Channel Myanmar

David Lafontaine

A Royal Recipe for Love (2023) 6
A Royal Recipe for Love (2023) A royal recipe for love (2023)A Christmas Masquerade ကားထဲက ခေါင်းဆောင်မင်းသားဖြစ်တဲ့ David Lafotaine ဦးဆောင်ပါဝင်ထားတဲ့ Rom-Com ကားလေးတစ်ကားကို ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးပါရစေCM ပရိသတ်ကြီးတို့ ဇာတ်လမ်းပေါင်းစုံ အမျိုးအစားပေါင်းစုံကို ကြိုက်နှစ်သက်သလို ခုလိုမျိုး ပေါ့ပေါ့ပါးပါးနဲ့ မိသားစုစုံညီ ပိတ်ရက်လေးမှာ ကြည့်လို့ရမယ့်ဇာတ်ကားလေးတွေလည်း တခါတလေကြည့်ချင်မှာပါပဲ ငယ်ဘဝမှာ တီဗီကလာတဲ့ဇာတ်လမ်းမျိုးကြည့်ရတဲ့ အရသာပေါ့…. ခုဇာတ်လမ်းလေးကတော့ တော်ဝင်မင်းသားလေး အိုလီဗာက အချက်အပြုတ်ဝါသနာပါသူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ မုန့်ဖုတ်ဆရာမလေး အမ်မာနဲ့ စူပါးမားကတ်တစ်ခုမှာ ဆုံခဲ့ပါတယ် ဟင်းချက်တာကိုပဲ ဝါသနာပါပြီး ဟိတ်ဟန်နဲ့မနေချင်တဲ့ အိုလီဗာနဲ့ မုန့်ဖုတ်လက်ရာကောင်းပြီး မအောင်မြင်သေးပေမဲ့ စိတ်ထားကောင်းတဲ့ အမ်မာလေးတို့ဟာ မင်းသားအိုလီဗာရဲ့ မိဘတွေနှစ်ပတ်လည်မှာ အစားအသောက်တာဝန်ယူချက်ပြုတ်ဖို့ အိုလီဗာရဲ့ညီမ မင်းသမီး အဲလက်ဇန်ဒရာကဖိတ်ခေါ်လိုက်တဲ့အခါမှာ Rom com တို့ရဲ့ဇာတ်လမ်းသွားလေးအတိုင်းပဲ ဟာသလေးတွေ ကြည်နူးစရာလေးတွေ ပေါ့ပေါ့ပါးပါးဒိုင်ယာလော့ခ်လေးတွေနဲ့ မေတ္တာတရားကို ပုံဖော်သွားမှာဖြစ်လို့ မိသားစုနဲ့အတူ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Comedy, Romance Quality…. 1080p ...
movie

A Royal Recipe for Love (2023)

2023
10 Truths About Love (2022) 6
10 Truths About Love (2022)    ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ...
movie

