Channel Myanmar

Darrell Britt-Gibson

Keanu(2016) 6.2
Keanu(2016) Keanu (2016)============IMDb - 6.2 Rotten tomatoes - 78%ဟာသဇာတ်မြူးကားကောင်းတွေကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်Key & Peel လို့လူသိများတဲ့ ဟာသသရုပ်ဆောင်နှစ်ယောက်ရဲ့ ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး ကီနူး ရီဗ်ကကြောင်လေး "ကီနူး" နေရာမှာအသံသရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ကောင်မလေးကထားသွားလို့ အသည်းကွဲနေတဲ့ရဲလ်ရဲ့အိမ်ရှေ့ကိုကြောင်လေးတကောင်ရောက်လာခဲ့တာမလို့  မြင်မြင်ချင်းမှာပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပြီး "ကီနူး" လို့အမည်ပေးလိုက်ပါတယ်။ဒါပေမဲ့ ဒီကြောင်လေးက သာမာန်လမ်းဘေးကြောင်လေးမဟုတ်ပဲ အယ်လ်အေကမူးယစ်ရာဇာတယောက်က မွေးထားတဲ့ ကြောင်လေးဖြစ်နေတာပါ။ဒီလိုနဲ့တနေ့မှာ ရဲလ်တယောက် သူ့ရဲ့အကိုဝမ်းကွဲဖြစ်တဲ့ ကလဲရန့်စ်နဲ့အတူရုပ်ရှင်ကြည့်ပြီး အိမ်အပြန်မှာအိမ်အဖောက်ခံရပြီး ကီနူး အခိုးခံခဲ့ရပါတယ်။ဒီလိုနဲ့သူတို့ယောက်အတူ လိုက်လံစုံစမ်းကြည့်လိုက်တဲ့အခါမှာ ကီနူးကိုလူဆိုးဂိုဏ်းတဂိုဏ်းကခိုးသွားတာမလို့ သူတို့လည်း ကီနူးကိုပြန်ရအောင်လုပ်ရင်းဘယ်လိုအရှုပ်ထုတ်တွေထဲဝင်ပါမိသွားမလဲဆိုတာကို ပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဟာသကားကောင်းလေးတကားဖြစ်တာမလို့ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျ။ File size…1.19GB / 598MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt
movie

Keanu(2016)

20th Century Women (2016) 7.3
20th Century Women (2016) 20th Century Women (2016) ~IMDb - 7.3/10, RT - 88%, Meta - 83%~20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ...
movie

20th Century Women (2016)

2016
Fear Street Part One: 1994 (2021) 6.5
Fear Street Part One: 1994 (2021) Fear Street Part One: 1994 (2021)=========================IMDb Rating - 6.5/10အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ R.L. Stine ရဲ့ Best-Selling Fear Street Book Series ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး။Part -1(1994), Part - 2(1978), Part -3(1666) ဆိုပြီး ၃ကားတွဲ တစ်ပတ်ခြားစီဆက်တိုက်ထွက်လာမယ့် Trilogy Event လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့  ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့စုတ်ပြတ်နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ...ဒီနာနဲ့ ဆမ်က ရှိတ်ဒီဆိုဒ်မြို့ခံ ချစ်သူစုံတွဲလေးပေါ့၊ ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲစကြရာကမမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပြီး သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတဲ့အခါမှာတော့...သူတို့မြို့လေး တကယ်ပဲကျိန်စာသင့်နေတာလားဆိုတာ ကြည့်ရှူခံစားရမှာဖြစ်ပါတယ်။တော်တော်လေးကို ဇာတ်ရှိန်မြင့်ပြီးကြည့်လို့ကောင်းပါတယ်။July 9 ...
movie

Fear Street Part One: 1994 (2021)

