Channel Myanmar
David Ogden Stiers
Mickey’s Magical Christmas: Snowed in at the House of Mouse (2001) 6.6
Mickey’s Magical Christmas: Snowed in at the House of Mouse (2001) Mickey's Magical Christmas: Snowed in at the House of Mouse (2001)ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of ...
movie
Mickey’s Magical Christmas: Snowed in at the House of Mouse (2001)
2001
Leroy & Stitch (2006) 6.1
Leroy & Stitch (2006) Leroy & Stitch (2006) ================= IMDb Rating - 6.1/10ဒီတစ်ခါ Movie လေးမှာတော့ သုတေသန ၆၂၅ ကောင်ကို မရလိုက်ဘဲ ထောင်ကျသွားတဲ့ Dr. Hamsterviel ကို Gantu က ထောင်ဖောက်ပြီး ပြန်ကယ်လိုက်ပါတယ်။ Lilo နဲ့ Stitch ကတော့ အလေအလွင့်ဖြစ်ပြီး ကျွန်းပေါ်ပျံ့ကုန်တဲ့ သုတေသနတွေကို ပြန်စုဆောင်းပေးတဲ့အပြင် အိမ်ပါ ရှာပေးလိုက်နိုင်လို့ ဆုအချီးမြှင့်ခံနေရချိန်ပေါ့။Stitch, Jumba, Pleakley တို့သုံးယောက်ကို ရာထူးကြီးတွေပေးပြီး ဂြိုလ် ပေါ်ပြန်ခေါ်ဖို့လုပ်ပေမယ့် Lilo မျက်နှာကြောင့် မနေခဲ့ဖြစ်ကြပါဘူး။ ဒါပေ မယ့် ဝါသနာပါတဲ့နေရာအသီးသီးကို ဆုရထားတဲ့ ၃ယောက်ကတော့ လူက ဟာဝိုင်အီ စိတ်က Turo ဂြိုလ်ဖြစ်နေခဲ့ကြတယ်လေ။ ငိုချင်လျက် လက်တို့ ဖြစ်နေသူ ၃ယောက်သားကို မကြည့်ရက်လို့ Lilo ကပဲ ဂြိုလ်ပေါ်သွားနေဖို့ ပြန်ဖျောင်းဖျလိုက်ရပါတယ်။ Jumba တစ်ယောက် ဂြိုလ်ပေါ်ရောက်ပြီး သိပ္ပံပညာရှင်အလုပ်ပြန်ရသွားခြင်းက Hamsterviel အတွက် အကွက်တွေ့ စရာပါပဲ။ ရှိနေပြီးသား သုတေသနတွေအားလုံးက Lilo ...
movie
Leroy & Stitch (2006)
2006
Lilo & Stitch 2: Stitch Has a Glitch (2005) 6.2
Lilo & Stitch 2: Stitch Has a Glitch (2005) Lilo & Stitch 2: Stitch Has a Glitch (2005) ============================== IMDb Rating - 6.2/10Lilo and Stitch (2002) ရဲ့ ဇာတ်သိမ်းမှာ Stitch အပါအဝင် Jumba နဲ့ Pleakly တို့ဟာ နယ်နှင်ဒဏ်အနေနဲ့ ကမ္ဘာမြေမှာထားခဲ့ခံရတာကြောင့် Lilo တို့မိသားစုနဲ့အတူနေလာတာ နှစ်အတော်ကြာလာခဲ့ပါပြီ။ Lilo တို့ ညီအစ်မနဲ့အတူ လူတွေကြားမှာ နေသားကျလာတဲ့ Stitch လည်း အရင်လို တာတေလန်အောင် သောင်းကျန်းတတ်တာမျိုး မရှိတော့ပါဘူး။ ဒီလိုနဲ့ Stitch ရဲ့ တည်ငြိမ်မှုက သက်တမ်းကုန်ဆုံးဖို့ဖြစ်လာတော့မှာပါ။တစ်နေ့ထက်တစ်နေ့ စိတ်ဖောက်သောင်းကျန်းတာတွေများလာပြီး အခြေ အနေပိုပိုဆိုးလာတဲ့ Stitch ကို Lilo တောင် နားမလည်ပေးနိုင်တဲ့အချိန်တွေ ရှိလာပါတော့တယ်။ ပြဿနာအရင်းခံကိုသိနေတဲ့ ဂျမ်ဘာတစ်ယောက် Stitch ကို ပြန်ပြင်နိုင်မယ့်နည်းရှာနေချိန် Lilo နဲ့ Stitch ဆက်ဆံရေးက ပိုပိုဆိုးလာ ပါပြီ။ အကြောင်းမရှိထထဖောက်တဲ့ Stitch ကြောင့် Lilo အရှက်ကွဲပေါင်းများ လာပါတော့တယ်။ ...
