Channel Myanmar

David Murray

I, Daniel Blake (2016)
I, Daniel Blake (2016) ဒီတစ်ခါမှာတော့ IMDB 7.8/10 ရထားပြီး RT 92% တောင်ရရှိထားတဲ့ဇာတ်‌ကားကောင်းလေးကို CM က တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကိုတော့ မင်းသား ဒေ့ဗ်ဂျွန်နဲ့ မင်းသမီးဟေးလေး စကွိုင်ရာက အဓိကသရုပ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အသက် ၅၉ နှစ်အရွယ်ရှိတဲ့ဒန်နီယယ်ဘလိတ်ခ်ဆိုသူက အလုပ်လုပ်ရင်း နှလုံးဖောက်လာလို့ထောက်ပံ့ကြေး လျှောက်ရာမှာ ပယ်ချခံလိုက်ရပါတယ်။လုပ်သက် နှစ် ၄၀ ရှိတဲ့ လက်သမားတစ်ယောက်ဖြစ်တဲ့ဒန်နီယယ်ကို ဆရာဝန်တွေက အလုပ်မလုပ်သင့်ဘူးလို့ဆုံးဖြတ်ထားပေမယ့် ထောက်ပံ့ကြေးဌာနကအလုပ်လုပ်သင့်တယ်ဆိုပြီး ဆုံးဖြတ်တာကြောင့်ဒန်နီယယ်တစ်ယောက် အလုပ်ရှာ ထောက်ပံ့ကြေးကိုလျှောက်ဖို့ လုပ်ရပါတော့တယ်။ ဘဝတစ်လျှောက်လုံးကို ရိုးရှင်းစွာ ဖြတ်သန်းလာတဲ့ဒန်နီယယ်တစ်ယောက် ကွန်ပျူတာ မသုံးတတ်ဘဲအွန်လိုင်းကနေ လျှောက်ဖို့အတွက် ရုန်းကန်ရပါသေးတယ်။ဒီလို အခက်အခဲတွေကြားမှာ သူနဲ့ ဘဝတူ အမျိုးသမီးငယ်လေးကေတီတို့ မိသားစုနဲ့ တွေ့တဲ့အခါမှာ သားသမီးမရှိတဲ့ဒန်နီယယ်တစ်ယောက်ရဲ့ ဘဝမှာ အနည်းငယ် စိုပြေလာပါတော့တယ်။ ဒီအခါမှာ သူတို့ရဲ့ ဘဝတွေမှာ ဘာတွေဆက်ဖြစ်လာမှာလဲ?အခက်အခဲတွေနဲ့ သူတို့ရဲ့ ဘဝအတွက် ရုန်းကန်ပုံတွေကိုမင်းသားမင်းသမီးတွေရဲ့ သရုပ်ဆောင်ကောင်းမှုတွေနဲ့အတူကြည်နူးတစ်လှည့် ဝမ်းနည်းတစ်လှည့်နဲ့ ရသ‌စုံအောင် ကြည့်ရှုရမှာပါ။ File size…  ...
movie

I, Daniel Blake (2016)

2016
Indiana Jones and the Last Crusade (1989) 8.2
Indiana Jones and the Last Crusade (1989) Indiana Jones and the Last Crusade (1989)IMDb Rating (8.4) / Rotten Tomatoes (84%)+++++++++++++++++++++++++Indiana Jones Franchise (1981-2023)George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ...
movie

Indiana Jones and the Last Crusade (1989)

