Channel Myanmar

David Horovitch

The Creeping (2022)
The Creeping (2022) Anna ဆိုတဲ့ အမျိုးသမီးဟာ Alzheimer ဖြစ်နေတဲ့ အဖွားကို စောင့်ရှောက်ဖို့ အတွက် သူငယ်စဉ်က ကြီးပြင်းခဲ့တဲ့ ကျေးလက်က နေအိမ်ကို ပြန်လာခဲ့ပါတယ်။အဖွားဖြစ်သူရဲ့ မှတ်ဉာဏ်က အတော်ချို့ယွင်းနေပြီး မြေးဖြစ်သူ Annaကိုမမှတ်မိတော့ဘဲ သမီးဖြစ်သူ Maggieနဲ့ပဲ လူမှားနေခဲ့တာပါ။အိမ်ကို Anna ပြန်ရောက်ထဲက ညတိုင်း ဆက်တိုက်ဆိုသလို ထူးဆန်းတာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ Annaရဲ့ အမေဖြစ်သူရော အဖိုးဖြစ်သူရော ဒီအိမ်မှာပဲ ဆုံးပါးသွားခဲ့ကြတာပါ။ ဒီလိုနဲ့ အဲ့ဒီအိမ်မှာ ဘာဖြစ်သလဲဆိုတာကို Anna ကိုယ်တိုင် သိလာရတဲ့အခါ.... ။သရဲကားလည်း ကြည့်ချင်တယ်၊ သရဲလည်း ကြောက်တဲ့ သူတွေအတွက် ဒီရုပ်ရှင်က အဆင်ပြေမှာပါ။ File size…(1.6 GB)/(758 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie 
movie

The Creeping (2022)

Cassandra’s Dream (2007) 6.6
Cassandra’s Dream (2007)   တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Crime, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice
movie

Cassandra’s Dream (2007)

Mr. Turner (2014) 6.8
Mr. Turner (2014) အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီးဆုတွေလည်းရရှိခဲ့ပါတယ်။ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်းဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။ ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကိုလေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ ...
movie

Mr. Turner (2014)

2014
The Nun (2018) 5.6
The Nun (2018) ကျွန်တော်တို့ ဗုဒ္ဓဘာသာအယူအဆမှာ အသူရကာယ်တွေ ဘီလူးမိစ္ဆာတွေရှိကြသလို အနောက်တိုင်းလောကမှာလဲအဲ့ဒီလိုပုံစံလေးတွေရှိပါတယ် သူတို့အခေါ်တော့ The Demon နတ်ဆိုးတွေပေါ့ နတ်ဆိုးလို့ပြောလိုက်ပြီဆိုတာနဲ့Conjuring Universe က Crooked Man တို့ The Nun တို့ကိုပြေးမြင်မိကြမှာပါ The Nun ဆိုတာနဲ့ မျက်နှာအဖွေးသားအစွယ်တဖွေးဖွေးနဲ့သီလရှင်ကြီးဆိုတာ မျက်လုံးထဲပြေးမလွတ်ပါဘူး အနောက်တိုင်းနတ်ဆိုးလောကမှာ The Nun ခေါ် Valak က evil books တွေမှာတစ္ဆေထိန်းမိစ္ဆာကြီးအဖြစ်နေရာယူထားပေမယ့် အခု The Nun(2018)မှာတော့ သီလရှင်ကြီးအနေနဲ့တွေ့ရမှာပါဇာတ်လမ်းအကျဉ်းကတော့ ရိုမေးနီးယား က စိန့်ခါသာဆိုတဲ့ church ကြီးမှာသီလရှင်တစ်ပါးသေကြောင်းကြံစည်ခဲ့ပါတယ် ဒါနဲ့ပဲ Catholic ဘာသာဝင်တို့ရဲ့ဌာနချုပ်ဖြစ်တဲ့ ဗာတီကန်စီးတီးကဘုန်းတော်ကြီးတွေက သီလရှင်အသစ်လေးတစ်ပါးနဲ့ ဘုန်းတော်ကြီးတစ်ပါးကိုခြေနေဆိုးကောင်းသိရအောင်လွှတ်ပေးလိုက်ပါတယ် ဒါပေမယ့် ရိုမေနီးယားလဲရောက်ရော ဒီသာမန်သီလရှင်တစ်ပါးသေကြောင်းကြံမှုနောက်ကွယ်က ဘယ်ကိစ္စကကြိုးကိုင်နေလဲဆိုတာစုံစမ်းရင်း အစွယ်အဖွေးသားနဲ့အင်မတန်အားကြီးတဲ့နတ်ဆိုးမကြီးနဲ့ ပတ်သတ်မိကြတော့တာပါပဲဇာတ်လမ်းအဆုံးမှာConjuring 1 နဲ့ပြန်ချိတ်ပေးထားလို့ Conjuring universe ကိုခုံမင်တဲ့သူတွေအတွက်ကြည့်သင့်တဲ့ကားပါ ပုံမှန်ခြောက်နေကြတစ္ဆေတွေနဲ့ကွဲထွက်ပြီး သီလရှင်ပုံစံအသွင်ယူထားတဲ့ Valak ရဲ့ကျောချမ်းစရာအသံနက်ကြီးနဲ့တင်ဇာတ်လမ်းကိုဆွဲခေါ်သွားပေးမှာဖြစ်ပါတယ်(ရုပ်ရှင်အညွှန်းကို Hein Thet Naing မှတင်ဆက်ထားပါတယ်။) File size…(2.8 GB)/ (860 MB)/(660 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:36:34 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka ...
movie

