Channel Myanmar

Dan De Jaeger

Hanukkah on Rye (2022) 7.3
Hanukkah on Rye (2022) Hanukkah on rye (2022) ================== IMDb rating - 7.3/10ဒီဇာတ်ကားကို‌ Hallmark channel ရဲ့ 2022 ခုနှစ်ထွက် အကောင်းဆုံး Chanukah film လို့သတ်မှတ်ထားကြပါတယ်ဒီဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့.... Hanukkah ရာသီရောက်ပြီဆိုတာနဲ့ Jewish deli ဆိုင်ဖြစ်တဲ့ Jake တို့ဆိုင်က လက်မလည်အောင်ရောင်းချရပါတယ်။ တစ် ဖက်မှာလည်း molly တို့ဆိုင်ကလည်း ထိုနည်းတူပါပဲ။ ဒီဆိုင် 2 ဆိုင်ရဲ့ အဓိကကွာခြားက တစ်ဆိုင်က ရှေးရိုးဆွဲပုံစံအတိုင်း ကျင့်သုံးပြီး နောက်တစ်ဆိုင်ကတော့ ခေတ်နဲ့အညီ ပြောင်းလဲ တိုးတက်နေတာပါ။တစ်နေ့မှာတော့ Jake တစ်ယောက် ဆိုင်ခွဲတိုးချဲ့ဖို့ဆိုပြီး Molly တို့ ဆိုင်ဖွင့်ထားတဲ့နေရာအနီးမှာ လာရောက်ဖွင့်ဖို့လုပ်ရင်း Molly နဲ့ကံကြမ္မာဖန်လာခဲ့ပါတယ်။ Hanukkah ပွဲတော်လေးက Jake နဲ့ Molly တို့ရဲ့ ဖူးစာဖက်ကိုရှာတွေ့စေမလား...စီးပွားပြိုင်ဘက်မိသား စုကြားမှာ နှစ်ယောက်သား အဆင်ပြေနိုင်ပါ့မလားဆိုတာကို ဒီဇာတ် လမ်းလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.7 GB) / (623 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie

Hanukkah on Rye (2022)

2022
The Santa Summit (2023) 6.9
The Santa Summit (2023) The Santa Summit (2023) =================== IMDb Rating - 6.9/10ခရစ္စမက်ပိတ်ရက်မှာ ဇာတ်ကားလေးကြည့်ရင်း chill ချင်တဲ့သူများ အတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ ဇာတ်လမ်းအကျဉ်းလေး ကတော့ ခရစ္စမက်၊ ဆန်တာပွဲတော်မှာ ခဏလေးမတော်တဆတွေ့ခဲ့မိတဲ့ ကောင်လေးနဲ့ကောင်မလေးတို့အချင်းချင်း ရှာပုံတော်ဖွင့်ကြတဲ့အကြောင်း လေးပါ။ဂျော်ဒင် ဆိုတဲ့ကောင်မလေးကကျောင်းတစ်ကျောင်းမှာ ပန်းချီသင်တဲ့ ဆရာမတစ်ယောက်ပါ။ လီယမ် ဆိုတဲ့ကောင်လေးကတော့ အခုမှ ဂျော်ဒင် ရှိတဲ့မြို့ကိုပြောင်းလာပြီး ဂျော်ဒင် နဲ့ဆန်တာပွဲတော်မှာမတော်တဆတွေ့ခဲ့ ပါတယ်။ စိတ်တူ အကြိုက်တူဖြစ်တဲ့သူတို့နှစ်ယောက်ဟာ တစ်ခဏလေး အတွင်းမှာပဲ စကားတွေအများကြီးပြောခဲ့ကြပြီး အဆင်ပြေနေခဲ့ကြပါတယ်။ နောက်တော့ပွဲတော်ထဲမှာ တစ်ယောက်နာမည်တစ်ယောက်မသိခင်မှာပဲ လူချင်းကွဲသွားပါတယ်။နာမည်မသိတဲ့အပြင် မျက်နှာမှာလည်းဆန်တာမုတ်ဆိတ်တွေတပ်ထားတဲ့ အတွက် ရုပ်ကိုလည်းသေချာမသိပါဘူး။  ဒီလိုနဲ့ နှစ်ယောက်စလုံးတစ်ယောက် ကိုတစ်ယောက် မရေမရာနဲ့လိုက်လံရှာဖွေကြတာကို drama ဆန်ဆန်ပေါ့ပေါ့ ပါးပါးလေးနဲ့ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ Main character နှစ်ယောက်အတွဲ အပြင် side character တွေရဲ့မတူညီတဲ့မေတ္တာတွေနဲ့ အတွဲတွေကိုပါ သေချာ လေးပုံဖော်ထားတာဖြစ်တဲ့အတွက် အရိုတစ်လိုင်းကြိုက်တဲ့သူများလက်မလွှတ် သင့်တဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်)File Size..........(2.41 GB) / (914 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Min Subtitle...........Myanmar ...
movie

