Channel Myanmar

David Shields

Freud’s Last Session (2023) 6
Freud’s Last Session (2023) Freud's Last Session (2023)~ IMDb - 6/10, RT - 45%, Meta - 49% ~စိတ်ပညာအကြောင်းပြောတာဖြစ်ဖြစ် စိတ်ပညာကို ကိုးကားပြောတာဖြစ်ဖြစ် သူမပါရင်မပြီးတဲ့ ဆစ်ဂမန်ဖရွိုက်အကြောင်း နောက်ဆုံးအချိန်ကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ တိတိကျကျပြောရရင် ဒုတိယကမ္ဘာစစ်ဦးအစကာလမှာ ခံတွင်းကင်ဆာဝေဒနာကြောင့် သူ့ကိုယ်သူသတ်မသေခင် သုံးပတ်လောက်အလိုမှာ ဆစ်ဂမန်ဖရွိုက်ဟာ အောက်စ်ဖို့က ဒွန်တစ်ယောက်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့အ‌ကြောင်းကိုရိုက်ပြထားတာ‌ပေါ့။ သူနဲ့ အဲဒီလိုတွေ့ခဲ့တဲ့သူကို The Chronicles of Narnia စာအုပ်တွေကိုရေးခဲ့တဲ့ စီအက်စ်လူးဝစ်လို့ ဒီရုပ်ရှင်ထဲတော့ ပြထားပေမဲ့ တကယ်တမ်း သူနောက်ဆုံးတွေ့ခဲ့တဲ့သူက အောက်စ်ဖို့ဒွန်ဆိုတာကလွဲ ဘာမှမသိခဲ့ရဘူး။ဘာအကြောင်းဆွေးနွေးကြသလဲဆို သမိုင်းရဲ့အကြီးကျယ်ဆုံးပဟေဠိအကြောင်း။ ဘုရားသခင် ဘယ်လော ဘာလောပေါ့။ ဖရွိုက်က မယုံကြည်သူအမြင်ဘက်က ဆွေးနွေးပြီး လူးဝစ်ကတော့ ယုံကြည်သူအမြင်ဘက်က ဆွေးနွေးတယ်။ ဘုရားသခင်ကို ယုံတဲ့ယုံကြည်ခြင်းနဲ့ ဘုရားသခင်ကိုမယုံတဲ့ ယုံကြည်ခြင်းကြားက စကားရည်လုပွဲလို့ပြောလည်းရတယ်။ ဒီရုပ်ရှင်က ...
movie

Freud’s Last Session (2023)

2023
The Most Reluctant Convert (2022) 6.7
The Most Reluctant Convert (2022)  ဒီရုပ်ရှင်ကတော့ နာနီရာလိုမျိုး ကမ္ဘာကျော်ဝတ္ထုကြီးတွေကိုရေးခဲ့တဲ့ စာရေးဆရာကြီး CS Lewis ရဲ့ ဘဝအကြောင်းကို သူ့အမြင်တွေကနေ ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။စာရေးဆရာကြီးလူးဝစ်ဟာ နာနီရာဝတ္ထုတွေနဲ့ ကျော်ကြားသလို သူ့ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ The Lord of The Rings ရဲ့ စာရေးဆရာကြီး ဂျေအာအာ တိုကင်းန်နဲ့ အလောင်းအစားလုပ်ပြီး သိပ္ပံစိတ်ကူးယဉ်ဝတ္ထုတွေဖြစ်တဲ့ Out of the Silent Planet, Perelandra, and That Hideous Strength ဆိုတဲ့ စာအုပ်တွေကို ရေးခဲ့လို့လည်း ကမ္ဘာကျော်ခဲ့ပါသေးတယ်။ ဂျေအာအာ တိုကင်းန်ကတော့ သိပ္ပံစိတ်ကူးယဉ်စာအုပ်ပြိုင်ရေးဖို့ အလောင်းအစားလုပ်ခဲ့ပေမဲ့ ရေးဖို့ကြိုးစားရင်းကြိုးစားရင်း The Lord of the Rings စာအုပ်တွေ ထွက်ပေါ်လာပြီး ပိုအောင်မြင်သွားခဲ့ပေမဲ့ အလောင်းအစားမှာတော့ရှုံးခဲ့တယ်လို့ပဲပြောရမှာပါပဲ။ဆရာလူးဝစ်ဟာ အင်္ဂလန်ရဲ့ နာမည်ကျော် စာရေးဆရာကြီးဖြစ်ခဲ့သလို ငယ်စဉ်က အောက်စ်ဖို့မှာ စာပေလေ့လာခဲ့စဉ်မှာ ဘာသာမဲ့အဖြစ်လည်း အခိုင်အမာကျော်ကြားပါတယ်။ ...
movie

The Most Reluctant Convert (2022)

