Channel Myanmar

Dash Mihok

Dark Blue (2002) 6.6
Dark Blue (2002) အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie

Dark Blue (2002)

Basic (2003) 6.4
Basic (2003) Basic (2003)ဒီ Basic ဆိုတဲ့ ရုပ်ရှင်ကတော့ မိတ်ဆက်ပေးစရာမလိုဘဲ အားလုံးသိပြီးကြပြီဖြစ်တဲ့ မေမေ့အချစ်တော် မင်းသားကြီး Samuel Jackson နဲ့အတူ သူ့ရဲ့ခေတ်ပြိုင်ဆိုသလို သူငယ်ချင်းလည်းဖြစ်တဲ့ ဝါရင့်မင်းသားကြီး John Travolta တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုနှစ်ထွက် အက်ရှင် ဒရာမာဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် မင်းသားကြီး John Travolta က ဇာတ်ဆောင်တွမ်ဟာဒီ၊ မင်းသားကြီး Samuel ကတော့ ဇာတ်ပို့ တပ်ကြပ်ဝက်စ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~တွမ်ဟာဒီဆိုသူဟာ အရင်က စစ်တပ်ရဲ့ရိန်းဂျားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ သူဟာ ဒီအီးအေလို့ခေါ်တဲ့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ သူလျှိုအဖြစ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ အခြေစိုက်စခန်းမှာ ညွှန်းကြားရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ သူ့ရဲ့ရိန်းဂျားတပ်ဖွဲ့ဝင်ဟောင်း သူငယ်ချင်းတစ်ယောက်က အတော်လေးရှုပ်ထွေးတဲ့အမှုတစ်ခုကို ကူညီဖြေရှင်းပေးဖို့ အကူအညီတောင်းလာခဲ့ပါတယ်။မုန်တိုင်းပြင်းထန်နေတဲ့တစ်နေ့မှာ တပ်ကြပ်ကြီးဝက်စ်ဟာ သူ့ရဲ့တပ်သားတွေနဲ့အတူ လေ့ကျင့်ရေးခရီးစဉ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းကြောင့် ဝက်စ်တို့တပ်ဖွဲ့ပြန်လာရမယ့်အချိန်က နောက်ကျသွားပြီး ...
movie

Basic (2003)

2003
Firehouse Dog (2007) 5.5
Firehouse Dog (2007)  ဒီတစ်ခါတော့ ခွေးချစ်တတ်သူလေးတွေအကြိုက်တွေ့စေမယ့်မီးသတ်ခွေးလေး ဒူဝီအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်လေးကြည့်ရှုရမယ့်ကားလေးပါပဲ....။ဇာတ်လမ်းဇာတ်အိမ်လေးက ရိုးရိုးလေးနဲ့ ခွေးလေးဒူဝီရဲ့ ပါးနပ်မှုသွက်လက်မှုတွေကို သဘောကျမြင်တွေ့ရဦးမှာပါ။ဇာတ်လမ်းထဲမှာဆိုရင် မီးသတ်ခွေးမဖြစ်ခင်က ခွေးလေးဒူဝီဟာဟောလိဝုဒ် ရုပ်ရှပ်ရှင်လောကမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့စူပါစတားခွေးလေးပေါ့...။သူ့ရဲ့အောင်မြင်လွန်းတဲ့ရုပ်ရှင်တွေကိုပြောပါဆိုရင် "Jurassic Bark"(ဂျူရက်စစ်ဟောင်သံ)တို့"The Fast & The Furriest"(လျှင်မြန်သူ ခွေးစုတ်ဖွား)တို့ပါတဲ့...။ဒီလို နာမည်ကျော် ဟောလိဝုဒ်စတားခွေးလေးဟာ တစ်ရက်မှာတော့ကံကြမ္မာဆိုးဝင်ပြီး ခွေးလေခွေးလွင့်ဘဝကိုရောက်ခဲ့ရပါတော့တယ်။သေကံမရောက်လို့ မီးသတ်တပ်ဖွဲ့တစ်ခုက ကယ်ဆယ်မွေးစားခံရပြီးနောက်လူတွေကို ကူညီရင်းပဲ မီးသတ်ခွေးလေးဖြစ်လာခဲ့တယ်ပေါ့။ခွေးလေးဒူဝီရဲ့ ဆန်းကြယ်လှတဲ့ ကံကြမ္မာအနိမ့်အမြင့် အဖုံဖုံကိုလိုက်ပါစီးမျှောခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ....။ File size…2.57 GB/1.35 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre …..Action ,  Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Firehouse Dog (2007)

