိုခံစား​နေရတဲ့​ စားပွဲထိုးတစ်ဦးပါ။ သူတို့​နှစ်ယောက်​လုံးက​ သူတို့​ရဲ့ပတ်ဝန်းကျင်လူမှုအသိုက်အဝန်းကို စိတ်ကုန်နေတဲ့​ သာမန်​မိန်းကလေး​တွေဖြစ်ကြပြီး​ ...
movie
Thelma & Louise (1991)
The Collection (2012) 6.1
The Collection (2012) IMDB 6.1/10 Rotten tomatoes 35% 2012 ကထွက်ရှိခဲ့တဲ့ The Collection ရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀၀၉ခုနှစ်ကထွက်ခဲ့တဲ့ The Collector ဆိုတဲ့ ရုပ်ရှင်ကားရဲ့အဆက်လို့တောင်ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ တစ်နေ့မှာ အယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက်က သူမရဲ့ သူငယ်ချင်းတွေနဲ့အတူပါတီတစ်ခုကိုသွားရမှာ အဲ့ပါတီက လူအစုလိုက်အပြုံလိုက်သတ်တဲ့နေရာတစ်ခုဖြစ်နေရာမှ ထွက်ပြေးရန်ကြိုးစားရင်းကနေ The collector ရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရသူတစ်ယောက်ပဲဖြစ်ပါတယ်။ အာကင်ဆိုတဲ့လူကတော့ The collector ဆီကနေ လွတ်မြောက်လာတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဆီကို အယ်လီနာအဖေရဲ့ လက်ထောက်ကနေရောက်လာပြီး အယ်လီနာကိုကူရှာပေးဖို့ပြောရာကနေ အယ်လီနာကို The collector လက်ကနေဘယ်လိုကယ်ထုတ်သွားမလဲဆိုတာကိုရင်ခုန်စွာကြည့်ရမယ့် horror, thrillerအမျိုးအစားဖြစ်ပါတယ်။ File size…(1.4 GB)/(760 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:22:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated byPhyo Phill
movie
The Collection (2012)
Happy Gilmore (1996) 7.0
Happy Gilmore (1996) လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။File size…(2.82GB)  / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win
movie
Happy Gilmore (1996)
The Perfect Storm (2000) 6.5
The Perfect Storm (2000) 2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / ...
movie
The Perfect Storm (2000)
Rosaline (2022) 6.3
Rosaline (2022) Rosaline (2022)(1080p ရပါပြီ)အားလုံးပဲ နာမည်ကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ရဲ့ အချစ်ဇာတ်လမ်းကို ကြားဖူကြမှာပါ။ ဒီကားကတော့ ကျွန်တော်တို့မြင်ဖူးနေကျအတိုင်း ရိုမီယိုနဲ့ ဂျူးလိယက်တို့ ချစ်သူနှစ်ဦးရဲ့ အချစ်ကိုဖော်ညွှန်းထားတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ ရိုမီယိုရဲ့ ရည်းစားဟောင်း ရိုဆာလင်းနေရာက ခံစားတင်ပြထားတဲ့ ဇာတ်လမ်းပါ။ဇာတ်ကြောင်းအနေနဲ့ကတော့ ရိုမီယိုအနေနဲ့ ရိုဆာလင်းကို ချစ်လှ ကြိုက်လှပါချည်ရဲ့ ဆိုပြီး ကဗျာတွေစာတွေနဲ့ ပိုးပန်းလာခဲ့သမျှ တစ်နေ့မှာတော့ ရိုမီယိုဟာ ပျောက်သွားပါတော့တယ်။ တစ်ရက်တော့ ရိုမီယို့နောက် လိုက်ချောင်းရင်း သူ့ကိုပိုးပန်းတဲ့နည်းတွေအတိုင်း ချစ်သူအသစ်ကို ပိုးပန်းနေတာကို တွေ့ခဲ့ရပါတယ်။ဒါ့အပြင် ရိုမီယိုရဲ့ ချစ်သူအသစ်ဟာ ရိုဆာလင်းရဲ့ ဝမ်းကွဲညီမ ဂျူးလိယက်ဖြစ်နေပြန်ပါတယ်။ ဒီတော့ ရိုဆာလင်းအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်ကာ သစ်စိမ်းချိုး ချိုးသွားသူ ရိုမီယိုကို ပြန်ရဖို့အရေး အကြံတွေထုတ်ပါတော့တယ်။ ဝမ်းကွဲညီမဖြစ်သူကိုလည်း ရိုမီယိုနဲ့ဝေးဖို့အရေး တွန်းပို့တော့တာပေါ့။ရိုဆာလင်းရဲ့အကြံတွေ အောင်မြင်ပါ့မလား? ဒါမဟုတ် ဝတ္ထုရဲ့ မူရင်းအတိုင်းပဲ ရိုမီယိုတို့ အဆုံးသတ်မလား? ဆိုတာ ...
