Channel Myanmar

David Pittu

True Story (2015) 6.3
True Story (2015)  127 Hours တို့ Rise of the Planet of the Apes တို့လိုမျိုးနာမည်ကြီးရုပ်ရှင်တွေရဲ့မင်းသားဖြစ်ခဲ့တဲ့ James Franco နဲ့နာမည်ကြီးဟာသရုပ်ရှင်မင်းသားကြီး Jonah Hill တို့ပါဝင်သရုပ်ဆောင်ထားတဲ့ 2015 ကထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား True Story ကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကို ကြားကတည်းက ထူးထူးဆန်းဆန်းဖြစ်ရပ်မှန် ဇာတ်လမ်းဆိုတဲ့အတိုင်း နယူးယောက်တိုင်းမ်သတင်းစာက သတင်းထောက် မိုက်ကယ်ဖင်ကယ်နဲ့သူ့နာမည်ကို ယူသုံးခဲ့တဲ့ခရစ်ယာန်လွန်ဂိုဆိုတဲ့ လူသတ်သမားတို့ကြားကဖြစ်ရပ်မှန် အကြောင်းအရာတွေကို တွေ့ရမှာပဲဖြစ်ပါတယ်။IMDb Rating 6.3 ရရှိထားပြီး ကြည့်ရှုသူကို ဇာတ်ကားအစကနေအဆုံးအထိ ဆွဲငင်ညှို့ယူထားနိုင်မဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။မိုက်ကယ်ဖင်ကယ်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ခရီးဝေးတွေသွားပြီး သတင်းတွေလိုက်ယူကာ သတင်းရေးတဲ့ သတင်းထောက်တစ်ယောက်ဖြစ်ပါတယ်။သူရေးတဲ့ သတင်းဆောင်းပါးတွေကလက်ရာကောင်းမွန်ပြီးတော့ သေသပ်တဲ့အတွက် သူ့အနေအထားနဲ့သူတစ်နေရာတော့ ရောက်နေတဲ့ သတင်းထောက်တစ်ယောက်ပဲဖြစ်ပါတယ်။ဒါပေမယ့် တစ်နေ့မှာအမှားတစ်ခုကြောင့် အလုပ်ပြုတ်ခဲ့ပြီး ရှေ့ဆက်ဘာလုပ်ရမလဲ မသိဘဲလမ်းပျောက်နေပါတော့တယ်။အဲ့ဒီအချိန်မှာ ကိုယ့်မိသားစု တစ်ခုလုံးကိုသတ်ခဲ့တဲ့လူသတ်သမားတစ်ယောက်က သူ့နာမည်ကိုယူသုံးခဲ့တယ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာ အဲ့ဒီလူသတ်သမားနဲ့ ကိုယ်တိုင်သွားတွေ့ခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောပြီးတဲ့ ...
movie

True Story (2015)

Our Son (2023)
Our Son (2023) Our Son (2023)~ Rotten Tomatoes - 58%, Meta - 86% ~ရိုးရိုးလေးနဲ့ လက်တွေ့လောကမှာဖြစ်တတ်တဲ့ အချစ်ရေးမိသားစုအရေးတွေကို LGBTQ+ စုံတွဲနဲ့ပုံဖော်ထားတဲ့ Drama အမျိုးအစားဖြစ်ပါတယ်။နယူးယောက်မှာ လိင်တူစုံတွဲတွေ လက်ထပ်ခွင့်ရကတည်းက ၁၃နှစ်ကြာလက်ထပ်ပေါင်းသင်းလာကြတဲ့ နစ်ကီနဲ့ဂေဘရီရယ်တို့ ဂေးစုံတွဲ... သူတို့မှာ နစ်ကီရဲ့မျိုးစေ့နဲ့ အငှားကိုယ်၀န်ဆောင်ပြီးယူထားတဲ့ အို၀မ်ဆိုတဲ့ ၈နှစ်အရွယ်သားလေးရှိတယ်။နစ်ကီက စာအုပ်‌ထုတ်ဝေသူဖြစ်ပြီး ဂေဘရီရယ်ကတော့ နစ်ကီကိုမွေးပြီးကတည်းက ကလေးစောင့်ရှောက်ဖို့ဆိုပြီး အရင်သရုပ်ဆောင်အလုပ်ကနေနားလိုက်တာ အခုထိပါပဲ။ နှစ်တွေအကြာကြီးပေါင်းလာပြီး တဖြည်းဖြည်းနဲ့ သံယောဇဉ်ကုန်လာတယ်ပြောရမလား... ဂေဘရီရယ်က နစ်ကီက သူတို့သားကို ဂရုမစိုက်ဘူး အလေးမထားဘူးလို့ တစ်စတစ်စမြင်လာပါတယ်။ နစ်ကီမသိအောင် တခြားတစ်ယောက်ပါတွေ့နေပြီး နောက်ဆုံးမှာ ကွာရှင်းဖို့ ထုတ်ပြောလာပါတယ်။နစ်ကီကလည်း အို၀မ်ကို မပေးနိုင်... ဂေဘရီရယ်ကလည်း အို၀မ်အတွက် သူကပိုသင့်တော်တယ်ဆိုပြီး နှစ်ယောက်သား ကလေးအုပ်ထိန်းခွင့်လုကြရင်း တရားရုံးထိပါရောက်သွားတဲ့အခါ...၁၃နှစ်ကြာခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးက နောက်ဆုံးမှာ တခြားသူတွေလိုပဲ ကွာရှင်းခြင်းနဲ့ အဆုံးသတ်မလား... အို၀မ်အတွက် ...
movie