10 Truths About Love (2022)

Mommy’s Little Star (2022) 4.6
Mommy’s Little Star (2022) Mommy's Little Star (2022) ====================မိသားစုအတူတူ ဒါမှမဟုတ် မေမေနဲ့အတူကြည့်လို့ကောင်းမယ့် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Thriller လို့ဆိုပေမဲ့ တကယ်တမ်းတော့ ဒီတိုင်းအပျော်လေး ကြည့်လို့ကောင်းမယ့်ကားမျိုးပါ။အော်လီဗီယာဆိုတဲ့ ၁၂ နှစ်အရွယ်ကောင်မလေးဟာ မိဘတွေကွာရှင်း ထားတာကြောင့် အဖေနဲ့ပဲ နေရသူပါ။ အမေနဲ့လည်းနေချင်ပေမဲ့ သူ့အမေရဲ့ အခြေအနေတချို့ကြောင့် နေခွင့်မရသေးပါဘူး။ တစ်နေ့ တော့ သူ့အမေနဲ့အချိန်များများနေခွင့်ရဖို့ သူအမေဆီက ချီကျူးခံရဖို့ ကိုမျှော်လင့်ပြီး ဆိုရှယ်မီဒီယာကနေတဆင့် နာမည်ကြီးလုပ်ဖို့ စဉ်းစား မိသွားပါတယ်။အဲဒီလိုနဲ့ ဆိုရှယ်မီဒီယာမှာ influencer ဖြစ်ခွင့်ရမယ့် ပြိုင်ပွဲတစ်ခုကို ၀င်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီပြိုင်ပွဲဟာ ထင်သလောက် မရိုးရှင်းခဲ့ပါဘူး။ အော်လီဗီယာ့ပြိုင်ပွဲကို ကိုယ်ကျိုးရှာတဲ့မသမာသူတွေ ‌ ၀င်နှောင့်ယှက်တာခံနေရမှန်း မိခင်ဖြစ်သူလော်ရင်းန် ရိပ်မိသွားတဲ့အခါမှာ တော့ အော်လီဗီယာတစ်ယောက် အကြီးအကျယ်မျှော်လင့်ထားခဲ့သလို ပြိုင်ပွဲမှာ အနိုင်ရပါ့မလား၊ သူတို့မိသားစု ဘယ်လိုအခက်အခဲတွေ အန္တရာယ် တွေကို ရင်ဆိုင်ရမလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်)File Size..........(1.72 GB) / (620 MB) / (383 MB) Quality............WEB-RIP 1080p / 720p ...
movie

Mommy’s Little Star (2022)

2022
A Christmas Masquerade (2022) 5.2
A Christmas Masquerade (2022) A Christmas Masquerade(2022)လော်ရာနဲ့ ဂျူလီဟန်းတို့ဟာ အလုပ်အတူတွဲလုပ်ကြတဲ့ best fri တွေပေါ့လော်ရာက PR(public relations) လုပ်တယ် ဂျူလီယန်းက လော်ရာရဲ့ assistant ပေါ့တစ်နေ့မှာ အလုပ်တွေအသားကုန်လုပ်နေရတဲ့လော်ရာတစ်ယောက် ခနတဖြုတ်အေးဆေးအနားယူချင်တာနဲ့ သူ့ရဲ့လက်ထောက်လဲဖြစ် bestie လဲဖြစ်တဲ့ ဂျူလီယန်းကို ပါတီတစ်ခုသူ့အစားသွားတက်ခိုင်းပါတော့တယ်ကံဆိုးသလားကံကောင်းလားတော့မသိဘူး ပါတီသွားတက်တဲ့ဂျူလီယန်းတစ်ယောက် လော်ရာ့နေရာကနေဟန်ဆောင်ရင်းအဟန်ဆောင်လွန်ပြီး မိုက်ကယ်ဆိုတဲ့ ခန့်ချောကြီးကို PRလုပ်ပေးဖို့ဖြစ်လာတော့တယ်ကောင်မလေးနှစ်ယောက်လဲ မတတ်သာတဲ့အဆုံး ရာထူးတွေချ်ိန်းကုန်ပြီး အရင်က PR လုပ်တဲ့ လော်ရာက assistant ပြန်လုပ် အရင်က assistant လုပ်တဲ့ ဂျူလီယန်းကလော်ရာ့အစား PR ပြန်လုပ်တွေဖြစ်ကုန်ပြီးလူ့ဂွစာကြီး မိုက်ကယ်နဲ့ဘယ်လို ဆက်ခရီးဆက်မလဲကြည့်ရမှာ Christmas ကာလမှာ couple တွေအနေနဲ့ အိမ်မှာအတူတူစောင်လေးခြုံကွေးပြီး ကြည့်လို့ကောင်းမယ့် Christmas Love story လေးတစ်ပုဒ်ပါ ။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hein That Naing ပါ ...
movie

A Christmas Masquerade (2022)