2021
Judas and the Black Messiah(2021) 7.8
Judas and the Black Messiah(2021) Judas and the Black Messiah(2021)အညွှန်း*************************************IMDb...7.8"ကျုပ်တို့က မီးကိုမီးနဲ့မတိုက်ဘူး...မီးကိုရေနဲ့ငြိမ်းမှာ...ကျူပ်တို့က လူမျိုးရေးခွဲခြားခြင်းကိုလူမျိုးရေးခွဲခြားခြင်းနဲ့တိုက်နေတာမဟုတ်ဘူး....ကျုပ်တို့က စည်းလုံးခြင်းနဲ့တိုက်နေတာ...အရင်းရှင်ဝါဒကိုဆိုရှယ်လစ်ဝါဒနဲ့တိုက်မှာ"ဒါကတော့ လူမည်းတွေရဲအဆင့်အတန်းအားလုံးကိုမြင့်စေဖို့ ကြိုးစားနေတဲ့ ကျားသစ်နက်ပါတီရဲ့ ခေါင်းဆောင်ဖြစ်သူ ဖရဒ်ဟမ်တွန်ရဲ့ မူဝါဒဖြစ်တယ်...သူ့ရဲ့တက်ကြွမှုတွေနဲ့ လူထုရဲ့ပါဝင်မှုတွေဟာ အစိုးရပိုင်းအတွက်တော့မျက်စိစပါးမွှေးစူးစရာပဲ...ခေါင်းဆောင်ြဖစ်တဲ့ ဖရဒ်ဟာ ကိုယ်စွမ်းဉာဏ်စွမ်းရှိသလို သူ့လှုပ်ရှားမှုတွေဟာလည်း အကြမ်းမဖက်တဲ့ဝါဒဖြစ်လေတော့ဒီအဖွဲ့အစည်းကြီးကို နှိမ်နှင်းဖို့ ခက်ခဲနေပါတယ်..တဖြည်းဖြည်းအင်အင်းကြီးလာသလိုသူတို့စွဲကိုင်တဲ့တော်လှန်ရေးဝါဒကလည်း အင်အားဖြစ်စရာမို့ FBI က စနစ်တကျဖြိုခွင်းဖို့ကြိုးစားပါတယ်...ဒါ့ကြောင့် FBI ဟာ ကျားသစ်နက်ပါတီကိုဖြိုခွင်းဖို့ FBI အေးဂျင့် ရွိုင်မစ်ချယ် လူမည်းတစ်ယောက်ကိုသူလျှိုအဖြစ်ထည့်သွင်းလှုပ်ရှားစေခဲ့တယ်...ဒီလူမဲကတော့ သူ့ကိုယ်ကျိုးအတွက်ဘာမဆိုလုပ်မဲ့သူဖြစ်တယ်..အဲ့ဒီနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့...ဒီကားက Biography  ဖြစ်တဲ့အပြင် လူမဲအရေးလှုပ်ရှားမှုဇာတ်ကားဆိုပေမဲ့ အစမှ အဆုံးထိ စိတ်လှုပ်ရှားစရာကောင်းပါတယ်...ဆုကြီးပေါင်း (၈)ဆုရထားသလို IMDB ရော Rotten ရော အလန်းဆုံးအဆင့်မှာရှိလို့ လက်မလွှတ်စေလိုကြောင်း ပြောကြားပါရစေ..ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်...File Size : (2.5 GB) and (1 GB) Quality : HEVC ...
movie

Judas and the Black Messiah(2021)

