Channel Myanmar

David Alexander

Hunting Souls (2022)
Hunting Souls (2022)  တစ်ခါတလေ ညဘက်တွေနိုးလာရင် လှုပ်မရသလို၊အော်မရသလို၊ ဘာမှမမြင်ရသလိုခံစားဖူးတယ်မလား...။တစ်ခါတလေကျလည်း ခြေ‌ထောက်ကို တစ်ခုခုလာဆွဲလိုက်သလိုလို၊ လူကပဲပြုတ်ကျသလိုလို လန့်ပြီးနိုးဖူးတယ်မလား...။ဒါတွေဟာဘီလူးစီးတဲ့လက္ခဏာတွေပါပဲ။ဒီဇာတ်လမ်းလေးကလည်း ဘီလူးစီးတဲ့အကြောင်းကိုမြင်တွေ့ရဦးမယ့် ကြောက်စရာမူဗီလေးပါပဲ။ဇာတ်လမ်းအကျဥ်းလေးက မိုက်နဲ့ အန်ဂျီမှာ ဆိုဖီဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်၊ ဒီကလေးလေးဟာညဘက်တစ်ရေးနိုးရင် ‌သူ့အဖေကို လှမ်းလှမ်းခေါ်ပြီးအိပ်မရတဲ့အကြောင်း၊လှုပ်လို့မရတဲ့အကြောင်း၊ သူ့ဆီကိုအမှောင်ထုကလာနေပြီဖြစ်ကြောင်းတွေပြောပါတယ်၊ဒါတင်မကသေးဘဲ ခဏခဏ အဖျားတက်ပြီး မေ့သွားတတ်လို့ဆေးရုံပြေးရတာလဲအကြိမ်ရေမနည်းပါ..။ရောဂါကိုရှာဖွေပေမယ့်လည်း မယ်မယ်ရရမတွေ့ပါဘူး။ဖခင်ဖြစ်သူက မိုက်ကိုယ်တိုင်ကလည်း သမီးလေးအတွက်အတတ်နိုင်ဆုံးပေးဆပ်ပေးနေရသလို သူကိုယ်တိုင်ကလည်းဆန်းကြယ်တဲ့အိပ်မက်ဆိုးတွေပဲတောက်လျှောက်မက်နဲ့နေခဲ့ပါတယ်...။ဒီလိုဖြစ်စဥ်တွေက ဘာလို့ဖြစ်ရတာလဲ၊ ဘယ်သူကပြုစားထားတာလဲ၊ ဘယ်လိုနတ်ဆိုးက ဘီလူးစီးဖို့ကြိုးစားနေလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲခံစားလိုက်ပါဗျာ...။ File size…1.22GB / 504MB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Hunting Souls (2022)

