Channel Myanmar

Corgand Janeway-Svendsen

Butchers Book Two: Raghorn (2024)
Butchers Book Two: Raghorn (2024)  ဒီတစ်ခါ ၂၀၂၀ က ထွက်ခဲ့တဲ့ Butchers ရဲ့နောက်ဆက်တွဲ Butchers Book : Raghorn ကိုကြည့်ရှုရမှာပါ။ ပထမ ကားတုန်းက ဒါရိုက်တာဆုရခဲ့သလို ဒုတိယဇာတ်ကားမှာလည်း ၂၀၂၃Nightmare ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံးဇာတ်ပို့ဆု ရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်း****************ပြန်ပေးသမားတစ်စု လူချမ်းသာ သူဌေးသမီးတစ်ယောက်ကိုကောလိပ် ကျောင်းသားဆောင်ကနေ ပြန်ပေးဆွဲပြီးနယ်ဘက်ကို မောင်းခေါ်လာခဲ့ပါတယ်။ ကံဆိုးချင်တော့လမ်းမှာသမင်ကို ဝင်တိုက်မိ ကားမတော်တဆမှုဖြစ်သွားခဲ့ပြီး မတော်တဆဖြစ်တဲ့ အနီးမှာ လူသားစားစိတ္တဇလူသတ်သမားတွေ နေတဲ့အိမ် ဖြစ်နေတာပါ။ဒီလူတွေက ဖမ်းမိတဲ့သူတွေ မှန်သမျှကို တစ်စစီ ခုတ်ထစ်ဖြတ်ထုတ်ပြီး သူများနာကျင်မှုကို အရသာခံတတ်တဲ့လူသားစားတွေပါ။ဒီလူတွေ လက်က လွတ်အောင် ပြေးနိုင်ပါ့မလား။ဖမ်းမိသူတွေကို ဘယ်လိုမျိုး ရက်ရက်စက်စက်သတ်ဖြတ်မလဲ ဆိုတာကို ကြည့်ရှုရမှာပါ။နှိပ်စက်ညဉ်းပန်း၊ သွေးထွက်သံယိုမှုတွေနဲ့ သွေးပျက်ဖွယ်ရိုက်ကူးချက်တွေ ပါတဲ့ အတွက် နှလုံးမကောင်းတဲ့သူတွေမကြည့်သင့်ပါဘူးနော်။ File size…1.44GB / 685MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ...
movie

Butchers Book Two: Raghorn (2024)

Pet Sematary: Bloodlines (2023)
Pet Sematary: Bloodlines (2023) မြေမြှပ်လိုက်တိုင်း ပြန်ရှင်လာတဲ့ သင်္ချိုင်း၊ စာရေးဆရာကိုယ်တိုင်အကြောက်ဆုံးစာအုပ်Pet Semetaryဒီဇာတ်လမ်းဟာ ဟော်ရာစာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်အကြီးဆုံးဝတ္ထုတွေထဲက တစ်အုပ်ဖြစ်တဲ့ Pet Semetary ကိုအခြေခံပြီးရိုက်ကူးထားတာပါ။စတီဖင်ကင်းဟာ အင်တာဗြူးတိုင်းမှာ သူရေးတဲ့ဝတ္ထုတွေထဲသူအကြောက်ဆုံးဇာတ်လမ်းကိုပြောပါဆိုရင် Pet Semetary ကိုပဲ ညွှန်းလေ့ရှိပါတယ်။ပထမဆုံးရုပ်ရှင်ကို 1989 မှာ ရိုက်ကူးခဲ့ပြီး၊ ၂၀၁၉ မှာ ဗားရှင်းအသစ်ရိုက်ကူးထားပါတယ်။နှစ်ကားလုံးကို ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။အခု ဇာတ်လမ်းကတော့ မူရင်းဝတ္ထုထဲက ဇာတ်လမ်းကြီးမစခင်ရှေ့မျိုးဆက်အကြောင်းကို ရိုက်ကူးထားတာပါ။မူရင်းဇာတ်လမ်းထဲက အဘိုးကြီးဂျက်ဟာ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်လိုက်ပါပဲ။မူရင်းဇာတ်လမ်းတုန်းက တိရစ္ဆာန်သင်္ချိုင်းအကြောင်းကို အဘိုးကြီးကစကားအနေနဲ့ သတိပေးတဲ့ဟာကို အခြေခံပြီး ဇာတ်လမ်းပြန်ဖွဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းလဒ်လိုမြို့မှာ ဖုန်းဆိုးမြေလို့ ခေါ်ရမဲ့ နေရာတစ်ခုရှိတယ်။အရင်ကတော့ မျိုးနွယ်စုတွေဟာ တိရစ္ဆာန်တွေကိုမြှပ်နှံပြီး တိရစ္ဆာန်ဝိညာဉ်တွေဟာလူတွေကို မကောင်းဆိုးဝါးလက်ကနေ ကာကွယ်ပေးတယ်လို့ ယုံကြည်ကြပါတယ်။ဒါပေမဲ့ အဲဒီမြေက ပုတ်သိုးသွားပြီး သီးနှံတွေလည်းသေဆုံးလာသလိုမကောင်းဆိုးဝါး အားကောင်းလာတဲ့အခါ စွန့်ခွာပြီး ပြေးခဲ့ကြပါတော့တယ်။နှောင်းလူတွေ အဲဒီ သင်္ချိုင်းမြေကို ဆက်မသုံးမိအောင်လည်း သတိပေးထားကြပါတယ်။ဒါပေမဲ့ အဲဒီမြေရဲ့ မကောင်းဆိုးဝါးက ...
movie