movie
Rosaline (2022)
2022
Land of Dreams (2021) 5.2
Land of Dreams (2021) Land of Dreams (2021)2021 ထွက် Land of Dreams ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ လတ်တလော အချိန်ကာလမှာ အစိုးရရဲ့ သန်းခေါင်စာရင်းဌာနဟာ စီမံကိန်းတစ်ခုအနေနဲ့ လူတွေရဲ့ အိပ်မက်တွေကိုပါ စစ်တမ်းကောက်လာကြပါတယ် နိုင်ငံသားတွေကို ပိုမို ထိန်းချုပ်လာနိုင်ဖို့ သူတို့အချက်အလက်တွေကို ပိုပြီး စီမံကွပ်ကဲလာနိုင်ဖို့ပါ အဲဒီထဲမှာတော့ စီမင်ဆိုတဲ့ကောင်မလေးဟာ သန်းခေါင်စာရင်းဌာနမှာ အလုပ်လုပ်ပြီး သူတို့အတွက် အိပ်မက်တွေ လိုက်စစ်တမ်းကောက်ပေးရပါတယ် သရုပ်ဆောင်ပိုးပါတဲ့ စီမင်တစ်ယောက်အနေနဲ့ သူကြိုက်နှစ်သက်တဲ့ အိပ်မက်ရှိပြီဆိုရင် ဖမ်းယူထားပြီး အဲဒီအတိုင်း ပြန်လည်သရုပ်ဆောင်လေ့ရှိပါတယ် ဒီလိုနဲ့ စီမင်ရဲ့ အိပ်မက်စစ်တမ်းကောက်တဲ့ခရီးမှာ မာ့ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ အယ်လန်ဆိုတဲ့ ခပ်ရင့်ရင့် ဘဲတစ်ဗွေပါ ပါလာပါတယ် အစိုးရရဲ့ ရှုပ်ထွေးမှုတချို့နဲ့ စီမင်ရဲ့ အိပ်မက်လား လက်တွေ့လားမသိတဲ့ ခပ်ရေးရေး ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင်ရဲ့ အိပ်မက်တွေကိုလည်း မှတ်မိမလားဆိုတာ ပြန်တွေးကြည့်လိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Chuck ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB ...
movie
Land of Dreams (2021)
2021
Superhero Movie (2008) 4.6
Superhero Movie (2008) Superhero Movie (2008) ================== ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Superhero Movie (2008)
2008
Requiem for a Dream (2000) 8.3
Requiem for a Dream (2000) Requiem for a Dream (2000)IMDb - 8.3/10, RT - 79%တစ်ချို့က Requiem For A Dream ကို ကြည့်ရအခက်ဆုံးရုပ်ရှင်တစ်ကားလို့ ဆိုကြတယ်။ တခြားတော့မဟုတ်ပါဘူး။ စိတ်ညစ်စရာတော်တော်ကောင်းတဲ့ ဇာတ်ဝင်ခန်းတွေကြောင့်ပါပဲ။ နာမည်ကျော်ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကတော့ ဒီလိုပြောထားတယ်။" Requiem for a Dream ဟာ အတော်လေးလက်တွေ့ကျတဲ့ စိတ်ဓာတ်ကျစရာအတော်ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ Requiem for a Dream နဲ့ ပတ်သက်ပြီး စွဲမက်စရာကောင်းတဲ့အချက်က... ဒါရိုက်တာက ဆေးစွဲနေတဲ့ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားတဲ့အချက်ပါပဲ။ ဆေးသုံးနေတဲ့အချိန်မှာ... ဆေးဟာ ဘာမဆိုဖြစ်နိုင်တဲ့ ကမ္ဘာတစ်ခုထဲကို ပြတင်းတံခါးခဏဖွင့်ပြပေးပြီး... အဲဒီတံခါးပိတ်ကျသွားတဲ့အခါမှာ... ဘဝက အဲဒီပြတင်းတံခါးကိုပြန်ဖွင့်ဖို့ ငွေနဲ့ဆေးကိုရှာဖို့ ကြံမိကြံရာရှာနေရတဲ့ အခြေအနေကို ဆိုက်ရောက်သွားတော့တယ်" တဲ့။ဒီရုပ်ရှင်ဟာ ဆေးစွဲနေတဲ့သူရဲ့ စိတ္တဗေဒကို အစစ်အမှန်ပြသထားတဲ့ ...
