Channel Myanmar

Cole Sprouse

Lisa Frankenstein (2024)
Lisa Frankenstein (2024)  Frankenstein ကိုပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေ အများကြီး ရှိသလို သူ့အကြောင်းလည်း သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီကားလေးကတော့ သူ့ချစ်သူ Lisa Frankenstein ရဲ့ အကြောင်းကို စိတ်ကူးယဥ် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Cast တွေကလည်း အားလုံးနဲ့ မစိမ်းတဲ့ Cole Sprouse နဲ့ Kathryn Newton တဖိလစ်ပိုင် မင်းသမီး Liza Soberanoတို့ ပါဝင်ထားပါတယ်။Lisa ရဲ့ အမေဟာ အသတ်ခံခဲ့ရပြီးနောက်မှာ သူ့အဖေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေးရယ် မိထွေးနဲ့ပါတဲ့ အစ်မရယ် တို့နဲ့ အတူနေပါတယ်။ သူ့အစ်မက သူ့အပေါ် ကောင်းပေမယ့် မိထွေးက သူ့ကို တချိန်လုံး ငြိုငြင်နေတာပါ။ အမေကို ဆုံးရှုံးထားရလို့ စိတ်ဒဏ်ရာ ရနေတဲ့ Lisa က လူတွေနဲ့ အပြောအဆို အဆက်အဆံ မလုပ်တော့ဘဲ သင်္ချီုင်းကုန်း တစ်ခုထဲက ...
movie

Lisa Frankenstein (2024)

Big Daddy (1999) 6.4
Big Daddy (1999) Big Daddy (1999) ============= IMDb Rating - 6.4/10၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ...
movie

Big Daddy (1999)

1999
Moonshot (2022) 5.5
Moonshot (2022) Moonshot (2022)ဒီဇာတ်ကားလေးကတော့ ၂၀၂၂ မှာအသစ်ထွက်ရှိထားတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။Walt ဆိုတဲ့ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အာကာသတစ်ခွင် လျှောက်သွားချင်နေခဲ့တာပါ။ Kovi Industries Student Mars Program ဆိုတာကတော့ ကောလိပ်ကျောင်းသားတွေကို အင်္ဂါဂြိုလ်ဆီ ပို့ပေးနေတဲ့ ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။ Walt ရဲ့ရည်းစားဖြစ်သူကလည်း အင်္ဂါဂြိုလ်မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်ပါ။ Walt တစ်ယောက် အင်္ဂါဂြိုလ်သွားဖို့ကို အကြိမ်ကြိမ်ပယ်ချခံရပြီးနောက်မှာတော့ Sophie ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ်။ Sophie ကတော့ ထူးချွန်တဲ့ကျောင်းသူတစ်ယောက်ဖြစ်သလို သူ့ရည်စား Kelvin ကလည်း အင်္ဂါဂြိုလ်ပေါ်မှာ အလုပ်လုပ်နေတာဖြစ်ပါတယ်။ တစ်နေ့မှာ Sophie ဟာသူ့ရည်စားနဲ့ တွေ့ဖို့အတွက် အင်္ဂါဂြိုလ်ကိုသွားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီမှာ အင်္ဂါဂြိုလ်ရူး Walt ကလည်း Sophie ကိုအသုံးချပြီး ယာဉ်ပေါ်ကို ခိုးပြီးလိုက်ပါသွားပါတော့တယ်။ Walt ခိုးပြီးတော့လိုက်ပါလာတာကို Sophie သိသွားပြီးတဲ့နောက်မှာတော့ သူတို့နှစ်ယောက် အာကာသခရီးစဉ်တစ်လျှောက် ဘယ်လိုနှစ်ပါးဆက်သွားကြမလဲ၊ သူတို့ရဲ့ ရည်းစားတွေနဲ့ရော အင်္ဂါဂြိုလ်ပေါ်မှာ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကတော့ C ...
movie

Moonshot (2022)

2022
Five Feet Apart (2019) 7.1
Five Feet Apart (2019) သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင်အရမ်းကိုဝမ်းနည်းနေကြမှာလား...သိပ်ကိုဝမ်းနည်းကြမှာပေါ့ ... ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ...ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာအနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင်သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား...သိပ်ကိုခံစားကြမယ်ထင်ပါတယ်...ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး...ဒါပေမယ့်  ဒီကားထဲကကောင်လေးနဲ့ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး....သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး...ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ်ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ....Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ်cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကိုဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့်တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်(ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်)ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ...ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ...ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ...ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ ...ဒီကားလေးကိုကြည့်ပြီး သင်တို့လည်းသင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့  ၁ ပေအကွာမှာတောင်နေလို့ရလား ....သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား...တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ...ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ....File Size : (1 GB) & ( 414 MB)Quality : WEB-DL 720pRunning Time :  1 hr 56 minFormat : Mp4Genre : Drama , RomanceSubtitle ...
movie

Five Feet Apart (2019)

2019