The Road Ahead (2021) 5.2
The Road Ahead (2021) The Road Ahead (2021)===================ချစ်သူစုံတွဲအဖြစ် အကြာကြီးတွဲခဲ့တဲ့ လီယမ်နဲ့ မီယာတို့ရဲ့ ဘ၀ကရိုးရှင်းပါတယ်။ 2 ယောက်လုံးဘွဲ့ရအလုပ်ရတယ် လီယမ်ကကုမ‌္ပဏိတစ်ခုမှာအလုပ်လုပ်တယ် မီယာက ဂျာနယ်လစ်အလုပ်သင်တစ်ယောက်... သူတို့နှစ်ယောက်လုံး စိတ်ကူးထဲကအိမ်လေးတစ်လုံးကို၀ယ်နိုင်ခဲ့ပြီး လက်ထပ်လိုက်ကြတယ်... ‌ ‌ တကယ့်ဇာတ်လမ်းကအခုမှစတာပါ အိမ်ထောင်သက်နှစ်အနည်းငယ်ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက်ညီးငွေ့လာတယ်... မနက်က ညမိုးချုပ်အထိ နှစ်ယောက်လုံးအချိန်က အလုပ်မှာ...ဆက်ဆံရေး တစ်ခုကအေးစက်လာတယ်... တစ်နေ့ မီယာ့ဆီမှာ ပန်ကရိယကင်ဆာရှိနေတာကိုသိသွားပြီး အသက်ရှင်ချိန် 2 လပဲကျန်တော့တဲ့အချိန်မှာ လီယမ်နဲ့မီယာတို့ 2 ယောက်လုံးအလုပ်ထွက်၊ ပိုင်ဆိုင်မှုအိမ်ကား ပရိဘောဂအကုန်ရောင်းလိုက်ကြပြီး ဗန်ကားတစ်စီးနဲ့ မြောက်အမေရိကတိုက်ကို မ‌ီယာရဲ့လက်ကျန်အချိန်မှာဖြတ်သန်းဖို့ လမ်းပေါ်တက်ခဲ့ကြပါတယ်.... (ဒီဇာတ်လမ်းရဲ့အညွှန်းကို Thiha Yan Naing ရေးသားပြီး ဘာသာပြန်ပေးသူများကတော့ Thiha Yan Naing, Chuck Chuck တို့ဖြစ်ပါတယ်)File Size - (1.28GB) /(582 MB) / (391 MB) Quality – WEBRIP 1080p / 720p/480p Duration - 1h 30 mins Subtitle – Myanmar ...
movie

The Road Ahead (2021)

2021
Witches in the Woods (2019) 4.2
Witches in the Woods (2019) Witches in the Woods (2019)======================IMDb Rating - 4.2/10#Unicodeဒီဇာတ်လမ်းလေးကတော့ ၂၀၁၉ ကထွက်ရှိထားတဲ့ Horror/Thriller/ Mystery ဆန်ဆန် ဇာတ်ကား လေးပါ။ ဇာတ်လမ်းကတော့ အပျော်ခရီး ထွက်လာကြတဲ့ သူငယ်ချင်းတစ်သိုက်တောလမ်းတစ်နေရာမှာ လမ်းပျောက်နေကြတယ်။ သူတို့လမ်းပျောက်နေတဲ့နေရာက စုန်းနဲ့ ပတ်သက်ပြီးဇာတ်လမ်းလေးရှိခဲ့တဲ့နေရာ။ ရာသီဉတုကလည်း နှင်းတွေကျပြီး အပူချိန်ကလည်း အနှုတ်ပြနေတယ်။ ဒီတော့ ဒီသူငယ်ချင်းတစ်သိုက် ဆိုးဝါးတဲ့ရာသီဉတုအောက်မှာ စုန်းဇာတ်လမ်း ရှိတဲ့တောထဲဘယ်လိုရှင်သန်ကြမလဲ။ စုန်းကဝေကားတွေထဲကလိုမျိုး တောထဲမှာ စုန်းကဝေတွေနဲ့ တွေ့ပြီး ဖိုက်တင်ချကြမှာလား။ ဒါမှမဟုတ် စွန့်စားခန်းတွေဖွင့်ပြီး လမ်းရှာကြမှာလား။ သေချာတာကတော့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ အဖြေကိုတော့ဇာတ်လမ်းကိုကြည့်မှပဲသိရမှာပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။)Quality –  720p BluRayDuration - 1hr 32minSubtitle – Myanmar HardsubFormat – Mp4Genre : Horror, ...
movie

