Channel Myanmar

David Zyler

Ice Age: Collision Course (2016) 5.7
Ice Age: Collision Course (2016) ဒီဇာတ်ကားက Ice age franchiseရဲ့ ပဥ္ဇမဇာတ်ကား ဖြစ်သလို ​နောက်ဆုံးဇာတ်ကားလည်း ဖြစ်ပြီး ၂၀၁၆နှစ်မှာ ထွက်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကလက်သည်ကလည်း ထုံးစံအတိုင်း ရှဉ့်​​လေး ဖြစ်ခဲ့ပြီး ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း ပန်းကန်ပြားပျံတစ်စင်း ​တွေ့ကာ အာကာသထဲ​ရောက်သွားရမှတဆင့် ဒီဇာတ်လမ်း စခဲ့ပါ တယ်။ သူ့ရဲ့ဂယက်​တွေ​ကြောင့်ပဲ ကမ္ဘာ​ပေါ်ကို ဥက္ကာခဲကြီးတစ်ခု ပြုတ်ကျလာပြီး အဲဒီဥက္ကာခဲက​နေတဆင့် ​​နောက်ထပ်ဥက္ကာခဲ​​တွေ တစ်လုံးပြီး တစ်လုံး ဆင့်ကျလာရင်း ကမ္ဘာပျက်မယ့်အ​ရေးအထိ ကြုံလာရပါ​တော့တယ်။ဒါ​ကြောင့် မန်နီ ဆစ် ဒီ​ယေဂိုတို့ သူငယ်ချင်း​တွေနဲ့ မိသားစုဝင်​တွေ Ice Age 3မှာ ပါဝင်ခဲ့တဲ့ ဘက်ခ်တို့ပါ ပြန်လည်ပါဝင်လာပြီး ကမ္ဘာ ပျက်မယ့်အ​ရေးကို ကာကွယ်ဖို့ ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း မန်နီရဲ့သမီး​လေးပိချက်စ်မှာ ချစ်ရတဲ့သူရှိလာပြီး တစ်အိုးတစ်အိမ် ​ထူ​ထောင်ဖို့ ကြိုးစားလာတာ​ကြောင့် သမီးကို တုန်​နေ​အောင်ချစ်တဲ့ ဆင်ကြီးမန်နီခမျာ သမီးကိုလက်မလွှတ်နိုင်၊ နှ​မြောလည်းနှ​မြောပြီး သမီးဖြစ်သူရဲ့ ချစ်သူ သမက်​လောင်းကို ဘုကလန့်တိုက်ပုံ​တွေက အ​တော်​လေးရယ်ရပါတယ်။ ငယ်စဉ်ကတည်းက ကြည့်လာခဲ့ရတဲ့ Ice ageဆိုတဲ့အရသာကို sequel​တွေရဲ့ထုံးစံအတိုင်း အပြည့်အဝ မရနိုင်​ပေမဲ့ franchiseကြီးတစ်ခုလုံးကို အ​ကောင်းဆုံး ပိတ်သိမ်း ​ပေးနိုင်ခဲ့တဲ့၊ ကျွန်​တော်တို့ချစ်ခဲ့ရတဲ့ ဇာတ်​ကောင်​တွေကို ...
movie

Ice Age: Collision Course (2016)

2016
4K HEVCHDR
People Like Us (2012) 7.0
People Like Us (2012) IMDb – 7/10 Star Trek, Wonder Woman စသည့် ဇာတ်ကားတွေနဲ့လူသိများကျော်ကြားတဲ့ မင်းသား Chris Pine ရဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နှစ်ပေါင်းများစွာ အဆက်အသွယ်ဖြတ်ပြီးနေလာတဲ့ အဖေရဲ့ဈာပနအတွက် ဇာတိမြို့လေးကို ပြန်လာခဲ့တဲ့ Sam ဟာ သူ့အဖေက သူကြားတောင်မကြားဖူးတဲ့ လူတစ်ယောက်ကို အမွေပေးခဲ့ကြောင်း သူ့အဖေရှေ့နေဆီက သိလိုက်ရပါတယ်။ ဒါတင်မကဘဲ အဲဒီလူဆီကို အဲအမွေပိုက်ဆံသွားပေးပေးဖို့ သူ့ကိုမှာကြားခဲ့တဲ့ သူ့အဖေရဲ့ ညွှန်ကြားချက်ကိုပါတွေ့လိုက်ရတဲ့ Sam ဟာ ထိုသူသည် သူ့အဖေ့ရဲ့တိတ်တိတ်ပုန်းသမီးဖြစ်နေသည်ကို သိလိုက်ရတဲ့အခါ ဘာဆက်လုပ်မလဲ… File size…(1.7 GB)/(840 MB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:54:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Chyo
movie

