Channel Myanmar

David Hasselhoff

Piranha 3DD (2012)
Piranha 3DD (2012) ၂၀၁၀ မှာ ထွက်ရှိထားတဲ့ Piranha ကားအပြီးမှာတော့ Sequel အနေနဲ့နောက်တစ်ကားထွက်ရှိလို့လာပါပြီ။ အရင်ကားမှာ အသားစားငါးတွေ စထွက်လာခဲ့တဲ့ဗစ်တိုးရီးယားရေကန်ကြီးကတော့ စွန့်ပစ်ရေကန်ကြီးအဖြစ်ပိတ်ထားလိုက်ပါပြီ။ အရင်ကားနဲ့မတူတာက ဒီကားမှာကတော့ Water park မှာအသားစားငါးတွေ ပေါ်လာကြတာပဲဖြစ်ပါတယ်။အသားစားငါးတွေနဲ့ လုံးဝအဆက်အစပ်မရှိနေတဲ့ဒီနေရာမှာမှ ပေါ်လာတယ်ဆိုတာ စဉ်းတော့စဉ်းစားစရာပါပဲ။အရင်ကားမှာ ငါးတွေရဲ့ ပေါက်ဖွားရာနေရာနဲ့ ကမ္ဘာမြေမျက်နှာပြင်ပေါ် ရောက်လာတာတွေကိုအသားပေးရိုက်ပြထားခဲ့ပါတယ်။ ဒီကားမှာကတော့ တစ်နှစ်ကျော်ကြာပြီးနောက်ပိုင်း Timeline မှာတည်ထားတဲ့ ဇာတ်အိမ်ဖြစ်တဲ့အလျောက် ငါးတွေနဲ့ပတ်သတ်ပြီး ပိုများတဲ့အချက်အလက်တွေပါဝင်လာပါတယ်။ ပြင်ပရေနဲ့ထိတွေ့ခြင်းမရှိတဲ့ ရေကူးကန်မှာမှ တည်ထားတဲ့ဇာတ်အိမ်ဖြစ်တဲ့အတွက် ဒီငါးတွေ ဘယ်လို၊ ဘယ်က ရောက်လာတယ်ဆိုတာတွေကို ပိုပြီး စိတ်ဝင်တစားကြည့်ရမှာပါ။ ဒီနေရာမှာ သတိပေးချင်တာကတော့ အရင်ကားထက်လည်းပိုပြီးအမြင်မသင့်တော်တဲ့ဇာတ်ကွက်တွေ ပါဝင်လာတယ်ဆိုတာပါပဲ။အရင်ကားလောက်တော့ သွေးထွက်သံယိုမများပေမဲ့အဖော်အချွတ်ခန်းတွေ အမြောက်အများပါဝင်လာတာမို့နှလုံးရောဂါရှိသူ၊ အသက်မပြည့်သေးသူများမကြည့်ဖို့တိုက်တွန်းရင်း ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။ File size…     2.8 GB /    1.4 GB Quality… BluRay Unrated 1080p / 720p Format… mp4 Duration…. 1h 23 ...
movie

Piranha 3DD (2012)

Stretch (2014) 6.5
Stretch (2014)  ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီးတင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေးဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါ​တော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Stretch (2014)

DodgeBall: A True Underdog Story (2004)
DodgeBall: A True Underdog Story (2004) Peter La Fleur ဆိုတာ ရည်မှန်းချက်မည်မည်ရရ မရှိဘဲ ဘဝကို အေးဆေးဖြတ်သန်းနေတဲ့ လူတစ်ယောက်ပါ။ Average Joe’s ဆိုတဲ့ ရပ်ကွက်အားကစားရုံအသေးလေးတစ်ရုံ ပိုင်ပါတယ်။ သူ့ gym မှာ ကစားနေကျ ဖောက်သည် တစ်သိုက်ရှိပေမဲ့ ပိုက်ဆံမရတာတော့(၁၃)လရှိပါပြီ။ တစ်နေ့မှာတော့ အေးဆေးနေတဲ့ ပီတာ့ဘဝထဲကို သတင်းဆိုးကြီး ဝင်ရောက်လာပါ‌တော့တယ်။ ရက်(၃၀)အတွင်း $50,000 မဆပ်နိုင်ရင် gym ကို ဘဏ်က သိမ်းပါတော့မယ်။ သူတို့ Gym ဘေးက ဒိတ်ဒိတ်ကြဲနာမည်ကြီးနေတဲ့ Globo Gym က ကားပါကင်လုပ်ဖို့ ဝယ်မှာပါ။ Average Joe’s ဆိုတာ ပီတာတို့ဘော်ဒါတစ်သိုက်အတွက်တော့ အားကစားလုပ်ဖို့ သက်သက်မဟုတ်ပါဘူး။ ဘဝအပန်းပြေစေတဲ့ ခိုနားရာလေးဖြစ်ပါတယ် ။ သူတို့အားလုံးအတွက် အရေးကြီးလို့ အဆုံးရှုံးမခံနိုင်ကြပါဘူး။ဒီတော့ ပီတာနဲ့ ဘော်ဒါတစ်သိုက် ရက်(၃၀)အတွက် $50,000 ရှာဖို့ နည်းမျိုးစုံစဉ်းစားကြရပါပြီ။ ...
movie

DodgeBall: A True Underdog Story (2004)

Baywatch (2017) 5.8
Baywatch (2017) နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie

Baywatch (2017)

