Channel Myanmar

David Oyelowo

A Wrinkle in Time(2018) 4.1
A Wrinkle in Time(2018) A Wrinkle in Time(2018) ဒီ A Wrinkle in Time ဆိုတဲ့ကားလေးကိုနာမည်ကျော် Walt Disney Studioကနေရိုက်ကူးထားတာပါ.. . Walt Disneyရဲ့ ထုံးစံအတိုင်း သီချင်းကောင်းကောင်းလေးနဲ့ ဇာတ်လမ်းဇာတ်အိမ်ကလည်း ဆန်းဆန်းလေးဖြစ်လို့ မငြီးမငွေ့ကြည့်ရှုရမယ့်ကားတစ်ကားပါပဲ... Oprah Winfrey,Reese Witherspoon,Chris Pineစတဲ့ နာမည်ကျော်အနုပညာရှင်တွေ ပါဝင်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးရဲ့ အကျဉ်းချုပ်လေးကတော့ ဖခင်ဖြစ်သူရုတ်တရက်ပျောက်ဆုံးသွားပေမယ့် တစ်နေ့ပြန်လာမယ်ဆိုပြီး မျှော်လင့်ချက်လေးနဲ့ မက်ဂ် နဲ့ ချားလ်ဝေါလေ့စ်ဆိုတဲ့ မောင်နှစ်မနှစ်ယောက်ဟာ အချိန်တွေကိုဖြတ်ကျော်နေပါတယ်... တစ်ညမှာတော့ ထူးဆန်းစွာ နတ်သမီးတွေလို့ထင်ရလောက်တဲ့အမျိုးသမီးတွေနဲ့ တွေ့ဆုံမိပါတော့တယ်။ ဒီအမျိုးသမီးသုံးယောက်ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ အဖေဖြစ်သူဟာ မသေဆုံးသေးပဲ တစ်နေရာရာမှာပိတ်မိနေတာကို သိရှိလာရပါတယ်။ ဒီကလေးတွေ သူ့အဖေဖြစ်သူကိုဘယ်လိုကယ်တင်မလဲ... ဘယ်လိုအခက်အခဲတွေကရော ရှေ့ မှာစောင့်ကြိုနေမလဲ... ဖခင်ဖြစ်သူကိုရော ကယ်တင်နိုင်ပါ့မလား ဆိုတာ ရင်တစ်ထိတ်ထိတ်ကြည့်ရှုခံစားရမယ့်ကားလေးပါ။ သဲထိတ်ရင်ဖို ကားကောင်းလေးတွေစိတ်ဝင်စားတဲ့ လူတွေအတွက်တော့မဖြစ်မနေကြည့်သင့်တဲ့ ရှယ်ဇာတ်ကါးလေးလို့ပဲပြောချင်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ်JtheKoalaဖြစ်ပါတယ်.... File Size : (900 MB) and (336 MB) Quality : Blu-Ray 720p Format…mp4 Duration…01:49:00 Genre : Adventure, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
4.1
IMDB: 4.1/10 16,270 votes
movie

A Wrinkle in Time(2018)