Our Son (2023)

2023
King Kong (2005) 7.2
King Kong (2005) King Kong (2005)~ IMDb - 7.2/10, Rotten Tomatoes - 84% ~Directed By "Peter Jackson"" It was Beauty killed the Beast. "ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက် ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက် ချစ်မိသူလောက်တော့ ဘယ်သူမှ လူမိုက်မမည်တဲ့။ အဲဒီခေတ်က နယူးယောက်ရဲ့ အမြင့်ဆုံးအဆောက်အဦးဖြစ်ခဲ့တဲ့ အင်ပါယာစတိတ်ပေါ် တက်ကြဲခဲ့တဲ့ အသိဉာဏ်အရှိဆုံး တိရိစ္ဆာန်ဘဝကနေ အမိုက်မဲဆုံးကောင်ဖြစ်သွားတဲ့ ကင်းကောင်ကြီးကို မသိတဲ့သူလည်းမရှိလောက်ဘူး။ အသိဉာဏ်ရှိနေလို့ပဲ အရူးမိုက်ဆုံးဖြစ်ခဲ့သလား မသိနိုင်ပေမဲ့ ထင်သာမြင်သာအရှိဆုံး အဆောက်အဦးပေါ်တက် ကျည်ချက်ပေါင်းများစွာခံရင်း ၁၀၂ထပ်အမြင့်ကနေ ထိုးဆင်းသွားခဲ့တယ်။နယူးယောက်ရဲ့ကြမ်းပြင်မှာ အသက်မဲ့နေတဲ့ ကင်းကောင်ကြီးကို ကြည့်ပြီး "ဘာလို့ ဒီကောင် ဟိုးထိပ်ထိတက်ပြီး ချောင်ပိတ်မိခံလိုက်တာလဲ သူ့အန္တရာယ်သူမသိဘဲတော့မနေလောက်ဘူး" လို့ လူတစ်ယောက်က ပြောတယ်။ ဘေးကလူရဲ့အဖြေကတော့ "ဦးနှောက်မရှိတဲ့တိရိစ္ဆာန်ကြီးပဲကိုကွာ ဘာသိမှာလဲ" တဲ့။ ...
movie

King Kong (2005)

2005
4K HEVC
Irrational Man (2015)
Irrational Man (2015)  Irrational Man (2015)အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား...မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား....ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ..ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်... ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ...
movie

Irrational Man (2015)

Sharper (2023) 6.5
Sharper (2023) Sharper (2023)ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီး Sebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့ psychological thriller ဇာတ်ကားသစ် ရပါပြီ။ Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။ အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီး စာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။ တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့ သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။အဲဒီနောက်တော့ မက်စ်အကြောင်း၊ အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။ လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ...
movie

Sharper (2023)

2023
Men in Black 3 (2012) 6.8
Men in Black 3 (2012) ဒီ MIB 3 မှာလဲ အရင်လို Agent K နဲ့ J ကို ပြန်မြင်ကြရအုံးမှာပါပဲ အရမ်းဆိုးရွားလွန်းလို့ အာကသ ထဲမှာ အဆင့်ဆင့် ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ထဲက ဘိုးရစ် ဆိုတဲ့ ဂြိုလ်သားတစ်ကောင် ရှိပါတယ် သူနဲ့ အေးဂျင့် ကေ မှာ ရန်ညိုး ရန်စ တစ်ခု ရှိနေတယ်...အေးဂျင့် ကေ ကြောင့် ဘိုးရစ် ရဲ့ လက်တစ်ဖက် ပြတ်သွားဖူးပါတယ် နောက်ဆုံးမှာ အေးဂျင့်ကေ က မသတ်ပဲ အရှင်ဖမ်းပြီး အကျဥ်းထောင်မှာ လုံခြုံရေး တင်းကျပ်စွာ ချူပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်...တစ်ရက်မှာတော့ ဘိုးရစ် တစ်ယောက် အပြင်က အကူအညီ နဲ့ အကျဉ်းထောင်က လွတ်မြောက်သွားပြီး အေးဂျင့် ကေ ကို လက်စားချေဖို့ ကြံစည်ပါတော့တယ်...သူလက်စားချေမယ့် အစီအစဉ်ကတော့ အေးဂျင့် ကေ ဘိုးရစ်ကို မဖမ်းခင် အချိန်ကို ပြန်သွားပြီး သတ်ဖို့ပါပဲ... ဘိုးရစ် ရဲ့ အစီအစဉ် အောင်မြင်သွားတယ် ...
movie

