Channel Myanmar

Dave Davis

Stolen (2012) 5.5
Stolen (2012)  တစ်ချိန်တစ်ခါက ဟုန်းဟုန်းတောက်ကျော်ကြားခဲ့ပြီး အခုအချိန်မှာလည်းပြန်လည်တွေ့မြင်နေရပြီဖြစ်တဲ့မင်းသားကြီး Nicolas Cage ရဲ့ဇာတ်ကားဟောင်းလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Stolen ဖြစ်ပြီးတော့ သူ့ကိုအများဆုံးတွေ့ရတဲ့ဇာတ်ရုပ်ဖြစ်တဲ့ ရာဇဝတ်သားတစ်ယောက်နေရာကနေ သရုပ်ဆောင်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီထဲမှာတော့ ဝေလ်ဆိုတဲ့ဉာဏ်ကြီးရှင် သူခိုးတစ်ယောက်နေရာကနေတွေ့ရမှာပဲဖြစ်ပါတယ်။ဇာတ်လမ်းအစမှာ ဘဏ်တစ်ခုထဲက ပိုက်ဆံတွေကိုခိုးယူပြီးထွက်ပြေးနေတာကို တွေ့ရမှာပါ။ဒါပေမယ့် အကြောင်းအရင်းတစ်ခုခုကြောင့် သူ့တွဲဖက်ဖြစ်သူ ဗင်းဆင့်နဲ့သဘောထားကွဲလွဲပြီးသူတစ်ယောက်တည်း ပိုက်ဆံတွေနဲ့ ကျန်ခဲ့ပြီးအဖမ်းခံလိုက်ရပါတော့တယ်။ဒါပေမယ့် ထူးဆန်းတာက သူ့ကိုဖမ်းမိတဲ့အချိန်မှာ ပိုက်ဆံတွေကမရှိတော့ပါဘူး။ဒီလိုနဲ့ ထောင်ရှစ်နှစ်ကျပြီး ပြန်ထွက်လာတဲ့အချိန်မှာတော့ သူ့ဘဝမှာအချစ်ရဆုံးသူဖြစ်တဲ့ သူ့သမီးနဲ့သွားတွေ့ခဲ့ပါတယ်။ဒါပေမယ့် ခါးခါးသီးသီးငြင်းလွှတ်ခံလိုက်ရလို့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေနဲ့ သွားတွေ့နေတဲ့အချိန်မှာသူ့သမီးပြန်ပေးဆွဲခံလိုက်ရပြီး လွန်ခဲ့တဲ့ရှစ်နှစ်ကပိုက်ဆံတွေကို တောင်းပါတော့တယ်။ဒီလိုနဲ့ ဝေလ်တစ်ယောက်သမီးကိုပြန်ရဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲအဲ့ဒီပိုက်ဆံတွေကရော တကယ်တမ်းဘယ်ရောက်သွားလဲဆိုတာတွေအပြင်တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်းကြည့်ရမဲ့ ဇာတ်ကားဟောင်းထဲးကမှ ဇာတ်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။  File size…1.93 GB / 769MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ...
movie

Stolen (2012)

Resurrected (2023)
Resurrected (2023) Resurrected (2023)ဒီ Resurrected ဆိုတဲ့ ဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ လူတွေကိုပြန်အသက်သွင်းတဲ့ အကြောင်းအပေါ် ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးထားတာပါ။ဒီဇာတ်ကားလေးမှာဆိုရင်တော့ The Walking Dead နဲ့ Logan ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖူးတဲ့ မင်းသား Dave Davis ကနေ ဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးတော့ ၂၀၁၉ နဲ့ ၂၀၂၀ မှာထွက်ထားတဲ့ Manifest နဲ့ Dynasty ဆိုတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်ခဲ့တဲ့ မင်းသမီးချော Erika Chase ကနေပြီးတော့ ပါဝင်အားဖြည့်ပေးထားပါတယ်။ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကတော့ သိပ်မကွာတော့တဲ့ အနာဂတ်ကာလတစ်ခုမှာ ဗာတီကန်ကလူတွေဟာ သေလူတွေကို သေရာကနေပြန်ရှင်လာအောင် အသက်သွင်းတဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိသွားတဲ့အကြောင်းပါ။ တစ်ဖက်မှာလည်း အဲ့အချိန်ကာလအတွင်းမှာပဲ မင်းသားကြီး Dave Davis ရဲ့ ဇာတ်ကောင်ဖြစ်တဲ့ စတန်လေမာတင်ဆိုသူရဲ့ သားဟာလည်း မတော်တဆမှုအကြောင့် သေဆုံးသွားခဲ့ရပါတယ်။ ဒီလိုနဲ့ ဗာတီကန်ကလူတွေက စတန်လေမိသားစုရဲ့ အဖြစ်ဆိုးကိုအခွင့်ကောင်းယူပြီး ...
movie

