Channel Myanmar

David Joseph Martinez

Looper (2012) 7.4
Looper (2012) IMDb Rating (7.4) / Rotten Tomatoes (93%)မင်းသားကြီး Bruce Willis , Joseph Gordon-Levitt နဲ့ မင်းသမီး Emily Blunt တို့ ဦးဆောင်ပါဝင်တဲ့ ရုပ်ရှင်ကားကြီးပါ။Time Travel နဲ့ပတ်သက်တဲ့ကားတစ်ကားဖြစ်ပါတယ်။ 2044 မှာ အခြေတည်တယ်။ ဇာတ်လမ်းကတော့ အဲဒီအချိန်မှာ Time machine ဆိုတာ မပေါ်သေးပေမဲ့ နောက်နှစ် (၃၀) ကြာတဲ့အခါ ပေါ်ပြီတဲ့။Future (2070) တွေမှာ Time machine ပေါ်လာပေမဲ့ ချက်ချင်းပဲ တရားမဝင်ဆိုပြီး ပိတ်ပင်ကြတယ်။အဲဒီ့အတွက် လူဆိုးဂိုဏ်းအကြီးကြီးတွေက လျှို့ဝှက်သုံးတယ်။အဲဒီ့ခေတ်မှာ လူတစ်ယောက်ကို သတ်ပြီး အစဖျောက်ဖို့ မလွယ်တဲ့အတွက် သူတို့တွေ သတ်ချင်တဲ့လူတွေကို ဖမ်း၊ ကြိုးတုပ်ပြီးဒီနေ့ခေတ် (၂၀၄၄) က သတ်မှတ်နေရာတစ်ခု (ဥပမာ ပြောင်းခင်းဘေး) ကို ပို့လိုက်တယ်။အဲဒါကိုမှ Looper ဆိုတဲ့ကောင်တွေက ...
movie

Looper (2012)

2012
4K HEVC
The Bodyguard (1992) 6.3
The Bodyguard (1992) The Bodyguard (1992)IMdb Rating (6.3)မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။File size…(3.9 ...
movie

The Bodyguard (1992)

Killing Them Softly (2012) 6.2
Killing Them Softly (2012) Killing Them Softly (2012) ==================== IMDb Rating - 6.2/10 Rotten Tomatoes - 74%ဒီရုပ်ရှင်ကို ဘာလို့ကြည့်ဖြစ်ခဲ့လဲဆိုရင် ဖြေရမယ့် အဖြေက တစ်ခုတည်းရှိမယ်။ ဘရက်ပစ်ပဲ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ဇာတ်ကားတစ်ကားကို ကြည့်သင့်လားဆိုတာ ဒါရိုက်တာကြည့် ဆုံးဖြတ်ကြတာများပေမဲ့ ကိုယ်သဘောကျတဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ပုံကို မြင်ရမှာကိုလည်း ထည့်တွက် ဆုံးဖြတ်ကြတာပဲမလား။ ဒီကားဟာ ဒီအချက်အတွက်တော့ စိတ်မပျက်စေခဲ့ဘူး။ဘရက်ပစ်ဟာ မျှော်လင့်ထားတဲ့အတိုင်း သူ့ကိုမြင်နေကျ သူ့ဟန်အတိုင်းပဲ ပေါ်လာခဲ့တယ်။ ဇာတ်လမ်းကတော့"မနူးမနပ်လူမိုက်ကလေးတွေက ဝါရင့်လူမိုက်ကြီးတွေကို ကတုံးပေါ်ထိပ်ကွက် လုပ်ဖို့ ကြံတဲ့အကြောင်းပါပဲ။ ဒီဇာတ်အိမ်ကို အမေရိကန် ဘဏ္ဍာရေးပျက်ကပ်ခေတ်မှာတည်ပြီး အဲ့ဒီကာလက သတင်းတွေ မိန့်ခွန်းတွေကို တစ်ချိန်လုံးနီးပါး နောက်ခံအသံထည့်ထားတယ်။ ထည့်ထားရတဲ့အကြောင်းရင်းက ဘာလဲ ဒီမနူးမနပ် လူမိုက်တွေရဲ့အဖြစ်နဲ့ ဘဏ္ဍာရေးပျက်ကပ်ကို သရော်ချင်တာလား ဘာလားတော့ စီးပွားရေးပျက်ကပ်နဲ့ပက်သက်ပြီး ဂဃနဏမသိလို့ ညဏ်မမှီဘူး။ မှီတဲ့သူတွေအတွက် ပိုသဘောကျချင်စရာ ကောင်းလောက်မယ်။ခပ်ကြမ်းကြမ်း ရွဲ့ရွဲ့ စကားတွေပြောနေမယ့် ဘရက်ပစ်အပြင် Goodfellasထဲက Ray Liottaလည်းပါတယ်။ Cogan's Tradeဆိုတဲ့ ဝတ္တုကိုပြန်ရိုက်ထားပြီး ကားကောင်းတွေ ...
movie