People Like Us (2012)

Epic (2013) 6.0
Epic (2013) 2013 ခု‌နှစ်ကထွက်ရှိထားတဲ့ Epic ဆိုတဲ့ Animation ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားက နာမည်နဲ့လိုက်အောင် တကယ့်ကို epic ဖြစ်တဲ့အတွေးအခေါ်‌တွေ၊ epic ဖြစ်တဲ့ယူဆချက်တွေနဲ့ ဇာတ်အိမ်ကိုတည်ဆောက်ထားတာပါ။ဇာတ်ကားမှာ မယ်ရီကက်သရင်း ဆိုတဲ့ကောင်မလေးက သူ့‌အမေဆုံးပါးသွားလို့ တောထဲမှာ သုတေသနလုပ်နေတဲ့ အဖေ့ဆီလာနေဖို့ ရောက်လာခဲ့ပါတယ်။ သူ့အဖေက တောထဲမှာ လူအသေးလေးတွေရှိတယ်ဆိုတဲ့အကြောင်းကို အရူးအမူးကိုယုံကြည်နေခဲ့ပြီး သူ့ယုံကြည်ချက်မှန်ကြောင်း သက်သေပြဖို့ကြိုးစားနေတာလည်းဖြစ်ပါတယ်။ဒါကို မယ်ရီကက်သရင်းက အဓိပ္ပါယ်မရှိဘူးဆိုပြီး မယုံကြည်ဖြစ်နေရာက သူကိုယ်တိုင် လူအသေးလေးတွေနဲ့တွေ့ကြုံလိုက်ရတဲ့အခါမှာ | ဘယ်လိုစွန့်စားခန်းတွေ ဘယ်လိုပြဿနာတွေရင်ဆိုင်ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ကြည့်ရှုရမှာပါ။ သိပ်ကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်တာမို့ အညွှန်းတွေများပြီး အရသာပျက်မှာစိုးတာကြောင့် လူအသေးလေးတွေကဘာလုပ်ကြတာလဲ၊ မယ်ရီနဲ့လူအသေးလေးတွေဘယ်လိုဆက်စပ်မှုရှိတာလဲ၊ သူတို့ဘာကိုရင်ဆိုင်နေကြရတာလဲ ဆိုတာကို ကိုယ်တိုင်ပဲ ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ File size…1.7GB /  900MB Quality…1080p BluRay /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
movie

Epic (2013)

2013
The Bob’s Burgers Movie(2022) 7.1
The Bob’s Burgers Movie(2022)  ဟာသရုပ်ရှင် ကြိုက်တဲ့သူတွေအတွက် ဒီနှစ်ထွက် animated movie အသစ်စက်စက်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2011 လောက်ကတည်းကစပြီး ထုတ်လွှင့်နေဆဲဖြစ်တဲ့ နာမည်ကြီး Bob's Burgers animated series ရဲ့ တစ်ကားပြီး ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။Series အကြောင်းကို မိတ်ဆက်ပေးရမယ်ဆိုရင် ဘော့ဘ်နဲ့ လင်ဒါတို့ လင်မယားနှစ်ယောက်က ဘာဂါဆိုင်ဖွင့်ထားတာ။ သူတို့မှာ တီနာ ဂျင်း လူးဝစ်ဆိုတဲ့ ကလေးသုံးယောက်ရှိတယ်။ သူတို့မိသားစုက နည်းနည်းဂေါက်စီတော့နိုင်တယ်။ ပြီးတော့ ပြဿနာတစ်ခုခုဖြစ်လိုက်တိုင်း သူတို့မိသားစုပါတယ်။ မိသားစုလိုက်ကို စွန့်စားခန်းဖွင့်ကြတာ။ ဒါက series အကြောင်းပေါ့။အခု ရုပ်ရှင်က သူတို့စွန့်စားခန်းတွေထဲကတစ်ခုအကြောင်းရိုက်ထားတာပါ။ series မကြည့်ဖူးလည်း ခွီလို့ရအောင် ရိုက်ထားတာမို့ ရှုစားလို့ရပါတယ်ခင်ဗျာ။ (ရုပ်ရှင်မှာ ခေတ်စကားတွေ အရမ်းသုံးထားတော့ အတတ်နိုင်ဆုံး ကြိုးစားဘာသာပြန်ပေးထားပါတယ်။ အမှားပါခဲ့ရင်လည်း ခွင့်လွှတ်ပေးပါလို့File size…(1.18GB)/(711MB)/(361MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre...Comedy ...
movie

