Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Cindy Slattery
6.8
Ice Age: The Meltdown (2006)
ဒီဇာတ်ကားက Ice age franchiseရဲ့ ဒုတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားက ဆင်ကြီးမန်နီရဲ့ emotional damageကို အဓိကဦးတည်ထားတာပဲ ဖြစ်ပါတယ်၊ အမွေးရှည် မန်းမွန့်ဆင်မျိုးစိတ်ထဲမှာ သူသာကျန်ခဲ့တော့တယ်လို့ ယုံကြည်ထားတဲ့ ဆင်ကြီးမန်နီဟာ အထီးကျန်ဝေဒနာကို ခံစားခဲ့ရ သလို သူငယ်ချင်းတွေဖြစ်တဲ့ ဒီယေဂိုနဲ့ ဆစ်ဒ်တို့ဟာလည်း သူ့ကို မဖျောင်းဖြနိုင်ခဲ့ပါဘူး။အဲဒီအချိန်မှာ မန်နီ့ဘဝရဲ့ကံကောင်းမှုအဖြစ် အယ်လီဆိုတဲ့မျိုးတူ ဆင်မလေးတစ်ကောင်ဟာ သူ့ဘဝထဲကို ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ရောက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ အယ်လီက ငယ်ဘဝမှာထဲက မိဘတွေနဲ့ သင်းကွဲပြီး ကြွက်မိသားစုရဲ့ ပျိုးထောင်မှုကို ခံခဲ့ရလို့ သူ့ကိုယ်သူ ကြွက်လို့ထင်နေတာပဲ ဖြစ်ပြီး အက်ဒီနဲ့ ခရက်ရှ်ဆိုတဲ့ မောင်နှစ်ယောက်ပါ ရှိနေပါသေးတယ်။ဒါကြောင့် ဆင်ကြီးမန်နီအနေနဲ့ အယ်လီကို လူပျိုမလှည့်ခင် သူ့ရဲ့ ဘဝမှန်ကို အရင်သိအောင် ရှင်းပြရသလို သူ့မောင်နှစ်ကောင်ကို စည်းရုံးရေးဆင်းရင်း ကြုံရမယ့်အလွဲအမှားတွေကို ဟာသနှောပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ File size… 5.9 GB / 2.1 GB / 1 GB Quality… Web-DL 4K HDR ...
movie
Ice Age: The Meltdown (2006)
2006
4K HEVCHDR
6.9
Ice Age: Dawn of the Dinosaurs (2009)
ဒီဇာတ်ကားက Ice age franchiseရဲ့ တတိယဇာတ်ကား ဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီကားရဲ့အဓိကဇာတ်ဆောင်က အချစ်တော် ဆလော့တ် ဆစ်ဒနီပဲဖြစ်ပါတယ်။ ကမ္ဘာဦးရေခဲခေတ် မှာ သူတို့မသိထားတဲ့ မြေအောက်ကမ္ဘာတစ်ခု ရှိနေခဲ့ပြီး တစ်နေ့မှာ အဲဒီကမ္ဘာကို သွားတဲ့ဝင်ပေါက်တစ်ခုကို ဆစ်ဒ်က ကံအားလျော်စွာ ရှာတွေ့သွားခဲ့ပါတယ်။ မိသားစုရဲ့စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့ဆစ်ဒ်ဟာ သူငယ်ချင်း မန်နီရဲ့မိသားစုဘဝကို အားကျတာကြောင့် ကိုယ်ပိုင် မိသားစုတစ်ခုကို လိုချင်နေခဲ့တာပါ။ ဒါကြောင့် မြေအောက်ကမ္ဘာ မှာ တွေ့ခဲ့တဲ့ဥသုံးလုံးကို ဘူမသိကိုးမသိ မြေပေါ်ကမ္ဘာကိုယူလာပြီး သူ့ကလေးတွေလို ပျိုးထောင်ဖို့ လုပ်ခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီဥတွေဟာ ဒိုင်နိုဆောဥတွေဖြစ်နေပြီး မိခင်ရင်း ဖြစ်သူ ဒိုင်နိုဆောမကြီးက မြေပေါ်အထိ တက်လာပြီး သူ့ကလေး တွေကို ပြန်လာခေါ်ရင်း ဥတွေကိုယူသွားတဲ့ ဆစ်ဒ်ကိုပါ ဖမ်းသွား လို့ မန်နီ ဒီယေဂိုနဲ့ ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေတဲ့ အယ်လီတို့ တစ်သိုက်ခမျာ သူတို့မကျွမ်းဝင်တဲ့ မြေအောက် ဒိုင်နိုဆောကမ္ဘာ အထိလိုက်ပြီး ဆစ်ဒ်ကိုကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… 7.3 GB / 2.4 GB ...
movie
Ice Age: Dawn of the Dinosaurs (2009)
2009
4K HEVCHDR
7.7
Nimona (2023)
Nimona (2023) =========== Genre – Animation, Adventure, Comedy, Drama IMDb Rating – 7.7/10Netflix ကနေ အသစ်ဆက်ဆက် ထွက်ရှိထားတာ မကြာ သေးတဲ့ Animation ကားကောင်းလေး ဖြစ်ပါတယ်။ တ ကယ်ဆို ဒီကားလေးဟာ ၂၀၂၁ ခုနှစ်ကတည်းက Ice Age တို့ Rio တို့ကို ဖန်တီးခဲ့တဲ့ Blue Sky Studio ကနေ ဖန်တီး နေတဲ့ လက်ရာဖြစ်ပါတယ်။ ၇၀ ရာခိုင်နှုန်းတောင် ပြီးစီးနေ ခဲ့ပါပြီ ဒါပေမဲ့ Disney က ပိတ်ချလိုက်တဲ့အခါမှာတော့ Netflix ကနေ ပြန်လည်လက်လွှဲယူပြီး ခုမှ ထွက်ရှိလာခဲ့ တာပါ။ အသံသရုပ်ဆောင်ဆိုရင်လည်း ဇာတ်ကောင် Nimona နေရာမှာက ကလေးဘဝကတည်းက ခုထက်ထိ သရုပ်ဆောင် နေပြီး အကုန်ချစ်ရတဲ့ မင်းသမီးလေး Chloe Grace Moretz ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာဆိုရင်လည်း Blue Sky Studio က နေ ...