movie
Requiem for a Dream (2000)
2000
The Faculty (1998) 6.5
The Faculty (1998) Sci-Fi / Horror ပရိတ်သတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ဟောင်းလေးတင်ဆက်လိုက်ပါတယ်။The Lord of the rings ဇာတ်ကားမှာ လူပုလေးဖရိုဒိုနေရာကနေဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Elijah Wood ပါဝင်သရုပ်ဆောင်ထားတဲ့ကားကောင်းလေးလည်းဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်အပြင် ဇာတ်ပျိုး၊ဇာတ်လယ်၊ဇာတ်တက်၊ဇာတ်ဆင်း ရှယ်ကြမ်း ရှယ်ကောင်းတဲ့ science-fiction တစ်ဖြစ်လဲ horror ကားကောင်းလေးလည်းဖြစ်ပါတယ်။ဇာတ်ကားနာမည်လေးကတော့ The Faculty (1998) ဖြစ်ပြီး IMDb အနေနဲ့ 6.5 ရရှိထားပါတယ်။ဇာတ်လမ်းကတော့ ပြောပြနေတာထက် ကြည့်လိုက်တာက ပိုကောင်းတာမို့ မညွှန်းတော့ပါဘူးနော်။ File size…(1.8 GB)/ (1 GB) Quality….BluRay 1080p / 720p Format…mp4 Duration….01:44:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung
movie
The Faculty (1998)
We Can Be Heroes (2020) 4.8
We Can Be Heroes (2020) We Can Be Heroes (2020)===================IMDb Rating - 4.5/10ခရစ္စမတ်နေ့မှာ ထွက်လာတဲ့ ရုပ်ရှင်ကားကောင်းလေးကို လက်ဆောင်အနေနဲ့ တင်ပေးချင်လို့ပါ။ကားနာမည်က ငါတို့ကလည်း ဟီးရိုး ဖြစ်နိုင်ပါတယ်။ဒါကတော့ ဟီးရိုးလေးတွေရဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဟီးရိုးလေးတွေလို့ ဘာလို့ ပြောရတာလဲ ဆိုတော့ .....ဟီးရိုးကြီးတွေရဲ့ သားသမီးလေးတွေ အကြောင်း ဖြစ်နေလို့ပါပဲ။ ဟီးရိုးကြီးတွေက ကမ္ဘာကို ကာကွယ်ပြီး အခုချိန်မှာအေးဆေးဖြစ်နေကြပါပြီ။ တစ်နေ့မှာတော့ ကမ္ဘာကို ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတစ်စုကြောင့် ဟီးရိုးတွေအလုပ်ပြန်လုပ်ကြရပါတော့တယ်။ သူတို့ ရန်သူနဲ့ ရင်ဆိုင်နေတဲ့အချိန်မှာ သူတို့ရဲ့သားသမီးတွေကို ဌာနချုပ်မှာ ထိန်းသိမ်းထားပါတယ်။ ဒါပေမယ့် ဟီးရိုးကြီးတွေ မရှုမလှနဲ့ အရှုံးပေးလိုက်ကြရပြီး ဖမ်းခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ ......ဟီးရိုးလေးတွေ ခဗျာ အငြိမ်မနေနိုင်ကြတော့ပါဘူး။ သူတို့လည်း ဟီးရိုးမျိုးရိုး ပီသစွာနဲ့ ကိုယ့်မှာရှိတဲ့ ပါဝါတွေကို အသုံးချပြီးရင်ဆိုင်ဖို့ ကြံစည်ကြရပါတော့တယ်။ ဘာတွေ ဖြစ်လာမလဲဆိုတာကတော့ ...... ...
