Channel Myanmar

David Darlow

Miller’s Crossing (1990) 7.7
Miller’s Crossing (1990) IMDb 7.7/10 ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller's crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ် ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။ Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ File size…(1.9 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Drama, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Miller’s Crossing (1990)

Were the World Mine (2008) 6.8
Were the World Mine (2008) Were the World Mine (2008) ===================== IMDb Rating - 6.8/10ရိုမီယိုနဲ့ဂျူးလီးယက်တို့ရဲ့ပဲ့ကိုင်ရှင်ကြီး ဝီလျံရှိတ်စပီးယားရေးတဲ့ "A Midsummer Night's Dream" ကိုသိကြမယ်ထင်ပါတယ်။ အဲ့ဒီပြဇာတ်ကို ထည့်ရိုက်ထားတာမို့လို့ ဒီဇာတ်ကားကိုကြည့်ဖို့ဆို အဲ့ဇာတ်ကြောင်း နားလည်ထားရင်ပိုအဆင်ပြေမှာပါ။ ဇာတ်လမ်း ကတော့နည်းနည်းတစ်မျိုးပဲဗျ။ ပေးချင်တဲ့မက်ဆေ့ဂ်ျကို မြင်အောင် ကြည့်တတ်ရင်တော့ သိပ်မဆိုးပါဘူးပဲပြောရမှာပေါ့လေ။တင်မသီက ယောက်ျားလေးသီးသန့်ကျောင်းမှာတက်နေတဲ့ ကျောင်း သားတစ်ယောက်။ နောက်ပြီးတော့ သူကဂေးပေါ့။ အဲ့ခေတ်တုန်းက LGBT တွေကိုလက်မခံတဲ့သူ ခပ်များများဆိုတော့ ကျောင်းမှာအနှိမ်ခံ လေးပေါ့။ သူ့ Crush ကလည်း အဖြောင့်ကြီးဖြစ်နေပြန်ပါတယ်။ တစ် နေ့ကျ သူတို့ကျောင်းမှာ ဝီလျံရှိတ်စပီးယားရဲ့ပြဇာတ်"A Midsummer Night's Dream" ကိုကပြရမှာမို့ နတ်သူငယ် ပက်ခ်(ရော်ဘင်ဂွတ်ဖဲလိုး) နေရာကနေ သရုပ်ဆောင်ရမယ့် တင်မသီတစ်ယောက် ပြဇာတ်စာသား ကျက်နေရင်း စတန့်ထွင်လိုက်ရာကနေ အဲ့ပြဇာတ်ထဲက အစွမ်းရှိတဲ့ ခရမ်းရောင်ပန်းပွင့်ကို ရသွားပါတယ်။ဒီတော့ အဲ့ခရမ်းရောင်ပန်းပွင့်က ဘာအစွမ်းရှိတာလဲ။ အဲ့ပန်းရဲ့အစွမ်းနဲ့ တင်မသီ ဘာတွေလုပ်မိမလဲ။ နောက်ဆုံး အလွဲတွေကနေ ဘယ်လိုဇာတ် သိမ်းသွားမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။(18+မဟုတ်ပေမယ့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တဲ့ ဇာတ်ဝင်ခန်း တွေပါပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ...
movie

Were the World Mine (2008)

