Channel Myanmar
Dan Beirne
Priscilla (2023) 7
Priscilla (2023) Priscilla (2023)~ IMDb - 7/10, RT - 82%, Meta - 78% ~ဖရန်စစ်ဖို့ဒ်ကော်ပိုလာကြီးကတော့ ၂၀၁၁ကတည်းက ဘာကားမှမထွက်ဘဲ ၂၀၁၉လောက်ကမှ Megalopolis ဆိုတဲ့ ရုပ်ရှင်အသစ်အကြောင်းထအော် သူဒီကားအတွက် ဇာတ်ညွှန်းရေးနေတာ ၁၉၈၀ကတည်းက ဖြစ်ကြောင်း ထအော်ပြီး ပျောက်သွားလောက်တာ အခု ၂၀၂၄ စတော့မယ့်အထိ ပြန်ကိုပေါ်မလာသေးပါဘူး။ Megalopolis ဆိုလည်း ရိုက်ကူးပြီးစီးပြီတော့ကြားပေမဲ့ အခုထိ ပိုစတာတောင် မလာသေးပါဘူး။ ရိုက်ကွင်းမှာလည်း ကော်ပိုလာထုံးစံအတိုင်း တော်တော်ကသောင်းကနင်းဖြစ်ခဲ့တယ်တော့ ကြားထားတာပါပဲ။ သူ့သမီး ဆိုဖီယာကော်ပိုလာကတော့ ၃နှစ်တစ်ကားဆိုသလို ပုံမှန်ရိုက်နေကျအတိုင်း ဒီနှစ်မှာ Priscilla နဲ့ ပြန်ပေါ်လာပြန်ပါပြီ။ ဒီတစ်ခါတော့ A24 က ဖြန့်ဝေပေးထားပါတယ်။၁၉၈၅မှာ Elvis Presley ရဲ့မိန်းမ Priscilla Presley က "Elvis and Me" ဆိုတဲ့ ...
movie
Priscilla (2023)
2023
4K HEVC
I Like Movies (2023) 6.8
I Like Movies (2023) I Like Movies (2023)ဒီဇာတ်ကားကိုတော့ ဆယ်ကျော်သက်တွေကြည့်ဖို့ အထူးညွှန်းပေးချင်ပါတယ်။ ဆယ်ကျော်သက်ကားဆိုလို့ ဖျော်ဖြေရေးပုံစံ ဆယ်ကျော်သက်ကျောင်းသားကားတွေလို ပျော်ကြမြူးကြဒိတ်ကြရယ်ဆိုတဲ့ ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး။ လေးနက်တဲ့သင်ခန်းစာလေးတွေကို အထက်တန်းကျောင်းသားလေးဆီမှာ ပေါ့ပေါ့ပါးပါးလေးပုံဖော်သွားတဲ့ဇာတ်လမ်းမျိုး။ ရုပ်ရှင်ပရိသတ်တွေနဲ့အလှမ်းဝေးလွန်းတဲ့ဇာတ်ကောင်မျိုးမဟုတ်ဘဲ ဒီဇာတ်ကောင်က ကိုယ့်စာသင်ခန်းထဲကသူငယ်ချင်းတစ်ယောက်ယောက်ဖြစ်နေနိုင်သလို ကိုယ်ကိုယ်တိုင်လဲဖြစ်နေနိုင်ပါတယ်။ လူတွေက အထက်တန်းအရွယ်လောက်မှာ ကိုယ့်အားနည်းချက်အားသာချက်တွေကို စသိလာကြတယ်။ ကိုယ့်အားနည်းချက်ကို သဘောပေါက်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ သိသွားပြီးရင်လဲ လက်မခံချင်သေးဘူး။ လက်ခံပြီးရင်လဲ မပြင်ချင်သေးဘူး ပြင်ရလဲခက်တယ်လေ။ ဒီဇာတ်လမ်းထဲက လောရန့်စ်ဆိုတဲ့ကောင်လေးက ရုပ်ရှင်တွေသိပ်ကြိုက်တယ်။ အထက်တန်းပြီးရင်လဲ NYU မှာရုပ်ရှင်ပညာကိုလေ့လာဖို့အားခဲထားသူပါ။ သူက ကျောင်းပညာရေးမှာလဲထူးချွန်တယ်။ ဒါပေမဲ့ သူ့အားနည်းချက်တွေလဲရှိတာပေါ့။ သူကတစ်ကိုယ်ကောင်းဆန်တယ် အဆိုးဆုံးကတော့ သူ့ကိုယ်သူအထင်ကြီးတတ်သလို သိပ်သနားတတ်တာပဲ။ သူများတွေသူ့ကိုသနားအောင်လဲ သူ့အဖေကသူ့ကိုယ်သူသတ်သေသွားတာ ဆိုတဲ့ကဒ်ကိုမကြာမကြာထုတ်သုံးတတ်သေးတယ်။ ဒါပေမဲ့လောရန့်စ်တစ်ယောက် တက္ကသိုလ်မတက်ခင်ပဲ အချိန်ပိုင်းအလုပ်လုပ်ရင်း လက်တွေ့လောကကြီးနဲ့ထိစပ်မိချိန်မှာ သူ့အားနည်းချက်တွေကထင်းထင်းကြီးပေါ်လွင်လာပြီး လောရန့်စ်ရဲ့ကလေးဘဝကနေ လူကြီးဘဝအကူအပြောင်းကို လက်တွေ့လောကအတိုင်းမြင်ရမယ့် သဘာဝကျတဲ့ဇာတ်လမ်းကောင်းပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.1GB | 915MB | 282MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar ...