Resurrected (2023)

2023
Renfield(2023) 6.7
Renfield(2023) Renfield(2023)*************ကဲ ပေါကားလောကကနေ ရုပ်ရှင်ရုံကြီးကားလောကထဲကို ပြန်ဝင်လာနိုင်တဲ့ နီကိုလက်ကေ့ရဲ့ ဒရက်ကူလာကားအသစ်လာပါပြီ။နီကိုလက်ကေ့ဟာ တစ်ချိန်က ထိပ်တန်းသရုပ်ဆောင်ကြီးဖြစ်ခဲ့ပြီးမှအကြွေးတွေကြောင့် ကြုံရာကားတွေထိုးရိုက်ရတဲ့ဘဝကိုဆင်းသက်ခဲ့ရတဲ့သူပါ။အခုတော့ သူ တစ်နှစ်ကို တစ်ကားနှုန်းနဲ့ ပိတ်ကားပြင်ပေါ်ကို ပြန်တက်လာနိုင်တာ တကယ်ဝမ်းသာစရာပါပဲ။သူ့ရဲ့သရုပ်ဆောင်အရည်အချင်းတွေကို ပြန်အဖက်ဆယ်နိုင်ခဲ့ပါပြီ။ဒီရုပ်ရှင်ကတော့ ဟော်ရာ၊ ဟာသ အမျိုးအစားပါ။ နီကိုလက်ကေ့က ဒရက်ကူလာအဖြစ် ပါဝင်ထားပြီးသူ့ရဲ့ ရန်ဖီးဆိုတဲ့ နာမည်နဲ့ ဖမ်မီလိရာခေါ် အမှုထမ်းအဖြစ် မင်းသား နီကိုလက်ဟောက်က ပါဝင်ထားပါတယ်။နီကိုလက်ကေ့ဟာအများအားဖြင့် ခေါင်းဆောင်မင်းသားနေရာမရတဲ့ရုပ်ရှင်တွေကို ငြင်းတတ်ပေမဲ့ဒရက်ကူလာအဖြစ်သရုပ်ဆောင်ဖို့က သူ့အိပ်မက်တစ်ခုပဲမို့ ဒီရုပ်ရှင်ကို သဘောတူခဲ့ပါတယ်။သူသရုပ်ဆောင်ဘဝအစမှာ အဖြစ်ချင်ဆုံး ဇာတ်ကောင်သုံးကောင်က Captain Nemo, Superman and Dracula တို့ပါပဲ။ရန်ဖီးဆိုတဲ့နာမည်ကတော့ ဒရက်ကူလာဝတ္ထုထဲက ဒရက်ကူလာရဲ့ အမှုထမ်းနာမည်ကိုပဲ ပြန်သုံးထားတာပါ။ဆေးပညာမှာလည်း ကိုယ့်ကိုယ်ကိုယ် သွေးစုတ်ကောင်လို့မြင်နေပြီး သွေးတွေသောက်သုံးချင်တဲ့ရောဂါကို ရန်ဖီးရောဂါလို့ နာမည်ပေးကြပါတယ်။ မင်းသမီးကတော့ ရှန်းချီရဲ့ သူငယ်ချင်းအဖြစ်လူသိများကြတဲ့မင်းသမီး အော်ကွာဖီနာပါပဲ။ ဒီရုပ်ရှင်ထဲမှာတော့ ရေဘက်ကာ ကွင်စီဆိုတဲ့ ရဲမေအဖြစ် ပါဝင်ထားပါတယ်။ ...
movie