2018
Blu-Ray 720p
Interstellar(2014) 8.6
Interstellar(2014) Interstellar(2014) IMDb....8.6,,,Rotten ..71% 2014 Novemberမှာ ထွက်ရှိခဲ့ပြီး…IMDbရဲ့Rating အများဆုံးဇာတ်ကားများထဲမှာလည်း တစ်ကားအပါအဝင်ပါ… ဒါရိုက်တာကလည်း Christopher Nolanဆိုမှတော့ အထွေအထူးညွှန်းနေစရာတောင် လိုမယ်မထင်မိပါဘူး… Visual Effectsyပိုင်းမှာ အော်စကာရရှိခဲ့ပြီး  အခြားဆု ၄၄ဆုနဲ့ ဆန်ကာတင် ၁၄၄ဆုစာရင်းဝင်ခဲ့ပါတယ် … 2014ရဲ့အကောင်းဆုံး ၁၀ကားထဲမှာ စာရင်းဝင်ခဲ့ပါတယ်…(Background music တွေလည်း နားထောင်လို့ကောင်းလို့ နားထဲတောင်စွဲနေပါလိမ့်မယ်… ဇာတ်လမ်းနည်းနည်း ပြောပြရမယ်ဆိုရင်တော့… 21ရာစု လယ် လောက်မှာ ကမ္ဘာပျက်ကိန်း ဆိုက်လုပြီ ဖြစ်တဲ့အတွက် နာဆာ ပိုင်းလော့ဟောင်း ကူးပါး ခမျာ ခြံစိုက်နေရာကနေ လူတွေအတွက်နေစရာ ဂြိုဟ်အသစ် ရှာဖွေရေး စစ်ဆင်ရေးထဲ ပါဝင်လိုက်ရရှာတယ်… ၁၀နှစ်အရွယ် သမီးလေး မာ့ဖ် ကို တစ်နေ့ ပြန်လာပါ့မယ် ကတိအထပ်ထပ်ပေးရင်းပေါ့… ဒီလိုနဲ့ ပေးအပ်လိုက်တဲ့တာဝန်တွေကို ထမ်းဆောင်ရင်း…အာကာသ ကြီးရဲ့ လှည့်ကွက် အမျိုးမျိုးကိုအန်တုရင်း ကူးပါးတစ်ယောက် မာ့ဖ်ဆီပြန်လာနိုင်ပါ့မလား…ကမ္ဘာကြီးကိုရော ကယ်တင်နိုင်ပါ့မလား… ဆိုတာကို…Visual Effectsကောင်းကောင်း ရှုစားကြရမှာဖြစ်ပါတယ်.. ..ဒီကားအတွက်အညွှန်းတောင်ရေးမတင်သင့်ပါဘူး. ..ခမ်းနားလွန်းတဲ့ ဇာတ်ကားကြီးအတွက် ၀ါကျတည်ဆောက်ပုံခပ်ညံညံအောက်မှာ  ဘောင်ကွပ်လိုက်သလိုဖြစ်သွားမှာစိုးရိမ်မိလို့ပါ.. .အတော်များများ မကြည့်ဖူးသေးရင်တောင် ရုပ်ရှင်ချစ်သူတိုင်းကြားဖူးကြမယ်ထင်ပါတယ်....ဇတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ညီမငယ် May Thazin Myint ...
8.6
IMDB: 8.6/10 1,172,426 votes
movie

Interstellar(2014)

2014
Gringo (2018) 6.0
Gringo (2018) Gringo ဆိုတာ စပိန်တွေက ဒါမှမဟုတ် စပိန်စကားပြောနိုင်ငံတွေက အမေရိကန်တွေကိုခေါ်တဲ့အသုံးအနှုန်းလို့ဆိုပါတယ် (ကိုးကား- ဘာဘာညာညာ).. ဒီဇာတ်လမ်းလေးက ရိုးရိုးအအ အမေရိကန်လူမည်းတစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ ဒရာမာဇာတ်မြူး မှုခင်းကားတစ်ကားဖြစ်ပါတယ်… ဟာရိုးဆိုတဲ့ အမေရိကန်လူမည်းတစ်ယောက်ဟာ သူငယ်ချင်းတစ်ယောက်ဖြစ်သူရဲ့ဆေးကုမ္ပဏီမှာ ရိုးသားကြိုးစားစွာ အလုပ်လုပ်နေတဲ့ လူတစ်ယောက်ပေါ့… သူ့သူငယ်ချင်းကသူ့ကို သူပိုင်တဲ့ဆေးကုမ္ပဏီမှာ အလုပ်သွင်းပေးထားရုံမက သူ့မိန်းမ အိမ်တွင်းဒီဇိုင်နာကိုလည်း သူ့အိမ်ပြင်ဆင်ဖို့ အလုပ်အပ်ထားတဲ့အတွက် ကျေးဇူးတင်နေသူတစ်ယောက်ပေါ့…. သူတို့ဆေးကုမ္ပဏီက အမှန်တကယ်တော့ ဟန်ပြသက်သက်ပဲဖြစ်ပြီး တကယ်တမ်းမှာ မက္ကဆီကိုက မူးယစ်ရာဇာတွေနဲ့ဆက်သွယ်ပြီး တားမြစ်ဆေးဝါးတွေထုတ်လုပ်နေတာပါ… ဒါကို စာရင်းကိစ္စတွေပဲလုပ်ပေးရတဲ့ဟာရိုးကမသိပါဘူး…. ဒီလိုနဲ့ကုမ္ပဏီအရှုံးပေါ်လာတဲ့အချိန်မှာ ဟာရိုး ဟာ အလုပ်ပြုတ်မယ့်အရေးတွေးပူနေရာကနေ ကြံရာမရဖြစ်ပြီး…သူ့သူငယ်ချင်းကုမ္ပဏီပိုင်ရှင် နောက်ကျောဓားနဲ့ထိုးမယ့်အဖြစ်တွေပါသိပြီးတော့ ပြန်ပေးဆွဲခံရတယ်ဆိုပြီး..လုပ်ကြံဖန်တီးခဲ့ပါတယ်.. ဒါပေမယ့် မက္ကဆီကိုမူးယစ်ရာဇာတွေ သူ့ကိုတကယ်ပြန်ပေးဆွဲတဲ့အခါမှာတော့….. ၂၀၁၈ ထွက်ဇာတ်ကားဖြစ်ပြီး ဇာတ်လမ်လေးကို မြူးမြူးလေးရိုက်ပြထားပါတယ် နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ဇာတ်လမ်းကို အဆုံးထိဆွဲဆောင်ခေါ်ယူသွားမှာဖြစ်ပြီး ၁၈+ဒိုင်ယာလော့တွေပါတယ်ဆိုတာကိုလည်း ပြောပြထားပါရစေ Ratings IMDb – 6, Rotten tomatoes – 41%, Google users – 70%   (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)   File ...
6.0
IMDB: 6.0/10 3,259 votes
movie