movie
Lilo & Stitch 2: Stitch Has a Glitch (2005)
2005
Stitch! The Movie (2003) 6.1
Stitch! The Movie (2003) Stitch! The Movie (2003) ================== IMDb Rating - 6.1/10Stitch ကို 626 လို့လည်း ခေါ်ကြတာ Lilo and Stitch fan တိုင်း သိကြမယ်ထင်ပါတယ်။ သုတေသန 626 ဆိုတဲ့နာမည်ဟာ သာမန် နံပါတ်တစ်ခုမဟုတ်ဘဲ Stitch ကိုထွင်ခဲ့တဲ့ ဒေါက်တာ Jumba ရဲ့ သုတေသနအရေအတွက်အလိုက်ပေးထားတာပါ။ ဒီအချက်ကိုတော့ ရုပ်ရှင်ပထမပိုင်းမှာ မဖော်ပြထားခဲ့လို့ Stitch ရဲ့ နံပါတ်လေးကို အထူး တလည်သတိထားမိသူ မရှိခဲ့ကြပါဘူး။ Turo ဂြိုလ်ပေါ်ကို ပြန်မလိုက် ရဘဲ နယ်နှင်ဒဏ်ပေးခံလိုက်ရတဲ့ Stitch တို့သုံးယောက် Lilo အိမ်မှာ သောင်တင်နေချိန်ပေါ့။တစ်ချိန်တည်းမှာပဲ ဒေါက်တာ Jumba ရဲ့ သုတေသနပေါင်း ၆၂၅ ကောင် ကို အပိုင်သိမ်းဖို့ကြံနေတဲ့ ရန်သူဟောင်းတစ်ယောက်လည်းရှိနေပါသေး တယ်။ Stitch တို့ကျေးဇူးနဲ့ အလုပ်ပြုတ်သွားတဲ့ ကပ္ပတိန် Gantu က သုတေ သနအကောင်လေးတွေခိုးဖို့ ကမ္ဘာကိုဆင်းလာခဲ့ချိန်၊ တစ်သက်လုံး ကိုယ့် ကိုယ်ကို အဖော်မဲ့တစ်ကောင်ကြွက်လို့မှတ်ထားတဲ့ Stitch ...
