Channel Myanmar

Dan Lauria

Miranda’s Victim (2023) 6.5
Miranda’s Victim (2023)  IMDb 6.6 / Rotten Tomatoes 77%ဒီရုပ်ရှင်ဟာ ဆုပေါင်း၂၇ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးပုံဖော်ထားတဲ့ မှုခင်း ဒရာမာ ရုပ်ရှင်ကားကောင်းတခုဖြစ်ပါတယ်။ခေတ်ကာလအနေနဲ့ကတော့ ၁၉၆၀ကျော်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ပက်ထရစ်ရှာဝီယာလို့ အမည်ရတဲ့ ၁၈နှစ်အရွယ် ကျောင်းသူလေးဟာ အာနက်စ်တိုမီရန်ဒါလို့ခေါ်တဲ့ လူငယ်တယောက်ရဲ့ ဖမ်း‌ဆီးခေါ်ဆောင် အဓမ္မပြုကျင့်တာကို ခံခဲ့ရပါတယ်။ဒီလိုနဲ့ ပက်ထရစ်ရှာဟာ ကာရိုးကူလီလို့ အမည်ရတဲ့ စုံထောက်တယောက်ရဲ့အကူအညီနဲ့ မီရန်ဒါကိုဖမ်းဆီးပြီး တရားရင်ဆိုင်ကာ မီရန်ဒါကို ထောင်ထဲကို အရောက်ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ အမေရိကန် တရားစီရင်‌ရေးစနစ်မှာ ပြောင်းလဲမှုတခုထပ်မံ ဖြစ်ပွားလာပြီး အာနက်စ်အတွက် အပြစ်ကင်းကြောင်း ထပ်မံချေပပေးမယ့် ရှေ့နေတယောက် ပေါ်ပေါက်လာခဲ့ပါတယ်။ ထိုတရားပြိုင်ရှေ့နေကတော့ တခြားသူမဟုတ်ဘဲ ထိုခေတ်အခါက အမေရိကန်ပြည်ထောင်စုမှာ လျှမ်းလျှမ်းတောက်နာမည်ကြီးတဲ့ ဂျွန်ဖလင်းဆိုတဲ့ရှေ့နေတဦး ဖြစ်နေတဲ့အခါမှာတော့ ပက်ထရစ်ရှာဟာ တရားခွင်ကို ထပ်မံတက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပြီး သူမ မေ့ဖျောက်ဖို့ကြိုးစားခဲ့တဲ့ အတိတ်ကဒဏ်ရာကြီးကို ထပ်မံရင်ဆိုင်ရပါတော့တယ်။ဒီရုပ်ရှင်ဟာ ...
movie

Miranda’s Victim (2023)

