Channel Myanmar

David Leon

Walking with the Enemy (2013) 6.5
Walking with the Enemy (2013) ဒီဇာတ်ကားကတော့ ဖြစ်ရပ်မှန်ကိုကိုးကားပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ဂရမ်မီဆုရှင် မင်းသားကြီး Ben Kingsley ကဟန်ဂေရီနိုင်ငံခေါင်းဆောင်ရီဂျန့်ဟော်သီအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒုတိယကမ္ဘာစစ်ကာလအပိုင်းအခြားကဟန်ဂေရီနိုင်ငံသား ဂျူးလူမျိုးကောင်လေးတစ်ယောက်ဟာနာဇီတွေဝင်ရောက်လာပြီးနောက်အလုပ်သမားစခန်းကိုပို့ခံလိုက်ရပါတော့တယ်။အလုပ်သမားစခန်းမှ မိသားစုဝင်တွေဆီကိုသက်စွန့်ဆံဖျားစခန်းကနေ ခိုးထွက်ပြီးပြန်လာတဲ့အချိန်မှာမျှော်လင့်ထားသလို မိသားစုဝင်တွေကိုမတွေ့ရတော့သောအခါ မိသားစုဝင်တွေကို လိုက်ရှာရင်းရင်ဆိုင်ရတဲ့ အခက်အခဲတွေ။ရန်သူတွေကြားထဲကို အယောင်ဆောင်ဝင်ရောက်ပြီးမိမိလူမျိုးတွေကို တက်နိုင်သမျှကယ်တင်ပုံတွေ။ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ နာဇီတွေဂျူးတွေအပေါ်ရက်စက်ကြမ်းကြုတ်ပုံတွေ၊ နိုင်ငံရေးလှည့်ကွက်တွေအပြင်စစ်ပွဲရဲ့ ရက်စက်ပုံတွေကို ကွင်းကွင်းကွက်ကွက်ရိုက်ကူးတင်ပြထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…  1.90 GB /  772 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 2h 4m Genre .....  Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Eunice
movie

Walking with the Enemy (2013)

2013
RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)