Channel Myanmar

Dean Denton

Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Devotion (2023) 7
Devotion (2023) Devotion (2023)ဖြစ်ရပ်မှန်အခြေခံ စစ်ကားနောက်တစ်ကား လာပါပြီ။ Top Gun, Midway စတိုင် လေကြောင်းစစ်ပွဲကားပါပဲ။ စစ်ကားကောင်းတွေကလည်း ထွက်ဖို့ရှားတတ်ပြီး ပထမကမ္ဘာစစ် ဒုတိယကမ္ဘာစစ်တွေကလည်း ရိုက်စရာဇာတ်လမ်းကုန်နေပြီမို့ အက်မင်ဆိုတတိယကမ္ဘာစစ်တောင် မျှော်နေပါပြီ။ ဒီစစ်ကားကတော့ ကောင်းပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲကာလ၊ တောင်-မြောက်ကိုရီးယားနယ်စပ်တိုက်ပွဲမှာ ဝင်တိုက်ခဲ့တဲ့အမေရိကန်ရေတပ်လေယာဉ်မှူးတွေအကြောင်းပဲဖြစ်ပါတယ်။ သူရဲကောင်းဆုတွေရခဲ့ပြီး ယနေ့ထိ ထင်ရှားဆဲ လေယာဉ်မှူးတစ်ယောက်အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဒုတိယကမ္ဘာစစ်အပြီး စစ်ပွဲမတွေ့ဖူးတော့ဘဲ ကင်းထောက်ပျံလိုက် လေ့ကျင့်လိုက်လုပ်နေတဲ့ တိုက်လေယာဉ်အုပ်-၃၂ မှာ တစ်ဦးတည်းသော လူမည်းပိုင်းလော့ဖြစ်တဲ့ ဂျက်ဆီဘရောင်းလည်းပါဝင်ပါတယ်။ သူရဲ့ သူငယ်ချင်းကောင်းကတော့ တွမ် ဟက်ဒ်နာလို့ခေါ်တဲ့ ဗိုလ်လေးပဲဖြစ်ပါတယ်။ သူတို့တွေဟာ လေ့ကျင့်တဲ့အဆင့်ကနေ တောင်မြောက်ကိုရီးယားနယ်စပ်မှာဖြစ်လာတဲ့ စစ်ပွဲကို ကူညီဖို့အတွက် လေယာဉ်တင်သင်္ဘောတစ်စင်းနဲ့ ထွက်လာပြီးလေကြောင်းတိုက်ပွဲတွေဆင်နွှဲရပုံတွေကို ပြသထားတာပဲဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Action, Drama, War Quality…. 1080p | 720p | 480p File size…2.1GB | 1GB | 491MB Format… mp4 Duration…. 2h 19min Subtitle…. Myanmar Subtitle ...
movie

Devotion (2023)

2023
The Riot Act(2019) 7.6
The Riot Act(2019) The Riot Act(2019)အညွှန်း***********************(zawgyi)အခုမိတ်ဆက်ပေးလိုက်တဲ့ ဇာတ်ကားကတော့ ၂၀၁၈ မှာထွက်ခဲ့တဲ့ အမေရိကန် thriller အမျိုးအစားဇာတ်ကားလေး ဖြစ်တဲ့ The Riot Act ဆိုတဲ့ ကားလေးပါ ဒီထဲမှာတော့ ဒေါက်တာပက်ရိုးဆိုတဲ့ ဆရာဝန်ဟာ အော်ပရာဇာတ်ရုံတစ်ရုံကို ပိုင်တဲ့ မြို့မျက်နှာဖုံး သူဌေးတစ်ယောက်ပါ တနေ့တော့ သူ့ရဲ့ တစ်ဦးတည်းသော သမီးဟာ ဇာတ်ရုံမှာ ကနေကျ သရုပ်ဆောင်မင်းသားတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ် ဖခင်ဖြစ်သူဟာ သဘောမတူလို့ ခိုးပြေးမယ့်ညမှာပဲ မိသွားရာက လူသတ်မှု ဖြစ်သွားခဲ့ပါတယ် သမီးဖြစ်သူဟာ သူ့ချစ်သူကို ဆုံးရှုံးရတဲ့ အဲဒီညကတည်းက ထွက်ပြေးသွားခဲ့ပြီး ပြန်ပေါ်မလာခဲ့ပါဘူး သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ပဲ မြို့က လူတွေက သိထားကြပါတယ် အဲဒီဖြစ်ရပ်ဖြစ်ပြီး ၂ နှစ်ကြာတဲ့အချိန်မှာ ဒေါက်တာပက်ရိုးဟာ သူ့အော်ပရာဇာတ်ရုံကို ပြန်ဖွင့်ပါတယ် အဲဒီမှာ ကဖို့ ငှားလိုက်တဲ့ ဇာတ်အဖွဲ့မှာ ထူးခြားတာတွေ ရှိနေပါတယ် ဇာတ်လမ်းက ...
movie