A Biltmore Christmas (2023) 8.0
A Biltmore Christmas (2023) လူစီ ဟာ့ဒ်ဂရိုဗ့်ဟာ သူ့အရမ်းကြိုက်နှစ်သက်ခဲ့ရတဲ့ ခရစ်စမတ်ရုပ်ရှင်ဖြစ်တဲ့ His Merry Wife! ဆိုတဲ့ ဂန္တဝင်ရုပ်ရှင်ကို ပြန်ပြီးရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းရေးဆရာမ တစ်ယောက်အနေနဲ့ အလုပ်ရခဲ့ပါတယ်.၁၉၄၇ ခုနှစ်မှာရိုက်ခဲ့တဲ့ အဲဒီ့ရုပ်ရှင်ဟာ ဘေ့လ်မိုးဆိုတဲ့ အိမ်ကြီးမှာ ရိုက်ခဲ့ကြတာဖြစ်ပြီးတော့ တကယ့် ဂန္တဝင်ခရစ်စမတ်ရုပ်ရှင် အဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်. စတူဒီယိုက လူစီရေးထားတဲ့ ဇာတ်သိမ်းနဲ့ပတ်သက်ပြီးတော့ သိပ်သဘောမကျတဲ့အခါ သူ့ကို အဲဒီ့ရုပ်ရှင် ရိုက်ကူးခဲ့တဲ့အိမ်ကြီးဆီကိုသွားပြီးတော့ ဇာတ်ညွှန်းပြန်ပြင်ရေးခိုင်းခဲ့ပါတယ်.ဒါပေမယ့် အဲဒီ့ရုပ်ရှင်ထဲမှာပါခဲ့တဲ့ သဲနာရီလေးတစ်လုံးကို အမှတ်မထင်တွေ့သွားပြီး အဲဒီ့သဲနာရီလေးက အတိတ်နဲ့ ပစ္စုပန်ကို ဆက်သွယ်ထားတဲ့ ပစ္စည်းလေးဖြစ်နေတဲ့အခါ.... လူစီကိုယ်တိုင်က အတိတ်ကိုသွားပြီးတော့ အနာဂတ်ကိုပြောင်းလဲပစ်နိုင်ဖို့ ကိုယ်တိုင်တွေ့ကြုံခံစားရတဲ့အခါ....ပေါ့ပေါ့ပါးပါနဲ့ ခရစ်စမတ်ကာလလေးမှာ မိသားစုနွေးနွေးထွေးထွေးနဲ့ ကြည့်လို့ကောင်းမယ့် ရုပ်ရှင်လေးပါ.ခရစ်စမတ်ရုပ်ရှင်တွေအရိုက်များတဲ့ မင်းသမီးချော Bethany Joy Lenz အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်. File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Fantasy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

A Biltmore Christmas (2023)

The Burial (2023) 7.1
The Burial (2023) The Burial (2023)~ IMDb - 7.1/10, Rotten Tomatoes - 91% ~ဒီကားမှာ ကားမရိုက်တာ နည်းနည်းတော့ကြာပြီဖြစ်တဲ့ Tommy Lee Jones ကြီးက စကေးပြန်ပြထားသလို Jamie Foxx လည်းပါပါတယ်။ The Great Debaters တို့ Birds of Prey တို့ Lovecraft Country တို့မှာ သရုပ်ဆောင်စွမ်းပြခဲ့ဖူးတဲ့ Jurnee Smollett လည်းပါပါတယ်။ ဒီထဲလည်း စကေးထပ်ပြပြန်တာပါပဲ။ ဒီကားကို ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ် အခြေတည်ထားတယ်။ အော်စကာဝိုင်းလား မတ်တွိုင်းရဲ့စကားလားတော့မသိဘူး။ တစ်ခါတခါ လက်တွေ့ဘဝက ဖစ်ရှင်တွေထက် ပိုဆန်းကြယ်တယ်ဆိုတဲ့ စကားလိုပဲ။ ဒီဖြစ်ရပ်မှန်ကလည်း သောက်ဆန်းကြီးပါပဲ။ပြောရရင် ဒီကားထဲ တွမ်မီလီဂျုန်းကြီးက သုဘရာဇာလုပ်တာ... သုဘရာဇာလုပ်ငန်းကို ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားလို မျိုးနဲ့ရိုးနဲ့လုပ်လာတာ။ သူမွေးထားတဲ့ များပြားလှတဲ့ သားသမီးမြေးမြစ်တွေကို အမွေပေးဖို့ ...
movie

The Burial (2023)