movie
Nimona (2023)
2023
6.3
Rio 2 (2014)
Rio 2 (2014)_____IMDb - 6.3/10Rio 2 (2014) အညွှန်း Rio 2 မှာတော့ အရှေ့ကားထက်ပိုကောင်းအောင် ရုပ်ပိုင်းရော အသံပိုင်းမှာပါ အဆင့်မြှင့်ထားပါတယ်။ သီချင်းတွေလည်းကောင်းတဲ့အပြင် အသံသရုပ်ဆောင်အသစ်တွေကိုလည်း ဂရမ်မီဆုရ အဆိုတော်တွေကို ခေါ်ထားပါတယ်။ ဒီကားမှာ ဘလူး ဟာ ကလေး ၃ ယောက်အဖေ ဖြစ်နေပြီးတော့ သူတို့မိသားစုက အမေဇုန်တောထဲကို စွန့်စားပြီး ခရီးထွက်ကြမှာပါ။ ပိုလှပတဲ့ရှုခင်းတွေ၊ ပိုစုံလင်တဲ့တိရစ္ဆာန်တွေနဲ့ သီချင်းအသစ်တွေလည်း အများကြီးပါလာမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Rio 2 (2014)
6.9
Rio (2011)
Rio (2011) IMDb - 6.9/10_____Rotten - 72% ဘလူးလို့ခေါ်တဲ့ အပြာရောင် ကြက်တူရွေးငှက်ကလေးဟာ သူ့သခင် လင်ဒါ ဆိုတဲ့ အမျိုးသမီးနဲ့အတူ မင်နီဆိုဒါ ပြည်နယ်မှာ အေးချမ်းစွာ နေထိုင်ပါတယ်။ လင်ဒါက ဘလူးကို အပြာရောင် မက်ကော်မျိုးစိတ်ရဲ့ နောက်ကျန်တဲ့အကောင်လို့ သိထားပါတယ်။ ဒါပေမယ့် နောက်ထပ်မက်ကော်ငှက်မလေးတစ်ကောင်ကို ရီယိုမြို့မှာ ရှာတွေ့ထားတယ်လို့ သိလိုက်ရချိန်မှာတော့... ဘာသာပြန်ပေးထားတာကတော့ Htet Wai Lwin ဖြစ်ပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်
movie
Rio (2011)
6.7
Ferdinand (2017)
Ferdinand (2017) IMDb - 6.7/10_____Rotten - 71% ဖာဒီနန်ဟာ နွားရိုင်းသတ်ပွဲ ဝင်ဖို့ စပိန်နိုင်ငံ မြို့စွန့်က လေ့ ကျင့်ရေးစခန်းမှာ မွေးမြူထားတဲ့ နွားလေးဖြစ်ပြီး သူ့အဖေဟာ နွား ရိုင်းသတ်သမားတစ်ယောက်နဲ့ မက်ဒရစ်ကိုပါသွားပြီး ပြန်ရောက် မလာတော့တဲ့နောက်မှာတော့ လေ့ကျင့်ရေးစခန်းကနေ ထွက်ပြေးခဲ့ပါတယ်။ ဖာဒီနန်ကို နီနာဆိုတဲ့ မိန်းကလေးက သူ့ယာတောမှာခေါ် မွေးထားခဲ့တာမို့ ဖာဒီနန်လေးဟာ ယာတောက သူငယ်ချင်းတွေနဲ့အတူ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းခဲ့ပါတယ်။ အနီရောင် အဝတ်စမြင်လိုက်တာနဲ့ ဒေါသ တဝင်းဝင်းနဲ့ လိုက်လံခတ်ချင်တဲ့ နွားရိုင်းစိတ်မျိုး လုံးဝမရှိဘဲ ပန်း ပွင့်လေးတွေကို တယုတယ ထွေးပွေ့နမ်းရတာကိုပဲ ဖာဒီနန် သဘောကျတာပါ။ ဒီလိုနဲ့ ဖာဒီနန်လေး အရွယ် ရောက်လာတဲ့အခါမှာတော့ သာမန်နွားတွေထက် အရွယ်အစား ကြီးမား တောင့်တင်းတာမို့ တွေ့ တဲ့သူတိုင်း အံ့ဩဘနန်းဖြစ်ကြရ ပါတယ်။ နောက်တော့ ဖာဒီနန်ကို အရင်နွားရိုင်း လေ့ကျင့်ရေးစခန်း က လူတွေတွေ့သွားပြီး မျက်စိ ကျကာ ပြန်ခေါ်သွားတဲ့အတွက် အေးချမ်းနေတဲ့ ဖာဒီနန်ရဲ့ဘဝ လေး ပျက်သုဉ်းခဲ့ရပါတယ်။ နွားရိုင်းနဲ့ အလှပြကစားရာ ...
movie
Ferdinand (2017)
2017