Channel Myanmar

David Kross

Age of Uprising: The Legend of Michael Kohlhaas (2013) 6.1
Age of Uprising: The Legend of Michael Kohlhaas (2013)  ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Age of Uprising: The Legend of Michael Kohlhaas (2013)

Into the White(2012) 7.1
Into the White(2012)  IMDb - 7.1/10 စစ်ပွဲအတွင်း အခက်ခဲဆုံးအချိန်တွေမှာ ရန်သူတွေဟာလည်း မိတ်ဆွေကောင်းတွေဖြစ်သွားတတ်ကြပါတယ်။Christmas Truce လိုမျိူးဖြစ်ရပ်တွေကိုသဘောကျကြတဲ့ ပရိသတ်ကြီးအတွက် ဒုတိယကမ္ဘာစစ်အတွင်းကနော်ဝေးနိုင်ငံမှာ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်‌မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟယ်ရီပေါ်တာရုပ်ရှင်တွေထဲမှာ ရွန် ဝီစလီအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Rupert Grint ရဲ့ ဟယ်ရီပေါ်တာရုပ်ရှင်တွေအပြီးမှာ ပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်ဗျ။ဇာတ်လမ်းအကျဉ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်း နော်ဝေးနိုင်ငံအတွင်းမှာ အင်္ဂလိပ်နဲ့ ဂျာမနီ လေယာဉ်တွေ တိုက်ခိုက်ခဲ့ကြပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ လွင်ပြင်ကြီးထဲကို ဂျာမန်ဗုံးကျဲလေယာဉ်ကပျက်သွားခဲ့ပြီး သူတို့ပစ်ချခဲ့တဲ့ ဗြိတိန်လေယာဉ်ကလည်း အနီးနားလေးမှာပဲ ပျက်ကျသွားခဲ့ပါတယ်။ပျက်ကျမှုမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ လေယာဉ်မှူးတွေနဲ့ လေတပ်သားတွေက နှင်းတောကြီးထဲမှာ ခိုလှုံဖို့နေရာတစ်ခုကိုလိုက်ရှာရင်း လွင်ပြင်ထဲမှာရှိနေတဲ့အမဲလိုက်တဲလေးတစ်ခုမှာဆုံတွေ့မိကြပြီး ဗြိတိန်လေသူရဲတွေကို ဂျာမာန်တွေက စစ်သုံ့ပန်းအဖြစ်ဖမ်းထားလိုက်ပါတော့တယ်။ဒီလိုနဲ့ လူသူဝေးတဲ့ နှင်းတောကြီးထဲကိုရောက်နေတဲ့ ဗြိတိန်နဲ့ ဂျာမန်တွေကြား ဘယ်လိုတွေဆက်ဖြစ်လာကြမလဲ၊ ရန်သူတွေဆိုတာက‌ရော မိတ်ဆွေတွေဖြစ်လာနိုင်ရဲ့လား ဆိုတာကို ကြည့်ရှုရမဲ့ စစ်ကားကောင်းလေးတစ်ကားပါဗျ။စစ်ကားဆိုပေမဲ့လည်း တိုက်ခိုက်ခန်းသိပ်မပါပဲ ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားတဲ့ ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ရှု့လိုက်ကြပါဦးဗျ File size…1.16GB / 451.3MB Quality…Blu-Ray ...
movie

Into the White(2012)

