Channel Myanmar

Dan Herzberg

The Tiger Brigades (2006) 5.8
The Tiger Brigades (2006) The Tiger Brigades (2006) ==================== IMDb Rating - 5.8/10The Tiger Brigades ဟာ ၁၉၇၀-၈၀ ဝန်းကျင်မှာ အောင်မြင်ခဲ့တဲ့ ပြင်သစ် ဇာတ်လမ်းတွဲ Tiger Brigades ကိုအခြေခံထားတာပဲဖြစ်ပါတယ်။ ၁၉၀၇ ပြင်သစ်မှာရာဇဝတ်မှုတွေအလွန်အမင်းတိုးပွားလာချိန်မှာ ဝန်းကြီးချုပ်ကလေ မန်ဆောက ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် အထူးတပ်ဖွဲ့တွေကိုဖွဲ့စည်းခဲ့ ပါတယ်။ အဲ့ဒီအဖွဲ့တွေကိုနောက်ပိုင်းမှာ ကလေမန်ဆောရဲ့နာမည်ပြောင်ကို အစွဲပြုပြီး ကျားတပ်ဖွဲ့လို့အများပြည်သူကသိလာကြပါတယ်။ဖြစ်ရပ်မှန်မဟုတ်ပေမယ့် သမိုင်းမှာတကယ်ရှိခဲ့တဲ့ပုဂ္ဂိုလ်တွေ၊အထင်ကရ ဖြစ်ရပ်တွေကို စိတ်ကူးယဉ်နဲ့ရောမွှေဖန်တီးထားတာပါပဲ။ဒီဇာတ်ကားမှာတော့ အထူးတပ်ဖွဲ့ဝင်တွေဟာ သာမန်လုယက်မှုတစ်ခုကို လိုက်မိရာကနေ သပွတ် အူထက်ရှုပ်ထွေးတဲ့၊နိုင်ငံရေးထိပ်သီးပုဂ္ဂိုလ်ကြီးတွေ၊ သြဇာကြီးတွေ ပါဝင် ပတ်သက်နေတဲ့အမှုတစ်ခုကို အစဆွဲထုတ်မိတာကိုတွေ့မြင်ရမှာပါ။မြင်နေကျ အမေရိကန်အထူးတပ်ဖွဲ့ကားတွေလို ကိရိယာအဆန်းတွေ၊ဇာတ်လိုက်တွေရဲ့ သူမတူအောင်စွမ်းဆောင်ပုံတွေကိုမြင်တွေ့ရမှာမဟုတ်ပဲ သာမန်လူတွေလို သွားလာလှုပ်ရှား စကားပြော ကောက်ချက်ဆွဲကြတဲ့ သဘာဝကျကျလူသား ဆန်ဆန်ရဲစုံထောက်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(2.29 GB) / (968 MB) Quality............BLU-RAY 1080p / 720p Duration.........2Hr 05Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Crime Translator.......Alias Encoder..........SWM
movie

The Tiger Brigades (2006)

2006
Taxi (1998) 7.0
Taxi (1998) Taxi (1998)IMdb Rating (7.0) / Rotten Tomatoes (81%)Taxi ဇာတ်ကားလို့ ဆိုလိုက်တာနဲ့  ပြင်သစ်က အူကြောင်ကြားရဲနဲ့ မာဆေးလမ်းမတွေပေါ်က မြန်နှုန်းမြင့် လန်ပျံနေတဲ့ တက္ကစီသမားတို့ကို ပြေးမြင်ကြမှာပါ။Taxi ဇာတ်ကားတွေဟာ အက်ရှင်ဟာသရုပ်ရှင်ကားတွေထဲ Rating မြင့်ပြီး တကယ်လဲရယ်ရတဲ့ဇာတ်ကားတွေပါ...ပြင်သစ်က ရိုက်ကူးထားတဲ့ Taxi ဇာတ်ကား ၅ ကားရှိပြီး ၁ ကနေ ၄ ထိကတော့ မင်းသား၊မင်းသမီး၊ဇာတ်ပို့တွေက အတူတူပါပဲ။ပြင်သစ်မင်းသားတွေဖြစ်ကြတဲ့ Samy Naceri,Frédéric Diefenthal,Bernard Farcy ၊ မင်းသမီး Marion Cotillard,Emma Wiklund တို့ပါဝင်ထားပြီး တခါတလေ နာမည်ကြီးဧည့်သည်သရုပ်ဆောင်တချို့ ပါလာတတ်ပါတယ်။Taxi-5 မှာတော့ လူတွေပြောင်းရိုက်ထားပြီး Theme လောက်ပဲ တူတော့သလိုဖြစ်တာကြောင့် သိပ်မကြိုက်ကြပါဘူး။၁ ကနေ ၄ ထိကတော့ တကယ်ကိုရယ်ရတဲ့ ဗရုတ်သုတ်ခဇာတ်ကားတွေဖြစ်ပြီး တစ်ကားနဲ့တစ်ကားဆက်စပ်မှုရှိပါတယ်...ဇာတ်လမ်းက ပေါ့ပေါ့ပါးပါးနဲ့ သွက်သွက်လက်လက်တင်ဆက်ထားမှုကြောင့် ...
movie

Taxi (1998)

1998
1080p HEVC