Channel Myanmar

Darrin Maharaj

Code 8 Part II (2024) 6.8
Code 8 Part II (2024) 2019 တုန်းက အဲရိုးမင်းသား Stephen Amell နဲ့သူ့ညီ Robbie Amell တို့ အတူ သရုပ်ဆောင်ပြီးနာမည်ကြီးခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားCode 8 ရဲ့ နောက်ဆက်တွဲ ဇာတ်ကားလာပါပြီ။ဒီကားမှာလည်း အရင်မင်းသားနှစ်လက်ပဲအဓိက ပါဝင်ထားပြီးအရင်ဒါရိုက်တာကပဲ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလင်ကွန်းမြို့မှာ စွမ်းအားမျိုးစုံ ကိုယ်စီရှိကြတယ် စွမ်းအားရှင်လူသားတွေ ရှိပါတယ်။အဲဒီလူသားတွေဟာ အစတုန်းက လုပ်ငန်းမျိုးစုံမှာ အသုံးဝင်လို့ နေရာရခဲ့ကြပေမဲ့သူတို့နေရာကို စက်တွေနဲ့အစားထိုးလာတဲ့အခါစွမ်းအားရှင်အလုပ်လက်မဲ့တွေ ပိုများပြားလာပြီးရာဇဝတ်မှုတွေလည်း များလာပါတယ်။ဒါတွေကို ရဲတွေက အဆင့်မြင့် စက်ရုပ်တွေနဲ့ အကြမ်းဖက်နှိမ်နင်းနေပြီးတစ်မြို့လုံး ဗြောင်းဆန်နေချိန်လည်းဖြစ်ပါတယ်။အဲဒီမြို့မှာပဲ ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးတစ်မျိုး ထိန်းမရအောင် ပြန့်နှံ့နေပြီးအဲဒီဆေးဟာ စွမ်းအားရှင်တွေရဲ့ ကျောရိုးအရည်ကနေထုတ်လုပ်တာဖြစ်လို့ အလုပ်လက်မဲ့ စွမ်းအားရှင်တွေအတွက်ငွေရပေါက်တစ်ခုလည်းဖြစ်နေပါတယ်။ ပထမရုပ်ရှင်မှာတော့ အဲဒီ ဆေးထုတ်နေတဲ့ ဂိုဏ်းခေါင်းဆောင်ကိုရှင်းလင်းပစ်ခဲ့ပြီး စွမ်းအားရှင်ဖြစ်တဲ့ ကွန်နာ ဟာသူ့အပြစ်တွေကိုဝန်ခံပြီး ထောင်ကျခံခဲ့တာပါ။ အခု ဇာတ်ကားမှာတော့ ကွန်နာထောင်ကထွက်လာချိန်မှာသူ့မိတ်ဆွေဟောင်း ဂဲရက်က ဆိုက်ခ် မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်ဖြစ်နေပြီးကင်းစတန်ဆိုတဲ့ရဲနဲ့ လက်ဝါးချင်းရိုက်ပြီးအလုပ်လုပ်နေပြီ ဖြစ်ပါတယ်။ အဲဒီ မသမာမှုတွေကို တွေ့သွားတဲ့ စွမ်းအားရှင်လူငယ်လေးတစ်ယောက်အသတ်ခံလိုက်ရပြီး ...
movie

Code 8 Part II (2024)

Baking All the Way (2022) 5.9
Baking All the Way (2022) Baking All the Way (2022) ===================ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို ...
movie

Baking All the Way (2022)

2022
Firestarter (2022) 4.6
Firestarter (2022) Firestarter (2022) 1980 တုန်းက ထွက်ခဲ့တဲ့ စတီဖင်ကင်း ၀တ္တုဖြစ်တဲ့ Firestarter ကို 1984 မှာ ရုပ်ရှင်အဖြစ် အသက်သွင်းခဲ့ပါတယ်။ ခုတစ်ဖန် ၂၀၂၂မှာ Reboot ပြန်ရိုက်ထားတာပါ။ အကောင်းကြီးတော့ မဟုတ်ပေမဲ့ ကြည့်ပျော်တဲ့ထဲပါတဲ့ ရုပ်ရှင်ပါပဲ။ Zac Efron လို နာမည်ကြီး မင်းသားလည်း ပါ၀င်သရုပ်ဆောင်ထားသလို အဓိကဇာတ်ကောင်ကလေးမလေးကလည်း ရုပ်ရှင်သမားအတော်များများ မြင်ဖူးကြလောက်မယ့်သူပါပဲ အရင်ကားအဟောင်းကိုပဲ တီးခတ်ပေးထားတဲ့ ဂန္ထဝင် Composer John Carpenter ကြီးကပဲ နောက်ခံဂီတကို တီးခတ်ပေးထားပါတယ်။သူကတော့ Horror, Science Fiction လို့ ရေးထားပေမဲ့ စူပါဟီးရိုးကား အရသာတော်တော်ရပါတယ်။ အဓိက ဇာတ်ကောင်ကလေးမလေးက မီးကိုထုတ်ချင်သလိုထုတ်လို့ရပါတယ်။ သို့ပေမဲ့ သူ့ပုံစံက X menထဲက ဂျင်းဂရေးနဲ့အတော်တူပါတယ်။ သူတို့လို စွမ်းအားတွေရဲ့ရင်းမြစ်က ဓာတုကွန်ပေါင်းတစ်မျိုးဖြစ်တာကြောင့် The Boys ထဲက ဟီးရိုးတွေနဲ့လည်း ...
movie

Firestarter (2022)

2022