Channel Myanmar

Darri Ingolfsson

My True Fairytale (2021) 6.3
My True Fairytale (2021) My True Fairytale (2021) ================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်‌နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(936 MB) / (368 ...
movie

My True Fairytale (2021)

2021
The Girl with the Dragon Tattoo (2011) 7.8
The Girl with the Dragon Tattoo (2011) The Girl with the Dragon Tattoo (2011) IMDb - 7.8/10_______Rotten - 86% Won 1 Oscar. Another 26 wins & 91 nominations    ငယ်စဉ်ကစပြီး ကြမ်းတမ်းတဲ့ဘဝတစ်ခုမှာနေထိုင်ဖြတ်သန်းလာရတဲ့နဂါးရုပ်ပုံဆေးမင်ကြောင်နဲ့ မိန်းကလေးတစ်ယောက်ဟာ မိသားစုမရှိ အုပ်ထိန်းသူမရှိပဲ တိုင်းပြည်ရဲ့ထောက်ပံမှုနဲ့ ဘဝကိုဆိုးပေတေရင်း ဖြတ်သန်းနေခဲ့ပြီးတစ်ဖက်မှာတော့သူဟာ ထက်မြက်တဲ့စုံစမ်းရေးစိတ်ကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက်တစ်ဦးဖြစ်ပါတယ်ဂျာနယ်လစ်မီကယ်ဘလွန်းကစ်အဖြစ် သရုပ်ဆောင်ထားတဲဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိတ် ကတော့ဒီဇာတ်လမ်းမှာ နိုင်ငံရဲ့အကြီးမားဆုံးငွေကြေးအလွဲသုံးစားလုပ်မှုကို သက်သေမခိုင်ပဲဖော်ထုတ်မိလို့ အသရေဖျက်မှုနဲ့ရင်ဆိုင်နေရသူတစ်ဦးဖြစ်ပါတယ် ကျွန်းတစ်ကျွန်းပေါ်မှာနေထိုင်တဲ့ ဆွီဒင်ရဲ့အချမ်းသာဆုံးမိသားစုတစ်ခုက သူဋ္ဌေးကြီးတစ်ယောက်ဟာ လွန်ခဲ့တဲ့အနှစ်၄၀ကဖြစ်ပွားခဲ့တဲ့ လက်သည်မပေါ်ခဲ့တဲ့မိသားစုအတွင်းလူသတ်မှုတစ်ခုကို သူ့ဘဝလက်ကျန်အချိန်တွေမှာအဖြေသိရဖို့ မီကယ်ဘလွန်းကစ်ကိုငြင်းဆန်လို့မရတဲ့ကမ်းလှမ်းမှုနဲ့ အဖြေရှာပေးဖို့ ကမ်းလှမ်းလိုက်ပါတော့တယ် ထိုအမှုဟာ ဘလွန်းကစ်ရဲ့ဂုဏ်သိက္ခာကိုပြန်လည်ဆယ်ယူဖို့ တိုင်းပြည်ရဲ့အကြီးမားဆုံး ငွေကြေးအလွဲသုံးစားလုပ်မှုတို့နဲ့ ပတ်သက်နေခဲ့ပြီး ဘလွန်းကစ်နဲ့အတူ နဂါးရုပ်ဆေးမင်ကြောင်နဲ့မိန်းကလေးပါ စုံစမ်းရေးထဲကို ပါဝင်လာတဲ့အခါမှာတော့.... Millennium Trilogy ရဲ့အောင်မြင်ခဲ့တဲ့ပထမဆုံးဝတ္တု ဖြစ်တဲ့ The girl with the dragon tattoo ဝတ္တု ကိုရုပ်ရှင်အဖြစ်ပြန်လည်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာလည်းအောင်မြင်ခဲ့ပြီး IMDb7.8နဲ့ RT86%ရရှိထားတဲ့ crime flim ...
movie

The Girl with the Dragon Tattoo (2011)

2011