Witches in the Woods (2019)

2020
Molly’s Game (2017) 7.4
Molly’s Game (2017) Molly's Game (2017) IMDb - 7.4/10_____Rotten - 81%   Molly's Game ဟာ နာမည်ကြီးဟောလိဝုဒ်ကြယ်ပွင့်တွေ စီးပွားရေးပညာရှင်တွေ အားကစားသမားတွေ ပါဝင်ကစားခဲ့တဲ့ပိုကာဝိုင်းတွေကို အသက် ၂၆နှစ်အရွယ်နဲ့ဦးစီးလုပ်ဆောင်ခဲ့သူ Molly Bloomအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်ပါတယ်…ပိုကာဝိုင်းတွေကို ကော်မရှင်ခယူပြီး တရားမဝင်ဦးစီးခဲ့တဲ့အတွက် အစိုးရ ရဲ့တရားစွဲဆိုမှုအပေါ် အရည်အချင်းပြည့်လှတဲ့ရှေ့နေတစ်ဦးနဲ့ပေါင်းကာ တရားရင်ဆိုင်ကြပုံကို ရှုစားကြရမှာပါ…ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်…မော်လီဟာ ငယ်ရွယ်စဉ်ဘဝတုန်းကတော့ အိုလန်ပစ်ပွဲတွေမှာ စကိတ်ပြိုင်ပွဲတွေဝင်နိုင်ဖို့ရည်သန်ပြီး စကိတ်အားကစားကို ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့သူတစ်ဦးပါ…အသက် ၁၃နှစ်အရွယ်မတိုင်ခင်ကတည်းက ပြည်နယ်ရဲ့ထိပ်တန်းလက်ရွေးစင်တစ်ဦးလည်းဖြစ်ခဲ့ပါတယ်…တစ်နေ့မှာတော့ သူ့ရဲ့ဝါသနာပါရာအားကစားကို ရပ်တန့်ပစ်ရတော့မယ့် အခြေအနေဆိုက်လာပါတယ်…ကျောရိုးမကြီးမှာပြင်းပြင်းထန်ထန် အရိုးကွေးညွတ်မှုဖြစ်လာတဲ့အတွက်…မော်လီ့ကို ဘယ်တော့မှ စကိတ်မစီးဖို့ ဆရာဝန်က မှာလိုက်ပါပြီ…ဒါကြောင့် အထက်တန်းအောင်မြင်ပြီးနောက် မော်လီဟာ ဥပဒေကျောင်းဆက်မတက်သေးဘဲ နယူးယော့ခ်ကို ပြောင်းလာပါတယ်…ဘားတစ်ခုမှာစားပွဲထိုးဝင်လုပ်ရင်း…သူ့Careerတစ်ခုလုံးကို ပြောင်းလဲသွားစေမယ့် အလုပ်ရှင်တစ်ဦးနဲ့တွေ့ပါတော့တယ်…ပိုကာဝိုင်းမှာ စာရေးမ အနေနဲ့ လုပ်ဖို့ပါ…ဒီလိုနဲ့ မော်လီဟာ နောက်ပိုင်းမှာ ဘယ်လိုတွေများ ပိုကာဝိုင်းတွေကို ဆက်လက်ဦးစီးပြီး…ဝင်ငွေသန်းနဲ့ချီရအောင်ဆောင်ရွက်နိုင်ခဲ့သလဲ…လောကဓံအလှည့်အပြောင်းကို ဘယ်လိုများခံနိုင်ရည်ပြင်းပြင်းနဲ့ ရင်ဆိုင်ခဲ့တယ်ဆိုတာ ဆက်လက်ရှုစားကြပါ  (ဘာသာပြန်ပေးထားသူကတော့ ကျောင်းအုပ်ဆရာမကြီး မဝင်ဒီပါ)    Molly's ...
movie

Molly’s Game (2017)

2017