Channel Myanmar

Christopher Rosamond

In the Name of the King 2: Two Worlds (2011) 3.1
In the Name of the King 2: Two Worlds (2011) In the Name of the King 2: Two Worlds (2011)===================================ဂရန်ဂျာဟာလက်ရှိခေတ်မှာ စစ်ပြန်အငြိမ်းစားတစ်ယောက်ဖြစ်ပြီး ကိုယ်ခံပညာအချိန်ပိုင်းသင်ပြီးအသက်မွေးပါတယ်။တစ်နေ့ သူ့အိမ်ထဲမှာရှိနေတုန်း ရှေးအဝတ်အစားနဲ့လူတစ်စု အချင်းချင်းလာရောက်တိုက်ခိုက်ကြပြီး အဲ့ဒီထဲကအမျိုးသမီးတစ်ယောက်ဟာ သူ့ကိုအလင်းပေါက်ကြီးတစ်ခုကနေ တစ်ဖက်ကိုခေါ်ဆောင်သွားပါတော့တယ်။အဲ့ဒီဘက်အခြမ်းဟာ အလယ်ခေတ်ကာလဖြစ်နေပြီး ဂရန်ဂျာသိလိုက်ရတာက ရှေးဟောကိန်းတစ်ခုအရလက်ရှိအချိန်မှာ အကျပ်အတည်းဆိုက်နေတဲ့ အက်ဘ်ဆိုတဲ့တိုင်းပြည်ရဲ့ ကယ်တင်ရှင်ဟာသူဖြစ်နေတယ်ဆိုတာကိုပါပဲ။ သူ မယုံကြည်လက်မခံပေမယ့် ဘယ်လိုမှမလွှဲသာတဲ့အဆုံးမှာ ဂရန်ဂျာတစ်ယောက်မီးစင်ကြည့်က ဖို့ဆုံးဖြတ်လိုက်ပြီး သူတို့ရဲ့ ဇာတ်ရှုပ်ထဲကိုဝင်ပါရပါတော့တယ်။အဲ့ဒါကတော့ ရှေးဟောကိန်းအရ သူဟာ တိုင်းပြည်ခံတပ်ရဲ့ပြင်ပတစ်နေရာမှာ စခန်းချနေထိုင်တဲ့ မြင့်မြတ်တဲ့မိခင်ဆိုတဲ့ စုန်းမအိုကြီးနဲ့ သူ့နောက်လိုက် အမှောင်ပုဂ္ဂိုလ်တွေကို သုတ်သင်ပေးရမှာပါ။ဒါပေမယ့် သူသိလိုက်ရတဲ့ အပေါ်ယံဇာတ်လမ်းနောက်ကွယ်မှာလှည့်ကွက်တွေအများကြီးရှိနေတယ်ဆိုတဲ့အကြောင်း မကြာခင်သိလာပါတော့တယ်။In the Name of the King: Two Worlds မှာတော့ Dolph Lundgren ကြီးက ဂရန်ဂျာအဖြစ်ပွဲကြမ်းထားပါတယ်။ဒီကားဟာ တစ်ချိန်က နာမည်ကျော်ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ Dungeon Siege ကိုအခြေခံထားတာဖြစ်ပြီးနန်းတွင်းဇာတ်ရှုပ်တွေ ...
movie

In the Name of the King 2: Two Worlds (2011)

2011
The Revenant (2015) 8.0
The Revenant (2015) အော်စကာဆု ရွှေကမ္ဘာလုံးဆု တွေ အပါအဝင်ရုပ်ရှင်လောက ရဲ့ ထိပ်သီးဆုတွေ အတွက်လျာထားခြင်းခံထားရတဲ့ ဇာတ်ကားပါ။ ဒီဇာတ်ကား ရဲ့ အဓိက မင်းသား လီယိုနာဒို ရဲ့သရုပ်ဆောင် သက်တမ်းတစ်လျှောက်အမှတ်ရစရာအကောင်းဆုံး ဇာတ်ကားလည်းဖြစ်လာနိုင်ပါတယ်။ အော်စကာဆုတွေနဲ့ လွဲလွဲနေတဲ့ မင်းသား လီယိုနာဒိုဟာဒီဇာတ်ကားနဲ့အတူ ရနိုင်ဖို့ ကမ္ဘာ့ရုပ်ရှင်ဇာတ်ခုံပေါ်ကလူတိုင်းလိုလို တစ်ပေးထားကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေရဲ့ကြိုးစားအားထုတ်မှုတွေ အပြင်ထုတ်လုပ်သူတွေရဲ့ ကုန်ကျစရိတ်အမြောက်အများ ကျခံပြီး ရိုက်ကူးထားမှုတွေ ရုပ်ရှင်တစ်ဖွဲ့သားအားလုံး ရဲ့ အပင်ပန်းခံ ပြီး ပရိသတ်တွေ အပေါ် စေတနာဘယ်လောက် ထား ခဲ့တယ်ဆိုတာတွေပါ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ယောကျ်ားတစ်ယောက်ရဲ့ စွန့်စားခန်းနဲ့အတူယောကျာ်းကောင်းတစ်ယောက်မှာရှိသင့်တဲ့ စိတ်ခွန်အား စွမ်းရည်သတ္တိ လုပ်ရည်ကိုင်ရည် တွေကို အကောင်းဆုံးပြနိုင်ခဲ့တဲ့ ဇာတ်ကားပါ။မိမိရဲ့အမဲလိုက်အဖွဲ့ဝင်တွေရဲ့ စွန့်ပစ်သစ္စာဖောက်ခြင်းကိုခံခဲ့ရတဲ့ နယ်မြေသစ်ရှာဖွေသူ Hugh Glass (လီယိုနာဒို) ရဲ့အသက်ရှင်ရပ်တည်ရဖို့ တစ်ဦးတည်းရုန်းကန်ရပုံတွေကိုအားရကျေနပ်ဖွယ် ကောင်းလောက်အောင်ရိုက်ပြထားတာပါ။ မင်းသား လီယိုနာဒိုဟာ ဒီဇာတ်ရုပ်ကိုပြောစမှတ်တွင်လောက်အောင် သရုပ်ဆောင်ပြသွားတာကိုအားလုံးတွေ့မြင်ရမှာပါ။ ဒီဇာတ်ရုပ်ဟာ လီယိုနာဒိုကို အခြား အော်စကာ ဆန်ကာတင်မင်းသားတွေနဲ့ ယှဉ်လိုရင် ပိုသာ သွားအောင်ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။ survival adventure ...
movie

The Revenant (2015)

2015