movie
We Can Be Heroes (2020)
2020
Deep Murder 2019 4.2
Deep Murder 2019 (18+warrning)မိသားစုဝင်များ ကလေးသူငယ်များနဲ့ကြည့်ရှူရန်မသင့်တော်သော စကားလုံးအသုံးအနှုန်းများ ဝတ်လစ်စလစ်အခန်းများ သွေးထွက်သံယို ဇာတ်ဝင်ခန်းများပါဝင်ပါတယ် (၂၀၁၉)ထုတ် Horror Comedyဇာတ်ကားလေးပါ ဇာတ်လမ်းလေးကတော့ ဟုချ်ဒန်ဂလာဆိုတဲ့ကြောင်တောင်တောင်ကောင်လေး မကြာမီကောလိပ်တက်ရတော့မည်ဖြစ်သော်လည်း လူပျိုရည်မပျက်သေးသောကြောင့် ကောလိပ်မှာ ဝိုင်းလှောင်မှာစိုးရိမ်နေရကြောင်းသူ့သူငယ်ချင်း ဂျေ့နဲ့တိုင်ပင်ပါတယ် ဂျေ့ကလည်း သူတို့အိမ်က ကလေးထိန်းမလေးနဲ့ဘယ်လိုလုပ်ရမယ်ဆိုတာ သင်ကြားပြပါတယ် တစ်ချိန်ထဲမှာပဲ သူ့အမေကလဲ သူ့အဖေရဲ့ညီဖြစ်သူ ဒေါ့နဲ့အပေါ်ထပ်မှာဖောက်ပြန်နေပါတယ် ထိုအချိန်မှာ အိမ်ရှေ့ကတံခါးခေါက်သံကြောင့် ဟုချ်တစ်ယောက် သွားကြည့်ရာကနေ ဘန်နီဗန်ကလစ်ဆိုတဲ့ သိပ္ပပညာရှင်တစ်ယောက်နဲ့ဆုံပါတယ် ဘန်နီက မုန်တိုင်းအကြောင်းသတင်းလာပေးရာမှဟုချ်ကဖိတ်ခေါ်လို့အိမ်ထဲရောက်လာခဲ့ပါတယ် အဲ့လိုဖြစ်ပျက်နေတဲ့အချိန်မှာပဲ သူ့ဦးလေးဒေါ့ကအသတ်ခံရပါတော့တယ် သူ့ဦးလေးဒေါ့ကို ဘယ်သူသတ်လဲအဖြေရှာကြရင်း လူသတ်သမားနဲ့သူတို့ ဘယ်လိုတွေရင်ဆိုင်ကြရမလဲကတော့ ဇာတ်လမ်းထဲမှာကြည့်ရှုပေးပါဦး   File Size : 1GB and 500mb Quality : webrip 1080p/720p Format…mp4 Duration…1hr25min Genre :  Comedy, Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by T Lone Encoded by Littleneo
movie
Deep Murder 2019
Mad Money (2008) 6.2
Mad Money (2008) ဒီတခါတော့ အဟောင်းပေမယ့်ကောင်းနေသေးတဲ့ ဟာသဇာတ်မြူးကားလေး တစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ. Imdb 5.8ရထားပြီး Comedy/Heistဆိုတော့ လူတိုင်းကြိုက်ကြမယ့် ကားလေးပေါ့ဗျာ. ဇာတ်လမ်းအကျဉ်းကတော့ ဘရစ်ဂတ်ရဲ့ခင်ပွန်း ဒွန်ဟာ နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ အလုပ်ကနေ ပြုတ်သွားတာကြောင့် တသက်လုံး အေးဆေးနေခဲ့တဲ့ ဘရစ်ဂတ်တို့မိသားစုဟာ ဒုက္ခရောက်တာပေါ့ဗျာ. ခင်ပွန်းဒွန်ကလဲ အလုပ်ပြုတ်ပြီး စိတ်ဓာတ်တွေ တဖြုတ်ဖြုတ်ကျတာကြောင့် ဘာမှမလုပ်နိုင်ဖြစ်ပြီး စီးပွားရေးအခြေအနေက ပို ဆိုးလာခဲ့ပါတယ်. ဘယ်လောက်တောင် ဆိုးလဲဆို သူတို့အိမ်ဖော်ကိုတောင် လခမပေးနိုင်လို့ အကြွေးတောင်းခံရတဲ့ထိပါပဲ. ကံကောင်းချင်တော့ အဲ့ဒီအိမ်ဖော်မလေးကပဲ ဘရစ်ဂျတ်ကို အလုပ်တစ်ခုလုပ်ဖို့ အကြံပေးခဲ့ပါတယ်. အဲ့ဒီအလုပ်ကတော့ ဘဏ်မှာ သန့်ရှင်းရေးလုပ်တာပါပဲ. ဘရစ်ဂျတ်ကလဲ ငွေလိုနေတာဆိုတော့ ဝင်လုပ်တာပေါ့ဗျာ. ဝင်လုပ်ရင်းနဲ့ ပဲ ဘဏ်ရဲ့ဟာကွက်တချို့ကို တွေ့ပြီး အဲ့ဒီကနေ ငွေရပေါက်အကြီးကြီးဖြစ်သွားတာပေါ့. ဒါပေမယ့် သူတစ်ယောက်တည်းလုပ်ဖို့ကျ အဆင်မပြေတာကြောင့် ဘဝတူ ဘဏ်ဝန်ထမ်းအဖော်နှစ်ယောက်စုပြီး သုံးယောက်ပေါင်းကာ ကွက်ကျော်ရိုက်ကြပါတယ်. သူတို့ရဲ့ ငွေရပေါက်ဟာ တရားမဝင်တော့ လူအင်အားပိုလိုလာလို့ လူစုရင်းနဲ့ အုပ်စုတစ်ခုလိုဖြစ်ပြီး အတူတူ ကွက်ကျော်ရိုက်ကြရင်း အလွဲတွေဖြစ်ပြီး တိုင်ပတ်တာကို ရိုက်ပြထားတဲ့ ဟာသဇာတ်မြူးလေးပေါ့ဗျာ. ဒီဇာတ်လမ်းကိုကြည့်ရင် ဘဝအမောတွေ ကျိန်းသေပြေစေမှာမလို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦးဗျာ    File Size - 1.1 gb Quality - bluray 1080p Subtitle -  burmese Translator - YK Encoder - ...
movie
Mad Money (2008)
2008
Flubber (1997) 5.3
Flubber (1997) Flubber (1997)============IMDb Rating - 5.3/10#Unicodeဒီဇာတ်ကားလေးကို ကျွန်တော်တို့ ငယ်ငယ်က တစ်နည်းနည်းနဲ့ ကြည့်ဖူးခဲ့ကြပါလိမ့်မယ်ထင်ပါတယ်။မကြည့်ရသေးရင် ပြန်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ Disney ရဲ့ Back to 90's Live action ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဟာသမင်းသားကြီး ရော်ဘင် ဝီလီလျံက ဒီဇာတ်ကားတစ်ခုလုံးမှာ အဓိကပါ၀င်ထားပါတယ်။ ဇာတ်လမ်း အညွှန်းလေးက မစ်ဒ်ဖီးလ် ကောလိပ်က ဓာတုဗေဒ ပါမောက္ခ ဖိလစ်ဘရိန်းနက်ဟာ ကောလိပ်ကိုရပ်တည်နိုင်ဖို့ ရုန်းကန်နေရတဲ့သူဖြစ်ပါတယ်။ ကောလိပ်ရဲ့ ဥက္ကဌဖြစ်သူဆာရာ နဲ့ အကြိမ်ကြိမ်‌လက်ထပ်ဖို့ ကြိုးစားပေမဲ့ ဘရိန်းနက်ရဲ့ မေ့လျော့ပေါ့ဆမှုတွေကြောင့် ‌မအောင်မြင်သေးပါဘူး။ တစ်ဖက်မှာလည်း ဖိလစ်ဟာ သူ့ရဲ့ စမ်းသပ်ချက်တွေကနေ သက်ရှိဇီ၀ ဖလူဘာလို့ခေါ်တဲ့ရောဘာကောင်လေးကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာ ဘာတွေဆက်ဖြစ်သွားမလဲ၊ ကောလိပ်ကိုကော ဘယ်လိုအကျိုးရှိရှိလုပ်ပေးသွားသလဲ၊ ချစ်ရသူ ဆာရာနဲ့ကော ရွှေလက်တွဲသွားနိုင်ပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီး ဆက်လက်ခံစားကြည့်ရှုလိုက်ပါခင်ဗျာ။ Comedy, Family, Sci-Fi ကားလေးဖြစ်ပြီးကလေးတွေအတွက် Entertain ဖြစ်စေပြီး ...