movie
Stitch! The Movie (2003)
2003
Lilo & Stitch (2002) 7.3
Lilo & Stitch (2002) Lilo & Stitch (2002) =============== IMDb Rating - 7.3/10စတစ်ချ်လို့ပြောလိုက်တာ နဲ့ ပြာတာတာ နဲ့ နားရွက်ကြီးကြီး ပြူးကြောင်ကြောင် ကောင်လေးကို အားလုံးမျက်စိထဲ ပြေးမြင်မိကြမှာပါ။ ဒီလောက် နှစ်ပေါင်းများစွာ ကြာခဲ့တာတောင် စတစ်ချ်အရုပ်လေးတွေ စတစ်ချ်အင်္ကျီလေးတွေက လူတွေကြားမှာ ရေပန်းစားနေဆဲပါပဲ။ ခုCMပရိတ်သတ်ကြီးအတွက် ဒီ စတစ်ချ်ကားလေးကို ပြန် လည် ခံစားလို့ရအောင် တစ်ဖန် ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်း ကို အနည်းငယ် ပြန်မိတ်ဆက်ပေးရရင် လီလို ဆိုတာ ဟာဝေယံ ခလေး မလေးတစ်ဦးပါ ချစ်စရာ ဂျစ်ကန်ကန် လူဆိုးမလေးပေါ့ဗျာ။ တစ်ရက်တော့ သူက ခွေးတစ်ကောင်မွေးဖို့အတွက် သူ့အစ်မနဲ့ ညီအစ်မနှစ်ယောက်သား ခွေးထိန်းသိန်း ရေးစခန်းကို သွားပါတယ်။အဲ့မှာလီလို တစ်ယောက် ပြာတာတာ နဲ့ ရယ်စရာခွေးလေး ကို သဘောကျ ပြီး မွေးခဲ့ပါတယ်။ ခွေးလေးနာမည် ကိုတော့ စတစ်ချ်လို့ ပေးလိုက် တာပေါ့။အဲ့မှာပဲ ပြသနာတွေစတော့တာပါ။ တစ်ကယ်တော့စတစ်ချ်က တစ်ခြား ဝေးလံတဲ့ ဂြိုလ်တစ်ခုက သိပ္ပံပညာရှင်တစ်ယောက် ရဲ့တီထွင်မှုပါပဲ။ အဲ့ဂြိုလ်ရဲ့ အာဏာပိုင်တွေက ...
movie
Lilo & Stitch (2002)
2002
The Majestic (2001) 6.9
The Majestic (2001) The Majestic (2001)~ IMDb - 6.9/10, Rotten Tomatoes - 42% ~ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ "ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်" လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ...
movie
The Majestic (2001)
2001
The Man with One Red Shoe (1985)
The Man with One Red Shoe (1985)  မင်းသားကြီး တွမ် ဟန့်ခ်ရဲ့ 1985 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူဖြစ်တဲ့ ကူးပါးဟာ သူ့ရဲ့အထက်အရာရှိဖြစ်တဲ့ညွှန်ကြားရေးမှူး ရို့စ်ကိုဖြုတ်ချပြီး သူ့ရဲ့နေရာကိုယူနိုင်ဖို့အတွက် ရို့စ်က လာဘ်စားပြီးမူးယစ်ဆေးဝါးမှောင်ခိုမှုတွေမှာပါဝင်နေသလိုမျိုးအကွက်ဆင်ခဲ့ပါတယ်။ ဒီလိုနဲ့ ကော်မတီဖွဲ့ပြီးစစ်ဆေးကြတဲ့အခါမှာတော့ ရို့စ်ကသူ့ဘက်ကနေ ပြန်ချေပနိုင်ဖို့အတွက် အချိန်တောင်းခဲ့ပြီး ကော်မတီကလည်း ၄၈ နာရီပေးခဲ့လိုက်ပါတယ်။ ရို့စ်ကလည်း သူ့ရဲ့လူယုံကြီး ဘရောင်းကိုအိမ်ကိုခေါ်ပြီး ရှင်းပြဖို့လုပ်တဲ့အချိန်မှာ ကူးပါးက သူ့အိမ်တစ်အိမ်လုံးမှာ အသံဖမ်းစက်တွေတပ်ထားတာကိုသိထားတာမလို့ ကူးပါးကိုအကွက်ဆင်ပြီးပြန်ဖမ်းဖို့အတွက် ကော်မတီကြားနာမှုမှာ သူ့ဘက်ကနေထွက်ဆို ပေးမဲ့လူကို လေဆိပ်မှာသွားတွေ့ပါဆိုပြီး ဘရောင်းကို တကယ်မရှိတဲ့လူတစ်ယောက်ကို သွားတွေ့ခိုင်းလိုက်ပါတယ်။ ဘရောင်းလည်းလေဆိပ်မှာ လူရှာရင်း ဖိနပ်အနီရောင်တစ်ဖက်စီးထားတဲ့ ရစ်ချက်ကိုရွေးလိုက်ပြီး နှုတ်ဆက်လိုက်တဲ့အတွက် ကူးပါးလွှတ်ထားတဲ့ လူတွေကလည်း ရစ်ချက်နောက်ကိုတကောက်ကောက်လိုက်ကြပါတော့တယ်။ ဒီလိုနဲ့ ငယ်ငယ်လေးကတည်းကတယောကိုပဲ ထိုးလာခဲ့ပြီး သူလျိုလုပ်ဖို့နေနေသာသာ ကားတောင်မမောင်းတတ်တဲ့ ရစ်ချက်တစ်ယောက် အလကားနေရင်း စီအိုင်အေ ဒုတိယညွှန်ကြားရေးမှူးရဲ့ လူတွေလိုက်တာကိုခံရရင်း ဘယ်လိုအလွဲတွေတစ်မျိုးပြီးတစ်မျိုးဖြစ်ကြတာကို ရယ်ရယ်မောမောနဲ့ ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.5 ...
movie
The Man with One Red Shoe (1985)
Pooh’s Heffalump Halloween Movie (2005) 6.6
Pooh’s Heffalump Halloween Movie (2005) [Unicode]Winnie The Pooh, Heffalump Halloween The Movie ==============================‌ဟောလိုးဝင်းဟာ ကျွန်တော်တို့ နိုင်ငံမှာ မရှိပေမယ့် ကျွန်တော်တို့ငယ်ငယ်က KidZoneတို့ ပုတက်တို့ စွယ်စုံတို့ထဲမှာ ခရစ္စမတ်အထူးထုတ်တို့ ဟောလိုးဝင်းအထူးထုတ်တို့မှာပါတတ်တော့ ရင်းနှီးကျွမ်းဝင်ပြီးသား အရာတွေပါပဲ။ နောက်ပိုင်းSuperNaturalလို စီးရီးတွေမှာပါတဲ့ ဟောလိုးဝင်းspecial episodeတွေနဲ့လည်း ကျွန်တော်တို့ဟောလိုးဝင်းကို ပိုကျွမ်းဝင်ခဲ့ကြတယ်။ အခုWinnie The Pooh,Heffalump Halloween Movieက ဒီနှစ်ဟောလိုးဝင်းမှာ ခင်ဗျားတို့ ရွေးချယ်သင့်တဲ့ ဟောလိုးဝင်းVibeအရဆုံး Movieပါပဲ။ ဝကစ်ညဏ်ထိုင်းပြီး လုပ်သမျှတိုင်းက ချစ်ဖို့ကောင်းနေတဲ့ ကျွန်တော်တို့ရဲ့ Winnie The Pooh ကလေးနဲ့ ဟောလိုးဝင်းကို တွဲမြင်ရမှာပါ။ အဆက်အဟပ်မတည့်သလို ထင်ကြမှာပေမယ့် ဟောလိုးဝင်း Vibeအရဆုံး လို့ပြောရင်မလွန်ပါဘူး။ငယ်ငယ်တုန်းက ဝယ်ဖူးလို့ပဲဖြစ်ဖြစ် မွေးနေ့လက်ဆောင်ရဖူးတာဖြစ်ဖြစ် လူအတော်များများရဲ့ ဘဝကတော့ Winnie the Poohနဲ့ကင်းမယ်ထင်ဘူး။ မြန်မာနိုင်ငံမှာလည်း ပူးလ်က ရုပ်ရှင်ထက် အရုပ်လောကမှာ ပိုနာမည်ကျော်တာကိုး။ winnie the pooh စာရေးဆရာက လက်တွေ့ဘဝက ...
movie
Pooh’s Heffalump Halloween Movie (2005)
Pocahontas II: Journey to a New World (1998) 4.9
movie
Pocahontas (1995) 6.7
movie
Pocahontas (1995)