movie
I Like Movies (2023)
2023
Awake 2021 5
Awake 2021 နက်ဖလစ်ရဲ့ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားထွက်လာပါပြီ။ ဒါကလည်း ကမ္ဘာပျက်တဲ့ကားပါပဲ။ ဒီတစ်ခါ အရင်နဲ့မတူအောင်ပျက်ရမှာပေါ့။ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် တစ်ကမ္ဘာလုံးက လျှပ်စစ်တွေအကုန် ပြတ်တောက်သွွားပြီး လူတွေအကုန်လုံး အိပ်နိုင်စွမ်းကို ဆုံးရှုံးသွားပါတယ်။ မေ့ဆေးပေးတောင် အိပ်လို့မရတော့ပါဘူး။ သေတာနဲ့နိုးနေတာ နှစ်မျိုးပဲ ကျန်ပတော့တယ်။ လူတွေဟာ မအိပ်ဘဲနေနိုင်တဲ့ ရက်အကန့်အသတ်ရှိပါတယ်။ ရက်ကြာလာတာနဲ့အမျှ တွေးခေါ်နိုင်စွမ်းတွေ ပျောက်လာတယ်၊ ထင်ယောင်ထင်မှားတွေ မြင်လာတယ် ၊ ချိနဲ့လာတယ် စသည်ဖြင့်ပေါ့။ ဒီတော့ ရက်ပိုင်းအတွင်းမှာ မလွှဲမရှောင်သာ ကမ္ဘာပျက်ပါတော့မယ်။ အဲဒီအချိန်မှာပဲ အိပ်လို့ရနေတဲ့ ကလေးမလေးတစ်ယောက်ကို တွေ့သွားကြတဲ့အခါ သူ့ကိုစမ်းသပ်ပြီး အချိန်မီ ကုထုံးကိုရှာဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမယ့် ကလေးမလေးရဲ့အမေကလည်း သူ့ကလေးကို ကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားလာတဲ့အခါ... File size…(1.7 GB) and (1 GB) Quality….web 1080p and 720p Format…mp4 Duration….02:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson  
movie
Awake 2021
White Lie (2019) 6.5
movie
White Lie (2019)
2019
The Twentieth Century 2019 6.9
The Twentieth Century 2019 ဝေါတာဖီဒင်းနဲ့ သူချစ်သူ ဂန္ဓဝင်ဂီတပညာရှင် အန်နာခရိုလေတို့ဟာ အတော်ချစ်ကြတဲ့ စုံတွဲတွေပါ။ တစ်ရက်မှာတော့ ဝေါတာရဲ့အဖေက သူတို့ရဲ့ ဂီတလုပ်ဖော်ကိုင်ဖက်တွေဆီကနေ ငွေသန်းချီဘက်သွားပြီး နိုင်ငံကနေ ထွက်ပြေးသွားတဲ့အကြောင်း ကြားလိုက်ရပါတယ်။ ရှိသမျှအကြွေးတွေက ဝေါတာ့အပေါ် အကုန်ပုံကျသွားတဲ့ သဘောပါပဲ။ ကံကဆိုးချင်တော့ နောက်နေ့မှာပဲ သူတို့နေတဲ့ အိမ်က အိမ်ရှင်ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အိမ်ကနေ ဆင်းပေးရမယ် ဖြစ်လာပါတယ်။ အိမ်ရှင်ကလည်း တခြားသူမဟုတ်ပါဘူး။ အန်နာရဲ့ ခင်ပွန်းဟောင်းဖြစ်သူပါပဲ။ ဒီလို အခြေအနေဆိုးတွေ ဖြစ်လာတဲ့အခါ ဝေါတာက အိမ်တစ်လုံး အမြန်ရဖို့ စုံစမ်းတာကနေ ဒေါ်လာသန်းချီတန်တဲ့ အိမ်ကြီးတစ်လုံးကို ဒေါ်လာနှစ်သိန်းတည်းနဲ့ အချောင်ရဖို့ အကွက်တွေ့လာပါတယ်။ ဒီအတွက် သူတို့စုံတွဲနှစ်ယောက် အမျိုးမျိုး အဖုံဖုံ လှည့်ပတ်ချေးကြရင်းကနေ အိမ်ကို ဝယ်ဖြစ်သွားပါတော့တယ်။ အဲဒီလိုဝယ်ပြီးကာမှပဲ ဒီအိမ်ကြီးက ငွေမျိုနေတဲ့ကျွင်းကြီး ဖြစ်မှန်းမသိ ဖြစ်လာတာကို ဟာသဆန်ဆန် ရိုက်ကူးပြထားတဲ့ ဒရာမာဇာတ်လမ်းလေးအဖြစ် ကြည့်ရှူရမှာ ဖြစ်ပါတယ်။ File Size   ...