Big Momma’s House 2 (2006) 4.8
Big Momma’s House 2 (2006) Big Momma's House 2 (2006) ======================ရှေ့ကတင်ဆက်ခဲ့တဲ့ Big Momma's House 1 (2000)ရဲ့ FBIအေးဂျင့် မယ်လ်ကွန်တစ်ယောက် ယခုဒုတိယမြောက်ဇာတ်ကားမှာ သားနဲ့မယားနဲ့ အပြင် လူ့လောကရောက်လာတော့မဲ့ ပေါက်စနတစ်ကောင်နဲ့ ပျော်စရာ မိသားစုလေးကိုပိုင်ဆိုင်နေပါပြီ။ ဒါပေမဲ့ သူ့မိန်းမရှယ်ရီက နောင်ရေးကို တွေးပြီးယောက်ျားဖြစ်သူကို ရဲအလုပ်ကနေ တခြားအလုပ်ပြောင်းလုပ်ခိုင်း နေပါတယ်။အဲဒီအချိန်မှာပဲ မယ်လ်ကွန့်ရဲ့ပထမဆုံးပါတနာအေးဂျင့်ဟာ အသွင်ယူစုံစမ်း ရာကနေ သရုပ်မှန်ပေါပြီး လက်စဖျောက်ခံလိုက်ရပါတယ်။ မယ်လ်ကွန်ဟာ အဲဒီအမှုကို သူပဲဆက်ပြီးတာဝန်ယူချင်ပေမဲ့ အထက်လူကြီးကတော့ တခြား အလုပ်ပါတွဲလုပ်နေရပြီး၊ မကြာခင်ကလေးအဖေဖြစ်တော့မဲ့ မယ်လ်ကွန့်ကို အန္တရာယ်များမှာစိုးလို့ ကွင်းဆင်းအေးဂျင့်အဖြစ်ကနေ ရပ်စဲပစ်လိုက်ပါတယ်။ ဒါပေမဲ့ အေးဂျင့်ပိုးမသေသေးတဲ့ မယ်လ်ကွန်ကတော့ အားလုံးကိုတစ်ပတ် ရိုက်ပြီး အဲဒီအမှုထဲပါဝင်ပတ်သက်နေတဲ့ နည်းပညာကုမ္ပဏီအကြီးအကဲ တွမ်ဖူလာရဲ့အိမ်မှာ ကလေးထိန်းအဖြစ် သူ့သဘောနဲ့သူ အလုပ်သွားလျှောက် လိုက်ပါရော။ဒါပေါ့ဗျာ။ ရှေ့ကားထဲကအတိုင်း မိန်းမဝဝဝတ်စုံကြီးကို နောက်တစ်ခါထပ်ဝတ်ပြီး မယ်လ်ကွန်တစ်ယောက် မေမေကြီးဇာတ်ကို တဖန်ပြန်က ပါတော့တယ်။ ဒီတစ်ခါ မှာလည်း မေမေကြီးရဲ့ပြောင်မြောက်လှတဲ့ အမှုလိုက်ပုံတွေကို ကြည့်ရှုခံစားလိုက် ပါဦးလို့။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.0 GB) / (1.0 GB) Quality............BLU-RAY 1080p ...
movie

Big Momma’s House 2 (2006)

2006
(18+)Nine 1/2 Weeks (1986) 5.9
(18+)Nine 1/2 Weeks (1986) Nine Half Weeks ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု‌ေတွနဲ့ အတူကြည့်ဖို့ မသင့်တဲ့လူကြီးတွေကို လူကြီးပညာသင်တဲ့ ဇာတ်ကားကောင်း‌လေးပဲဖြစ်ပါတယ်။1986 ခုနှစ်လောက်က Cinematography နဲ့ ခန္ဓာကိုယ်ရဲ့ အနုပညာကောက်ကြောင်းတွေကိုဘယ်လိုရိုက်ပြထားလဲဆိုတာကို ကြည့်ရှုလေ့လာရင်း ပညာတွေအများကြီးတိုးပွားစေမယ့် ဇာတ်ကားလေးပါ။လိင်ကိစ္စဆိုတာ ကြာလာတာနဲ့ တစ်ယောက်နဲ့တစ်ယောက်စိတ်လှုပ်ရှားမှု‌တွေ လျော့ကျသွားတတ်ပါတယ်..ဒါပေမယ့် ဘယ်လိုနည်းမျိုးတွေနဲ့ စိတ်လှုပ်ရှားမှုတွေကို ပြန်ပြီးရှာဖွေပြီး သာယာမှုကိုပြန်ရှာဖွေမလဲ။ကိုယ့်ရဲ့ ပါတနာကို လွှမ်းမိုးတဲ့နေရာမှာလဲ အတိုင်းအတာဆိုတာ ဘယ်လောက်ရှိလဲ။သာယာမှုတွေ အလွန်မှာရော ဘယ်လိုဆိုးကျိုးတွေ စောင့်ကြိုနေလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ကိုယ်တိုင်ကြည့်ရှုခံစားကြည့်လိုက်ကြပါ။ File size…3.2GB / 1.2GB Quality…1080p BluRay AAC5.1Ch / 720p Format…mp4 Duration….1h 57mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thu Ra Hein  
movie

(18+)Nine 1/2 Weeks (1986)

