Channel Myanmar

Dave Matthews

I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Just Go with It(2011) 6.4
Just Go with It(2011)  Comedy ကားကောင်းတွေ ရှားပါးလာတဲ့အချိန်မှာ ၂၀၁၁ ခုနှစ်က ထွက်ရှိထားတဲ့ Comedy/Drama ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေကတော့ Grown ups, Big Daddy တို့ရဲ့မင်းသားကြီး Adam Sandler... Friends seriesက မင်းသမီး Jennifer Aniston... Battleship ဇာတ်ကားထဲက မင်းသမီးချောလေး Brooklyn Decker တို့နဲ့ဆိုတော့ တကယ့်ကိုကြည့်ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားလေးကတော့ လက်စွပ်လေးတစ်ကွင်းကြောင့် တစ်လောကလုံးဗြောင်းဆန်ကုန်တယ်လို့ပဲပြောရမှာပါ။ ပလက်စတစ်ဆာဂျရီပညာရှင် ‌ဒန်နီယယ်မက်ကာဘီးဟာ လက်ထပ်ခါနီးမှာ သူ့ဇနီးလောင်းကသူ့မကောင်းကြောင်းပြောနေတာကို ကြားခဲ့ရပြီး မင်္ဂလာပွဲပျက်ပြီး စိတ်ဒဏ်ရာရခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့်သူဟာ လက်ထပ်လက်စွပ်ကို မစွန့်ပစ်လိုက်ပဲနဲ့ ကောင်မလေးတွေကိုလက်စွပ်ပြ၊ မိန်းမကနှိပ်စက်ကြောင်းပြော၊ မျက်ရည်ခြူတဲ့ စားဘဲကြီးလုပ်ပါတော့တယ်။ တစ်ရက်မှာတော့ သူတကယ်သဘောကျတဲ့ကောင်မလေးတွေ့ပေမယ့် သူ့လက်စွပ်အကြောင်းကိုအမှန်အတိုင်းမပြောချင်တဲ့အခါ လိမ်ပြောဖို့ ဉာဏ်နီဉာဏ်နက်တွေသုံးပါတော့တယ်။ သူ့ကိုကူပြီးလိမ်ပေးဖို့ သူ့လက်ထောက်လည်းမနေရ၊ သူ့လက်ထောက်ရဲ့သားသမီးတွေလည်းမနေရ၊ အဲဒီသားအမိတွေကလည်း အခွင့်အရေးရ‌တုန်း မွှေချလိုက်တော့ ဒန်နီတစ်ယောက် ပြဿနာတွေကြီးပါတော့တယ်။ဒီလိုနဲ့ ဒန်နီက သူချစ်တဲ့‌ကောင်မလေးကိုရမလား၊ ...
movie

Just Go with It(2011)