Killing Them Softly (2012)

The Expendables (2010) 6.5
The Expendables (2010) The Expendables ဟာ လူတိုင်းနီးပါးကြည့်ပြီးသား ကြိုက်ပြီးသားကားဆိုပေမယ့်ဆရာကြီး Sylvester Stallone ကတော့ သိပ်ကျေနပ်ပုံမရပါဘူး။အဲဒါနဲ့ပဲ ပိုပြီးပြည့်စုံခမ်းနားသွားမယ့် The Expendables Director's Cut ဆိုတာကို ထပ်မံထုတ်လုပ်ခဲ့ပါတယ်။မင်းသားကြီးများပြီး အပျော်ကြည့် ရုပ်ရှင်ကားတစ်ကားအနေနဲ့ကြည့်ရှုသူများပြားခဲ့တဲ့ The Expendables ရဲ့ Director's Cut မှာထူးခြားသွားတာက Character တွေကို ပိုပြီး အလေးပေးဖော်ပြထားတယ်၊ရုပ်ထွက်တွေ၊ အသံတွေ အရင်မူရင်းဗားရှင်းထက် ပိုပြီး ကြည်လင်ပြတ်သားသလိုကြည့်ရတာကလည်း ပိုပြီး ချော့မွေ့သွားတယ်လို့ ခံစားရလိမ့်မယ်။ဇာတ်လမ်းက နည်းနည်းလေး ပိုရှည်သယောင်ယောင်ဖြစ်နေရတာကလည်းဒိုင်ယာလော့တွေ၊ ဇာတ်ကွက်တွေကို ပိုပြီး အချိန်ပေးထားတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် အရင်က ကြည့်ရ ထောက်နေတာတွေ၊ ဟာ​နေတဲ့ ဇာတ်ကွက်​တွေနာမည်ကြီးမင်းသားတွေရဲ့ Screen Time နည်းတာတွေက ဒီဗားရှင်းမှာဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ပြီးတော့ ယခင်ဗားရှင်းထက် အနည်းငယ်ထူးခြားသွားတာကိုတော့ ကြည့်ရှုရင်းနဲ့ပဲ အဖြေရှာကြပါလို့ ညွှန်းဆိုလိုက်ရပါတယ်။ Quality__1080p IMDb Rating__6.5/10 Format__mp4 Duration__1h43min Type__Action, Adventure, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by ...
movie

The Expendables (2010)

2010
HEVC 1080p 5.1
Beast of Burden (2018) 5.5
Beast of Burden (2018) Beast of Burden ရုပ်ရှင်ဇာတ်ကားဟာ ၂၀၁၈ခုနှစ်မှ ပူပူနွေးနွေးဖြန် ့ချိထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်Imdb Rating 5.5/10 ရရှိထားပြီးဇာတ်လမ်းကြာမြင့်ချိန်ကတော့ ၁နာရီခွဲပါပါဝင်သရုပ်ဆောင်ထားသူတွေကတော့ ဟယ်ရီပေါ်တာမင်းသားချော Daniel Radcliffe.....Grace Gummer.....Pablo Schreiber တို ့ဖြစ်ကြပါတယ်......ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်ဟာ မိန်းမဖြစ်သူရဲ ့ကင်ဆာရောဂါကို ကုသဖို ့အတွက် တရားမဝင်ပစ္စည်းများကို လေယာဉ်ပျံနဲ ့ပို ့ဆောင်ရင်း ရဲဘက်ဆိုင်ရာနဲ ့ပူးပေါင်းပြီး စစ်ဆင်ရေးမှာပါဝင်ကူညီပေးရပါတော့တယ်......ဤကဲ့သို ့သောအခြေအနေမျိုးတွင် လူဆိုးများဘက်ကလည်း မသင်္ကာ.....ရဲဘက်ကလည်း စစ်ဆင်ရေးပြီးတာနဲ ့ သူ ့ကိုအရေးယူမယ့်အခြေအနေ......ဓားစာခံအဖြစ် မိန်းမဖြစ်သူဖမ်းခေါ်ခံရ........စတဲ့အဖြစ်အပျက်တွေကြားမှာ ရှောင်တစ်ယောက် အခက်အခဲတွေကို ဘယ်လိုဖြတ်ကျော်ပြီး မိန်းမဖြစ်သူကိုကယ်တင်သွားမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် အက်ရှင်ကားလေးဖြစ်ပါတယ်File Size : (700 MB) and (295 MB) Quality : WEB-DL 720p Running Time : 1hr 29min Format : Mp4 Genre ...
movie

Beast of Burden (2018)

2018