movie
Flubber (1997)
1997
Backtrace (2018) 3.7
Backtrace (2018) Backtrace ဆိုတဲ့အက်​ရှင်​ကား​လေးကို စ​ရေးတုန်းကပျင်းဖို့​ကောင်းမယ်​လို့​တွေးထားခဲ့မိတယ်​။ဘာလို့ဆို​တော့ စတားလုံးဇာတ်​ကား​တွေက များ​သောအားဖြင့်​bcoz i'm stallone ဆိုတဲ့ပုံစံ​တွေ များလို့ပါ။ဒါ​ပေမယ့်​ ဒီကား​လေးက​တော့ ​ရေး​နေရင်းနဲ့ကို ခဏရပ်​ပြီးဘာ​ကြောင့်​လဲဆိုတာ သိချင်​လို့ ဆက်​ကြည့်​မိတဲ့ကားတစ်​ကားပါ။လှည့်​ကွက်​​​လေး​တွေပါတာကိုကြိုက်​တဲ့ ရုပ်​ရှင်​ချစ်​သူ​တွေအကြိုက်​​တွေ့​စေမယ့်​ကားတစ်​ကား​ပေါ့။ဇာတ်​လမ်းက​တော့ ဘဏ်​တစ်​ဘဏ်​ကို ဓားပြတိုက်​လာခဲ့ကြတဲ့ လူသုံး​ယောက်​မှာနှစ်​​ယောက်​က​သေဆုံးခဲ့ပြီး ကျန်​တဲ့တစ်​​ယောက်​က ​သေနတ်​ဒဏ်​ရာ​ကြောင့်​ မှတ်​ဥာဏ်​​တွေ ​ပျောက်​ဆုံးသွားခဲ့တယ်​။ဒါ​ပေမယ့်​ သူ့မှတ်​ဥာဏ်​​တွေ မ​ပျောက်​ဆုံးခင်​မှာ ​ငွေ​တွေကို ဖွက်​ထားခဲ့ပြီးခုနှစ်​နှစ်​ကြာတဲ့အချိန်​မှာ လူတစ်​စုက အ​စောင့်​အကြပ်​​တွေကြားကသူ့ကိုကယ်​ထုတ်​ပြီး ပိုက်​ဆံ​တွေကိုပြန်​ရှာတဲ့အ​ကြောင်းဇာတ်​လမ်းဆင်​ထားတာ ဖြစ်​ပါတယ်​။အေးမယ်​လို့ ထင်​ရ​ပေမယ့်​ စတားလုံးရဲ့ စူပါဟီးရိုးဆန်​တဲ့အခန်း​တစ်​ချို့ကလွဲရင်​ တစ်​ကားလုံးစိတ်​ဝင်​စားစရာ ပြည့်​နှက်​​နေတဲ့ ကား​ကောင်းတစ်​ကား ဖြစ်​ပါတယ်​။အား​ပေးကြပါဦးဗျာ... File Size : (820 MB) and (285MB)Quality : ...