10th & Wolf(2006) 6.3
10th & Wolf(2006) ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီးသေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာမရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီးသူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်းလမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့်ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီးဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်းအက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေးဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက်ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကိုအကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှု‌လိုက်ပါဦးဗျ။အမေရိကန်က အီတလီဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်းရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

10th & Wolf(2006)

The Perfect Storm (2000) 6.5
The Perfect Storm (2000) 2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူးသရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်…ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦးFile size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / ...
movie

The Perfect Storm (2000)

Sleepers(1996) 7.5
Sleepers(1996) Sleepers(1996) အညွှန်း*******************IMDb...7.5,,,,Rt...73  Robert De Niro ,Kevin Bacon  နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတယ်.. စာရေးဆရာ Lorenzo Carcaterraရဲ့ best sellerဖြစ်ခဲ့တဲ့ ဒီဇာတ်ကားဟာစာအုပ်အဖြစ်ထုတ်ဝေတုန်းမှာ ဝေဖန်သူတွေ၊ သတင်းရေးသူတွေကြားမှာ ဝေဖန်မှုတွေနဲ့ အငြင်းပွားဖွယ်ဖြစ်ခဲ့သလို ရုပ်ရှင်အဖြစ်ရိုက်ကူပြီးနောက်မှာလည်း အတော်လေးဂယက်ရိုက်ခဲ့ပါတယ်။ အကြောင်းရင်းကတော့ ရုပ်ရှင်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ နယူးယော့မြို့တော်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေလို့ပါပဲ။ စာဖတ်သူတွေအနေနဲ့ ဒီဝတ္ထုဟာ အဖြစ်မှန်ဟုတ်သလား မဟုတ်ဘူးလားဆိုတဲ့အကြောင်းကို သို့လောသို့လောဖြစ်ရာမှာ ဝတ္ထုရေးဆရာ Lorenzo Carcaterraကတော့ အဖြစ်မှန်ဖြစ်ကြောင်း တစ်ခါအတည်ပြုဖူးပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာနေရာတွေကတော့ ဒီလိုအဖြစ်အပျက်မျိုးမရှိဖူးကြောင်း ငြင်းချက်ထုတ်တာပေါ့။ တစ်ခုသတိပေးချင်တာကတော့ ကလေးသူငယ်နှိပ်စက်မှုတွေပါဝင်လို့ စိတ်ခိုင်မှ ဒီကားကို ကြည့်စေချင်ပါတယ်။ နယူးယော့မြို့ ရွှေ့ပြောင်းလုပ်သားတွေနေထိုင်ကြတဲ့ Hell's Kitchenဆိုတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာ သူငယ်ချင်းလေးယောက်ဟာ တခြားကလေးတွေလိုပဲ ရပ်ကွက်ထဲ ဆော့ကစားလိုက် ဘုရားကျောင်းတက်လိုက်နဲ့ပေါ့။ အားရင်အားသလို ဘုရားကျောင်းမှာ ဘုန်းတော်ကြီးအကူအဖြစ် ဝင်လုပ်လေ့ရှိသလိုပိုက်ဆံရရင်ရသလိုလည်း နာရေး‌တွေမှာ ဝင်ကူလေ့ရှိပါတယ်။ ဆင်းရဲကြပေမယ့် ရှိတာလေးနဲ့ ရောင့်ရဲစွာ ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတဲ့ ကလေးတွေပေါ့။သူတို့သူငယ်ချင်းတွေကြားမှာ နောက်ပြောင်ကျီစယ်ခြင်းကိုလည်း အလှည့်ကျလုပ်လေ့ရှိပါတယ်။ တစ်ခါမှာတော့ ...
movie

