Channel Myanmar

David P. Smith

Monsters vs Aliens (2009) 6.4
Monsters vs Aliens (2009) IMDB Rating 6.5 ရရှိထားတဲ့ Animation ကားဖြစ်ပါတယ်.....ဆူစန်မာဖီလို့ခေါ်တဲ့ မိန်းကလေးတစ်ယောက် သူ့ချစ်သူနဲ့လက်ထပ်ခါနီးဆဲဆဲမှာဥက္ကာပျံထိမှန်ခံခဲ့ရပြီး ဧရာမလူသားတစ်ဦးအသွင်ပြောင်း လဲသွားပါတယ်။သူ့လိုထူးဆန်းသတ္တဝါတွေကို ထိန်းချုပ်တဲ့စခန်းတစ်ခုမှာ အထိန်းချုပ်ခံထားရပြီးတစ်ရက်မှာ ဂြိုဟ်သားစက်ရုပ်တစ်ရုပ် အမေရိကန်မှာ လာရောက်သောင်းကျန်းခြင်းတို့ကြောင့်ဆူစန်နဲ့အပေါင်းအပါတို့ကို သုတ်သင်ချေမှုန်းစေပြီး ပြန်လည်လွှတ်ပေးခဲ့ပေမယ့်သူမရဲ့ ချစ်သူဟာ သူမကိုလက်မခံတော့ပါဘူး။ဂဲလက်ဆာအမည်ရှိတဲ့ ဂြိုဟ်သားစက်ရုပ်များကို ထိန်းချုပ်သူဟာ သူမကိုဖမ်းဆီးသွားပြီးသူမရဲ့စွမ်းအင်များကို ထုတ်ယူလိုက်ပြီး သူမရဲ့အပေါင်းအပါလေးများကသူမကို လာကယ်တင်ပုံတို့ကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားသည့် Animation ကား ကောင်းတစ်ကားဖြစ်ပါတယ်။ချစ်စရာကောင်းတဲ့ Monster လေးများနဲ့ပါဝင်ရိုက်ကူးထားတာဖြစ်တဲ့အတွက်Animation ကြိုက်တဲ့သူများလက်မလွှတ်သင့်တဲ့ကားလေးလည်းဖြစ်ပါတယ်....  File size…   1.8 GB  /   867 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ..... Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Htet Htet Tin Zar
movie

Monsters vs Aliens (2009)

2009
Shark Tale (2004) 6.1
Shark Tale (2004) Will Smith နဲ့ Angelina Jolieအပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အသံသရုပ်ဆောင်ထားပြီး IMDb Rating 6 ထိ ရခဲ့တဲ့ 2004 ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေး တစ်ကားကို CMကနေတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် အော်စကာ ဆိုတဲ့ငါးလေးတစ်ကောင်ကချမ်းချမ်းသာသာနေရဖို့ကိုအမြဲတွေးလေ့ရှိပေမယ့်အကြွေးတွေပတ်လည်ဝိုင်းပြီးဒုက္ခရောက်နေသူပါ။ တစ်နေ့မှာတော့ မတော်တဆမှုကြောင့် ငါးမန်းတစ်ကောင်သေသွားတာကို ရှေ့တင်ကြုံရတဲ့အခါမှာ အော်စကာက သူ့ကိုယ်သူငါးမန်းသတ်သူဆိုပြီး လိမ်ညာနာမည်ကောင်းယူလိုက်ပါတယ်။ ဒါပေမဲ့သေသွားတဲ့ငါးမန်းကဂိုဏ်းစတားခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်တာကို အော်စကာသိလိုက်ရတဲ့အခါမှာ ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကိုပရိသတ်ကြီးကဆက်လက်ကြည့်ရှုခံစားရမှာပါ။  File size…    2.5 GB /   1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citurus
movie

Shark Tale (2004)

2004
The Bad Guys (2022) 7
The Bad Guys (2022) The Bad Guys (2022)ဒီနှစ်ရဲ့အကောင်းဆုံး အနီမေးရှင်းရုပ်ရှင်တွေထဲက တစ်ခုဖြစ်တဲ့ လူဆိုးကြီးများအဖွဲ့ လာပါပြီ။ ဇာတ်လမ်းကတော့ သူငယ်ချင်းစိတ်ဓာတ်၊ အကောင်းနဲ့အဆိုး စိတ်လွန်ဆွဲပွဲကို ဇာတ်လမ်းကောင်းကောင်းနဲ့ ဟာသတွေ ရောယှက်ပြီး ဖန်တီးထားတာပါပဲ။ လူတွေအများစု ကြောက်လန့်ကြတဲ့ သတ္တဝါမျိုးစိတ်တွေကို လူဆိုးတွေအဖြစ်ပုံဖော်ပြထားပြီး၊ အဲဒီလူဆိုးအဖွဲ့ကို လူကောင်းပြန်ဖြစ်လာအောင်ကူညီနေတဲ့ ပူးကလေးရယ်ပါတာပေါ့။ လှည့်ကွက်တွေများများကြည့်ရအောင် ဇာတ်လမ်းတော့ပြောမပြတော့ပါဘူး။ နောက်ခံသီချင်းတွေကလည်းအတော်ကောင်းပြီး လှုပ်ရှားမှုတွေရော အသံသရုပ်ဆောင်တွေရော ကောင်းတာမို့ ကိုယ်တိုင်ခံစားကြည့်လိုက်ပါဦး။အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Mr.Anderson, Chcuk နဲ့ Yoon တို့ပဲ ဖြစ်ပါတယ်Genre.....Animation, Adventurd, Comedy Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 750MB and 300MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson, Chuck, Yoon Encoder ..... August
movie

The Bad Guys (2022)

2022
Trolls World Tour (2020) 7.3
Trolls World Tour (2020) Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
movie

Trolls World Tour (2020)

Madagascar: Escape 2 Africa (2008) 6.6
Madagascar: Escape 2 Africa (2008) Madagascar: Escape 2 Africa (2008) IMDb - 6.6/10_____Rotten - 64%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က ...
movie

Madagascar: Escape 2 Africa (2008)

2008
Madagascar (2005) 6.9
Madagascar (2005) Madagascar (2005) IMDb - 6.9/10_____Rotten - 54%  ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်Adventure comedy အမျိုးအစား ကာတွန်းကားလေးပါမာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ်သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ်သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါတိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ်သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ ...
movie

Madagascar (2005)

2005