Pet Sematary: Bloodlines (2023)

2023
4K HEVC
The Exchange (2021) 5.6
The Exchange (2021) The Exchange (2021) ===============ဒီဇာတ်ကားလေးကတော့ လူငယ်ကားလေးမို့ ပေါ့ပေါ့ပါးပါးလေးပါပဲ။ တင်မ်လောင်း ဆိုတဲ့ ဟိုးဘတ်အထက်တန်းကျောင်းက ကောင်လေး တစ်ယောက်က ဘော်ဒါဘော်ကျွတ်မရှိတဲ့ ကြေကွဲလူငယ်လေးတစ် ယောက်ပေါ့။ သူနဲ့တည့်တဲ့ အတန်းဖော်ရယ်လို့လည်း မရှိဘူးပေါ့လေ။တစ်ရက်ကျ ဒီဒုက္ခတွေကနေ ငါ့ကိုကယ်တင်ပေးမယ့်သူ ပေါ်လာပါစေဆိုပြီး ကျောင်းပြောင်းပရိုဂရမ်တစ်ခုမှာ ဖောင်တင်လိုက်ရာကနေ မေခလာနတ်သမီး မလာဘဲ စတက်ဖန်ဆိုတဲ့ ဘောလိဝုဒ်ဘဲကြီး ရောက်လာပြီး ဇာတ်လမ်းက စတော့တာပါပဲ။တင်မ်လိုချင်တဲ့ သူငယ်ချင်းမျိုးမဟုတ်ဘဲ type လုံးဝမတူတဲ့သူတစ်ယောက် သူ့အိမ်ရောက်လာချိန်မှာ ကြုံတွေ့ရတဲ့ ဒုက္ခသုခပေါင်းစုံကို ဟာသနှောပြီး ရိုက်ပြထားတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအမည်ပေးရရင်တော့ တင်မ်နဲ့ စတက်ဖန်ရဲ့ အရှုပ်တော်ပုံပဲ ဆိုပါတော့။ ဒီဇာတ်ကားထဲမှာတော့ တင်မ်အဖြစ် Ed Oxenbould နဲ့ စတက်ဖန်အဖြစ် Avant Jogia တို့က ပါဝင်သရုပ်ဆောင်ထားပြီး comedy-drama ကား ကောင်းတစ်ခုဖြစ်ကြောင်း ပြင်သစ်ပရိသတ်တွေက ညွှန်းဆိုပေးထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.44 ...
movie

The Exchange (2021)

2021