The Santa Summit (2023)

2023
Perfect Harmony (2022) 6.8
Perfect Harmony (2022)  သင်ဟာ တစ်ယောက်တည်းသမား ပြီးတော့ သင်နဲ့ လိုက်ဖက်မယ့် Right person၊ တစ်နည်းပြောရရင် ကိုယ်နဲ့ ကိုက်ညီမယ့် Perfect ဖြစ်တဲ့ Harmony ကို ရှာဖွေနေသူဆိုရင် ဒီရုပ်ရှင်က သေချာပေါက်ကြည့်ရမယ့်ထဲမှာ ပါပါတယ်။ အပိုဆုအနေနဲ့ ပြောရရင် သင်က သင်နဲ့ မတည့်အတူနေ သူငယ်ချင်းလေးကို ချစ်မိနေတဲ့လူဆိုရင် ဒီရုပ်ရှင်ကို လက်လွတ်မခံပါနဲ့။ IMDb ratingကလည်း 6.8တောင် ရထားတာဆိုတော့ ပိုလို့တောင်ကောင်းပေါ့။ဂျက် ချန်ဒလာနဲ့ ဘာရက် ဝုဒ်ဝက်တို့ ၂ယောက်က မတည့်အတူနေ သူငယ်ချင်း ၂ဦးပါ။ သူတို့ ၂ယောက် ဘယ်လောက်တောင် မတည့်လဲဆိုတော့ တွေ့တာနဲ့ကို တစ်ယောက်နဲ့ တစ်ယောက် ရန်တွေ့လိုက် ရန်ဖြစ်လိုက်ပါပဲ။ ဂျက်က အနားယူထားတဲ့ နာမည်ကျော် အဆိုတော်တစ်ဦးပါ။ ဘာရက်ကတော့ ကဗျာ Phdရထားတဲ့ ကျောင်းမှာ စာသင်ပေးနေတဲ့ ပါမောက္ခတစ်ဦးပါ။ သူတို့မှာ ဆိုင်မွန်နဲ့ ...
movie

Perfect Harmony (2022)

Made for Each Other(2023) 6.7
Made for Each Other(2023) Made for Each Other(2023)*************************Rachael Becker ဆိုတဲ့ ကောင်မလေးဟာ ပန်းပုထုရတာကို ဝါသနာပါခဲ့ပြီးထက်ထက်မြက်မြက်လည်းရှိလေတော့ ဒီလုပ်ငန်းနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတယ်.. တကယ်တော့ သူက အရမ်းဇီဇာကြောင်တဲ့ မိန်းကလေးတစ်ယောက်လည်းဖြစ်ပါတယ်....သူလိုချင်တဲ့ ယောကျာ်းလေးပုံစံက အရမ်းပြီးပြည့်စုံတာမို့ အပြင်မှာမတွေ့နိုင်လောက်အောင် ရှားတာပါ... အဲ့ဒါကြောင့် သူဟာ အဲ့ဒီလိုလူပုံစံကို ပန်းပုပဲ ထုခဲ့ပါတော့တယ် တစ်နေ့တော့ သူ့ရဲ့ အိမ်နီးချင်း Doris ဆိုတဲ့ အမျိုးသမီးဆီကအဆောင်လိုမျိုး လည်ဆွဲတစ်ခုကို ရလို့ သူ့ရဲ့ လူရုပ်ထုကို ဆွဲပေးလိုက်ပါတော့တယ် အဲ့ဒီလိုနဲ့ အဲ့ဒီအရုပ် အသက်ဝင်လာတဲ့ အခါမှာတော့..... File Size :(1.8GB) and (695MB) Quality : WEB-DL.1080P, 720p Format…mp4 Duration…01:24:00 Genre : Comedy, Fantasy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Made for Each Other(2023)