The Riot Act(2019)

2018
The Highwaymen(2019) 7.1
The Highwaymen(2019) The Highwaymen(2019)IMDb...7.1တောအုပ်တစ်ခုရဲ့ နေရာတစ်ခုတွင် ထောင်သားတွေအလုပ်လုပ်နေကြသည်....မြင်းကိုယ်စီ ဖြင့် လက်နက်ကိုင် ထောင်စောင့်အဖွဲ့တွေလည်း အသီးသီးစောင့်ကြတ်နေကြသည်...သို့ပေမယ့် ကြိုတင်စီစဉ်မှုတွေကြောင့် ထောင်သားတစ်ချို့ဟာ ဝှက်ထားတဲ့ လက်နက်များဖြင့်ထောင်စောင့်များကို သတ်ဖြတ်ကာ  သူတို့အား လာခေါ်သည့် ကားဖြင့် ထွက်ပြေးလွတ်မြောက်သွားကြသည်...ပြေးနိုင်သည့် လမ်းများကိုလိုက်လံပိတ်ဆို့ထားသော်လည်း အစအနပင်ရှာမရချေ....ဒါတွေအားလုံးရဲ့အဓိက တရားခံက ဝရမ်းပြေးလင်မယား(၂)ယောက်ဖြစ်သည်..တကယ်တော့ သူတို့ကိုဖမ်းမမိသည်မှာ (၂)နှစ်ခန့်ပင်ရှိနေသည့်အပြင် ယ္ခုအခါ တခြားရာဇဝတ်သားအပေါင်းအပါတွေပါ ထောင်ကလာခေါ်ထုတ်သည့်အတွက် သတင်းစာခေါင်းကြီးပိုင်းမှာခမ်းခမ်းနားနားကြီးကိုပါလာခဲ့လေသည်..ဒီ့အတွက်ကြောင့် အုပ်ချုပ်ရေးပိုင်းက လူကြီးတွေ ခေါင်းမီးတောက်နေသည်...နောက်ဆုံးတော့ အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ ယခင်ကဖျက်သိမ်းခဲ့သည့် ရန်းဂျားတပ်ဖွဲ့ဝင်(၂)ဦးကို ပြန်လည်တာဝန်ပေးအပ်ဖို့ဖြစ်သည်...ရှေးယခင်က ရိန်းဂျိန်းတွေဟာဖမ်းမမိတဲ့သူတွေကို တရားဝင်သတ်ဖြတ်ပိုင်ခွင့်ရှိသည်..အုပ်ချုပ်ရခက်သည့်ရိန်းဂျားတွေဟု ယူဆက အဖွဲ့ကိုဖျက်သိမ်းခဲ့ခြင်းဖြစ်သည်..ယ္ခုအခြေအနေမှာတော့ ကျန်ရှိနေသေးသည့် အတော်ဆုံး(၂)ယောက်ကိုခေါ်သုံးဖို့ဖြစ်လာသည်...ကိုင်း သူတို့ ဖမ်းမိနိုင်မလား....ဒီရာဇဝတ်သားတွေကရော ဘယ်လိုမကောင်းမှုတွေဆက်ကျူးလွန်ဦးမလဲ...ခံစားကြည့်လိုက်ပါဦး...မင်းသားကြီး Kevin Costnerနဲ့ Woody Harrelsonတို့အဓိကပါဝင်ထားသည့်အပြင် IMDbလည်းအကောင်းဆုံးအနေအထားမှာရှိနေသည့် မှုခင်းဇာတ်ကားမို့ကားကောင်းတစ်ကားဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoonwahwah Theint ပဲဖြစ်ပါတယ်...File Size : (1GB) and (357MB)Quality : ...
movie

The Highwaymen(2019)

2019