2008
The Weather Man(2005) 6.6
The Weather Man(2005) The Weather Man(2005)====================ကျွန်တော်တို့အားလုံးဟာ ဘဝသင်ခန်းစာတွေကိုပုံစံအမျိုးမျိုးနဲ့ life long learningလုပ်နေရတဲ့ဘဝကျောင်းတော်ထဲက ကျောင်းသားလေးတွေပေါ့။တစ်ခါတလေမှာ အလွယ်တကူနားလည်လိုက်တာရှိပေမဲ့ တစ်ခါတစ်လေကျ ခက်ခက်ခဲခဲနဲ့ ရင်းနှီးပေးဆပ်မှုတွေများပြီးမှ ရင်ဘတ်ကြီးကိုရင်းနှီးလိုက်ရပြီးမှသင်ယူလိုက်ရတာတွေလည်း အများကြီးပါပဲ။လွယ်ကူတယ်ဆိုတာ အရွယ်ရောက်ပြီးသူတစ်ယောက်ရဲ့ဘဝထဲကို ဝင်မလာဘူးလို့ ဒေ့ဗ်ရဲ့အဖေက ဒေ့ကိုအမြဲဆုံးမပါတယ်။ ဒါပေမဲ့ဒေ့ဗ်တစ်ယောက် ဒါကိုလက်မခံနိုင်ဘဲ ပြဿနာပေါင်းစုံနဲ့ ဗရုတ်သုတ်ခလူ့ဘဝကြီးကိုအကြီးအကျယ်အဆိုးမြင်နေသူတစ်ယောက်ပါ။အသက်အရွယ်နဲ့ယှဉ်ရင် မရင့်ကျက်နိုင်သေးတဲ့ဒေ့ဗ်ကတော့ဘဝရဲ့ပြဿနာတွေကို ထိုင်အလိုမကျဖြစ်နေတဲ့Grumpy kidလိုပါပဲ။(Grumpyဖြစ်မဖြစ်ကတော့တစ်ကားလုံးကိုလွှတ်ဆဲနေတော့တာ)work lifeကိုကြည့်ရင်လည်း ဒေ့ဗ်စပရစ်ဇ်ရဲ့ဘဝကစာမေးပွဲခန်းထဲက ကျွန်တော်တို့နဲ့မခြားပါဘူး။ စာမေးပွဲခန်းထဲထိုင်နေပေမဲ့ စာဆိုတာဒါလားလို့မေးယူရတဲ့အနော်တို့လိုပဲသူလည်း မိုးလေဝသပညာဆိုတာ ချိုနဲ့လားဆိုသလိုပါပဲ။ဒီလိုလူက မိုးလေဝသသတင်းကြေညာသူဆိုတော့ကာသူမှန်းသမျှကတော့ ကတွတ်ပီအမဲလိုက်သလိုပါပဲ___ပြောင်းပြန်မှတ်ယူမှ စိတ်ချရမှာပါ။အလုပ်ကအဆင်မပြေတော့ Family Lifeကိုကြည့်တော့လည်းတလွဲ။ ဇနီးဖြစ်သူနိုရင်းနဲ့ကလည်း တကျက်ကျက်ရန်ဖြစ်၊နေ့တိုင်းဆူပူနေတဲ့မိဘတွေကြောင့် စိတ်ထွက်ပေါက်ရှာ‌တဲ့ကလေးတွေက ဆေးစွဲတဲ့လူနဲ့ ဆေးလိပ်သောက်တဲ့လူနဲ့ပြဿနာတွေဒုနဲ့ဒေး။ ဒီကြားထဲမှာမှ အဖေဖြစ်သူရဲ့သတင်းဆိုးကလည်း သူ့အတွက်တော့ ကံဆိုးမသွားလေရာမိုးလိုက်လို့ရွာပါပဲ။ Social lifeကတော့ အထွေအထူးပြောစရာမလိုပါဘူး။ တလွဲချည်းပဲ တီဗီပေါ်တက်တက်ပြောနေတဲ့ဒေ့ဗ်ကိုလူတွေကအင်မတန်ချစ်ခင်ကြတော့ အပြင်မှာတွေ့ရင် ကြုံသလိုသွားရည်စာနဲ့ပစ်ပေါက်ပြီး ဆွမ်းကြီးလောင်းကြပါတယ်။ဒီလိုစုတ်ပြတ်နေတဲ့ဒေ့ဗ်ရဲ့ဘဝကို ပြောင်းလဲပေးမယ့်မဟာအခွင့်အရေးဖြစ်တဲ့ သူ့ရဲ့Dream Jobက သူ့ရှေ့မှောက်ကိုရောက်လာတဲ့အခါမှာတော့ သူ့ရဲ့ရွေးချယ်မှုတွေ အရင်လိုပဲဝေဝါးနေဦးမှာလား။ ...
movie

