Channel Myanmar

Daisuke Namikawa

Black Clover: Sword of the Wizard King (2023) 7.7
Black Clover: Sword of the Wizard King (2023) Black Clover: Sword of the Wizard King (2023) ================================== IMDb Rating - 7.7/10Black Clover ကို Anime fan အတော်များများသိပြီးဖြစ်ပါလိမ့်မယ်။ Manga ကနေ Anime Adaptation လုပ်ထားတဲ့ Shounen type anime series ပါ။ Season 4ခုထိ ထွက်ရှိထားပြီး Manga ရော Anime ရော အတန်အသင့်အောင်မြင်မှုရရှိထားပါတယ်။ ယခု Sword of the Wizard King ဆိုတဲ့ Movie တစ်ခုထွက်ရှိလာ ပါတယ်။ ပါဆင်နယ်အမြင်အရ အစောပိုင်းထက် Animation ကပိုမို ကောင်းမွန်လာတယ်လို့ မြင်မိပါတယ်။Shounen တို့ထုံးစံအတိုင်း အိပ်မက်အကြီးကြီးနဲ့ ကောင်လေးတစ် ယောက်အကြောင်းပေါ့။ ကြည့်ဖူးပြီးသား Black Clover fan တွေ အတွက်တော့ အထူးတလည် ညွှန်းစရာတောင်လိုမယ်မထင်ပါဘူး။ ကြည့်ရတာတန်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် စစ္စတာရဲ့အငြင်း ခံ‌လေး အာပြဲအက်စ်တာတစ်ယောက် ဒီ Movie ထိရောက်တာတောင် အရပ်မရှည်လာ‌သေးပါဘူး။ ...
movie

Black Clover: Sword of the Wizard King (2023)

2023
Boruto: Naruto the Movie(2015) 7.8
Boruto: Naruto the Movie(2015) Boruto - Naruto Shippuden movie 8 ============================IMDb - 7.8/10 MyAnimeList - 7.4/10ဒီကားက​တော့ naruyo shippudenကာတွန်းရုပ်ရှင်၈ ကားရဲ့​နောက်ဆုံးကားဖြစ်ပြီး boruto seriesထက်အရင်ဇာတ်လမ်းပိုင်းကြိုထွက်လာတဲ့ရုပ်ရှင်ပါ။ ဒီကားမကြည့်ပဲစီးရီးပဲကြည့်ရင်​ရော ရလား​မေးရင် ရရင်​ဖြေလို့ရသလိုဒီကားက canonပဲလားဆိုရင် ဟုတ်ပါတယ်လို့​ဖြေလို့ရပါတယ်။boruto စီးရီးမှာဆိုရင် အပိုင်း၅၀​ကျော်​​လောက်မှာ ဒီကားရဲ့ဇာတ်လမ်းပြန်ပါတာမလို့မကြည့်လည်းရတယ်လို့​ပြောတာပါ။ဒါ​ပေမဲ့ စီးရီးက ကျက်သ​ရေတုံးစွာ filler​တွေ ၉၀ ရာခိုင်နှုန်း​လောက်ပါ​တော့ အရမ်းပျင်းဖို့​ကောင်းတဲ့အတွက် စီးရီးကိုကြည့်မ​နေပဲ ဒီရုပ်ရှင်ကိုကြည့်ဖို့ပဲ ကျ​နော်က​တော့ တိုက်တွန်းချင်ပါတယ်။ဒီကားမှာ​တော့ Narutoတို့​ခေတ်ကလိုပဲ Chuninစာ​မေးပွဲ​ဖြေတာကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ငှက်​ပျောသီးဖီးကြမ်းအခိုင်လိုက် ​ဇောက်ထိုးတပ်ထားတဲ့ဆံပင်​ကေနဲ့ဇာတ်လိုက်ရဲ့ ကျက်သ​ရေတုံးမှု​တွေကိုမြင်ရမှာပါ။Otsutsukiမျိုးနွယ်​တွေလည်းပါတာမလို့ fight scence​​ကောင်း​ကောင်း​တွေကိုလည်းမြင်​တွေ့ရမှာဖြစ်ပါတယ်။ File size…1.30GB / 589MB Quality…1080p  / 720p Format…mp4 Duration….1h 35m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan
movie

Boruto: Naruto the Movie(2015)