1989
4K HEVC
G.I. Joe: The Rise of Cobra (2009) 5.8
G.I. Joe: The Rise of Cobra (2009) G.I. Joe: The Rise of Cobra (2009)_____IMDb - 5.8/10 ၁၆ ရာစုနှစ် ပြင်သစ်ဘုရင် လူဝီ ၁၃ လက်ထက်မှာ ဂျိမ်းစ် မက်ကောလင်း လို့ခေါ်တဲ့ စကော့တလန်လူမျိုးတစ်ဦးကို သံမီးဖုတ် မျက်နှာစွပ်ပေးပြီး အပြစ်ဒဏ်ပေးခဲ့တယ် ။ သူ့ရဲ့ အပြစ်ကတော့ လူဝီဘုရင်ကို လက်နက်တွေ တီထွင်ပေးပြီး တစ်ခြားရန်သူတွေကိုလည်း လက်နက် ရောင်းတဲ့ သစ္စာဖောက်မှုပေါ့ ။ လက်နက်တီထွင်သူဆိုတာ ဘက်တစ်ဘက်တည်းကိုပဲ တီထွင်ပေးရတယ် နှစ်ဘက်ခွ တီထွင်ပေးရင် သစ္စာဖောက်ပေါ့ ။ဒီဘက်မျက်မှောက်ခေတ်ဘက်ရောက်လာတော့ ဂျိမ်းစ်မက်ကောလင်းရဲ့ မျိုးဆက်တွေဟာ ကာဇတ်စတန်နိုင်ငံမှာ မားစ် ဆိုတဲ့ နာမည်နဲ့ လက်နက်ကုမ္ပဏီ ဖြစ်လာခဲ့ကြတယ် ။ အဲဒိကုမ္ပဏီက NATO ရဲ့ အထောက်အပံ့နဲ့ လက်နက်သစ်တစ်မျိုး စမ်းသပ်အောင်မြင်သွားတယ် ။ အဲဒိလက်နက်ကတော့ သတ္ထုတွေကို စားပစ်တဲ့ နာနိုမိုက်လို့ ခေါ်တဲ့ ဗိုင်းရပ်ပဲပေါ့ ။ ...
movie

G.I. Joe: The Rise of Cobra (2009)

2009
HEVC 1080p 5.1
King Arthur (2004) 6.3
King Arthur (2004) [Unicode]IMDb Rating - 6.3/10ဗြိတိန်ပြည်ရဲ့နန်းတည်ဘုရင် အာသာ.. စားပွဲဝိုင်းက သူရဲကောင်းများ.. သူတို့အကြောင်းကို ကျွန်တော်တို့ ကလေးဘဝကတည်းက ဇာတ်လမ်းအမျိုးမျိုးမှာ ပုံစံအမျိူးမျိုးနဲ့ မြင်ခဲ့သိခဲ့ ရပြီးပါပြီ။ သမိုင်းသုတေသီတွေက ၁၅ရာစုက ဘုရင်အာသာနဲ့ သူ့ရဲ့ သူရဲကောင်းတွေအကြောင်း ဂန္တဝင်ဇာတ်လမ်းဟာ အမှောင်ခေတ်လို့ခေါ်ကြတဲ့ ၅ရာစုဝန်းကျင်ကာလမှာ တကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ကနေ ပေါ်ပေါက်လာတယ်လို့ လက်ခံထားကြပါတယ်။ အထောက်အထားတစ်ချိူ့လည်းတွေ့ထားတယ် ဆိုပါတယ်။ တကယ့်အာသာဟာ ဒဏ္ဍာရီထဲက အာသာထက် ဆယ်ရာစုစောပေါ်ခဲ့တာပါတဲ့။ ဒီတစ်ခါဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနနဲ့ သမိုင်းတွေ့ရှိချက်တွေအရ အာသာရဲ့ ဖြစ်ရပ်မှန်နဲ့ အနီးစပ်ဆုံးလို့ဆိုရပါမယ်။အာသာကို လွတ်လပ်မှုနဲ့ သာတူညီမျှ ဝါဒကိုလက်ကိုင်ထားတဲ့ ရောမသူရဲကောင်းအနေနဲ့ ပုံဖော်ထားပါတယ်။ သူရဲ့သူရဲကောင်းတွေကိုတော့ ရောမကို ကျေးဇူးကြွေးဆပ်နေရတဲ့ ဆာမားတီးယန်း မြင်းသည်တော်တွေအနေနဲ့ပုံဖော်ထားပါတယ်။ သူရဲကောင်းတွေကို တာဝန်မှကင်းလွတ်ခွင့်ပေးရမဲ့ အချိန်မှာ ရောမပြည်က နောက်ဆုံးတာဝန်တစ်ခု ပေးအပ်ခဲ့ပါတယ်....။ လွတ်လပ်မှုကိုရဖို့ နောက်ဆုံးတာဝန်ကို ထမ်းဆောင်ရတဲ့ အာသာနဲ့ သူရဲကောင်းတွေရဲ့ ခရီးနဲ့ တိုက်ပွဲကို ဇာတ်အိမ်တည်ထားပါတယ်။Clive Owen, Keira Knightley Mads Mikkelsen,Ioan Gruffudd လို နာမည်ကျော်သရုပ်ဆောင်တွေပါပါတယ်။ ရိုက်ချက်တွေ Battle Sceneတွေလှပါတယ်။ Rating ...
movie

King Arthur (2004)

2004
HEVC 1080p 5.1