HEVC 1080p 5.1
Silk Road(2021)
Silk Road(2021) Silk Road (2021)လွတ်လပ်မှုကို လူတိုင်း နှစ်သက်တာ သဘာ၀ပါပဲသင့်ကို စိတ်ကြိုက်လွှတ်လပ်ခွင့်ပေးလိုက်မယ် သင် လုပ်သမျှကို ဘယ်သူကမှလည်း မနှောင့်ယှက်နိုင်ဘူးဆိုရင် သင်ဘာလုပ်မလဲ ....... ?လုပ်ချင်တာတွေ စိတ်ထဲမှာ တန်းစီပေါ်လာမယ်ထင်ပါတယ် ဘဏ်ဖောက်ပစ်လိုက်မယ်တို့ လုပ်ခွင့်မရတာတွေ အကုန်လုပ်ပစ်လိုက်မယ်တို့ တွေးမိမယ်ထင်တယ်ဟုတ်ပါတယ် ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဟာလည်း သင့်လို မသမာမှုလုပ်ဖို့ တွေးလိုက်ပါတယ်သူဟာ SilkRoad (ပိုးချည်လမ်း) လို့ အမည်ရတဲ့ website ( ရှင်းရှင်းပြောရရင် မှောင်ခို ၀က်ဘ်ဆိုက်) တစ်ခုကို တီထွင်လိုက်ပါတယ်။ ဒီလိုနဲ့ အဲ့ဒီ ၀က်ဘ်ဆိုက်ဟာ တရားဥပဒေနဲ့ မညီတဲ့ အလုပ်မှန်သမျှ အထူးသဖြင့် မူးယစ်ဆေးရောင်း၀ယ်သူတို့ရဲ့ ကျက်စားရာ နေရာဖြစ်လာပါတယ်ဖြစ်ဆို အဲ့ဒီ ဆိုက်ထဲက ဘယ်အချက်အလက်ကိုမှ အစိုးရက ခြေရာမခံနိုင်လို့ပါပဲ။ ဒီတော့ ဆေးသမားတို့အတွက် လွတ်လပ်မှုအကြီးကြီးနဲ့ ရောင်းသူဝယ်သူ အကြံတူပြီး လိုတရနေတဲ့ နေရာကြီးတစ်ခုပေါ့။ဒါပေမယ့် တစ်ခုပြန်မေးရမှာ ဒီ လွတ်လပ်မှုကြီး ကြာရှည်ခံပါ့မလား.... သင်ရော ဘယ်လိုထင်ပါသလဲDead End of Silk ...
movie

Silk Road(2021)

2021
Three Billboards Outside Ebbing, Missouri (2017) 8.2
Three Billboards Outside Ebbing, Missouri (2017) Three Billboards Outside Ebbing, Missouri (2017)   IMDb - 8.2/10________Rotten - 90%   Won 2 Oscars. Another 130 wins & 226 nominationsလက်သည်မပေါ်တဲ့ လူသတ်မှု တွေက ကမ္ဘာအနှံ့မှာ ရှိနေရစ်ပြီးသားပဲ။လူပြတ်တဲ့လမ်းမတစ်နေရာမှာ ဒဏ်ရာဗလပွနဲ့ သေဆုံးနေတာတို့။ရေအိုင်ကလေးထဲက ပေါလောပေါ်လာမှ သေဆုံးမှန်းသိနေတာတို့။အချို့နေရာမှာတော့ နေရာကာလကို အခွင့်ကောင်းယူပြီး အမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာမျိုးတွေပေါ့။ဗီဇအမျိုးမျိုးနဲ့ ဖြစ်တည်လာကြတဲ့ လူအဖွဲ့အစည်းအရ ဒီလို ဖြစ်ပျက်မှု တွေဟာ နေရာအနှံ့အပြားမှာ ရှိနေဦးမှာပဲ။ထိုအခါမှာ ကျန်ရစ်သူတွေက ဒေါသတွေဖြစ်နာကျင်ခဲ့ရ ။သတ်ဖြတ်သူအပေါ်ကို ဒေါသတရားတွေနဲ့ အမျက်သိုပြီး နာကျင်ကျန်ရစ်ခဲ့ရတယ်။တကယ်ပဲ သတ်ဖြတ်သူကို ဖမ်းမိသွားပြန်ရင်ရော မိမိတို့ကာယကံရှင်တွေအနေနဲ့ ကျေနပ်နိုင်မှာ သေချာပါရဲ့လား။ဒီအချက်တွေဟာ လူအဖွဲ့အစည်းထဲမှာ နေထိုင်ကြသူတွေအတွက် မဖြစ်ခဲ့ရင်တော့ အကောင်းသားပေါ့။ဖြစ်များဖြစ်ခဲ့ရင်တော့ ရှောင်လွှဲလို့မရတဲ့ ဘေးထွက်ဆိုးကျို းတွေပဲ။လူအဖွဲ့အစည်းထဲက ယိုပေါက်နေတဲ့ ကင်ဆာဆဲလ်တွေဖြစ်တယ်။အနည်းဆုံးဖြစ်အောင် အားလုံးက ပူးပေါင်းဆောင်ရွက်မှသာလျှင် ဖြစ်ပျက်မှု တွေ ...
movie

Three Billboards Outside Ebbing, Missouri (2017)

2017