The Weather Man(2005)

Road to Perdition (2002) 7.7
Road to Perdition (2002) Road to Perdition (2002)==================IMDb Rating - 7.7/10Directed By Sam Mendes ဟိုးတစ်နှစ်က1917နဲ့ အ‌တော်အောင်မြင်ခဲ့တဲ့၊ 2000ခုနှစ်မှာ American Beautyနဲ့ Best Directorဆုရခဲ့တဲ့၊ လက်ရှိဂျိမ်းစ်ဘွန်း ကားတွေရဲ့ ဒါရိုက်တာဖြစ်တဲ့ ရိုက်သမျှ အကုန်အောင်မြင်ခဲ့တဲ့ Sam Mendesကြီးရဲ့ လက်ရာဟောင်းပါပဲ။Castတွေနဲ့က Tom Hanks,JuDe Law, လက်ရှိဂျိမ်းစ်ဘွန်းမင်းသား Daniel Craigနဲ့ တစ်ချိန်က မင်းသားကြီး Paul Newmanတို့ပါပဲ။ဇာတ်ကြောင်းကတော့ 1930၀န်းကျင်က အမေရိကန်ဂန်းစတားတွေ အကြောင်း သူတို့ရဲ့ အရှုပ်တော်ပုံတွေအကြောင်းပါပဲ။ ဖြစ်ရပ်မှန်ကို မြစ်ဖျားခံထားပြီး နာမည်ကျော်ဂန်းစတားကြီး အယ်ကပုန်းနဲ့တောင် နည်းနည်း ချိတ်ဆက်နေတယ်။Sam Mendesကားကို စီနီမာတိုရပ်ဖီ အတော်လှပါတယ်လို့ ပြောရမှာက မိ‌ကျောင်းမင်းရေခင်းပြသလိုပါပဲ။ အစကနေ အဆုံး ရုပ်ရှင်ဓာတ်ပုံပညာသုံးထားတာ တွေဟာ ပစ်ကြွေချင်စရာကောင်းအောင် လှတယ်။ဒီရုပ်ရှင်က အဖေနဲ့သားဆက်ဆံရေးကြောင့် သူ့ခေတ်သူ့အခါက တစ်ချို့က Godfatherနဲ့ နှိုင်းခဲ့ကြပါတယ်။ နှိုင်းရလောက်အောင် မဟုတ်ပေမဲ့ သူ့နည်းသူ့ဟန်နဲ့ မှတ်ကျောက်တင် နိုင်ခဲ့တဲ့ ဂန်းရုပ်ရှင်ကားတစ်ကားလို့ဆိုနိုင်တယ်။ ဂန်းကားကောင်းကောင်းတွေ မထွက်တဲ့ ဒီဘက်နှစ်တွေအတွက် အဆာပြေစေနိုင်မယ့် ကားဟောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung မှဖြစ်ပါတယ်။)A fantastic read File Size - (1.9 GB ...
movie

Road to Perdition (2002)

2002
The Fugitive (1993) 7.8
The Fugitive (1993)    ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲက တစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Harrison Ford နဲ့ Tommy lee Jones တို့လို မင်းသားကြီးတွေပါဝင်ထားတဲ့ Action , Crime , Drama ဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီး ထို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်ကနေ အခုထိ ကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones က Best Supporting Actor ဆုကို ရခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင် ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့ အရိုးခွဲစိတ်ဆရာဝန် Richard အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီး သက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့် တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထို့နောက် Chicago မြို့ထဲမှ သူအပါအဝင်ဖြစ်သော ထောင်ကားဟာ lllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။ လမ်းတစ်ဝက်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက် ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီး Richard ...
movie

The Fugitive (1993)

1993