Sleepers(1996)

Deep Water (2022) 5.5
Deep Water (2022) Deep Water (2022) တစ်မျိုးတော့မထင်နဲ့ဦး။ တကယ်ကို ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်ပြီး အချစ်စမ်းတာက လန့်စရာကောင်းတဲ့ လင်မယားနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ။ဝက်သားဟင်းကို နေ့တိုင်းစားရတော့ တစ်ခါတလေ ချဉ်ပေါင်ဟင်းလေးလည်း စားချင်တာပေါ့ဆိုတဲ့ သဘောမျိုးပါပဲ။ အရမ်းချစ်ကြတဲ့လင်မယားနှစ်ယောက် အချိန်တွေ ကြာလာတော့ တစ်ယောက်ကို တစ်ယောက်ရိုးလာတတ်ကြသလို သူတို့ကိုမောင်းနှင်နေတဲ့ အချစ်မီးတောက်က လောင်စာတွေလျော့လာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်မြင်လာကြတယ်။ မိန်းမက ယောက်ျားကို အရမ်းပျင်းစရာကောင်းတယ်လို့ မြင်တယ်။ မိန်းမက သူ့ကိုအလေးမထားတော့ဘူး မချစ်တော့ဘူးလို့ ယောက်ျားက မြင်လာတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ မိန်းမက ယောက်ျားမရှိတော့သလိုကို လွတ်လွတ်လပ်လပ်နေလာတယ်။ အဲဒီတော့ အပြစ်တွေ မြင်နေပေမဲ့ ချစ်နေသေးတဲ့ ယောက်ျားက သဝန်တိုတယ်။ဒီအထိတော့ ပုံမှန်အိမ်ထောင်ရေး ဇာတ်လမ်းလေးလိုပါပဲ...ဒါပေမဲ့ မိန်းမနဲ့ ရင်းရင်းနှီးနှီးဖြစ်နေတဲ့ သူငယ်ချင်းတစ်ယောက် ပျောက်နေတာကစပြီး ပုံမှန်မဟုတ်တော့တာပါပဲ။ အဲဒီမိတ်ဆွေပျောက်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ယောက်ျားဖြစ်သူက သူသတ်လိုက်တာလိုလိုနဲ့ အပေါင်းအသင်းတွေကြား မိန်းမရဲ့ မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူစွာနဲ့ ...
movie

Deep Water (2022)

2022
I Am Legend (2007) 7.2
I Am Legend (2007) I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie

I Am Legend (2007)

2007
Inherit the Viper (2019) 5.0
Inherit the Viper (2019) unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်Crime Drama ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Inherit the Viper (2019)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွန်လေ မိသားစုဆိုတာမူးယစ်ဆေးရောင်းဝယ်ကာ အသက်ရှင်နေထိုင်ရတဲ့ မိသားစုပါ။ကစ်ပ်ဆိုတဲ့ အကိုကြီးရယ် ဂျိုဆီဆိုတဲ့ အမရယ်က မူးယစ်ဆေးရောင်းဝယ်ပြီးညီငယ်လေး ဘူးတ်ကိုတော့ ဒီကိစ္စတွေနဲ့ မပါတ်သတ်ခိုင်းပါဘူး။တစ်နေ့မှာတော့ထင်ရာစိုင်းတတ်တဲ့ လူရွယ်လေး ဘူးတ်ကဆေးတွေခိုးကာအရောင်းအဝယ်လုပ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့် ထင်ထားသလိုဖြစ်မလာပဲ ပြဿနာတွေတက်လာတဲ့အခါကွန်လေမိသားစု ဘယ်လိုဖြေရှင်းမလဲ?ဘာတွေဆက်ဖြစ်မလဲ?ဆိုတာ စိတ်ဝင်စားစရာပါ။မိသားစုထဲ စိမ့်ဝင့်ပျံ့နှံ့နေတဲ့ ဒီပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းထုတ်မလဲဆိုတာဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမလို့CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။File Size : ( 786 MB , 255 MB )Quality : WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle ...
movie