movie
The Twentieth Century 2019
American Hangman (2019) 5.9
American Hangman (2019) ဒီဇာတ်ကားကတော့လွန်ခဲ့တဲ့ခြောက်နှစ်ခန့်ကဖြစ်ခဲ့တဲ့အမှုတစ်ခုမှာတရားစီရင်ချက်ချခဲ့တဲ့တရားသူကြီးအိုလီဗာစထရိန့် ပြန်ပေးဆွဲခံရာကနေစပါတယ်အဲဒီတရားသူကြီးနဲ့အတူတခြားသာမန်လူတစ်ယောက်ကိုပါပြန်ပေးဆွဲခဲ့တဲ့ လူငယ်တစ်ယောက်ဟာသူတို့အုပန်အလှန်ပြောဆိုတာတွေကိုဆိုရှယ်မီဒီယာကနေတိုက်ရိုက်ထုတ်လွှင့်ပြီးတော့လွန်ခဲ့တဲ့ခြောက်နှစ်ကအမှုကိုပြန်လည်တရားစီရင်ဖို့ကြည့်နေတဲ့သူတွေကိုမဲပေးခိုင်းပါတော့တယ်အဲဒီအမှုဟာအသက်ဆယ့်လေးနှစ်အရွယ်ကောင်မလေးပြန်ပေးဆွဲခံရပြီးတော့အသတ်ခံခဲ့ရတဲ့အမှုဖြစ်ပြီးတော့အဲဒီကောင်မလေးကိုသတ်ခဲ့တဲ့တရားခံကလည်းသူတရားသူကြီးကိုပြန်ပေးဆွဲလာတဲ့နေ့မှာပဲ သတ်မိန့်ကြောင့်အသတ်ခံခဲ့ရတာဖြစ်ပါတယ်သူဘာကိုမကျေနပ်လို့အဲဒီအမှုကိုပြန်လည်စီရင်ခိုင်းတာလဲဥာဏ်ပြေးတဲ့တရားသူကြီးကရောတရားခွင်မှာအပြစ်မရှိကြောင်းချေပနိုင်မလားနောက်ဆုံးလွတ်မြောက်နိုင်မလားဆိုတာတွေနဲ့အတူသူတို့နိုင်ငံရဲ့ရဲတွေလက်တစ်လုံးခြားအလုပ်လုပ်ပုံတွေကိုပါဖော်ထုတ်သွားတဲ့ဇာတ်လမ်းကောင်းလေးပါ File Size : ( 927 MB , 455 MB )Quality : WEB-DL 720pRunning Time : 1 hr 39minFormat : Mp4Genre : ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin zawgyiဒီဇာတ်ကားကတော့လွန်ခဲ့တဲ့ခြောက်နှစ်ခန့်ကဖြစ်ခဲ့တဲ့အမှုတစ်ခုမှာတရားစီရင်ချက်ချခဲ့တဲ့တရားသူကြီးအိုလီဗာစထရိန့် ပြန်ပေးဆွဲခံရာကနေစပါတယ်အဲဒီတရားသူကြီးနဲ့အတူတခြားသာမန်လူတစ်ယောက်ကိုပါပြန်ပေးဆွဲခဲ့တဲ့ လူငယ်တစ်ယောက်ဟာသူတို့အုပန်အလှန်ပြောဆိုတာတွေကိုဆိုရှယ်မီဒီယာကနေတိုက်ရိုက်ထုတ်လွှင့်ပြီးတော့လွန်ခဲ့တဲ့ခြောက်နှစ်ကအမှုကိုပြန်လည်တရားစီရင်ဖို့ကြည့်နေတဲ့သူတွေကိုမဲပေးခိုင်းပါတော့တယ်အဲဒီအမှုဟာအသက်ဆယ့်လေးနှစ်အရွယ်ကောင်မလေးပြန်ပေးဆွဲခံရပြီးတော့အသတ်ခံခဲ့ရတဲ့အမှုဖြစ်ပြီးတော့အဲဒီကောင်မလေးကိုသတ်ခဲ့တဲ့တရားခံကလည်းသူတရားသူကြီးကိုပြန်ပေးဆွဲလာတဲ့နေ့မှာပဲ သတ်မိန့်ကြောင့်အသတ်ခံခဲ့ရတာဖြစ်ပါတယ်သူဘာကိုမကျေနပ်လို့အဲဒီအမှုကိုပြန်လည်စီရင်ခိုင်းတာလဲဥာဏ်ပြေးတဲ့တရားသူကြီးကရောတရားခွင်မှာအပြစ်မရှိကြောင်းချေပနိုင်မလားနောက်ဆုံးလွတ်မြောက်နိုင်မလားဆိုတာတွေနဲ့အတူသူတို့နိုင်ငံရဲ့ရဲတွေလက်တစ်လုံးခြားအလုပ်လုပ်ပုံတွေကိုပါဖော်ထုတ်သွားတဲ့ဇာတ်လမ်းကောင်းလေးပါFile Size : ( 927 MB , 455 ...
movie
American Hangman (2019)
Suck It Up (2017) 8.7
Suck It Up (2017) ကိုယ့်ဘ၀ရဲ့ အရေးပါတဲ့လူတစ်ယောက် ဆုံးပါးသွားတဲ့အခါ ကျွန်တော်တို့ ဘယ်လိုဖြေသိမ့်ကြပါသလဲ၊ အဲ့ဒီအခြေအနေကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုကြိုးစားကြပါသလဲ။ဂါရက်ဆိုတဲ့ကောင်လေးဟာ ရော်နီရဲ့အစ်ကိုဖြစ်ပြီး ဖေးရဲ့ရည်းစားပါ။တရက် ဂါရက် ကင်ဆာရောဂါနဲ့ဆုံးပါးသွားပြီးနောက် ရော်နီဟာ စိတ်အကြီးအကျယ်ထိခိုက်ပြီး အရက်သောက်လိုက် ဆေးရှုလိုက်နဲ့ ပေါ့ပျက်ပျက်နေနေပါတယ်။အဲ့ဒါကိုမကြည့်ရက်တဲ့ အမေဖြစ်သူက ဂါရက်ရဲ့ ရည်းစား ဖေးကိုအကူအညီလှမ်းတောင်းပါတယ်။ ရော်နီနဲ့ ဖေးကလဲ အရင်ကတည်းက အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့အတွက်ဖေးကလဲ ချက်ချင်းဆိုသလို ရောက်ချလာပြီး သူတို့စိတ်ပြေလက်ပျောက် အပန်းဖြေခရီးထွက်ကြဖို့ တိုင်ပင်ကြပါတော့တယ်။အပန်းဖြေခရီးထွက်ကြတဲ့အခါ စည်းစနစ်ကျကျ နေတတ်တဲ့ ဖေး နဲ့ ပရမ်းပတာ ပေါ့ပျက်ပျက်နေတတ်တဲ့ ရော်နီတို့ အဆင်ပြေအောင်ဘယ်လိုနေကြမလဲ၊ သူတို့ဘ၀ထဲက ထွက်ခွာသွားတဲ့လူတစ်ယောက်ကိုဒီကောင်မလေးနှစ်ယောက် ဘယ်လိုမေ့ဖျောက်ကြမလဲ၊ ပြီးတော့ မိန်းကလေးလူငယ်သဘာဝ သောက်စားပျော်ပါးတာတွေ လိင်ကိစ္စတွေကိုပါ ရိုက်ထားတဲ့ကားတစ်ကားဖြစ်တဲ့အတွက် အတော်လေးကြည့်ကောင်းပြီးတွေးစရာလေးတွေလဲ ပါပါတယ်။လူတစ်ယောက်ကို မေ့ပျောက်ဖို့ကြိုးစားရတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် မေ့ဖျောက်ပုံချင်းမတူတာတွေ၊ လူတစ်ယောက် ဆုံးပါးသွားတဲ့အပေါ် မတူညီတဲ့ခံယူချက်တွေ ရှိကြပါတယ်။ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့ပန်းတိုင်တစ်ခုရှိပြီးသားပါ။အဲ့ဒါကတော့ ...
movie
Suck It Up (2017)
2017