2023
The Lover in the Attic: A True Story (2018) 5.3
The Lover in the Attic: A True Story (2018) The Lover in the Attic: A True Story (2018) " မိသားစုနှင့် အတူကြည့်ရှုရန်မသင့်တော်သောအခန်းများ ပါရှိပါသည် " ဒီကားကတော့ ၁၉၂၀ပြည့်နှစ်များအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နာမည်ကြီး တကယ့်ဖြစ်ရပ်မှန်အကြောင်းအရာအပေါ် အခြေခံထားတဲ့ မိသားစုတစ်စုအတွင်းက အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ လူသတ်မှုတို့ကို ရင်ဖိုဖွယ်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ သမိုင်းဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းလေးဖြစ်ပြီး Rating တွေအနေနဲ့ကတော့ IMDb - 5.3/ 10 / Rotten Tomatoes - 60% အသီးသီးရရှိထားပါတယ်။ ညှို့ဓာတ်ပြင်းတဲ့ ‌ဒေါ်လီတစ်ယောက်ဟာ အထည်အလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီး ဖရဒ်အော်စရစ်နဲ့လက်ထပ်ထားပါလျက်နဲ့ မိဘမဲ့တစ်ကောင်ကြွက်လည်းဖြစ် တစ်ဖက်မှာဝမ်း‌ရေးအတွက် အပ်ချုပ်စက်ပြင်ပြီး တစ်ဖက်မှာဇာတ်လမ်းတွေရေးရတာကိုသဘောကျတဲ့ အော်တိုဆိုတဲ့ကောင်ငယ်လေးကို ‌မြှူဆွယ်ဖြားယောင်းပြီး ခင်ပွန်းမသိအောင် အိမ်ထပ်ခိုးမှာခေါ်သွင်းပြီး စားနေကျဖြစ်ပါတယ်။ အော်တိုဟာ ဖရဒ်ရှိတဲ့အချိန် အောက်ထပ်မှာဖြစ်ပျက်သမျှ၊ ကြားရသမျှကို ချစ်စိတ်တစ်ခုတည်းနဲ့ ခါးစည်းသည်းခံကာ ထပ်ခိုးကကြွက်တစ်ကောင်လို ပိပိရိရိနေထိုင်ခဲ့တယ်။ဒေါ်လီနဲ့ အော်တိုတို့ရဲ့ အချစ်မီးတောက်ဟာ ဒေါ်လီ ...
movie

The Lover in the Attic: A True Story (2018)

2018
Green Street Hooligans (2005)
Green Street Hooligans (2005) Imdb 7.4/10 rotten tomatoes 46% ဒီဇာတ်ကားက‌တော့ ၂၀၀၅ ခုနှစ်မှာထွက်ရှိခဲ့တာဖြစ်ပြီးတော့  crime drama sport ဇာတ်ကားလေတစ်မျိုးပဲဖြစ်ပါတယ် Lord of the ring ဇာတ်လမ်းထဲကနာမည်ကြီး မင်းသားElijah Woodက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ အမေရိကန် သတင်းထောက်ပညာ ကျောင်းသား မတ်ဘက်ခ်နာကသူ့အစ်မမိသားစုရှိရာ လန်ဒန်ကိုပြောင်းလာခဲ့တယ်။ အဲ့ မှာ သူကဘောလုံးပရိသတ်လူရမ်းကားဖြစ်တြံ ပိထ်ဒန်ဟန်နဲ့တွေ့ပြီးတော့ ပိထ်က သူ့ရဲ့ ဘောလုံးပွဲမတိုင်ခင်နဲ့ ဘောလုံးပွဲပြီးတိုင်း ပရိတ်သတ်တွေရန်ဖြစ်ကြတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကမ္ဘာထဲကိုဆွဲခေါ်ခဲ့တယ်။ဒါပေမယ့် ပိထ်ရဲ့ ညာလက်ရုံး ဘော့ဗာက မတ်မယုံသင်္ကာဖြစ်ပြီးတော့ ပိထ်တို့ရဲ့အဖွဲ့နဲ့ နှစ်ပေါင်းများစွာ ရန်ကြွေးရှိနေတဲ့တခြားအဖွဲ့ ကို ပြန်ပြီးရန်ထောင်ပေးလိုက်ရာကနေပြီးတော့ ဖြစ်ပေါ်လာတာတွေကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်။ သင်ဟာ အက်ရှင် ဇာတ်ကားတွေကြည့်တတ်တဲ့လူဆိုရင်တော့ဒီဇာတ်ကားကိုကြည့်ဖို့ညွှန်းပါရ‌စေFile size…(1.9 GB)/(1.2 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:49:00 Genre...Drama, Crime Subtitle….Myanmar ...
movie

Green Street Hooligans (2005)