movie
Backtrace (2018)
2015
Spy Kids 2: The Island of Lost Dreams (2002) 5.1
Spy Kids 2: The Island of Lost Dreams (2002) Spy Kids 2 ဇာတ်ကားကတော့ 2002ကရိုက်ကူးခဲ့တဲ့American spy adventure comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဒီကားထဲမှာဆိုရင်တော့Alexa vega,Daryl Sabara,Antonio Banderas တို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဒီကားထဲမှာဆိုရင်တော့ ပထမကားထဲကCarmen နဲ့ Juniတိို့ကို Agentတွေ အဖြစ်နဲ့တွေ့ရမှာဖြစ်ပါတယ်။သူတို့နှစ်ယောက်ကို အငယ်ဆုံးစပိုင်အဖြစ်အသိအမှတ်ပြုကြပေမယ့်အတော်ဆုံးစပိုင်အဖြစ်တော့ အသိအမှတ်မပြုကြပါ။ဒါကြောင့်ပထမဇာတ်ကားမှာ သူတို့ကိုကယ်ခဲ့တဲ့Gary နဲ့ Gerti Gigglesတို့နဲ့တွေ့ပြီး စမ်းသပ်လေ့ကျင့်ကြပါတယ်။အဲ့အချိန်မှာတော့ juni ဟာ မအောင်မြင်တာကြောင့်Agent အဖြစ်မှအဖြုတ်ခံလိုက်ရပါတယ်။ဒါပေမယ့်နောက်နေ့မနက်မှာတော့ Carmen ဟာDatabase ကို hackပြီး Juni ကို Agentအဖြစ်ပြန်ထားခဲ့ပါတယ်။အဲ့နောက်မှာတော့ သူတို့နှစ်ယောက်ဘယ်လိုဖြစ်သွားမလဲဆိုတာဇာတ်ကားလေးထဲမှာဆက်လက်ရှု့စားကြပါတော့...။ File size…(950 MB) and (400 MB) Quality…BR-Rip 1080p Format…mp4 Duration….01:40:18 Subtitle….Myanmar Subtitle (Hardsub) Translated by Eden Zaw Htoo Encoded by Naing Aung Latt
movie
Spy Kids 2: The Island of Lost Dreams (2002)
2002
American Pie 5: The Naked Mile (2006) 5.1
American Pie 5: The Naked Mile (2006) American Pie 5: The Naked Mile (2006) IMDb - 5.1/10_____Google users - 85%   နာမည်ကျော်ကျောင်းသားဟာသဇာတ်ကားတွေဖြစ်တဲ့ American Pie ရဲ့ နံပါတ်(5)ဇာတ်ကားပါ။ ဒီဇာတ်ကားမှာလဲ သူ့ထက်ငါ လူစွမ်းကောင်းဆိုတဲ့ စတစ်ဖလာမျိုးရိုးတွေအကြောင်းကို တွေ့မြင်ရမှာပါ။ စတစ်ဖလာ မျိုးရိုးထဲမှာ အူကြောင်ကြောင်ကောင်တွေပါနေတာကို ဟာသရသမြှောက်အောင် ပုံဖော်ထားပါတယ်။ အနောက်တိုင်း လူငယ်တွေရဲ့ စူးစမ်းမှု နဲ့ အရွယ်ရောက်လာမှုကြောင့် ဖြစ်ပျက်တတ်တာလေးတွေကို ဟာသရောနှောပြီး ပွင့်လင်းစွာ တင်ဆက်ထားပါတယ်။ ဒါကြောင့် မိသားစုနဲ့တော့ မကြည့်သင့်ပါဘူး။   American Pie ဇာတ်ကားအကုန်လုံးကို https://channelmyanmar.org/?s=american+pie မှာ Download လုပ်လို့ရပါတယ်။  File size...(903 MB) Quality...HDTV-Rip 720p Format...mp4 Duration....01:41:47 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung   နမူနာကြည့်ရန်
movie
American Pie 5: The Naked Mile (2006)
2006
Fair Game (1995) 4.3
movie
Fair Game (1995)
1995