Renfield(2023)

4K HEVC
Get Hard(2015) 6.0
Get Hard(2015) Get Hard (2015)=============IMDb - 6.0ဟာသသရုပ်ဆောင် မင်းသားကြီး Will Ferrell နဲ့ Kevin Hart တို့ပါဝင်သရုပ်ဆောင်ထားပြီး 2015 တုန်းကထွက်ရှိခဲ့တဲ့ အခွီကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။R-rated ဖြစ်ပြီး 18+ အခန်းတချို့ပါဝင်တဲ့အပြင် ကြမ်တမ်းတဲ့စကားလုံးတွေပါဝင်တာကြောင့် မိသားစုနဲ့အတူတော့မကြည့်သင့်ပါဘူး။ဇာတ်လမ်းအကျဉ်းလေးကတော့ချမ်းသာတဲ့စီးပွားရေး မန်နေဂျာတယောက်ဖြစ်တဲ့ ဂျိမ်းစ်ကင်း(Will Ferrell) ဟာငွေကြေးအလွဲသုံးစားလုပ်မှု၊ လိမ်လည်မှုစတဲ့စွဲချက်တွေနဲ့ အဖမ်းခံလိုက်ရပြီး ထောင်ဆယ်နှစ်အချခံလိုက်ရပါတယ်။ထောင်ထဲကိုမဝင်ခင် ပြင်ဆင်စရာတွေပြင်ဆင်ဖို့ဆိုပြီး အချိန်ရက်သုံးဆယ်လည်းပေးလိုက်ပါတယ်။ သူ့ကိုယ်သူထောင်ထဲမှာ မိနစ်ပိုင်းတောင်မခံမှန်းသိနေတဲ့ ဂျိမ်းစ်တစ်ယောက်ကယောင်ခြောက်ခြားတွေဖြစ်နေတုန်းမှာ အင်မတန်ကိုဖြူစင်ပြီးကားပါကင်ဖြတ်ပိုင်းတောင်မရဖူးတဲ့ ဒါနဲလ် (Kevin Hart) နဲ့တွေ့ပြီး ဒါနဲလ်ကိုထောင်ထွက်လူမိုက်တယောက်လိုမျိုးအထင်မှားသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ထောင်ထဲမှာရှင်သန်နိုင်အောင်သင်ပေးဖို့အတွက် ဒါနဲလ်ကိုဆရာတင်ရင်း နှစ်ယောက်လုံးဘယ်လိုတလွဲတွေဖြစ်ကြမလဲ၊ သူက‌ရောငွေတွေကိုတကယ်လိမ်ခဲ့တာလား၊နောက်ကွယ်မှာရောဘယ်သူတွေရှိနေမလဲ၊ နှစ်ယောက်သားဘယ်လိုအရှုပ်တွေနဲ့ရင်ဆိုင်ကြရမလဲဆိုတာကို တချိန်လုံးခွီရင်းကြည့်ရမှာပါ။ဟာသကားကောင်းကြည့်ချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…2.3GB / 831MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard ...
movie

Get Hard(2015)