Gringo (2018)

2018
Blu-Ray 720p
The Cloverfield Paradox (2018) 6.2
The Cloverfield Paradox (2018) Life (2017) ကဲ့သို့သောသည်းထိပ်ရင်ဖိုသိပ္ပံဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ The Cloverfield Paradox နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်အိမ်လေးကို အနာဂတ်ခေတ်တွင်ဇာတ်အိမ်တည်ထားပြီး ခေတ်သစ်စွမ်းအင်ရှားပါးလာသည့် ပြဿနာကိုဖြေရှင်းနိုင်ရန်တွက် နိုင်ငံတကာအာကာသစခန်းတွင် ရုရှား၊ ဂျာမနီ၊ တရုတ် စသည့်အင်အားကြီးနိုင်ငံမှာ သိပ္ပံပညာရှင်၊အာကာသယာဉ်မှူးတွေပူးပေါင်းပြီး Renewable Energy Source ထုတ်လုပ်နိုင်ရန် ပူးပေါင်းလုပ်ဆောင်နေကြတာကို တွေ့ကြရမှာပဲဖြစ်ပါတယ်။ သို့ပေမဲ့ စမ်းသပ်မှုလုပ်ဆောင်နေစဉ်မှာပဲ မျှော်လင့်မထားတဲ့ ဖြစ်ရပ်တွေနဲ့အတူ အဆိုပါပညာရှင်တစ်သိုက် အခြား Dimension ထဲကိုရောက်ရှိသွားနေပြီးနောက် အရာအားလုံးဟာ သည်းထိပ်ရင်ဖိုစရာတွေဖြစ်လာပါတယ်။ အဆိုပါ ပညာရှင်တစ်သိုက် အာကာသစခန်းယာဉ်ကြီးပေါ်တွင် ဘယ်လိုပူးပေါင်း အဖြေရှာကြမလဲ။ သူတို့ရဲ့ပုံမှန်ကမ္ဘာကြီးဆီပြန်သွားနိုင်ပါ့မလား။ ဘယ်လိုအနှောင့်အယှက်တွေ ကြုံတွေ့ရမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်ပါတယ်။ Scientific Fiction နဲ့ Horror တို့ပေါင်းစပ်ထားတဲ့တွက် စိတ်ဝင်စားဖို့ကောင်းပြီး ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အဲတော့ Sci-Fi ပရိသတ်တွေရော Horror ပရိသတ်များအတွက်ပါ ကြည့်ရှုရကောင်းစေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။   File Size : (800 MB) and (326 MB) Quality : WEBRip ...
6.2
IMDB: 6.2/10 10,552 votes
movie

The Cloverfield Paradox (2018)

