Channel Myanmar

Claire van der Boom

The Appleton Ladies’ Potato Race (2023) 7.8
The Appleton Ladies’ Potato Race (2023)  ဒီကားလေးကတော့အဓိကအားဖြင့် အခုခေတ်မှာအမြဲမြင်တွေ့နေရတဲ့Gender Equality ဆိုတဲ့ကျားမမခွဲခြားပဲတန်းတူဆက်ဆံခြင်းအကြောင်းကို အဓိကထားရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒါကိုသဘောမကျတဲ့သူတွေလဲ ဒီဇတ်ကားလေးကိုကြည့်ပြီးတွေးစရာအတွေးလေးတွေကျန်ခဲ့မယ်လို့ထင်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်လေးကတော့ပန်နီဆိုတဲ့ဆရာဝန်မလေးတစ်ယောက်ကသူလက်ရှိနေထိုင်နေတဲ့ဆစ်ဒနီမြို့ကြီးကိုထားခဲ့ပြီးတော့ သူ့မိသားစုရှိရာနယ်မြို့လေးဖြစ်တဲ့ အက်ပဲလ်တန်ကိုပြန်လာခဲ့ပါတော့တယ်။သူပြန်လာပြီးသိပ်မကြာခင်မှာပဲသူတို့ရဲ့အက်ပဲလ်တန်မြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့အာလူးထမ်းအပြေးပြိုင်ပွဲလဲကျင်းပတော့မှာပဲဖြစ်ပါတယ်။ဒါပေမယ့်တစ်ခုပြဿနာရှိတာကအဲ့ဒီအပြေးပြိုင်ပွဲမှာယောက်ျားတွေပြိုင်ပွဲမှာရတဲ့ဆုကြေးကဒေါ်လာနှစ်ထောင်ဖြစ်ပြီးအမျိုးသမီးတွေရတဲ့ဆုကြေးကတော့ ဒေါ်လာနှစ်ရာပဲဖြစ်နေတာဖြစ်ပါတယ်။အဲ့ဒီကိစ္စကိုပန်နီရဲ့ညီမဖြစ်သူ ဆယ်နှစ်ဆက်တိုက်အာလူးထမ်းအပြေးပြိုင်ပွဲချန်ပီယံဖြစ်ထားတဲ့နစ်ကီအပြင်မြို့ကတခြားလူတွေကလဲဘာမှမပြောကြပေမဲ့မြို့ကြီးပြကြီးမှာနေလာတဲ့ပန်နီတစ်ယောက်အတွက်ဒါကစိတ်ခုစရာဖြစ်နေပါတော့တယ်။ဒီလိုနဲ့အမျိုးသားဆုကြေးနဲ့အမျိုးသမီးဆုကြေးတန်းတူရဖို့အတွက်ပန်နီတစ်ယောက်တည်းအများနဲ့တစ်ယောက်တိုက်ခိုက်ရင်းကြိုးစားခဲ့ပြီးနောက်မှာဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.92GB / 817MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Appleton Ladies’ Potato Race (2023)

Blacklight 2022
Blacklight 2022 မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ အိုဘီဝမ်ကီနိုဘီနဲ့ဘတ်မန်းရဲ့ဆရာ့ မိသားစုကို ပြဿနာရှာရဲတဲ့လူမိုက်တွေ ထပ်ပေါ်လာပြန်ပါပြီ။ ဒီရုပ်ရှင်မှာတော့ ဗီယက်နမ်စစ်ပြန်ကြီး ထရက်ဗစ် ဘလော့ခ်ပေါ့။ အက်ဖ်ဘီအိုင်မှာ စာရင်းမဝင်တဲ့ မှောင်ခိုစစ်ဆင်ရေးတွေကို လုပ်ပေးနေတဲ့သူပါပဲ။ အက်ဖ်ဘီအိုင်ရဲ့ အကြာကြီး အသွင်ယူနေရတဲ့ အေးဂျင့်တွေကို ကူညီဖို့ ကယ်ထုတ်ဖို့ တာဝန်တွေကိုယူထားရတဲ့သူပါ။ တစ်နေ့မှာတော့ အသွင်ယူအက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက်က သတင်းထောက်တစ်ယောက်ကို အရေးကြီးသတင်းကြီးတစ်ခု ဖွင့်ချမယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒီအေးဂျင့်ကို အထက်က လိုက်ဖမ်းခိုင်းတော့ ထရက်ဗစ်ကလိုက်ဖမ်းရင်း အမည်မသိလူတွေရဲ့လက်ချက်နဲ့ အေးဂျင့်အသတ်ခံလိုက်ရပါတော့တယ်။ သူမသေခင်မှာ သတင်းထောက်မလေးနဲ့ ထရက်ဗစ်ကို ပြောသွားတဲ့ လျို့ဝှက်ချက်တစွန်းတစကြောင့် အက်ဖ်ဘီအိုင်ရဲ့ ညွှန်ချုပ်နဲ့ ရန်သူဖြစ်လာတဲ့အခါ....File size…(1.4 GB)/(650 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson 
movie

Blacklight 2022

The Square (2008) 6.7
The Square (2008) မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိတဲ့။ အဲဒီစကားကို ကျွန်တော်နားလည်တာကတော့ မကောင်းမှုဆိုတာ သူများတွေမသိအောင် ဖုံးကွယ်ထားလို့မရဘူးလို့ မဟုတ်ပါဘူး။ မကောင်းမှုကျူးလွန်ထားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ သူလုပ်ခဲ့တဲ့ မကောင်းမှုရဲ့ ပဲ့တင်သံတွေကို ဆိတ်ဆိတ်နေအောင် တားလို့မရ မကောင်းတဲ့ မြင်ကွင်းတွေကို ဆက်ပြီးမမြင်နိုင်အောင် ကွယ်ထားလို့မရဘူးလို့ ပြောတာလို့ထင်ပါတယ်။ The Square (2008) ဇာတ်ကားလေးမှာ မကောင်းမှုတစ်ခုကို ကျူးလွန်မိတဲ့ Ray အဲဒီမကောင်းမှုက ခြောက်လှန့်တာကို ခံနေရပါတယ်။ သူကျူးလွန်မိတဲ့အပြစ်တွေကို ဖုံးဖိဖို့ကြိုးစားရင်း မကောင်းတာတွေပဲထပ်ဖြစ်လာပြီး မကောင်းတာတွေပဲထပ်လုပ်မိပြန်ပါတယ်။ အဲဒီလို လုပ်နေရင်း သူ့အတွက် တန်ဖိုးထားရတဲ့အရာတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးလာရပါတယ်။ သူ့အပြစ်ကို လူတွေမသိအောင် ဖုံးဖိနိုင်ပါမလား။ သူ့လုပ်ရပ်တွေက အဲဒီလိုလုပ်ရလောက်အောင်တန်လို့လား ဇာတ်ကားကိုကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ကြပါတော့။ IMDB 6.7 ထိရရှိထားပြီးတော့ ဇာတ်လမ်း အစပိုင်းနည်းနည်းကျော်တာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ဖြစ်သွားမှာ သေချာပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 900 ...
movie

The Square (2008)

2008