1986
Potato Dreams of America (2021) 6.3
Potato Dreams of America (2021) Potato Dreams of America (2021)========================IMDb Rating - 6.3/10ဆိုဖီယက်ပြည်ထောင်စု (USSR) ပြိုကွဲပြီး ပြန်လည်ထူထောင်ရေး လုပ်နေစဥ်ကာလမှာ Vladivostok မြို့လေးမှာနေတဲ့ လီနာနဲ့ Potato ဆိုတဲ့ သားအမိနှစ်ယောက်ရှိပါတယ်.....အဲဒီချိန်တုန်းက ရုရှားနိုင်ငံမှာ ရေပြတ်၊ မီးပြတ်၊ conservative တွေများပြီး မိန်းမလျှာတွေဆိုလည်း သတ်ပစ်တဲ့အထိ လူ့အဖွဲ့အစည်းက ပျက်စီးယိုယွင်း နေခဲ့ပါတယ်။ သားဖြစ်သူ Potato က အမေရိကန်ရုပ်ရှင်တွေကို ကြိုက်နှစ်သက်ပြီး အမေရိကန်နိုင်ငံမှာပဲ နေချင်တဲ့သူပါ။ အမေဖြစ်သူ လီနာက ရုရှားနိုင်ငံမှာဆို သူ့သား potato အနာဂတ်ပျောက်မှာ စိုးရိမ်တဲ့အတွက် အမေရိကန်နိုင်ငံကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကားထဲမှာ လီနာတို့ သားအမိ အမေရိကန်နိုင်ငံကို ဘယ်လို ရောက်အောင်သွားမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါဦး........ဒီကားက အရင်တုန်းက ရုရှားနိုင်ငံရဲ့ လူအဖွဲ့အစည်းအကြောင်း၊ အမေရိကန်နိုင်ငံရဲ့ လူအဖွဲ့အစည်းအကြောင်း၊ LGBTQ+ တွေအကြောင်းကို ကောင်းကောင်းသိမြင်နိုင်မယ့် ကားတစ်ကားဆိုလည်း မမှားပါဘူး။ Autobiography, Comedy, Drama ကားတစ်ကား ဖြစ်ပြီး လူတိုင်းကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်.....(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ...
movie

Potato Dreams of America (2021)

2021
A Shot Through the Wall (2021)
A Shot Through the Wall (2021) A Shot Through the Wall တဲ့ မြန်မာလို ပြန်ဆိုရရင်တော့ နံရံကိုဖောက်ထွက်သွားတဲ့ ကျည်ဆံတစ်ချက်ပေါ့ ဒီဇာတ်လမ်းလေးတစ်ပုဒ်လုံးက ဒီကျည်ဆန်တစ်ချက်ကနေပဲ အစပြုခဲ့တာပါ မိုက်ခ်က ဘရွတ်ကလင်းမှာ ရဲအဖြစ်တာ၀န်ထမ်းဆောင်နေတဲ့ တရုတ်အမျိုးသားလူငယ်တစ်ဦး.. သူတို့တစ်မိသားစုလုံး ဘရွတ်ကလင်းမှာ အခြေချနေထိုင်လာခဲ့တာကြာပြီဖြစ်လို့ မိုက်ခ်ဟာ ကွဲပြားခြားနားနေသူ တစ်ယောက်တော့မဟုတ်ဘူး လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံနိုင်တယ် ဒါ့အပြင် မကြာခင် လက်ထပ်တော့မယ့် သူ့ဇနီးချောလေးကလည်း လူမည်းအမျိုးသမီးလေးတစ်ဦးပေါ့ ဒါပေမယ့် ကံဆိုးမှုတစ်ခုက သူ့ကို စောင့်ကြိုနေတာကိုတော့ မိုက်ခ်တစ်ယောက်မသိရရှာပါဘူး သူ့ရဲ့တွဲဖက်ဖြစ်တဲ့ ရိုင်ယန်နဲ့အတူ တရားခံတစ်ယောက်ကို လိုက်ဖမ်းနေတုန်းမှာ မိုက်ခ်ရဲ့ သေနတ်ထဲက ကျည်ဆန်ဟာ မတော်တဆထွက်သွားခဲ့ပြီး နံရံကိုဖောက်ကာ တိုက်ခန်းထဲက လူမည်း‌ကောင်လေးတစ်ယောက်ကို ထိမှန်လို့ သေဆုံးသွားခဲ့ပါတယ် မတော်တဆဖြစ်ခဲ့တာဆိုပေမယ့် လူမှုပတ်၀န်းကျင်ကြီးတစ်ခုလုံးကတော့ မိုက်ခ်ကို ဒီလိုမမြင်ခဲ့ပါဘူး သာယာနေတဲ့မိုက်ခ်ရဲ့ ဘ၀လေး တစ်ဆစ်ချိုးပြောင်းလဲခဲ့ပါပြီ လူမျိုး‌ရေးခွဲခြားသူ၊ လူသတ်သမား အစရှိသဖြင့် ခေါင်းစဉ်မျိုးစုံ အတပ်ခံရသလို မရည်ရွယ်ဘဲ လူသေစေမှုနဲ့ စွဲချက်အတင်ခံရပါတော့တယ် ကောက်ရိုးတစ်မျှင်ပဲရရ ဆွဲထားရတော့မယ့် မိုက်ခ်တစ်ယောက် ...
movie