The Nun (2018)

2018
4K HEVC
The Nun II (2023) The Nun 2 6.0
The Nun II (2023) The Nun 2 Conjuring ရုပ်ရှင်စကြဝဠာထဲက တစ်ကားဖြစ်တဲ့ Nun 2 လာပါပြီ။ ဒီရုပ်ရှင်ကတော့ Ed and Lorraine ရဲ့ ယနေ့ခေတ်ကာလမဟုတ်ဘဲ သီလရှင်နတ်ဆိုး သောင်းကျန်းခဲ့တဲ့ ရှေးခေတ်ကာလမှာ သူ့ကိုရှင်ဆိုင်ခဲ့ကြတဲ့ ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေအကြောင်းပါပဲ။ဒီဇာတ်လမ်းအစမှာတော့ စိန့်ကာတာဘုရားကျောင်းမှာ သီလရှင်တွေဆက်တိုက် သေဆုံးမှုတွေဖြစ်ပြီး ဘုန်းတော်ကြီးတစ်ပါးနဲ့ သီလရှင်တစ်ပါးက သွားရောက်အဖြေရှာတဲ့အခါ နတ်ဆိုးတစ်ကောင်ရဲ့ လက်ချက်ဖြစ်နေတာကြောင့် နှိမ်နင်းခဲ့ရပါတယ်။ ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာပဲ အဲဒီနတ်ဆိုးရဲ့လုပ်ရပ်တွေနဲ့ ခပ်ဆင်ဆင်တူတဲ့ သေဆုံးမှုတွေ ဘုန်းတွေကြီးတွေနဲ့သီလရှင်တွေထပ်ကြုံလာရပြီးဥရောပတဝှမ်းမှာဖြစ်လာတာကြောင့် ဘုရားကျောင်းက ဒီအမှုတွေကိုစုံစမ်းဖို့ စိန့်ကာတာက နတ်ဆိုးကို အနိုင်ယူခဲ့တဲ့ သီလရှင်ကိုတာဝန်ပေးလိုက်ပါတော့တယ်။ အဲဒီတုန်းက ဘုန်းတော်ကြီးက သေသွားပြီဖြစ်လို့ပါ။ အဲဒီသီလရှင်နဲ့အတူ သီလရှင်အသစ်လေးတစ်ယောက် လိုက်လာပြီး နတ်ဆိုးက ဒီလိုလုပ်နေရတဲ့အကြောင်းရင်းကို လိုက်စုံစမ်းတဲ့အခါ....ဒီရုပ်ရှင်ထဲမှာ သူတော်စင် လူစီအကြောင်းကို အခြေခံထားပါတယ်။ ရောမအင်ပါယာခေတ် Pagan ဗာရီဟဝါဒီ အားကောင်းနေတဲ့အချိန်မှာ ခရစ်ယာန်ကိုးကွယ်သူတွေ အမြောက်အမြား အသတ်ခံခဲ့ရပါတယ်။ သူတော်စင်လူစီကတော့ နောက်ဆုံးနဲ့အပြင်းထန်ဆုံးသတ်ဖြတ်တာခံရတဲ့သူပါပဲ။ ...
movie

