Channel Myanmar

David Lengel

Fantasy Football (2022) 5.6
Fantasy Football (2022) စိတ်ကူးယဉ်ရုပ်ရှင်ဆန်းဆန်းကောင်းကောင်းလေးတစ်ကားပါ။ဘော်ဘီကိုးလ်မန်းဟာတစ်ချိန်က ဆုရနာမည်ကျော်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် အခုချိန်မှာလူငယ်နောက်ပေါက်တစ်ယောက်ရဲ့ ကျော်တက်မှုကြောင့်ခံပြင်းနေရပါတယ်။ အဲ့ဒီလူငယ်ကစားသမားရဲ့အိမ်ပါတီကအပြန် ပါလာတဲ့လက်ဆောင်ကိစ္စ သမီးငယ်နဲ့ စကားများကြရာက နှစ်ယောက်လုံးမိုးကြိုးပစ်ခံလိုက်ရပါတယ်။ နောက်တစ်နေ့မှာတော့ ဘောလုံးဂိမ်းမှာကျွမ်းကျင်အဆင့်သူ့သမီးငယ်ဟာ ဂိမ်းခလုတ်ကတစ်ဆင့်ကွင်းထဲက သူ့ရဲ့လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်ကြောင်းအမှတ်မထင်တွေ့ရှိပြီးသွားတဲ့နောက်မှာတော့.. ဘော်ဘီ့အနေနဲ့မကြေပွဲတွေအကြိမ်ကြိမ်နွှဲရင်းအရင်လိုအောင်မြင်မှုမျိုးတွေ ပြန်လည်ရရှိလာပါတော့တယ်။ ဒါပေမယ့်လဲ တစ်ဖက်က သမီးငယ်ဖြစ်သူ ကာလီကတော့ အောင်မြင်လာတဲ့သူ့အဖေရဲ့ အရှိန်နဲ့ ကိုယ်ပိုင်ဘဝတစ်ခုလုံး ပျောက်ဆုံးလာတယ်လို့ခံစားမိတဲ့နောက် ကတောက်ကဆဖြစ်ပြီး သူ့နောက်ကွယ်ကနေ ဗီဒီယိုဂိမ်းမကစားပေးနိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ဘော်ဘီ သိပ်လိုချင်ခဲ့တဲ့ အောင်မြင်မှုကနေလွဲချော်သွားတော့မလား? ဒီလိုမရိုးဖြောင့်တဲ့နည်းနဲ့ရတဲ့အောင်မြင်မှုတွေကို သူဘယ်ချိန်ထိဆက်လိုချင်နေဦးမလဲ? သူ့ဘဝရဲ့ တကယ်တမ်းဦးစားပေးတွေက ဘာလဲ ဆိုတာတွေကို ဆုံးဖြတ်ရွေးချယ်ဖို့ဖြစ်လာပါတော့တယ်။ အားကစားနောက်ခံ စိတ်ကူးယဉ် မိသားစု ဇာတ်ကားလေးတစ်ကားဖြစ်ပြီး သွက်လက်မြူးကြွတဲ့ဇာတ်အိမ်၊ နောက်ခံသီချင်း အမိုက်စားတွေနဲ့အတူ ကြည်နူးနွေးထွေးမှုအပြည့်နဲ့ခံစားရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.7GB)  / (1.25GB) / (679MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie

Fantasy Football (2022)

Secret Headquarters (2022) 5.0
Secret Headquarters (2022) Paramount ကထုတ်တဲ့စူပါဟီးရိုးကားအသစ်ပါ။Charlie နဲ့သူမိသားစုတို့ဟာပျော်ပွဲစားထွက်ရင်း သူတို့အနားကိုလေယာဉ်ပျက်ကျလို့ Charlie အဖေ Jack ဟာသွားကူညီပါတယ်။အဲဒီမှာ မထင်မှတ်ဘဲ ထူးဆန်းတဲ့အရာနဲ့ထိတွေ့ပြီး Charlie တို့မိသားစုရဲ့ကံကြမ္မာကလည်း လုံး၀ပြောင်းလဲသွာရပါတော့တယ်။The Adam Project မှာ နာမည်ရလာတဲ့ ကလေးသရုပ်ဆောင်လေး Walker Scobell အပြင် နာမည်ကျော်မင်းသားကြီး Owen Wilson တို့ပါ၀င်ထားပါတယ်။ဒါ့အပြင် ပါရမီရှိတဲ့ တခြားကလေးသရုပ်ဆောင်တွေလည်း အားဖြည့်ထားပါတယ်။Superhero ရုပ်ရှင်ဆိုတဲ့အတိုင်း superpower တွေနဲ့ Fight scene တွေကအဆင့်မြင့်ပြီး အဖေဖြစ်သူနဲ့သားကြားက Dynamic ကိုလည်းစိတ်ဝင်စားဖွယ်ရာတင်ဆက်ထားပါတယ်။မိသားစုလိုက်ကြည့်ရင်လည်း မပျင်းရမယ့်ဇာတ်ကားမျိူးပါ။File Size__ (1.7GB) / (940 MB) Quality__ WEB-DL 1080p , 720p IMDb Rating__5.0/10 Format__mp4 Duration__01:45:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by SP Encoded by Naing Aung Latt
movie