Men in Black 3 (2012)

2012
4K HEVC
(18+)Shortbus (2006) 6.4
(18+)Shortbus (2006) LGBT(Lesbian, Gay, Bisexual, Transsexual) တွေ Straight တွေ ရောသမမွှေထားတဲ့ ဇာတ်ကားလေးလာပါပြီ ဆိုဖီယာဆိုတာ လိင်မှုကုထုံးမှာ အရမ်းတော်တဲ့ ဆရာမတစ်ယောက်ဖြစ်ပါတယ် သူမမှာ သိပ်ချစ်ရတဲ့ ယောင်္ကျား ရော့ဘ်ဆိုတာရှိတယ် သူမအလုပ်ကိုသူမ ကျွမ်းကျင်ပေမဲ့ သူမရောဂါကိုတော့ အဖြေမရှာနိုင်ဘူးဖြစ်နေပါတယ် သူမက တစ်ခါမှ ဆန္ဒမပြီးမြောက်ဖူးပါဘူးတဲ့ ဒါပေမဲ့ သူမယောင်္ကျားကို မပြောပြပါဘူး မျိုသိပ်ထားခဲ့တာကြာပါပြီ သူမအိမ်ထောင်ရေးကို အပျက်စီးမခံနိုင်ဘူးလေ ရော့ဘ် စိတ်ထိခိုက်ပြီး မကျေနပ်ဖြစ်မှာကိုလဲ သူမလိုလားဘူးလေ….ဂျိမ်းစ် နဲ့ ဂျမီ သူတို့ကတော့ လိင်တူချစ်သူစုံတွဲဖြစ်ပါတယ် သူတို့က ထူးဆန်းတဲ့ ကိစ္စတစ်ခုကို နှစ်ဦးသဘောတူ ဆုံးဖြတ်ချက်ချလိုက်ပါတယ် အဲဒါကတော့ Open Relationship လုပ်ဖို့ပါပဲ အဲဒီကိစ္စအတွက် ချစ်မှုရေးရာကျွမ်းကျင်တဲ့ ဆိုဖီယာဆီမှာ အကြံဉာဏ်လာယူပါတယ် စကားတွေပြောကြရင်းနဲ့ တစ်ယောက်အကြောင်းတစ်ယောက်သိရှိသွားပြီး တစ်ယောက်နဲ့တစ်ယောက်ကူညီ ပေးကြတဲ့အထိဖြစ်လာကြတဲ့အခါ…နယူးရော့ခ်မှာ Shortbus ဆိုတဲ့ သီးသန့်ဂေဟာလေးရှိတယ် အဲဒီကဘာတွေရလဲဆိုရင် လူကြီးကိစ္စအကုန်ရပါတယ် အလွယ်ပြောရရင် ပွဲတော်ကြီးကျင်းပတဲ့ ဗလာကွင်းကြီးပေါ့ အဲဒီမှာဆုံဖို့ ဆိုဖီယာကို ကမ်းလှမ်းလိုက်တဲ့အခါမှာတော့…. ရှုပ်ထွေးပွေလီလှတဲ့ လိင်မှုကိစ္စတွေမှာ ရှင်းလင်းဖို့လိုတယ်ဆိုတာရယ် ကိုယ့်စိတ်ကြိုက် ကိုယ်ဘာသာနေနိုင်အောင်ကြိုးစားဖို့ရယ် ဖုံးကွယ်လို့မရတာကို ကြိုးစားပြီးဖုံးကွယ်ပေမဲ့ အချိန်အတိုင်းတာတစ်ခုထိသာ ဖုံးကွယ်လို့ရတာပါပဲဆိုတာရယ်တွေကို ဘာ ဆင်ဆာမှမဖြတ်ပဲ ကွက်ကွက်ကွင်းကွင်း အတုံးလိုက် ...
movie

(18+)Shortbus (2006)

2006