The Nun II (2023) The Nun 2

4K HEVC
The Young Victoria (2009) 7.2
The Young Victoria (2009) IMDb - 7.2/10 Rotten Tomatoes - 76%အင်္ဂလန်ရဲ့ ဘုရင်မ Victoria (1819-1901)က သူ့အလျင်က အုပ်ချုပ်သူတွေထက် ထီးသက်နန်းသက် ၆၃နှစ်ထိကြာရှည်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၂မှာ ဆုံးပါးသွားတဲ့ Elizabeth II ရဲ့ ထီးနန်းသက် နှစ်၇၀ လောက်တော့မရှည်ခဲ့ပါဘူး။ ရုပ်ရှင်ကတော့ ဘုရင်မ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝနဲ့ အချစ်ရေး အိမ်ထောင်ရေးအကြောင်း ရိုက်ကူထားတဲ့ period dramaဖြစ်ပါတယ်။မင်းသမီး Emily Bluntက ဘုရင်မဗစ်တိုးရီးယားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ဒီရုပ်ရှင်က Best Costume Design နဲ့ Academy Award & BAFTA Award Nomination လည်းဝင်ခဲ့ပါတယ်။ တကယ်လည်း ဝတ်စုံတွေက လှပခမ်းနားပါတယ်။ ဗစ်တိုးရီးယားရဲ့ ငယ်ဘဝကတော့ တခြားကလေးတွေလို လွတ်လွတ်လပ်လပ်ပျော်ပါးလို့မရခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့အမေနဲ့ အိမ်ကြီးကြပ်ရေးမှူး Sir Conroyရဲ့ လက်အောက်မှာ ...
movie

The Young Victoria (2009)

Summerland(2020) 7.0
Summerland(2020) Summerland(2020)******************ဒုတိယကမ္ဘာစစ်တုန်းက စစ်ထွက်တိုက်ပေးရတဲ့ဖခင်တွေနဲ့ အစိုးရရုံးမှာအလုပ်လုပ်ပေးရဲ့မိခင်တွေဟာသားသမီးတွေကို ဂရုစိုက်ဖို့အချိန်လည်း မပေးနိုင်ကြသလို၊ လုံခြုံမှုလည်း ရာနှုန်းပြည့်မပေးနိုင်ကြပါဘူး။ ဒီလိုနဲ့ သူတို့ရဲ့သားသမီးတွေကို စစ်မဖြစ်တဲ့ နယ်ဘက်တွေမှာ လုံလုံခြုံခြုံနေထိုင်၊ပညာသင်နိုင်ဖို့ဆိုပြီး လူမှုကူညီရေးအသင်းတွေပေါ်လာပါတယ်။ သားသမီးမရှိတဲ့ အဘိုးကြီးအဘွားကြီးတွေ၊ အားလပ်သူတွေက တစ်နိုင်တစ်ပိုင် တာဝန်ယူစောင့်ရှောက်ပေးကြတာပေ့ါ။ အဲ့အထဲမှာမှ လူ့ဂွစာအမျိုးသမီးကြီးတစ်ယောက်က ကောင်ကလေးတစ်ယောက်ကိုစောင့်ရှောက်တာဝန်ယူပေးဖို့ဖြစ်လာပါတယ်။ ဒီအမျိုးသမီးကြီးဟာ အိမ်ထောင်လည်းမရှိ၊ တကုပ်ကုပ်နဲ့သာ စာရေးနေတတ်သူဖြစ်ပြီး ဆက်ဆံရေးလည်းမကောင်းလို့ ပတ်ဝန်းကျင်ကပါရှောင်ဖယ်ခံနေရသူပါ။ သူ့ဆီကိုကောင်လေးတစ်ယောက်လာနေရမယ်ဆိုတော့ မြို့ထဲကလူမှန်သမျှကကောင်လေးကို ဝိုင်းသနားကြပါလေရော။ လူ့ဂွစာအမျိုးသမီးကြီးကလည်း သူချစ်ခဲ့ဖူးတဲ့အမျိုးသမီးကပစ်ထားခဲ့တာကြောင့် အသဲကွဲကာတစ်ယောက်တည်းနေရတာကိုပဲခုံမင်နေခဲ့သူပါ။ အခုသူ့ဆီကို ကောင်လေးတစ်ယောက်လာနေမယ်ဆိုတော့ လက်မခံချင်ဘဲ ပထုတ်ဖို့သာကြံပါတော့တယ်၊ ဇာတ်လမ်းလေးထဲမှာ lesbianတို့ရဲ့အချစ်၊ လူ့ဂွစာအပျိုကြီးနဲ့ ကောင်ကလေးတို့အကြားကမေတ္တာတရားလေးတွေကို မြင်တွေ့ရမယ့်ကားလေးပဲဖြစ်ပါတယ်။File Size : (1.7GB) and (610MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Drama, Romance , War Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae 
movie