Secret Headquarters (2022)

Jungle Cruise (2021) 7
Jungle Cruise (2021) Jungle Cruise (2021)တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူးပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့ "ရူးတိုးတိုး"part 1 and 2ဇာတ်ကားထဲက မင်းသမီး "Emily Blunt" တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး "ဖရန့်"ဦး​ဆောင်ကာ ​ဒေါက်တာ"လီလီဟော်တန်"နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ "လမျက်ရည်"ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါအဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့...အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ CM ...
movie

Jungle Cruise (2021)

2021
4K HEVC
Richard Jewell (2019) 7.5
Richard Jewell (2019) unicodeဖစ်ရပ်မှန်ရုပ်ရှင်ကားတစ်ကား ထပ်ပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။၁၉၉၆ ဇူလိုင်လမှာ အမေရိကန် ဆန်တန်နီရယ်အိုလံပစ်ပန်းခြံမှာ ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီးလူ ၂ ယောက်သေ၊ ၁၀၀ ကျော်ဒဏ်ရရခဲ့ပါတယ်။ဒီဗုံးရဲ့ပြင်းအားနဲ့ လူဦးရေအရ ဒီထက်ပိုသေပြီးထိခိုက်နိုင်ပေမယ့် ကယ်တင်ရှင်တစ်ယောက်ကြောင့် သက်သာခဲ့တာပါ။အဲဒီလူကတော့ အဆိုပါဗုံးကို တွေ့ပြီးလူတွေကို ဖယ်ရှားခိုင်းခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ရစ်ချက် ဂျူဝယ်ပါပဲ။နေ့ချင်းညချင်းပဲ ရစ်ချက်ဟာနိုင်ငံတော် သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် ဒီဂုဏ်ယူမှုဟာ ရက်ပိုင်းပဲ ခံပါတယ်။အက်ဖ်ဘီအိုင်က သူ့ကို သူရဲကောင်းလုပ်ချင်စိတ်၊နာမည်ကျော်ကြားလိုစိတ်ကြောင့် ဗုံးခွဲသူလို့ သံသယဖြစ်ပြီး၊သတင်းတွေမှာလည်း ပါလာတဲ့အခါရစ်ချက်ရဲ့ ဘဝ ကပြောင်းကပြန်တွေ ဖြစ်လာပါတော့တယ်။အဲဒီအက်ဖ်ဘီအိုင်နဲ့ မီဒီယာတွေကို တွန်းလှန်ပြီး အမှန်တရားကိုသက်သေပြဖို့ ရစ်ချက်ရယ် သူ့ရဲ့ မိတ်ဆွေဟောင်းဒေါသအိုးရှေ့နေကြီး ဝက်ဆန်ဘရိုင်းယန့်ရယ် ကြိုးစားကြတဲ့အခါ….File Size : (1 GB , 235 MB ) Quality : WEB-DL 720p Running Time : 2 hr 11 min Format : ...
movie

Richard Jewell (2019)

Philophobia: or the Fear of Falling in Love (2019) 5.7
Philophobia: or the Fear of Falling in Love (2019) Radioအသံလွှင့်အစီအစဉ်မှာ အသင့်အတင့်နာမည်ရနေတဲ့ဒေမီယမ်ဘူစတာဆိုသူတစ်ယောက်ကသူ့ရဲ့လူပျိုဘဝကိုပျော်ပျော်ပါးပါးဘဲဖြတ်သန်းနေသူတစ်ဦးပေါ့။တစ်နေ့တော့ သူ့ကောင်မလေးဒန်နီရယ်ကသူ့ကိုအတည်ရည်ရွယ်တဲ့အတွက်သူ့အမေနဲ့မနက်စာလာစားတဲ့ဆီကိုလာခဲ့ဖို့ခေါ်ပေမယ့်ဘာကိုမှအတည်မရည်ရွယ်ချင်သူဒေမီယမ်ကတော့ ငြင်းလိုက်တာပေါ့။အဲ့တာနဲ့ သူ့စော်ကလည်းမလာရင်ပြတ်ပြီဆိုပြီး ထားသွားပါတော့တယ်။သူ့သူငယ်ချင်းတစ်ယောက်ကို ဟော်လိဝုဒ်ကိုလာလည်တဲ့အခိုက်ပျော်အောင်ထားချင်ပေမယ့်သူ့စိတ်ကိုသူ့ခံစားချက်တွေနှောက်ယှက်ကြီးစိုးနေပုံတွေကို ရိုက်ပြထားတာပါ။နည်းနည်းကြောင်တောင်တောင်နိုင်လို့ Trailerကြည့်ပြီး ကြည့်ရှုလိုက်ပါအုံး။ File Size : ( 798 MB , 299 MB )Quality :  Web-DL 720pRunning Time : 1 hr 25 minFormat : Mp4Genre :   Comedy , Horror , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Moe LayEncoded by ...
movie

Philophobia: or the Fear of Falling in Love (2019)

2018