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) 6.6
Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017) Doraemon the Movie 2017 : Great Adventure in the Antarctic kochi kochiငယ်စဉ်ကလေးဘဝတည်းက အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဒိုရေမွန်ဇာတ်ကားပေါင်းများစွာထဲက စွန့်စားခန်းလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ဒိုရေမွန်နဲ့ နိုဘီတဟာ ဂျပန်နိုင်ငံနွေရာသီရဲ့ ပူပြင်းလွန်းတဲ့ရာသီဥတုကိုမခံနိုင်တော့တာကြောင့် တောင်ပစိဖိတ်သမုဒ္ဒရာရဲ့ ဧရာမရေခဲတောင်ဆီကို လာခဲ့ကြပါတယ်။ဒီကနေ ရွှေကွင်းကလေးတစ်ကွင်းကိုရှာတွေ့ သွားပြီး သူ့ပိုင်ရှင်ကို လိုက်ရှာရာကနေ ပျောက်ဆုံးနေတဲ့ အတ္တလန်တစ်မြို့တော်နဲ့ဆက်စပ်မိသွားခဲ့ပါတယ်။ ဒီလိုနဲ့ မှော်အိတ်လေးထဲကနေ လိုတာမှန်သမျှထုတ်လို့ရတဲ့ ဒိုရေမွန်နဲ့ သူ့ရဲ့သူငယ်ချင်းတစ်စု၊ ပျောက်ဆုံးနေတဲ့မြို့တော်ကိုရှာဖွေရင်း ဘယ်လိုအန္တရာယ်မျိုးစုံကိုဖြတ်ကျော်ရမလဲဆိုတာကို စိတ်၀င်တစားကြည့်ရှုရမယ့် ကာတွန်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ ထွက်သမျှဇာတ်ကားတိုင်းမှာ ပရိတ်သတ်တွေကိုစိတ်မပျက်စေခဲ့တဲ့ ဒိုရေမွန်၊ ဒီတစ်ခေါက်မှာလည်း ချစ်စရာAnimation များနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုခံစားပေးကြပါဦး File size…1.6GB / 902MB Quality…1080p BluRay / 720p Format…mp4 Duration….1h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Great Adventure in the Antarctic Kachi Kochi (2017)

2017
Lupin III: The First (2019) 6.9
Lupin III: The First (2019)  ဒီကားကတော့ လူပင် တတိယမျိုးဆက်အကြောင်းကို Kazuhiko Katō ( Monkey Punch )ရဲ့ Lupin the Third ကို အခြေခံပြီး ပိုကောင်းတဲ့ ရုပ်ထွက်ကွာလတီတွေနဲ့ ရိုက်ကူးထားတာပါ ။43rd Japan Academy Award မှာ Animation of the Year ဆုကို ရခဲ့တဲ့အပြင် အခြားဆု ၆ဆုကိုလည်း ရခဲ့ပါတယ်။ ဇာတ်လမ်းကတော့...၁၉၆၀ ခေတ်နှောင်းပိုင်းကာလမှာ Eclipse ဆိုတဲ့ စွမ်းအားကြီးလက်နက်တစ်ခုကို လူတွေ အလွယ်တကူမယူနိုင်အောင် ထောင်ချောက်တွေဆင်ထားခဲ့ကြတယ်။အဲဒီအကြောင်းအရာတွေကို ဘရက်ဆွန်ဒိုင်ယာရီစာအုပ်ထဲမှာ ရေးမှတ်ထားပြီး ဒိုင်ယာရီကိုလည်း ဖွင့်ရသိပ်ခက်တဲ့ သော့အိမ်လုပ်ပြီးထားခဲ့ပါတယ်။နာဇီ ဂျာမနီတွေက Eclipse ကိုလိုချင်တဲ့အတွက်ကြောင့် ပါမောက္ခဘရက်ဆွန်ကိုတောင်းပေမဲ့ မပေးတာကြောင့် အသတ်ခံလိုက်ရပါတယ်။ ဒီလိုနဲ့ နှစ်များစွာကြာတဲ့အခါမှာတော့ ပြတိုက်တစ်ခုမှာ ဒိုင်ယာရီကပြန်ပေါ်ပေါက်လာပါတယ်။ဒီဒိုင်ယာရီကိုခိုးယူဖို့ကြိုးစားတဲ့အထဲမှာ တတိယမျိုးဆက် လူပင်နဲ့ လဲ့တိရှာဆိုတဲ့ကောင်မလေးလည်းပါပါတယ်။လူပင်ကတော့ သိပ်တော်ပြီး ပဟေဠိတွေ စကားဝှက်တွေကိုဖြေရှင်းတာကျွမ်းတဲ့ နာမည်ကြီးသူခိုးတစ်ယောက်ပါ။လဲ့တိရှာက တကယ်တမ်းတော့ ...
movie

Lupin III: The First (2019)