Confessions of Felix Krull (2021) 6.4
Confessions of Felix Krull (2021) Confessions of Felix Krull (2021) ======================== IMDb Rating - 6.4/10ဂျာမန်စာရေးဆရာကြီး Thomas Mann ရဲ့ ရောင်းအားအကောင်းဆုံး၀တ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာပါ။ IMDb rating အနေနဲ့လည်း 6.4/10 ရရှိထားပါတယ်။ ၁၉ ရာစုနှောင်းပိုင်းကာလမှာ ဖီးလစ်ခရူလ်ရဲ့ဖခင်ဖြစ်သူဟာ စီးပွားကျသွားခဲ့ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ်။ လောကဓံရိုက်ချက်ကို ခပ်ပြင်းပြင်းခံလိုက် ရတဲ့ ဖီးလစ်ဟာ ခေတ်စနစ်ရဲ့အလိုအတိုင်း အဆင့်အတန်းခွဲခြားဆက်ဆံခံရတာ၊ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရတာတို့ ကြုံတွေ့ရပါတယ်။ ကံကောင်းတာက ရုပ်‌ရည် ချောမော အပြောကောင်းတဲ့ ဖီးလစ်ဟာ သူအလုပ်လုပ်တဲ့ဟိုတယ်မှာ အမျိုးသမီး ဧည့်သည်တွေရဲ့ပစားပေးခြင်းကိုခံရပါတယ်။ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေပေမဲ့ ဖီးလစ်ချစ်တဲ့သူကတော့ သူနဲ့ဘ၀တူ ဇာဇာ ဆိုတဲ့ကောင်မလေးတစ်ယောက်တည်းပါ။ ဇာဇာဟာ ဆင်းရဲတဲ့ဘ၀က ရုန်းထွက်ချင်သူမို့ ဖီးလစ်ကိုချစ်ပေမဲ့ နှုတ်ခမ်းပဲ့ချင်းမီးမမှုတ်ချင်သူပါ။ သူလက်ထပ်ရမယ့် ချမ်းသာတဲ့ ယောက်ျားကိုရှာနေ‌သူပေါ့။ အဲဒီအချိန်မှာ မျိုးရိုးမြင့်တဲ့အိမ်က သခင်လေး လူး၀စ်ဗန်နို စတာနဲ့ ဆုံဆည်းမိပါတယ်။ဒီလိုနဲ့ ၃ ပွင့်ဆိုင်ဖြစ်လာတဲ့ သူတို့အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ ဖီးလစ်ကရော သူ့ဘ၀ကို ဘယ်လိုရှေ့ဆက်မလဲဆိုတာ အချစ်၊ အလွမ်း၊ ဟာသ၊ ဘ၀ရသစုံစုံလင်လင် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ...
movie

Confessions of Felix Krull (2021)

2021
The Reader (2008) 7.6
The Reader (2008) IMDb Rating (7.6) မင်းသမီး ကိတ်ဝင်းစလက် အော်စကာဆုရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဂျာမန်စာရေးဆရာ Bernhard Schlink ရဲ့The Reader ဆိုတဲ့စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတဲ့ ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ရသစုံပါတယ်...ပညာပေးဇာတ်ကားလို့ပြောလို့ရသလို အချစ်အလွမ်းဒရမ်မာလဲ အပြည့်ပါပဲ။ဟန်နာရှမစ်(ကိတ်ဝင်းစလတ်)ဟာ စာမတတ်သူပါ..သူဟာ နာဇီတွေရဲ့ လူသတ်စခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ဂျူးတွေကိုသတ်ဖို့ လူရွေးချယ်ပေးရတဲ့ အလုပ်ကိုလုပ်ခဲ့သူပါ...ဒါပေမယ့် သူရွေးလိုက်တဲ့လူတွေ သတ်ခံရတယ်ဆိုတာတောင် သူသိပုံမရတဲ့အထိ တုံးအတဲ့ စာမတတ်ပေမတတ်လေးပါ။ဒါပေမယ့် စစ်ကြီးပြီးသွားတဲ့အခါ သူဟာလဲ သူမသိတဲ့ပြစ်မှုတွေအတွက် တာဝန်ရှိစွာ အစစ်ခံရပါတော့တယ်။ဒီတော့ စာမတတ်တဲ့ဟန်နာတစ်ယောက် တရားရုံးမှာ စာနဲ့ပေနဲ့တကွ ဖြေရှင်းရတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ....။စာမတတ်လို့ အမှားကိုအမှားမှန်းမသိ...ပြစ်မှုကိုပြစ်မှုမှန်းမသိပေမယ့် ကျူးလွန်မိရင်တော့ ပြစ်မှုကနေ ရှောင်လွှဲလို့မရဘူး...ဖြေရှင်းဖို့ဉာဏ်လဲမမီဘူးဆိုတာကို ညွှန်းချင်ကြရင် ဒီဇာတ်ကားကို တခုတ်တရညွှန်းဆိုကြပါတယ်။ကြည့်ကြည့်ကြပါ...တကယ်ကောင်းပါတယ်။ကိတ်ဝင်းစလတ်နဲ့မင်းသားတို့ရဲ့ အချစ်ခန်းတချို့ကတော့ မိသားစုနဲ့ကြည့်လို့မရပါဘူး။ File size…(2 GB)/(800 MB) Quality….BluRay 1080p/720p Format…mp4 Duration….02:03:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Alexon
movie

The Reader (2008)