2018
Derailed (2005) 6.6
Derailed (2005)   ဒီတစ်ခေါက် CM ပရိတ်သတ်တွေအတွက် မိတ်ဆက်ပေးချင်တဲ့ဇာတ်လမ်းကတော့ “Derailed”ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်… ရုပ်ရှင်ချစ်ပရိတ်သတ်တွေကြား အခုတလောရေပန်းစားနေတဲ့ “Deception”နဲ့ ဆင်တူတယ်ဆိုတဲ့ဇာတ်လမ်းပါ… တူလားဆိုတော့ အနည်းငယ်ဆင်ပါတယ်.. အိုင်ဒီယာလေးတွေဆင်ပါတယ်… ဒါပေမဲ့ twist လုပ်သွားတဲ့နေရာတွေ လွဲသွားပါတယ်… နှစ်ကားလုံးက ကိုယ်ထင်ထားသလိုဖြစ်လာတဲ့ ဇာတ်ကွက်မျိုးမဟုတ်ပါဘူး… ကောင်းလားဆိုတော့ နှစ်ကားလုံးကောင်းပါတယ်… နိုင်ငံတကာမှာတောင် ဒီလို Plot တူပေမယ့် Twist လုပ်သွားတာမတူတဲ့ ကားတွေ အများကြီးရှိတာမို့ ဒါကိုတော့ အပြစ်တခု အနေနဲ့ ပေါက်ပန်းလေးဆယ် လျှောက်ပြောပြီး ဇွတ်တူပါတယ် ဆိုပြီးတော့ အတန်ရှည်ယူနေတဲ့ သူတွေ အတွက်တော့ တော်တော်လေး ရှက်ဖို့ကောင်းပါတယ်  ဒီဇာတ်ကားထဲမှာတော့ Starring အနေနဲ့ နာမည်ကျော်သရုပ်ဆောင်တွေဖြစ်တဲ့ Clive Owen နဲ့ Jennifer Aniston တို့သရုပ်ဆောင်ထားပါတယ်.. အညွှန်းလေးဖတ်ရှုကြပါဦး…ငွေကြေးအကျိုးဆောင် ချားစ်ရှိုင်းဟာ ငွေရေးကြေးရေးလောကမှာကျင်လည်ခဲ့တာ ၁၀ နှစ်ရှိပါပြီ။ ဝင်ငွေလဲအတန်အသင့်ကောင်းတဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ ဒီယာနာလို့အမည်ရတဲ့ဇနီးနဲ့ အေမီဆိုတဲ့သမီးချောလေးတစ်ယောက်ရှိပါတယ်။ သာယာတဲ့မိသားစုတစ်ခုကိုပိုင်ဆိုင်ထားသူပါ။ ကံမကောင်းတဲ့အရာတစ်ခုတော့ရှိပါတယ်။ ဒါကတော့သူတို့သမီးလေး အေမီဟာ အဆိုးဆုံးဆီးချိုရောဂါကိုခံစားနေရတဲ့ဝေဒနာရှင်တစ်ယောက်ပါ။ သမီးလေးရဲ့ရောဂါအပြီးပျောက်ဖို့လင်မယားနှစ်ယောက်ဟာ ငွေတွေစုခဲ့ပါတယ်။ ခုနစ်နှစ်ကြာပြီးနောက်မှာတော့ ဒေါ်လာ တစ်သိန်းအသားတင်စုမိခဲ့ပါတယ်။ တစ်နေ့မှာတော့ ချားစ်ဟာ ရထားချိန်နောက်ကျပြီး နောက်ရထားစောင့်စီးခဲ့ရပါတယ်။ ရထားပေါ်မှာ လူစင်ဒါဆိုတဲ့ စွဲမက်ဖွယ် ညို့ငင်အားပြင်းတဲ့မျက်ဝန်းပိုင်ဆိုင်ထားတဲ့ လူစင်ဒါဆိုတဲ့အမျိုးသမီးနဲ့ရင်းနှီးခဲ့ပါတယ်။ ရင်းနှီးခဲ့ပုံက ချားစ်တစ်ယောက် ရထားလက်မှတ်မပါလာလို့ လူစင်ဒါက ...
6.6
IMDB: 6.6/10 65,657 votes
movie

Derailed (2005)

2005

Genres