Southern Gospel(2023) 6.7
Southern Gospel(2023) Southern Gospel(2023)*********************ဒီဇာတ်ကားဟာ ၁၉၆၀ ခုနှစ်အလွန်က ဖြစ်ရပ်မှန်ပေါ်မှာ အခြေခံထားပါတယ်။ဆမ်မြူရယ်အယ်လန်ဟာ သူ့ရဲ့အဖေနဲ့ ဂီတကို ချစ်မြတ်နိုးတဲ့သူတစ်ယောက်ပါ။သူရဲ့အဖေက သင်းအုပ်ဆရာတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အိပ်မက်ကလည်း ကိုယ်ပိုင် ဘုရားကျောင်းတစ်ခုကို တည်ထောင်ဖို့ပါ။ သို့ပေမယ့် ငယ်စဉ်အခါက အိပ်မက်တွေဟာ အပေါင်းအသင်းနဲ့ သူ့ပတ်ဝန်းကျင်ကြောင့် မှေးမှိန်သွားပါတော့တယ်။လမ်းသလား ဆိုးသွမ်းပြီးနောက် အချုပ်ထဲရောက်သွားတဲ့အခါကျမှ သူ့ရဲ့ အတိတ်အကြောင်းနဲ့ ငယ်စဉ်အခါကသူ့ရဲ့အဖေလို တရားဟော သင်းအုပ်ဆရာဖြစ်ချင်ခဲ့တာတွေကို ပြန်ပြီး သတိရသွားခဲ့ပါတော့တယ်။ ဘုရားသခင်ကပေးတဲ့ ဒုတိယအခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး သူ့ရဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကတော...... မည်သို့ပင်ဆိုစေကာမူ ဒီဇာတ်ကားလေးထဲမှာဆိုရင် ပေးချင်တဲ့ message တွေအများကြီးပါဝင်ပါတယ်။အကြိုက်ဆုံးတစ်ခုကတော့ "Never Surrender your dreams" ဆိုတဲ့စာသားလေးပါပဲ။File Size :(2.08GB) and (780MB) Quality : AMZN.WEB-DL 1080p,720p Format…mp4 Duration…01:49:00 Genre :Biography, Music , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo ...
movie

Southern Gospel(2023)

Burial (2022) 4.9
Burial (2022) Burial 2022ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့ ဘာလင်တိုက်ပွဲပြီးလုပြီးခင်မှာ ဘာလင်မြို့ကရုရှားထောက်လှမ်းရေးဖြစ်တဲ့ ဘရာနာ နဲ့ တပ်သားတစ်ချို့ကအထူးလျှို့ဝှက်တာဝန်ပေးခံရပါတယ်။ရှည်မျောမျောသေတ္တာကြီးတစ်လုံးကို သူတို့ရုရှားခေါင်းဆောင်စတာလင်ဆီသယ်သွားပေးဖို့ပါ။ ဒါကလျှို့ဝှက်မစ်ရှင်ဖြစ်တာကြောင့် လေယာဥ်မသုံးရသလို ဘာလင်ကသူတို့ရဲဘော်ရဲဘက်တွေနဲ့လဲအဆက်အသွယ်မလုပ်ရပါဘူး။ သေတ္တာထဲမှာဘာပါတယ်ဆိုတာလဲ ဘရာနာရယ် နောက်ခေါင်းဆောင်နှစ်ယောက်ရယ်သာသိပြီး တပ်သားတွေကမသိကြပါဘူး။ သူတို့ကဒီသေတ္တာကြီးကို ညမှာသူတို့ကိုလာသတ်ပြီးယူသွားမှာဆိုးလို့ ညဆို ဒီသေတ္တာကြီးကိုမြေကျွင်းတူးပြီးမြှပ် မနက်ကျမှပြန်တူးပြီးခရီးဆက်ပါတယ်။ တပ်သားတွေကလဲဒီသေတ္တာထဲမှာဘာပါမှန်းတာမသိတာ အမိန့်အရဒါကြီးကိုသူတို့အသက်နဲ့ရင်းပြီးကာကွယ်ဖို့အသင့်ဖြစ်နေတာပါပဲ။ အဲလိုသစ္စာရှိတပ်သားတစ်စုရယ် သေတ္တာကြီးတစ်လုံးရယ် အဲဒီသေတ္တာကြီးကို လိုချင်နေတဲ့ တခြားအဖွဲ့ရယ် စစ်ဘေးဒဏ်ကြောင့်စစ်သားတွေအပြင် လူမြင်မြင်သမျှကြောက်နေရတဲ့ ပြည်သူပြည်သားတွေရယ်ကြားမှာဘာတွေဆက်ဖြစ်မလဲ ဘရာနာတို့ရဲ့အထူးလျှို့ဝှက်တာဝန်ရောအောင်မြင်သွားမလားဆိုတာကြည့်ရှုလိုက်ပါဦးအညွှန်းကိုတော့ Rashida က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Rashida နဲ့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Thriller, War Quality…. 4k HEVC |1080p | 720p | 480p File size… 1.75GB | 1.509GB | 590MB | 343MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida and Moh Moh Encoder ..... August
movie