A Christmas Cookie Catastrophe (2022) 6.3
A Christmas Cookie Catastrophe (2022) မေပယ်ဝုဆိုတဲ့နယ်မြို့လေးက ခရစ္စမတ်စိတ်ဓာတ်အပြည့်ရှိတဲ့မြို့လေးပါ မြို့ထဲမှာ ခရစ္စမတ်ဆိုရင်ရောင်းအားအကောင်းဆုံးထိပ်တန်းလက်ရာနဲ့ ကွတ်ကီးလုပ်ငန်းတစ်ခုရှိတယ် မေပယ်ဝုမြို့မှာ "ခူးပါကွတ်ကီး"ဆိုရင်မသိတဲ့သူမရှိသလောက်ပါပဲ...။ "ခူးပါကွတ်ကီး"လုပ်ငန်းတည်ထောင်သူအဖွားခူးပါမရှိတော့တဲ့နောက်မှာ နယူးယော့ခ်မြို့ကလာတဲ့ ​မြေးမလေးအန်နီခူးပါ က "ခူးပါကွတ်ကီး"ရဲ့CEOဖြစ်လာခဲ့တယ်။မြို့ကြီးပြကြီးကလာတဲ့ အန်နီခူးပါတစ်ယောက် နယ်မြို့လေးက ကွတ်ကီးဆိုင်ပိုင်ရှင်ဖြစ်လာတဲ့အခါ လုပ်ငန်းအသုံးစရိတ်တွေကိုလျှော့ချတော့တယ်။ အန်နီခူးပါရဲ့ လုပ်ဆောင်ချက်တွေကြောင့် ရှယ်ယာရှင်တွေအပါအဝင် တစ်မြို့လုံးက အန်နီခူးပါကိုသိပ်မကြည်ခဲ့ပါဘူး တစ်နေ့ ခူးပါကွတ်ကီးဆိုင်အတွင်းမှာ ဆိုင်ရဲ့အနာဂတ်အဆုံးသတ်သွားနိုင်လောက်တဲ့ လျို့ဝှက်ကိစ္စကြီးတစ်ခုဖြစ်လာတယ်.. ဒီလျို့ဝှက်ကိစ္စကြီးရဲ့တရားခံက ဘယ်သူဖြစ်မလဲ။ တရားခံရဲ့ရည်ရွယ်ချက်ကရော စခရူးမက်ဒက်ခ်လို့နာမည်ပြောင်ပေးထားရလောက်အောင်တစ်မြို့လုံးမကြည်တဲ့သူမကိုပညာပြချင်တာလား ၊ "ခူးပါကွတ်ကီး"လုပ်ငန်းကိုဖျက်ဆီးချင်တာလား ။ ဒါမှမဟုတ် ဒီရည်ရွယ်ချက်နှစ်ချက်စလုံး မဟုတ်နေတာမျိုးရောဖြစ်နေမလား...။အန်နီခူးပါက ဒီပြဿနာကြီးကို မေပယ်ဝုမြို့သူမြို့သားတွေမသိခင်ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လာကွတ်ကီးဆိုင်ပိုင်ရှင် ဆမ်တို့သားအဖနဲ့ရော ဘယ်လိုရေစက်ဆုံမလဲ "ခူးပါကွတ်ကီး"ဆိုင်ကိုကယ်တင်ဖို့ အတူတူကြိုးစားပေးကြတဲ့သူတွေနဲ့ အန်နီခူးပါရဲ့အလွဲလေးတွေကို ဒီကားထဲမှာ ဟာသဆန်ဆန်တွေ့ရမှာပါ ရိုမန့်ကတော့ပါးပါးလေးပါပါတယ်... ဇာတ်ကားအစကနေ အဆုံးထိကြည့်ချင်အောင်ဆွဲခေါ်သွားနိုင်တဲ့ ၂၀၂၂ထွက်ခရစ္စမတ်ဇာတ်ကားကောင်းအသစ်ပါ။ မင်းသား Victor Webster၊ မင်းသမီး Rachel Boston၊ ကလေးသရုပ်ဆောင် Averie Peters နဲ့ ဟာသသရုပ်ဆောင်များစွာပါဝင်ရိုက်ကူးထားပါတယ်။File size…(2.02GB)  / (`1GB) / (540.41MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:24:00 Genre... Comedy ...
movie

A Christmas Cookie Catastrophe (2022)

Cult of Chucky (2017) 5.2
Cult of Chucky (2017) ထောင်ထဲမှာ လူမသတ်ဘဲနဲ့ လူသတ်မှုနဲ့နေနေရတဲ့ နီကာတစ်ယောက် အရုပ်က လူသတ်တယ်ပြောလို့nအရူးလို့သတ်မှတ်ထားခြင်းခံရတဲ့အတွက် ၃နှစ်အကြာမှာတော့ မျက်စိစုံမှိတ်သတ်တယ်ပြောတော့မှ စိတ္တဇဆေးရုံကို အပို့ခံရတော့တယ်။ ဆေးရုံက ထောင်ထဲလိုတော့ မတင်းကျပ်ဘူးပေါ့။ ဆေးရုံမှာ ဘယ်လို အရူးတွေနဲ့ ထပ်ဆုံရမလဲ???အရုပ် သတ်ခဲ့တာက သူအမအရင်း မိသားစု သူ့တူမလေးAliceတစ်ယောက်ပဲကျန်တာ ေ နာက်ဆုံး Aliceဆုံးသွားတော့ သူ့ဆီ အဲ့အရုပ်က ရောက်လာတယ်။ဆေးရုံမှာ အဲ့အရုပ်ရယ် အရူးတွေရယ် ဘာပဲဆက်ဖြစ်ကြမလဲ??? (ဘာသာပြန်သူကတော့ Neve Luna ပါ) File Size : (912 MB) and (270 MB) Quality : 720p Bluray Running Time : 1hr 31min Format : Mp4 Genre :Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Neve Luna Encode ...
movie

Cult of Chucky (2017)

2017