Inherit the Viper (2019)

A Million Little Pieces(2019) 6.6
A Million Little Pieces(2019) A Million Little Pieces(2019)အညွှန်း******************************(unicode)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ က ဆိုးကျိုးပဲ များတာကို အတော်များများ သိကြမှာပါ....ဆေးချတာမပြောနဲ့ဦး Hangover ဖြစ်ရင်တောင်တစ်နေ့လုံးနေလို့အဆင်မပြေတဲ့ဝေဒနာကြီးစွဲထင်တတ်ပါတယ် A Million Little Pieces ထဲက ဂျိမ်းစ်ဖရေး သူ့ဘ၀တောက်လျှောက်ဆေးလိပ်တွေအရက်တွေ ကိုကင်းတွေနဲ့ပဲ ရင်းနှီးခဲ့ရတယ် အသက်နဲ့မလိုက်အောင် ကိုယ်တွင်းအင်္ဂါထိခိုက်မှုတွေဖြစ်ထားတယ် မိသားစုအချစ်ရေး မိတ်ဆွေသူငယ်ချင်းအားလုံးဆုံးရှုံးပြီးမှ ဒီပြန်လည်ထူထောင်ရေးစင်တာကိုရောက်လာတယ် ပထမနေ့ နေရထိုင်ရအဆင်မပြေဖြစ်တယ်ဂယောင်ခြောက်ခြားဖြစ်မယ် ဝေဒနာပေါင်းစုံပါပဲ ဒုတိယနေ့အဲ့ထက်ဆိုးတယ် တတိယနေ့အဲ့ထက်ပိုပိုဆိုးလာတယ်ဆေးပြတ်အောင်ဖြတ်တာဟာလွယ်ကူတဲ့အလုပ်မဟုတ်မှန်းဒီကားကြည့်ရင်သိမှာပါ တဖြည်းဖြည်းပြောင်းလဲလာတဲ့ဂျိမ်းစ်ဖရေးကိုလဲ ကြည့်ရင်း ကိုယ်တိုင်မွန်းကြပ်လာသလို သူနဲ့ အတူ ဒီ ဒုက္ခတောထဲက ထွက်ဖို့ရုန်းကန်ချင်စိတ်ပေါ်လာပါတယ်.. သူဆေးပြတ်သွားမလား...ဆက်ပြီးသုံးရင်း ဘဝကို အဓိပ္ပါယ်မဲ့ ဆက်ကုန်ဆုံးမလား ခံစားကြည့်ကြပါဥ◌ီး.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်...(zawgyi)အရက် ဆေး ကိုကင်း အသီး အရွက် အလုံး ဒီနာမည်မျိုးစုံနဲ့ ထွက်တဲ့ဆေးဝါးတွေမူးယစ်ဆေးတွေစိတ်ကြွဆေးတွေဟာ သုံးလို့တော့ကောင်းပေမယ့် နောက်ဆက်တွဲ ...
movie