A Shot Through the Wall (2021)

Holidate(2020) 7.0
Holidate(2020) Holidate(2020)နှုတ်ခမ်းနီမလေးတွေအတွက် ခန့်ချောကြီး Lucke Bracey နဲ့ ညီအစ်တွေအတွက်ကတော့ Emma Robert တို့ရဲ့ မျက်နှာလေးနဲ့တင်ကို အတော်တန်နေတဲ့ ဇာတ်ကားပါပဲ။မင်းသား၊ မင်းသမီးနဲ့ ဂျင်းထည့်တဲ့ကားတော့မဟုတ်တာ အာမခံပါတယ်။ အားလပ်ရက်တိုင်းမှာ အမြဲတမ်းတစ်ကိုယ်တည်းဖြစ်နေလို့ တစ်အိမ်လုံးက သူ့ရဲ့အချစ်ရေးကိုပါ လိုက်ဂရုစိုက်ပေးနေရတဲ့ Sloane တစ်ယောက် ခရစ္စမတ်မှာတော့ ထူးထူးခြားခြား ကောင်လေးတစ်ယောက်နဲ့ဆုံခဲ့တယ်...တစ်ဘက်ကောင်လေးဟာလည်း ဘာတွေအဆင်မပြေဖြစ်လာတယ်မသိ...သူတို့(၂)ယောက်စဆုံးခြင်းဟာ ဘုနဲ့ဘောက်ပါပဲ...အချိုးမပြေတဲ့သူတွေအဖြစ် တစ်ယောက်ကိုတစ်ယောက်အသိအမှတ်ပြုသွားကြတယ်...အချစ်ကားလေးတွေမှာ ဘုဘောက်ကျရင်း အဆင်ပြေသွားတဲ့ဇာတ်လမ်းအမိုက်စားတွေကို သဘောကျတဲ့သူတွေအဖို့တကယ်ကိုကြည့်လို့ကောင်းပါတယ်..ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားလိုက်ကြပါဉီးဗျို့...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3monပဲဖြစ်ပါတယ်..File Size :(979 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre : Comedy  , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by d3mom Encoded by Phyo Pyae
movie

Holidate(2020)