Summerland(2020)

102 Dalmatians 2000 5
102 Dalmatians 2000 Disney ကနေ Emma Stone ပါ၀င် သရုပ်ဆောင်ထားတဲ့ Cruella ဇာတ်လမ်းလည်း ထွက်လာတော့မှာဆိုတော့ အရင်တုန်းက Cruella de Vil အကြောင်းတွေထဲက တစ်ပုဒ်ဖြစ်တဲ့ 102 Dalmatians လေးကိုလည်း ပြန်ကြည့်ပြီး အတိတ်ကို ပြန်သွားကြရအောင်ပါ CM ပရိသတ်ကြီးရေ သိပြီးသားသူတွေအတွက်ရော မသိသေးသူတွေအတွက်ပါ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ Cruella de Vil ဆိုတာ ချစ်စရာခွေးလေးတွေကိုမှ လိုက်ပြီး အန္တရာယ်ပေးတတ် ဒုက္ခပေးတတ်တဲ့ ဗီလိန်မကြီးပါပဲ ဘာသာပြန်သူအနေနဲ့ကလည်း ခွေးချစ်တတ်သူဆိုတော့ Cruella ဟာ ဘာသာပြန်သူရဲ့ အမုန်းဆုံး Disney villain ပါပဲ နာမည်ကိုက Cruel (ရက်စက်ကြမ်းကြုတ်သော) ဆိုတဲ့ စကားလုံးကနေ ဖြစ်တည်နေတာသာ ကြည့်ပါတော့ ဒီ 102 Dalmatians ကားလေးကတော့ 101 Dalmatians ရဲ့ sequel အဖြစ် 2000 ခုနှစ်မှာ ထပ်မံထွက်ရှိလာတဲ့ကားလေးပါ 101 Dalmatians မှာ ခွေးလေးတွေကို ဒုက္ခပေးမိလို့ Cruella တစ်ယောက် ထောင်ကျသွားအပြီး နောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ ထူးဆန်းတာက 102 Dalmatians ...
movie

102 Dalmatians 2000

Rebecca(2020) 7.0
Rebecca(2020) Rebecca(2020)အညွှန်း***********************နက်ဖလစ်က ၂၀၂၀ ထဲမှာ တင်ဆက်ထားတဲ့ Rebecca ဆိုတဲ့ဇာတ်ကားလေးဟာ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်က ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်... ဒီဇာတ်ကားထဲမှာတော့ အမည်ကို မဖော်ပြထားတဲ့ တကောင်ကြွက် မိန်းကလေးတဦးဟာ လေဒီ တဦးရဲ့ မိန်းမဖော်အဖြစ် ပြင်သစ်တောင်ပိုင်းကို အလည်အပတ် ရောက်သွားတယ်... ကံကောင်းထောက်မစွာ အင်္ဂလန်က လူချမ်းသာတဦးဖြစ်တဲ့ မစ္စတာ ဒီဝင်းတားဆိုတဲ့ မုဆိုးဖိုနဲ့ ဖူးစာဆုံခဲ့ ပြီးတဲ့နောက် မစ္စတာ ဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မန်ဒါလေ ဆိုတဲ့ အိမ်ကြီးကို တပါတည်း လိုက်လာခဲ့တယ်....သူမ ဘဝဟာ အစပိုင်းပျော်စရာကောင်းတယ်လို့ထင်ရပေမယ်...မကြာပါဘူးမှုခင်းနဲ့ဆိုင်တဲ့ထူးဆန်းအံအားသင့်စရာ ပြဿနာမျိုးစုံနဲ့ စပြီးကြုံရသလိုဒါတွေကိုဖြေရှင်းပေးဖို့လည်း တာဝန်တွေရှိလာပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:01:00 Genre :  Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard ...
movie

Rebecca(2020)