Burial (2022)

2022
4K HEVC
Hillbilly Elegy(2020) 7.0
Hillbilly Elegy(2020) Hillbilly Elegy(2020)အညွှန်း*************************IMDb...7.0"လူတစ်ယောက်က သူဘယ်လိုဘ၀မျိုးမှာ မွေးဖွားလာသလဲဆိုတာကို ပြောင်းလဲလို့မရပေမဲ့ ….. ဘယ်လိုဘ၀မျိုးနဲ့ ဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ ရွေးချယ်ခွင့်ရှိတယ်" လို့ J.D ကို သူ့ရဲ့အဘွားက ငယ်ငယ်လေးထဲက ဆုံးမလေ့ရှိပါတယ်.... ဒီဇာတ်ကားထဲမှာ J.D ရဲ့ အဘိုးအဘွားတွေက ခေတ်ပညာတွေတတ်ဖို့ဝေးစွ...ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းလို့တောင် ကင်ပွန်းတပ်လို့မရတဲ့ တောင်ပေါ်ကျေးလက်ဒေသကနေ....မြို့ငယ်လေးကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်.... မိမိကိုယ်တိုင်က စရိုက်ကြမ်းလွန်းတဲ့ အဖေဖြစ်သူနဲ့ နေခဲ့ရတဲ့အတွက်... J.D ရဲ့အမေဖြစ်သူ ဘက်ဗ် ဟာ J.D တို့မောင်နှမအပေါ်မှာ ပြုစုပျိုးထောင်ပုံတွေ စနစ်မကျခဲ့ပါဘူး... ငယ်ရွယ်ချောမောတဲ့ တစ်ခုလပ်အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ ဘက်ဗ် ဟာ...သူ့သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့...ယောက်ျားတွေနဲ့ ထည်လဲတွဲပါတယ်....  တစ်ဖက်မှာတော့ J.D အနေနဲ့ သူ့အမေရဲ့ ဒေါသကြီးတဲ့စရိုက်တွေ....ယောက်ျားတွေနဲ့ ရှုပ်တာတွေကို စိတ်ပျက်လာပြီး ဆယ်ကျော်သက်တို့ထုံးစံအတိုင်း....အပေါင်းအသင်းတွေမှားပြီး ပျက်စီးဖို့လမ်းစပြုလာတဲ့အခါ.....အဘွားဖြစ်သူဟာသူ့မြေးကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ ကြိုးစားပါတော့တယ်.... ဒီဇာတ်ကားဟာ အပြင်မှာအမှန်တကယ်ရှိခဲ့တဲ့ မိသားစုတစ်စုရဲ့ အိမ်တွင်းရေးပဋိပက္ခတွေအကြောင်းကို ဒါရိုက်တာ Ron Howard က ပြန်လည်ရိုက်ကူး ...
movie

Hillbilly Elegy(2020)