The Spirit 2008 4.8
The Spirit 2008 Director - Frank Miller ရိုက်​ကူးထားပြီး imdb 4.8 ရထားတဲ့ ဇာတ်​ကားလေးနဲ့မိတ်​ဆက်​ပေးချင်​ပါတယ်​ဇာတ်​ကားနာမည်​ကတော့ The spirit ပါ ဇာတ်​လမ်းလေးက action ကားလေးဖြစ်​ပေမယ့်​ comedy လေးနည်းနည်းပေါင်းထားပါတယ်​ဘာကြောင့်​ရယ်​မှန်းမသိ ဒန်​နီကို့ထ်​လို့ ခေါ်တဲ့သာမာန်​ရဲတစ်​ယောက်​ သေရာကနေ ပြန်​ရှင်​လာတဲ့အခါ ရဲအလုပ်​ကနေစွန့်​ခွာပြီး စပိရစ်​ထ်​ အဖြစ်​နဲ့ ဒုစရိုက်​တွေနှိမ်​နင်းပါတယ်​သူ့ရဲ့ အဓိက ရန်​သူက အောက်​တိုပတ်​စ်​ လို့ခေါ်ပြီး သူတို့နှစ်​ယောက်​လုံးက မသေမျိုးတွေဖြစ်​နေပါတယ်​စပိရစ်​ထ်​က ဘာကြောင့်​ မသေမျိုးဖြစ်​နေလဲ သူ့ကိုယ်​သူ နားမလည်​ခဲ့ပေမယ့်​ သူ့ရန်​သူ အောက်​တိုပတ်​စ်​ကတော့ သိနေခဲ့ပါတယ်​တစ်​ဘက်​မှာလည်း စိန်​တွေကိုမှ ကြိုက်​တတ်​တဲ့ စပိရစ်​ထ်​ ရဲ့ ငယ်​ချစ်​ဦး ဆန်​ဒ်​ဆာရပ်​ဖ်​ က မသေမျိုးဖြစ်​ရတဲ့ လျို့ဝှက်​ချက်​နဲ့ ကိုယ်​တိုင်​ပတ်​သတ်​မိနေမှန်းမသိတဲ့အခါ ဘာတွေဆက်​ဖြစ်​ကြမှာလဲသူတို့ကဘာလို့ မသေမျိုးတွေဖြစ်​နေကြတာလဲအဲ့တာတွေအားလုံးအဆုံးသတ်​ဖို့ကရော တစ်​ယောက်​သေမှဖြစ်​မယ်​ဆိုရင်​ ဘယ်​သူသေမှာလဲdown ကြည့်​လိုက်​ပါနော်​ action ကားလေးဆိုပေမယ့်​ comedy လေးနှောထားတာမို့ ကားကောင်းလေးတစ်​ကားပါ အောက်​တိုပတ်​စ်​ရဲ့လက်​ထောက်​မလေး ဖလော့စ်​နေရာကို ...
movie

The Spirit 2008

2008
Independence Day (1996) 7.0
Independence Day (1996) ဒီဇာတ်ကားက ထွက်ထားတာ တော်တော်ကြာနေပေမဲ့ ဘယ်အချိန်ကြည့်ကြည့်မရိုးနိူင်တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ ၂၀၁၆မှာ ဒီဇာတ်ကား အနှစ် ၂၀ပြည့် အထိမ်းအမှတ်အနေနဲ့Independence Day 2လာဦးမှာမို့ ဒီဇာတ်ကားကို အရင် ကြည့်ထားသင့်ပါတယ်။ ဒီဇာတ်ကားက စိတ်ကူးယာဉ်သိပ္ဗံဇာတ်ကား တစ်ကားဖြစ်ပြီး ဂြိုလ်သားတွေက ကမ္ဘာမြေကို လာဖျက်ဆီးတဲ့ ဇာတ်ကားပါ။ နည်းပညာမြင့်တဲ့ဂြိုလ်သားတွေက လူသားတွေက ဘယ်လို စိတ်ဓာတ်၊ဘယ်လို အစီအမံတွေနဲ့ ရင်ဆိုင်မှာလဲဆိုတာ စိတ်ဝင်စားစရာပါ။သူ့ခေတ် သူ့အခါတုန်းအနေအထားနဲ့ကြည့်ရင် ကွန်ပျူတာ ပြုလုပ်ချက်တွေ အဲလောက်ထိ ကောင်းမွန်တာက အံ့သြစရာပါ။ဒီဇာတ်ကားမှာတော့ ပရိသတ်အချစ်တော် Will Smithက ခေါင်းဆောင်မင်းသားအနေနဲ့ရိုက်ကူးထားတာ ဖြစ်ပါတယ်။ မကြည့်ရသေးတဲ့လူများ ကြည့်လိုက်ကြပါဦး
movie

Independence Day (1996)

1996