2018
Romeo + Juliet (1996) 6.7
Romeo + Juliet (1996) Romeo + Juliet (1996) IMDb - 6.7/10________Rotten - 72%  Romeo & Juliet အကယ်၍များ တစ်ဦးတစ်ယောက်က ကျွန်တော့်ကို အကြီးအကျယ်ဆုံး အချစ်ဝတ္တုတစ်ပုဒ်ကို မေးလာရင် William Shakespeare ရဲ့ ရိုမီရို ဂျူးးလိယက်ကို ကျွန်တော်သတိရမိလိမ့်မယ်။ စစ်မှန်တဲ့ အနုပညာလက်ရာကောင်းတစ်ခုက ခေတ်တွေကို ဖြတ်ကျော်နိုင်တယ်ဆိုသလိုပဲ Romeo & Julietဟာ သက္ကရာဇ်၁၅၀၀ကျော်ကနေ ယနေ့ ၂၀၀၀ကျော်အထိ ထင်ရှားဆဲ အနုပညာပစ္စည်းတစ်ခုအဖြစ် ဖြစ်တည်နေဆဲပါပဲ။ ရှိတ်စပီးယားရဲ့ ရိုမီရို ဂျူးးလိယက်ပြဇာတ်ဟာ Stared-Crossed Loverလို့ခေါ်တဲ့ သူက ကိုယ့်အတွက် ကိုယ်က သူ့အတွက် ဖြစ်တည်ပါတယ်လို့ သတ်မှတ်ပြီးသား ချစ်သူ ၂ယောက်ရဲ့ ကြယ်တွေဆီမှာ သတ်မှတ်ပြီးသား ကံကြမ္မာတွေကို လွန်ဆန်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်မှာ " Romeo must die "လို ့ပြောတဲ့အထိ အာဃာတအချို့နဲ့ ကမ္ဘာကြီးရဲ့ အကျည်းတန်မှုနဲ့ ချစ်ခြင်းမေတ္တာရဲ့ လှပမှုကို အချိုးကျကျ ရောစပ်ထားပါတယ်။ ရုပ်ရှင်ပြန်ရိုက်တဲ့ အခါမှာလည်း ဒီနေ့ထိထက်တိုင်တော့ ဟောင်းမသွားသေးတဲ့ အကြိမ်ကြိမ် Rebootလုပ်ခံရပြီးတဲ့ ရုပ်ရှင်တစ်ကားအဖြစ် ရပ်တည်နိုင်တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ ဒီ Versionမှာတော့ Modern ပုံစံနဲ့ ...
movie

Romeo + Juliet (1996)

1996
The Day After Tomorrow (2004) 6.4
The Day After Tomorrow (2004) The Day After Tomorrow (2004) IMDb - 6.4/10_____Rotten - 44%    IMDb rating 6.4/10 ရရှိထားပြီး 2004 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ပေးလိုက်ပါတယ်။ အာတိတ်ဒေသမှာသုတေသနလုပ်နေတဲ့ ပါမောက္ခ ဂျက်(ခ်)ဟော(လ်) နဲ့အဖွဲ့ဟာ ရာသီဥတု ဖောက်ပြန်ပျက်စီး မှု တစ်ခုကို အမှတ်မထင် ကြုံတွေ့ခဲ့ရတယ်။ ဒါကို နယူး ဒေလီ မှာပြုလုပ်တဲ့ ကမ္ဘာကြီး ပူနွေးလာမှုနဲ့ ပတ်သက်တဲ့ နှီးနှော ဖလှယ်ပွဲတစ်ခုမှာ ဂျက်(ခ်) ကိုယ်တိုင်ပြောပြခဲ့ပေမဲ့ ဘယ်သူကမှ အလေးမထားခဲ့ကြပါဘူး။ နောက်ပိုင်းမှာ ရေကြောင်းပြ ဗော်ရာ တွေမှာ အပူချိန်ကျဆင်းလာတာကြောင့် ပါမောက္ခ ရပ်ဆန် လည်း သတိထားမိခဲ့ပြီး ဂျက်(ခ်) နဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ ရာသီဥတု ဖောက်ပြန်ပျက်စီးမှုက တစ်စတစ်စ ပိုမိုဆိုးရွားလာခဲ့ပေမဲ့ ဂျက်(ခ်) ရဲ့ သတိပေးမှုတွေကို တာဝန်ရှိသူတွေက လျစ်လျူရှုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ မြောက်ကမ္ဘာခြမ်းတစ်ခုလုံးကို ရေခဲအတိ ဖုံးလွှမ်းသွားစေခဲ့တဲ့ တစ်ခါမှာ မကြုံခဲ့ဖူးတဲ့ ကုန်းတွင်းပိုင်း ဟာရီကိန်း မုန်တိုင်းဒဏ်ကို ...
movie

The Day After Tomorrow (2004)