Judy (2019) 7.2
Judy (2019) တစ်ခေတ်တစ်ခါက အကြွေစောခဲ့တဲ့ Legendary Star တစ်ယောက်ဖြစ်တဲ့Somewhere Over The Rainbow သီချင်းရဲ့ပိုင်ရှင်ဂျူဒီဂါလန်အကြောင်းကိုရိုက်ကူးထားတာပါဂရန်းရပ်ပစ်မင်နီဆိုတာက ဖရန်စစ်ဂမ်းစ်ကိုခေါ်တဲ့ကလေးမလေးတစ်ယောက်...အနုပညာပိုးပါလွန်းလို့ အသက် ၂နှစ်အရွယ်တည်းက စင်ပေါ်တက်သီချင်းဆိုခဲ့သူ... သူ့အနုပညာနာမည်ကို ဂျူဒီဂါလန်ရယ်လို့သူကိုယ်တိုင်းရွေးချယ်ခဲ့သူ...သူ့အသက် ၁၃နှစ်အရွယ်ကိုရောက်ချိန်မှာတော့Louis B. Mayor ကုမ္ပဏီကရိုက်ကူးတဲ့ Wizard of the Oz ဇာတ်လမ်းတွဲထဲမှာအဓိကဇာတ်ကောင် ဒေါ်ရသီအဖြစ်ပါဝင်သရုပ်ဆောင်ခွင့်ရခဲ့တယ်...ရုပ်ရည်ချောမောလှပသလို အဆိုပါရမီပြည့်ဝတဲ့ သူမဘဝလေးဟာပန်းခင်းလမ်းပဲလို့ထင်မှတ်စရာရှိပေမယ့်တကယ်တမ်းအဲ့လိုမဟုတ်ခဲ့ရှာပါဘူး...တွန်းအားအရမ်းပေးလွန်းတဲ့ မိခင်ရယ်နေ့လည်စာစားချိန်တောင်မပေးပဲအတင်းအဓမ္မအနိုင်ကျင့်ခိုင်းစေတဲ့ကုမ္ပဏီကြောင့် ဂျူဒီဟာ ဘဝကိုပင်ပန်းခက်ခဲစွာနေထိုင်နေရရှာရုံသာမက ဆေးစွဲတဲ့အဆင့်ထိရောက်သွားပါတော့တယ်...ဒီလိုသနားစရာဂျူဒီလေး အရွယ်ရောက်သွားတဲ့အခါကြုံတွေခဲ့ရတဲ့ ဘဝဇာတ်စုံကိုရိုက်ကူးပြသထားတာဖြစ်ပါတယ်....သက်လတ်ပိုင်းဂျူဒီဂါလန်အဖြစ် Rene Zellweger ကပါဝင်သရုပ်ဆောင်ထားပေးပါတယ်IMDB 7.2/10 ရရှိထားပြီး ကြည့်သင့်တဲ့ဇာတ်ကားကောင်းလို့ ညွှန်းပေးလိုက်ပါရစေ File Size ...
movie

Judy (2019)

2019
Una (2016) 6.4
Una (2016) ဒီတစ်ခါတော့Drama/Mysteryကားတွေကိုမှကြိုက်တဲ့သူတွေအတွက်အတွေးလေးတစ်ခုထင်ကျန်စေမယ့်စိတ်ထဲစွဲငြိစေနယ့်ဇာတ်ကားလေးတစ်ကားညွန်းပေးချင်ပါတယ်။ဇာတ်ရှိန်အေးအေးနဲ့ခေါ်သွားပေးမယ့်ကားမျိုးပါ။ဇာတ်လမ်းလေးကတော့အမျိုးသမီးငယ်လေးတစ်ယောက်သူ့ထက်အသက်တော်တော်ကြီးတဲ့လူကြီးတစ်ယောက်ဆီကိုလာခဲ့ရာတာစတာပါပဲ။သူဒီလိုလာခဲ့တယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။အဲဒိအမျိုးသားကြီးမှာအတိတ်ကအမဲစက်ထင်စေမယ့်သူ့ကိုယ်ကိုသူခြောက်လှန့်နေတဲအကြောင်းအရင်းလေးရှိနေလို့ပါပဲ။အတိတ်ကဖြစ်ရပ်အနေနဲ့ဒီကိုရောက်လာတဲ့မိန်းမငယ်လေးတစ်ယောက်ဘာတွေဆက်စပ်မှုရှိနေမလဲဆိုတာတော့စိတ်ဝင်စားစရာပါ။စိတ်ခံစားချက်၂ခုကြားရောထွေးမှုတွေနဲ့ဒီကားလေးကိုအဓိကမောင်းနှင်ထားတာပါ။ကြည့်ရသူအဖို့အမြင်တမျိုးနဲ့ ရှုထောင်တမျိုးကနေချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ဆိုတော့ဒီကောင်မလေးနဲ့အမျိုးသားကြီးတို့ကြားဘာသြနာတွေရှိနေမလဲ။ဘာလျှို့ဝှက်ချက်တွေရှိနေမလဲဆိုတာတော့ဇာတ်ကားလေးကိုရင်တမမနဲ့ဆက်လက်ရှုစားလိုက်ပါဦး။  (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်က မေသရဖီလွင်ပါ)  File Size : (700 MB) and (230 MB) Quality : 720p Bluray Running Time : 1hr 34min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Tharaphi Lwin Encode by Thanhtike Zaw
movie

Una (2016)

2016