The King’s Man (2021) 6.7
The King’s Man (2021) The King's Man (2021)================IMDb Rating - 6.7/102021 ပြီးဆုံးခါနီးမှာ အားလုံးပဲမျှော်လင့်ခဲ့ကြတဲ့ King's Man ရုပ်ရှင်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ။ ထုံးစံအတိုင်းပဲ ကင်းစ်မန်းရုပ်ရှင်တွေကတော့ ကျွန်တော်တို့ကို စိတ်မပျက်စေရပါဘူး။ ဒီရုပ်ရှင်လည်းအတော်ကြီးကို ကောင်းပါတယ်။ အရင် ကင်းစ်မန်းနှစ်ကားရဲ့ အဆက်မဟုတ် ပါဘူး။ ကင်းစ်မန်းအဖွဲ့ဖြစ်ပေါ်လာပုံ ဇစ်မြစ်ကိုပြတဲ့ဇာတ်ကားပါ။ ပထမကမ္ဘာစစ် အင်္ဂလန် ရုရှား ဂျာမနီ အမေရိကန် စစ်ပွဲသမိုင်းကို အခြေခံပြီး ကင်းစ်မန်းတွေရဲ့ စစ်ဆင်ရေးကို ပြသထားတာပါပဲ။ အားရပါးရကို ကြည့်လို့ကောင်းပါတယ်။ ခံစားကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size - (3.94 GB) / (1.59 GB) / (814 MB) / (531 MB) Quality – WebRip - (4K HEVC) / (1080p) / (720p) / (480p) Duration ...
movie

The King’s Man (2021)

2021
Prey(2021) 4.3
Prey(2021) ဇာတ်လမ်းလေးကတော့ မကြာခင်လက်ထပ်တော့မယ့် ရိုမန်က သူရဲ့သူငယ်ချင်းငါးယောက်နဲ့အတူ လူပျိုပါတီအနေနဲ့ စိတ်ပြေလက်ပျောက်တောတောင်တက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူ့အစ်ကိုအဲဘတ်အပါအဝင် ကျန်တဲ့လူကသဘောတူပြီးသွားမယ်လို့ဆုံးဖြတ်ခဲ့တယ်။ရိုမန်ကတော့ မင်္ဂလာဆောင်တော့မှာဆိုတော့ အလုပ်အကိုင်အထိုင်ကျဖို့အတွက်သူ့အစ်ကိုအပူကပ်ရင်းနဲ့အဆင်ပြေမယ်ဆိုတဲ့မျှော်လင့်ချက်လေးနဲ့ ဒီခရီးကိုထွက်ခဲ့တာပေါ့။ ဒီလိုနဲ့တောတောင် ကျွမ်းကျင်တဲ့စတီဖန်ရဲ့ဦးဆောင်မှုနဲ့အတူ တောထဲမှာလျှောက်လည်ကြတယ်။အမဲလိုက်ရာသီဆိုတော့ တောထဲ သေနတ်သံတွေ ဘာတွေကြားရတော့ပေါ့။အသွားခရီးကတော့ အဆင်ပြေပြေဖြစ်ပေမယ့် ပြန်ခါနီးအချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ ကျည်ဆံကသူတို့သူငယ်ချင်းဗင်ဆင့်ကိုထိသွားတယ်။သူတို့ရောက်နေတဲ့နေရာ အမဲလိုက်ကင်းမဲ့ဇုန်ဖြစ်နေမယ့် သူတို့ဆီကိုကျည်ဆံတောက်လျှောက် ဝင်လာတော့ တောထဲကိုပြန်ပြေးရတော့တယ်။သူတို့နဲ့ဘာရန်ညှိုးရန်စမှမရှိတဲ့တောတောင်ထဲမှာ တကယ်ပဲအမဲလိုက်သူတွေက သားကောင်နဲ့မှားပစ်တာလား... တမင်ပဲသတ်ချင်လို့ပစ်တာလား... ရိုမန် တို့တစ်သိုက်ရောတောတောင်ထဲမှာ အသက်ရှင်အောင်ဘယ်လိုရုန်းကန်ရမလဲဆိုတာ ဆက်လက်ကြည့် ရှုပေးပါဦး(ဘာသာပြန်တင်ဆက်ပေးတဲ့သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်)File size…(1.5 GB)/ (852 MB)/ (371 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:27:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by Tin Myo Lwin
movie

Prey(2021)