Violet Evergarden: The Movie (2020) 8.4
Violet Evergarden: The Movie (2020) Violet Evergarden : The Movie(2020)---------------------------------------------------IMDb Rating - 8.4/10Rotten Tomatoes- 99%ဒီကားကိုတော့ အားလုံးသိကြမှာပါ။Release Dateပြန်ပြန်ရွှေ့ခဲ့ရပေါင်းလည်း မနည်းပါဘူး။2019ကတည်းက ထွက်လာခဲ့သင့်ပေမယ့် Kyoto Animationစတူဒီယိုမီးရှို့ခံခဲ့ရတာကြောင့်2020 ကိုမှ ထွက်လာနိုင်ခဲ့ပါတယ်။April 2020မှာ ရုံတင်ဖို့ စီစဉ်ထားပေမယ် ကိုဗစ်-၁၉ကြောင့် September အထိ ထပ်ရွှေ့သွားပါတယ်။အကြည်(CamRip)ကတော့ ဒီလမှ ထွက်လာတာပေါ့။ဒီကားက 2018က ထွက်ခဲ့တဲ့ Violet Evergarden စီးရီးနဲ့ 2019တုန်းက ထွက်ခဲ့တဲ့Violet Evergarden: Eternity and the Auto Memory Dollဇာတ်ကားရဲ့အဆက်ပါအဆက်ဆိုပေမယ့်လည်း ရှေ့ကားတွေမကြည့်ဘဲ ဒီတိုင်းတန်းကြည့်လို့ရတဲ့ကားပါဇာတ်လမ်းအကျဉ်းကတော့…Violet Evergardenက စစ်ဖြစ်နေချိန်အတွင်းမှာ လက်နက်အနေနဲ့ အသုံးချခံခဲ့ရတဲ့ ကလေးစစ်သားတစ်ယောက်ပါ။အဲ့စစ်ပွဲကြောင့်ပဲ သူလက်နှစ်ဖက်လုံးကို ဆုံးရှုံးခဲ့ရတဲ့သူပါ။ စစ်ပြီးသွားတဲ့နောက်မှာတော့ ဆုံးရှုံးလက်နှစ်ဖက်လုံးနေရာမှာ လက်အတု(စက်)ကိုအစားထိုးခဲ့တယ်။ နောက်တော့ စစ်တုန်းက သိခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးအကူအညီနဲ့ ...
movie

Violet Evergarden: The Movie (2020)

2020
A Whisker Away 2020 6.9
A Whisker Away 2020 A Whisker Away မူဂယ်ဆိုတဲ့ ကောင်မလေးသာ ဟီနိုဒယ်ဆိုတဲ့ သူ့ရဲ့အတန်းဖော်ကောင်လေးကို တစ်ဖက်သတ်ကြိုက်နေတယ် ဒါပေမယ့် ဟီနိုဒယ်ကတော့ သူ့ကို အဖတ်တောင်မလုပ်ရှာဘူး ဒါပေမယ့် မူဂယ်ဟာ အခွင့်အရေးတစ်ခုရခဲ့တယ် အဲ့ဒါကတော့ သူဟာ မှော်ဆန်တဲ့ မျက်နှာဖုံးတစ်ခုကို ရခဲ့တယ် အဲ့ဒီမျက်နှာဖုံးစွပ်လိုက်ရင် မူဂယ်ဟာ တာရိုဆိုတဲ့ကြောင်ကလေးအဖြစ်အသွင်ပြောင်းသွားပါတော့တယ် ပိုပြီးကံကောင်းတာက မူဂယ်ချစ်ရတဲ့ ဟီနိုဒယ်ဟာ မူဂယ်ဆိုတဲ့ လူသားအသွင်နဲ့ ကောင်မလေးကိုအဖက်မလုပ်ပေမယ့် တာရိုဆိုတဲ့ကြောင်မလေးအဖြစ်နဲ့ဆိုရင်တော့ သိပ်ကိုချစ်ပါတယ် ဒီလိုနဲ့ မူဂယ်ဟာ ကြောင်မလေးအသွင်နဲ့ နေ့တိုင်းအချိန်မှန် ဟီနိုဒယ်ဆီကို သွားပါတော့တယ် ဒါပေမယ့် မိသားစုနဲ့ပတ်သတ်ပြီး စိတ်ဒဏ်ရာရှိတဲ့ မူဂယ်ဟာ ကြောင်ဘ၀နဲ့ပဲနေချင်တယ်လို့ ဆန္ဒတစ်ခုပြုလိုက်ရာကနေ လူအသွင်ကို ပြန်ပြောင်းမရဘဲ ဖြစ်သွားပါတော့တယ် လူပြန်ဖြစ်ဖို့ဆိုရင် သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ သူ့ရဲ့ လူသားမျက်နှာဖုံးကို ပြန်ရှာဖို့ကြိုးစားရပါတော့မယ် ...... ဟီနိုဒယ်ကို သူ့ရဲ့ခံစားချက်တွေဖွင့်ပြောဖို့ရ သူလူပြန်ဖြစ်မှရမှာပါ .... တစ်ဖက်မှာလဲ မျက်ဖုံးရောင်းသွားတဲ့သူက မူဂယ်ရဲ့အသက်ကို လူဖြစ်ချင်တဲ့ကြောင်တစ်ကောင်နဲ့ ...
movie

A Whisker Away 2020