The Bob’s Burgers Movie(2022)

Night of the Animated Dead (2021) 5.0
Night of the Animated Dead (2021) Night of the Animated Dead (2021)=========================ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ ...
movie

Night of the Animated Dead (2021)

2021
Mr. Peabody & Sherman ( 2014 ) 6.8
Mr. Peabody & Sherman ( 2014 ) Zawgyi*******ဒီ Animation လေး ရဲ့ IMDb ကတော့ 6.8 ပဲဖြစ်ပါတယ်အထင်တော့မသေးလိုက်ပါနဲ့..Mr. Peabody ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့်သူဟာ တကယ့်ကို Genius .အတတ်ပညာ အစုံအလင် တတ်တယ်လူကောင်လေးဖြစ်တဲ့ ရှာမန်ကိုတောင် သူက ပြန်ပြီးမွေးစားထားလိုက်သေးတယ်သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့အချိန်ခရီးသွားစက်ပါပဲ..တရက် ရှာမန်ကျောင်းစတက်ရင်း နဲ့ပန်နီဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ပန်နီရော ပန်နီ မိဘတွေရော Mr.Peabody အိမ်ကိုရောက်ရှိလာပါတော့တယ်အဲ့ကနေဘာတွေဆက်ဖြစ်ကြမယ်ဆိုတာဆက်လက်ကြည့်ရှုပာဒီဇာတ်ကားလေးဟာ သမိုင်းရဲ့ဖြစ်စဉ်အမှန်တွေပေါ်မှာလည်းဟာသသဘောလေးနှောပြီးရိုက်ကူးထားလို့ သဘောကျမိမှာအမှန်ပါပဲ Unicode*******ဒီ Animation လေး ရဲ့ IMDb ကတော့ 6.8 ပဲဖြစ်ပါတယ်အထင်တော့မသေးလိုက်ပါနဲ့..Mr. Peabody ဟာ ခွေးတစ်ကောင်ဖြစ်ပေမယ့်သူဟာ တကယ့်ကို Genius .အတတ်ပညာ အစုံအလင် တတ်တယ်လူကောင်လေးဖြစ်တဲ့ ရှာမန်ကိုတောင် သူက ပြန်ပြီးမွေးစားထားလိုက်သေးတယ်သူ့ရဲ့ အထူးခြားဆုံး တီထွင်မှု တစ်ခုကတော့ ဝေးဘက် လို့ခေါ်တဲ့အချိန်ခရီးသွားစက်ပါပဲ..တရက် ရှာမန်ကျောင်းစတက်ရင်း နဲ့ပန်နီဆိုတဲ့ကောင်မလေးနဲ့ရန်ဖြစ်ပြီးတဲ့နောက်မှာတော့ပန်နီရော ပန်နီ မိဘတွေရော Mr.Peabody ...
movie

Mr. Peabody & Sherman ( 2014 )

2014
The Highwaymen(2019) 7.1
The Highwaymen(2019) The Highwaymen(2019)IMDb...7.1တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်....မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်...သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့်ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်...ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ....ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်..တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သားအပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်..ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်...နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်...ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ...ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size : (1GB) and (357MB)Quality : ...
movie

The Highwaymen(2019)

2019