Channel Myanmar

Daoud Heidami

You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Safe (2012) 6.5
Safe (2012) Safe (2012)မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ...
movie

Safe (2012)

2012
The Assistant (2019) 6.3
The Assistant (2019) ဒီရုပ်ရှင်ကတော့ သဘာဝကျပါတယ်။သဘာဝကျလွန်းလို့ တကယ့်လူတွေရဲ့ အပြင်ဘဝကို ထိုင်ကြည့်နေရသလိုပါပဲ။ဒီရုပ်ရှင်ဟာ လက်ရှိ ကုမ္ပဏီကြီးတွေရဲ့ အလုပ်ခွင် ဖိနှိပ်မှုတွေ၊အနိုင်ကျင့်မှုတွေနဲ့ အမျိုးသားတွေလိင်အမြတ်ထုတ်မှုတွေဟာအပေါ်ယံပဲ ရှုမြင်ခံရပြီး လွတ်မြောက်နေတာကို မီးမောင်းထိုးပြထားတာပါပဲ။ဒါကြောင့် ထူးခြားမှု ဘာမှမရှိဘဲ ဝေဖန်ရေးဆရာတွေ အားပေးမှုကို ရထားပါတယ်။ ဒီရုပ်ရှင်ဟာ ပထမဆုံး အနေနဲ့ Harvey Weinstein ကိုရည်စူးတိုက်ခိုက်တဲ့ ရုပ်ရှင်လို့လည်း လူပြောများနေပါတယ်။Harvey Weinstein ကိစ္စကို ကြားမိတဲ့သူတွေလည်း ကြားမိကြမှာပါ။အမေရိကန်ရဲ့နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်သူဖြစ်ပြီးလိင်အမြတ်ထုတ်မှုပေါင်း ၈၀ ကျော်နဲ့တိုင်ချက်ဖွင့်ခံခဲ့ရပါတယ်၊အလုပ်ပြုတ်ပြီး၊ အနုပညာသိပ္ပံအကယ်ဒမီကနေ ထုတ်ပယ်ခံလိုက်ရသူပါ။ဒီရုပ်ရှင်မှာတော့ Julia Garner ကတော့ ရုပ်ရှင်ကုမ္ပဏီရဲ့လက်ထောက်လေး အဖြစ် သရုပ်ဆောင်ထားပါတယ်။သူ့ရဲ့ ဖုန်းတာဝန်ခံဖြေတာတွေ၊ ကော်ဖီဖျော်တာတွေ၊ရုံးကိစ္စ တစ်နေ့တာလေးတွေကိုပြရင်းနဲ့မှအမျိုးသမီးငယ်တွေ အကာအကွယ်မဲ့နေတာ၊ဖိနှိပ်ခံနေရတာကို အားလုံးမြင်အောင် ...
movie

The Assistant (2019)