2004
The Thin Red Line (1998) 7.6
The Thin Red Line (1998) The Thin Red Line (1998) IMDb - 7.6/10_____Rotten - 80%    စစ်ကားတွေထဲမှာ အထူးသဖြင့် ကျွန်တော်သိသလောက် Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) စတဲ့နာမည်ကြီးစစ်ကားတွေဟာ ရန်သူရဲ့ အဓိက အခြေချတပ်စွဲထားတဲ့နေရာတွေကို အသက်စွန့်ပြီး ဝင်သိမ်းတာကို အခြေပြုရိုက်ကူးထားပါတယ်...ဒီလိုခြေကုတ်ယူထားတဲ့နေရာဆိုတာနဲ့ ရာနှုန်းပြည့် ပစ်ကွင်း မြင်ကွင်း အရာအားလုံးကို အသာစီးရနေပါတယ်...... ဒါ့ကြောင့် အပေါ်က ကျွန်တော်ပြောခဲ့တဲ့ စစ်ကားကြီး(၂)ကားမှာ တက်သိမ်းတဲ့သူတွေဟာ အဲ့ဒီနေရာလေး တစ်နေရာ ရဖို့အရေး အလောင်းတွေ တောင်လိုပုံခဲ့ရပါတယ်.... The Thin Red Line(1998) ဟာလည်း  ဂျပန်တွေ သိမ်းထားတဲ့ ပစိဖိတ်စစ်မြေပြင်ရှိ Guadalcanal အရပ်က အော်စတန်တောင်ကုန်းကို အမေရိကန်တို့ ပြန်လည်သိမ်းယူတဲ့ တိုက်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ....ဒီစစ်ကားရဲ့ကောင်းမွန်ခြင်းတွေက  Saving Private Ryan (1998) နဲ့ Hacksaw Ridge (2016) တို့ နဲ့တောင် တန်းတူတောင်ထားလို့ရမယ်ထင်တယ်... အော်စတန်တောင်ကုန်းက ကျယ်တဲ့အပြင်  ချိုင့်ဝှမ်းတွေ ချုံတွေ များပြားလွန်းပါတယ်...ဂျပန်တွေဆိုတာကလည်း လာရောက်သိမ်းမယ့် အမေရိကန်တို့ရန်ကို ကြိုသိနေလို့ အခိုင်အမာ ...
movie

The Thin Red Line (1998)