The Chamber (2016) 4.4
The Chamber (2016) ဒီဇာတ်လမ်းလေးကတော့ မြောက်ကိုရီးယား နဲ့ အမေရိကန်တို့ စစ်ပွဲကာလမှာ မြောက်ကိုရီးယားဘက်က အဝေးထိန်းဒုံးကျည်တွေ စတင်တီထွင်ပြီးပြီလို့ သတင်းရပီးနောက်မှာ အမေရိကန်ဘက်က ရေငုပ်သင်္ဘောနဲ့ မြောက်ကိုးရီးယား ဒုံးကျည်ကိုသွားဖျက်စီး တဲ့ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Aurora သင်္ဘောကပ္ပတိန်က မတ်စ်လို့ခေါ်တဲ့ ဒုတိယကမ္ဘာစစ်ထဲက အကျွမ်းကျင်ဆုံးကပ္ပတိန် တစ်ယောက်ပါ။ ရေဒါခံလို့မရတဲ့ သင်္ဘောမှ မြောက်ကိုရီးယားရေတပ်ထဲ ဝင်လို့ရမှာဖြစ်လို့ တစ်စီးထဲကျန်တဲ့ စစ်သုံးသင်္ဘော Aurora အကြောင်းကိုလည်း သိရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မတ်စ်နဲ့ ကျန်တဲ့အဖွဲ့ဝင်တွေက မြောက်ကိုရီးယားရေပိုင်နက်ထဲသွားပီး ဒုံးကျည်ထိပ်ဖူးကိုဘယ်လိုဖျက်စီးကြမလဲ ဘယ်လိုတွေပူးပေါင်းပီး လုပ်ဆောင်ကြမလဲဆိုတာ.... ရင်တထိတ်ထိတ်နဲ့လိုက်ပာခံစားချင်သူတွေ အကြိုက်တွေ့မယ့်ကားတစ်ခုဖြစ်ပါတယ်.... ရုပ်ရှင်ကားကို ဘာသာပြန်ပြီး အညွှန်းရေးပေးထားတာကတော့ May Thu Kyaw ဖြစ်ပါတယ်
movie

The Chamber (2016)

2016
The Infiltrator (2016) 7.0
The Infiltrator (2016) The Infiltrator (2016)IMDb - 7.0/10_____Rotten - 72%    2016 ထွက် IMDB 7.0 ရ ဒရာမာစုံထောက်ကားကောင်းတစ်ကားပါ။ ၁၉၈၀ မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုကို အခြေခံထားပါတယ်။ အမေရိကန် Undercover အေးဂျင့်တစ်ယောက်ရဲ့ ကမ္ဘာအကြီးဆုံး စပိန်ဒုစရိုက်ဂိုဏ်းကြီးထဲကို အသွင်ယူစိမ့်ဝင်ပြီး ဒုစရိုက်ခေါင်းဆောင်တွေနဲ့အတူ ငွေကြေးခဝါချပေးနေတဲ့ ကမ္ဘာ့ နံပါတ် ၇ အကြီးဆုံး ဘဏ်ကြီးကိုပါ သက်သေနဲ့အတူ ဖမ်းမိစေခဲ့တဲ့ဇာတ်ကြောင်းပါပဲ။ လူဆိုးတွေကြားမှာ သရုပ်တူအောင်နေရင်း စကားတစ်ခွန်းမှားတာနဲ့ အသက်ပျောက်သွားနိုင်တဲ့ အသွင်ယူစုံထောက်တွေရဲ့ ဘဝ၊ နောက်ဆုံးဖမ်းဆီးရတော့မယ် အချိန်မှာ တကယ်အကြာကြီးပေါင်းသင်းလာတဲ့ ဒုစရိုက်ခေါင်းဆောင်မိသားစုနဲ့ မိတ်ဆွေသံယောဇဉ်၊ အသွင်ယူနေစဉ် မိမိမိသားစုအစစ်နဲ့ ဆက်ဆံရေး အခက်အခဲတွေကို လှလှပပ ပုံဖော်ပြတားတဲ့ ဇာတ်ကားပါပဲ။ ရင်တဖိုဖိုနဲ့ စုံထောက်ဖြစ်ရပ်မှန်ကြိုက်သူတွေအတွက်တော့ အရသာရှိမယ့် ဟင်းကောင်းတစ်ခွက်လိုပါပဲဗျာ။    File Size     :   900 ...
movie

The Infiltrator (2016)

2016