Channel Myanmar

Daniel Venegas

Crank (2006) 7.0
Crank (2006) မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ ဒီရုပ်ရှင်က မထင်မှတ်ဘဲ ပေါက်သွားပြီး ပရိတ်သတ်တွေအသည်းစွဲရတဲ့ အက်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ Non-stop အက်ရှင်တွေက တစ်ကားလုံးထိုင်ရာမထဆွဲဆောင်သွားမှာပါ။ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာအသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။Chev Chelios ကို ရန်သူတွေက ဖမ်းမိတဲ့အခါမှာ တခါထဲအပြတ်မရှင်းဘဲ တမြေ့မြေ့နောင်တရစွာ သေဆုံးသွားဖို့ တခါမှမစမ်းဖူးတဲ့ တရုတ်ကဆေးတစ်မျိုးနဲ့ လုပ်ကြံလိုက်ကြပါတယ်....ဒီဆေးက နှလုံးခုန်နှုန်းကို အချိန်မရွေးရပ်တန့်သွားစေနိုင်တာမလို့  Chev Chelios တစ်ယောက်အသက်ရှင်ဖို့လမ်းစမရှိပါဘူး....ဒါပေမယ့် ခေါင်းမာပြီး အဆိပ်ပြင်းတဲ့  Chev Chelios ကတော့ သူ့နှလုံးခုန်နှုန်းကို မရပ်ဖို့ ရရာပစ္စည်းတွေနဲ့ အသက်ဆက်ပြီး ရန်သူတွေတမျိုးလုံးတဆွေလုံးကို အမြစ်ကလှန်ဖို့ မနားတမ်း မမောတမ်း ဖိုက်ပါတော့တယ်။IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller ...
movie

Crank (2006)

4K HEVC
Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)