1998
Kiss Kiss Bang Bang(2005) 7.6
Kiss Kiss Bang Bang(2005) Kiss Kiss Bang Bang(2005) IMDb....7.6,,,Rotten...86% Kiss kiss bang bang ဟာ စုံ​ထောက်​ဟာသဇာတ်​မြူးကားဖြစ်​ပါတယ်​။ ဟယ်​ရီဆိုတဲ့ အ​ပေအ​တေ ဂျ​လေဘီတစ်​​ယောက်​က ရုတ်​တရက်​ ရုပ်​​ရှင်​သရုပ်​​ဆောင်​အ​နေနဲ့ အ​ရွေးခံရပြီး​တော့အယ်​​အေကို​ရောက်​သွားပါတယ်​။ အဲ့ဒီမှာ ငယ်​ကကျွမ်​းတဲ့ ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေး ဟာမီုနီနဲ့ ပါတီမှာပြန်​​တွေ့ခဲ့ရာက​နေ ငယ်​ငယ်​ကဇာတ်​လမ်​းပြန်​စခဲ့ပါတယ်​။ငယ်​ကျွမ်​း​ဆွေ​ကောင်​မ​လေးမှာ ငယ်​ငယ်​ကအရမ်​း admire ဖြစ်​ခဲ့ရတဲ့ စာ​ရေးဆရာ တစ်​​ယောက်​ရှိခဲ့ပါတယ်​။ အဲ့ဒီစာ​ရေးဆရာ​ရေးတဲ့စာအုပ်​ကို ပြန်​ရုပ်​ရှင်​ရိုက်​တဲ့အခါမှာလည်​း ရုပ်​ရှင်​မင်​းသားကိုအရမ်​း​လေးစားခဲ့ပြန်​ပါတယ်​။ ဒါ​ပေမဲ့လည်​း သူမရဲ့ညီမ သူ့ကိုယ်​သူသတ်​​သေတာဟာ အဲ့ဒီရုပ်​ရှင်​မင်​းသားနဲ့ ပတ်​သတ်​​နေပြန်​ပါ​ရော။ ဘယ်​လိုပတ်​သတ်​​နေတာလဲဆိုတာကို​တော့ ရှုစားကြည်​့ကြပါ။ခုနက ဂျ​လေဘီ ဟယ်​ရီက​တော့ စုံ​ထောက်​​လေ့ကျင်​့ခန်​း​တွေကို လိုက်​ပြီးကူလုပ်​​ပေးခဲ့ရပါတယ်​။ အဲ့ဒီက​နေ အရှုပ်​​တော်​ပုံတစ်​ခုထဲကို ​ရောက်​မှန်​းမသိ​ရောက်​ခဲ့ရပါတယ်​။သို့​သော်​လည်​း ၎င်းအရှုပ်​​တော်​ပုံက သူရဲ့ ဟာမိုနီနဲ့ပတ်​သတ်​​နေတာဖြစ်​​လေ​တော့ သူဟာရုန်​းထွက်​မရနိုင်​​အောင်​ဖြစ်​ခဲ့ရပါတယ်​။ ဟယ်​ရီတို့ ကိစ္စတစ်​ခုစုံစမ်​း​နေချိန်​မှာပဲ ​ကောင်​မ​လေးတစ်​​ယောက်​ရဲ့အ​လောင်​းကို တိုက်​တိုက်​ဆိုင်​ဆိုင်​​တွေ့ခဲ့ရပါတယ်​။ အသတ်​ခံရတဲ့​ကောင်​မ​လေးက​ကော ဟာမိုနီ့ညီမနဲ့ ဘယ်​လိုပတ်​သတ်​လဲ။ ဟိုရုပ်​ရှင်​မင်​းသားက​ကောဒီ​ကောင်​မ​လေးနှစ်​​ယောက်​​သေဆုံးမှုနဲ့ ဘယ်​လိုပတ်​သတ်​မလဲဆိုတာက​တော့ ဆက်​လက်​ရှုစားရင်​းနဲ့ ရင်​ခုန်​လိုက်​ပါဦး။ ဇာတ်​လမ်​းကို​တော့ ဟယ်​ရီ က​နောက်​ခံစကား​ပြောတဲ့ပုံစံမိိျုးနဲ့ ...
movie

Kiss Kiss Bang Bang(2005)

2005
Silver Linings Playbook (2012) 7.7
Silver Linings Playbook (2012) "အချစ်ဆိုတဲ့အရာကို ကမ္ဘာဦးထဲက လူတွေအမျိုးမျိုး အဓိပ္ပာယ်ဖွင့်လာခဲ့ကြတယ်။ ဒါပေမယ့် တခါတရံမှာ အချစ် ဟာ ကျွန်တော်တို့ထင်မှတ်မထားတဲ့နေရာမျိုးကနေ ဘွားခနဲ ရုတ်တရက် ပေါ်လာတတ်တာမျိုးဗျ ..."ခုဒီ Silver Linings Playbook ဆိုတဲ့ကားကတော့ ဒါရိုက်တာ David O. Russell ရဲ့လက်ရာဖြစ်ပြီး မင်းသား Bradley Cooper နဲ့ မင်းသမီးချော Jennifer Lawrence တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဒီကားဟာ အော်စကာ စကာတင်စာရင်းမှာ ၈ဆုတိတိ လျာထားခံခဲ့ရပြီး Jennifer Lawrence က Best Actress ဆုရရှိခဲ့ပါတယ်။ Hunger Games ဇာတ်လမ်းတွေနဲ့ ပိုပြီးထင်ရှားလာတဲ့ Jennifer Lawrence ကို ခုလို တကယ့် Hollywood Superstar တယောက်ဖြစ်စေခဲ့တဲ့ ကားလို့ပြောရင် လွန်မယ်မထင်ပါဘူး။ကဲပါ … ရှည်ရှည်ဝေးဝေးမပြောပဲ ဇာတ်လမ်းအကျဉ်းလေးကို မိတ်ဆက်ပေးရအောင်ပါ ...
movie