2017
4K HEVC
Anaconda 3: Offspring (2008) 4.8
Anaconda 3: Offspring (2008) [Unicode]အကောင်ပလောင်တွေ သတ္တဝါဆိုးကြီးတွေဇာတ်ကားသမိုင်းမှာ အန်နာကွန်ဒါဆိုရင် မသိသူမရှိလောက်ပါဘူးနော် သတ္တဝါကြီးတွေရဲ့ကား အစလို့တောင်ပြောလို့ရမယ်ထင်ပါတယ်ဒီ Anaconda 3 မှာဆိုရင်တော့ ဒေါက်တာမလေး အမန်ဒါဟာ အန်နာကွန်ဒါမြွေကြီးကို ကင်ဆာနဲ့ အယ်လ်ဇိုင်းမာရောဂါကို ကုသနိုင်မဲ့ ဆေးထုတ်ဖို့အတွက် သူဌေးကြီး မာဒေါ့ခ်လက်အောက်မှာ လျှို့ဝှက်သုတေသန လုပ်နေပါတယ်ခေါင်းစဉ်ကတော့ ကုသဆေးထုတ်ဖို့ဆိုပေမယ့် မာဒေါ့ခ်လို မကောင်းတဲ့စီးပွားရေးသမားကြီးကတော့ မသမာတဲ့မကြံတွေနဲ့ပါဒီလိုနဲ့ မာဒေါ့ခ်ကိုယ်တိုင် သုတေသနကို လာရောက်စစ်ဆေးနေစဉ်အတွင်း မတော်တဆမှုဖြစ်ပြီး အန်နာကွန်ဒါမြွေကြီး သုတေသန နေရာကနေ လွတ်ထွက်သွားတဲ့အခါမှာ အကုန်လုံးဒုက္ခရောက်ရမယ့်အဖြစ်ကို ကြုံရပါတော့တယ်ဒီလိုနဲ့ အမန်ဒါတို့တစ်သိုက် ဒီလိုအဖြစ်ဆိုးကြီးကို ဘယ်လိုတားဆီးကြမလဲဆိုတာ Anaconda 3 မှာ သည်းထိတ်ရင်ဖိုစရာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chuck Chuck ပါ ) [Zawgyi]အကောင်ပလောင်တွေ သတ္တဝါဆိုးကြီးတွေဇာတ်ကားသမိုင်းမှာ အန်နာကွန်ဒါဆိုရင် မသိသူမရှိလောက်ပါဘူးနော် သတ္တဝါကြီးတွေရဲ့ကား အစလို့တောင်ပြောလို့ရမယ်ထင်ပါတယ်ဒီ Anaconda 3 မှာဆိုရင်တော့ ဒေါက်တာမလေး အမန်ဒါဟာ အန်နာကွန်ဒါမြွေကြီးကို ကင်ဆာနဲ့ ...
movie


HEVC 1080p 5.1
Click (2006) 6.4
Click (2006) [Unicode]Click (2006)ဘဝဆိုတာ ဘာများလဲ....။ ဘဝမှာ ရှင်သန်ဖို့ အလုပ်လုပ်ကြတာလား အလုပ်လုပ်ဖို့ ရှင်သန်ကြတာလား....။ ရှင်သန်ဖို့ အလုပ်လုပ်ကြရင်း ဘဝရဲ့ အဓိပ္ပါယ်က အလုပ်လုပ်ဖို့ ရှင်သန်သလို ဖြစ်သွားကြသူတွေလည်း ရှိတက်ပါတယ်။ဒီ ဇာတ်လမ်းလေးရဲ့ အစမှာ မိုက်ကယ်ဆိုတဲ့ အလုပ်ပဲ အချိန်ပြည့်လုပ်နေတက်တဲ့ ဗိသုကာပညာရှင်တစ်ယောက်ရှိပါတယ်။ မိသားစု အားလပ်ရက်ကိုပါ ဖျက်ပြီး အလုပ်ပဲ အချိန်ပြည့် လုပ်နေတက်ပါတယ်။အဲ့ဒီလို လူရဲ့လက်ထဲ အရာအားလုံးကို ထိန်းချုပ်ထားနိုင်တဲ့ ရီမု ကွန်ထရိုး တစ်ခု ရောက်လာခဲ့ပါတယ်။ဘဝကို ဇာတ်ကား တစ်ခုလို ကျော်ပစ်လို့ရတဲ့အခါ စိတ်မရှည်တဲ့ အခန်းတွေကို သူ ကျော်ပစ်ခဲ့ပါတယ်။ ဒီလို ကျော်ပစ်ရင်း...မိသားစု အပါအဝ် အရာအားလုံးနဲ့ သူ ကင်းကွာလာခဲ့ပါတယ်၊ဘဝဆိုတာ ဖြတ်သန်းဖို့ပါပဲ... စိတ်ပျက်စရာ ငြီးငွေ့စရာတွေ အများကြီးပါပဲ ဒီအခါမှာ ချစ်ခြင်းတရားဟာ အရေးပါလာပါပြီ။ကျွန်တော်တို့ ကိုယ့်ကို ချစ်တဲ့ လူတွေရဲ့ ချစ်ခြင်း ပျော်ရွှင်မှု..တွေကို ဘယ်လောက်ထိ လျစ်လျှူ ရှု့ ဲပြီး ကြပြီလဲ။ဖြစ်ချင်တာတွေက အများကြီး ဖြစ်မလာသေးတာတွေက အများကြီး ဒါပေမဲ့ ဒါတွေက ဘယ်လောက်များ အရေးပါလဲ။မျှဝေ ခံစားမဲ့သူ မရှိတဲ့ အောင်မြင်မှုတစ်ခုကရော ပျော်ရွှင်မှု ဟုတ်ပါ့မလား။ အောင်မြင်မှု ရော ဟုတ်ပါ့မလား။ ဘဝမှာ ဘယ်အရာမဆို အစွန်းမရောက်ဖို့ ...
movie

Click (2006)

2006