2015
The Big Short (2015) 7.8
The Big Short (2015) The Big Short (2015) Won 1 Oscar... Another 37 wins & 80 nomination IMDb….7.8/10_____Rotten….88% [Unicode]The Big Shortစကားဦးသန်းချင်တာကတော့ ရုပ်ရှင်တစ်ကားကို ချဉ်းကပ်တဲ့အခါ အပျင်းပြေကျော်ကြည့်ချင်ရုံသက်သက်ဆို ဒီရုပ်ရှင်ကို လက်ရှောင်သင့်ပါတယ်။ ဘာတစ်ခုမှနားလည်လိုက်မှာ မဟုတ်ပါဘူး။ The Wolf of Wall Streetတို့ Moneyballတို့လိုကားတွေကြိုက်တယ်ဆိုရင်တော့ ဒီကားက ခင်‌ဗျားအတွက်ပါပဲ။ဒီရုပ်ရှင်ကို Brad Pittရဲ့ Plan B Productionက ထုတ်ထားပြီး Brad Pittကိုယ်တိုင်ပါတဲ့အပြင် Christiain Bale, Steve Carell,Ryan Glosingတို့ရဲ့ မှော်ဝင်မှုတွေလည်း ခမ်းနားပါတယ်။ Margot Robbieနဲ့ Selena Gomezတို့လည်း ဧည့်သည်သရုပ်ဆောင်အဖြစ်ပါပါတယ်။ Best adapted Screenplay awardနဲ့ အော်စကာရခဲ့ပြီး Baleရဲ့ Best supporting Acotrအပါအဝင် ဆန်ခါတင်လေးဆုဝင်ထားပါတယ်။ 2010မှာထွက်ခဲ့တဲ့ The Big Shortဆိုတဲ့ စာအုပ်ကို ရိုက်ထားတာပါ။2008တုန်းက Financial Crisis ဘဏ္ဍာရေးပျက်ကပ်တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်သမိုင်းမှာ ဒီ့ထက်ကြီးတာဆိုလို့ ၁၉၃၀က Great Depression စီးပွားပျက်ကပ်ပဲကျန်ပါတယ်။ ကျောက်တုံးကို တူနဲ့ထုခွဲရင် ကျောက်တုံးကွဲတာ နောက်ဆုံးထုချက်ကြောင့်သက်သက်မဟုတ်ပါဘူး။ အရှေ့က အားစိုက်မှုတွေပါပါတယ်။ဒီဖြစ်ရပ်က ၂၀၀၈မှာ ဖြစ်ခဲ့တယ်ဆိုပေမယ့် ဘယ်အဖြစ်အပျက်ကမှ ဝုန်းခနဲကျကွဲသွားမတတ်ပါဘူး။ ၂၀၀၅ကတည်းက ဘွန်းတွေရဲ့ ...
movie

The Big Short (2015)

Daddy’s Home (2015) 6.2
Daddy’s Home (2015) Daddy's Home (2015)_____IMDb - 6.2/10  IMDb rating 6.2/10 ရရှိထားပြီး ဖခင်(ပထွေးတယောက်နဲ့ ဖခင်အရင်းတယောက်တို့ရဲ့ မိဘ မေတ္တာကိုပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်) ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားတွေကလည်း ပရိတ်သတ်ကြီးနဲ့ မစိမ်းတဲ့ Will Ferrell, Mark Wahlberg မင်းသားကြီး ၂ယောက်က ပါဝင်သရုပ်ဆောင်ထားတာ ဆိုတော့ ဇာတ်ကားက ကောင်းတယ် မကောင်းဖူးကတော့ မပြောတော့ပါဘူး ပရိတ်သတ်ကြီးကပဲ ကိုယ့်ဖာသာဒေါင်းယူကြည့်ပြီး ဆုံးဖြတ်ကြပါ ဇာတ်လမ်း အကျဉ်းလေးကတော့ ခရစ်စမတ်ကျောင်းကပွဲအတွက် အဖေ ၂ယောက် အပြိုင်အဆိုင် ရွေးချယ်ခံရဖို့ကို ကြိုးစားကြပုံကို ရိုက်ကူးပြထားတာပါ။ ပထွေးဖြစ်သူ Mark Wahlberg ဟာ သူ့ မယားပါ ကလေးတွေကို နားလည်မှုရရှိရန် ကြိုးစားနေတုန်းမှာဘဲ မထင်မှတ်ထားတဲ့ ဆာရာ (Linda Cardellini) ရဲ့ အရင်ယောကျာ်း Will Ferrell, ရောက်ရှိလာတဲ့ အခါမှာတော့ ဘယ်လိုတွေဆက်လတ်ဖြစ်ပျက်ကြမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှူလိုက်ကြပါတော့ဗျာ(ဒီဇာတ်ကားမှာ ပထွေးတယောက်ရဲ့ ခံစားချက်ကို ထိထိမိမိပုံဖော်ပြထားလို့ ပထွေးဖြစ်အောင်ကြိုးစားကြည့်ကြပါလို့) File size...(620 MB)   Quality...720p Format...mp4 Duration....01:36:00 Subtitle....Myanmar Subtitle (Hardsub) Encoder....Aung Pyay    အစမ်းကြည့်ရန် 
movie

Daddy’s Home (2015)

2015