2021
War Horse(2011) 7.2
War Horse(2011) War Horse(2011) IMDb....7.2,,,Rotten...76% အခုတင်ပေးမှာကတော့ လူနဲ့တိရစ္ဆာန်အကြား ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခြင်းမေတ္တာ၊ စစ်၏သဘောတရား စတဲ့ ခံစားမှုရသမျိုးစုံပါဝင်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အပေါ်ကအတိုင်း War Horse ပါ.. .စစ်မြင်းတစ်ကောင်အကြောင်းပေါ့... Jurassic Park, Jaws စတဲ့ တိရစ္ဆာန်ဦးစားပေးဇာတ်ကားတွေ၊ Saving Private Ryan၊ Schindler’s List၊  စတဲ့ စစ်ပွဲဦးစားပေးဇာတ်ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကြီး ဒါရိုက်တာ Steven Spielberg က ရိုက်ကူးထားတာဖြစ်ပါတယ်... စာရေးဆရာကြီး Michael Morpurgo ရဲ့ နာမည်ကျော် War Horse စာအုပ်ကို မှီငြမ်းရိုက်ကူးထားတာဖြစ်ပြီး ပထမကမ္ဘာစစ်အတွင်း နိုင်ငံအသီးသီးက အသုံးပြုခဲ့တဲ့ မြင်းပေါင်း ရှစ်သန်းကျော်ရဲ့ သနားစရာဘဝကို တစ်ကောင်တည်းနဲ့ ကိုယ်စားပြု ရိုက်ကူးထားတာဖြစ်ပါတယ်...ပြီးတော့ Loki မင်းသား Tom Hiddleston နဲ့ Sherlock Holmes မင်းသား Benedict Cumberbatch တို့ကလည်း အားဖြည့်ကူညီထားပါတယ်.... ဇာတ်လမ်းအညွှန်း ပထမကမ္ဘာစစ်မစမီ ...
movie

War Horse(2011)

2011
The Keeper(2018) 7.0
The Keeper(2018) The Keeper(2018)IMDb....7.0ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ထရော့မန်း...ဂျာမန်လူမျိုး... ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ... ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ...ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်...အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်...အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့...ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး...ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့...အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်...(Unicode) ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ...ကျွန်တော်ပြောတာကို ယုံလိုက်ပါ... ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး...သူ့နာမည်က ...
movie

The Keeper(2018)

2018
Race (2016) 7.1
Race (2016) Race (2016) IMDb - 7.1/10_____Rotten - 62%    ဒီဇာတ်ကားလေးဟာ IMDB 7.1/ 10 အထိ ရရှိထားပြီး အတ္ထုပ္ပတ္တိဆန်ဆန် ရိုက်ကူးတင်ဆက်ထားတဲ့ဇာတ်လမ်းမျိုးပါ။ ပြည်နယ်လေးတစ်ခုကနေ အိုလံပစ်ပြိုင်ပွဲအထိ လာရောက်ယှဉ်ပြိုင်ခဲ့သူ ဂျက်စီ အိုဝန်အဖို့ လောကဓံ ကြားမှာ ကူးခပ်ခဲ့ရပုံကို အဓိကတင်ဆက်ထားပါတယ်။ လူဖြူ လူမည်းခွဲခြားခံရမှုကြား ဒေါသတွေကို မြိုသိပ်/ ရည်မှန်းချက်တစ်ခုကိုသာအာရုံစူးစိုက်မှု အပြည့်ဖြင့် အနိုင်ယူခဲ့ပုံကလည်း အတုယူ အားကျဖွယ်ကောင်းလှပါတယ်။ ဒါ့ပြင် နည်းပြဆရာတစ်ဦးရဲ့စေတနာ / ပြိုင်ဘက်ကောင်းတွေရဲ့အားကစားစိတ်ဓာတ် ပြည့်ဝမှုတွေနဲ့ သမိုင်းနောက်ခံဇာတ်ကွက်ကိုပါ လေ့လာခွင့်ရမယ့် ဇာတ်ကားကောင်းမို့ ကြည့်ရှုရကျိုး နပ်မှာပါ။ CM ပရိသတ်များ အားပေးလိုက်ကြပါဦး။   (ဇာတ်ကားအညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)     File Size         : 952 MB Quality           : Blu ray 720P Running Time : 2hr 14 minute Format           : Mp4 Genre             : Biography,Drama,sport Encoder         : Joker.phs  
movie

Race (2016)

2016