Channel Myanmar
Denise Richards
Undercover Brother (2002) 5.9
Undercover Brother (2002) Undercover Brother (2002) ==================== IMDb Rating - 5.9/10အမေရိကားနိုင်ငံမှာ အာဖရိကန် - အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ "The Man" ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် "The Man" မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ "ဘရားသားဟုဒ်" လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် "ဘရားသားဟုဒ်" အဖွဲ့အနေနဲ့ ဒီကိစ္စဟာ "The Man" ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် ...
movie
Undercover Brother (2002)
2002
A Christmas Frequency (2023)
A Christmas Frequency (2023)   နာမည်ကြီး ရေဒီယိုတိုက်ရိုက်အသံလွှင့်တင်ဆက်သူ ဘရွတ်က ခင်ပွန်းနဲ့ကွဲပြီး ပုံမှန်တင်ဆက်နေကျ "ဘရွတ်နဲ့နံနက်စာ" ရေဒီယိုအစီအစဉ်မှာ လုပ်ငန်းစွမ်းဆောင်ရည်တွေကျဆင်းနေခဲ့တယ်။ ဘရွတ်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ကန်ဇီကတော့ မကြာခင် "ဘရွတ်နဲ့နံနက်စာ" အသံလွှင့်အစီအစဉ်ဖျက်ချခံရပြီး အလုပ်ပြုတ်တော့မှာကို စိုးရိမ်နေခဲ့တာပေါ့။ဒီလိုနဲ့ အစီအစဉ်တစ်ခုဆွဲပြီး "ဘရွတ်နဲ့နံနက်စာ"ရှိုးကို ကယ်တင်ဖို့ကြိုးစားခဲ့တယ်။ အစီအစဉ်ကတော့ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးဖို့ပါပဲ။ ဘရွတ်ကို ဘလိုင်းဒိတ်ရှာပေးနေတဲ့ကန်ဇီရဲ့အ​ချစ်ရေးကရော ဘယ်လိုမျိုးဖြစ်နေလဲ နောက်ဆုံးမှာဘရွတ်နဲ့သင့်တော်တဲ့ဒိတ်ကိုရှာတွေ့ပြီး ရှိုးကိုကယ်တင်နိုင်ပါ့မလားနဲ့ အချစ်ရေးနဲ့ အလုပ်ကြား ပဋိပက္ခနဲ့ဦးစားပေးမှု ရွေးချယ်မှုတွေအကြောင်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie
A Christmas Frequency (2023)
Starship Troopers (1997) 7.6
Starship Troopers (1997) Genre – Action, Adventure, Sci-fi IMDB – 7.3/10ကျွန်တော်တို့ ၉၀ ခုနှစ်ကျော်က Sci-fi ကားကောင်းတွေအကြောင်းပြောမယ်ဆိုရင် Star Wars တွေ Star Trek တွေ Alien တို့လောက်နဲ့ မပြီးဘူးဗျဒီ Starship Trooper ကို ဇာတ်ကားနာမည်သာ မသိမယ် ဓားခုတ်ကောင်ကြီးတွေနဲ့ ချတယ်ဆိုပြီးလူတိုင်းငယ်ဘဝက ကြည့်ခဲ့ဖူးကြမယ် ထင်ပါတယ် (တချို့အခန်းတွေအကြောင်းလည်း ပါမယ်ပေါ့လေ)။ထားပါ ပြောချင်တာက သူကတော့ Franchise အနေနဲ့ ၃ ကားထိ ထွက်ရှိထားတာ ဖြစ်ပါတယ်အကုန်လုံး တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ဒါရိုက်တာဖြစ်တဲ့ Paul Verhoeven ဆိုရင်လည်း တခြား Robocop တို့ Hollow Man တို့ကိုရိုက်ကူးထားတဲ့လူပါ။နောက်ပြီး ၁၉၉၈ ခုနှစ် အော်စကာဆုပေးပွဲမှာ Best Visual Effectစကာတင်လည်း ဝင်ခဲ့ပါသေးတယ် (Titanic နဲ့ Jurassic ...
movie
Starship Troopers (1997)
1997
TimeCrafters: The Treasure of Pirate’s Cove (2022)
TimeCrafters: The Treasure of Pirate’s Cove (2022) TimeCrafters: The Treasure of Pirate's Cove (2022) ======================================ရတနာမြေပုံတစ်ခုကို ရှာတွေ့သွားကြတဲ့ ၁၈ရာစုက ပင်လယ်ဓားပြ တွေဟာ မြေပုံကိုလုကြရင်း မုန်တိုင်းကနေတစ်ဆင့် ၂၁ရာစု အခုခေတ်ရဲ့ "ပင်လယ်ဓားပြကမ်းစပ်" လို့ခေါ်တဲ့ မြို့လေးကို ရောက်သွားကြပါတယ်။ ဒါပေမဲ့ မြေပုံကိုတော့ အဲဒီမြို့က ကလေးအုပ်စုက ရှာတွေ့သွားကြပြီး သူတို့လည်း ရတနာတွေလိုက်ရှာပါတော့တယ်။ ရတနာကိုလိုက်ရှာနေ ကြတဲ့ လူကြီးတစ်သိုက်နဲ့ ကလေးတစ်သိုက် ဘယ်သူက ရတနာတွေ ရသွားမလဲ။ တကယ့်ရတနာအစစ်ကရော ဘာများလဲဆိုတာ ကြည့်ရ မှာပဲဖြစ်ပါတယ်။ Adventure, Fantasy အမျိုးအစားဖြစ်ပြီး စိတ်လွတ် လပ်စွာအပန်းဖြေကြည့်ရှုနိုင်မယ့် မူဗီတစ်ခုပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL Ya ဖြစ်ပါတယ်)File Size..........(2.0 GB) / (860 MB) / (500 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Family, Fantasy Translator.......EL Encoder..........SWM
movie
TimeCrafters: The Treasure of Pirate’s Cove (2022)
2022
Wickensburg (2022)
Wickensburg (2022) Wickensburg နယ်မြို့လေးကိုပြောင်းလာတဲ့ စီလင်းနဲ့ အဲလီရက်တို့ သားအမိ ၂ ယောက်... မြို့ကိုလာတဲ့လမ်းမှာတင် ဒေသခံတစ်ယောက်ရဲ့ထူးခြားတဲ့စကားတွေ.. မြို့ထဲရောက်တော့လည်း ပုံမှန်မဟုတ်တဲ့ လူတွေရဲ့အပြုအမူတွေဟာ သားအမိ ၂ ယောက်အတွက်ထူးဆန်းနေခဲ့ပါတယ်။ နယ်မြို့လေးမှာလည်း အရင်တည်းက ကျိန်စာမိတယ်ဆိုတဲ့ယုံတမ်းစကားကိုလည်းယုံကြည်ပြီး သူ့ကိုယ်သူစုန်းမလို့ခံယူထားတဲ့ ဒေသခံ ဝီလိုဆိုတဲ့ကောင်မလေး နဲ့ အဲလိရက်တို့ခင်မင်သွားပြီး ကျိန်စာအကြောင်းကိုရှာဖွေကြပါတော့တယ်။ တစ်ဖက်မှာလည်း တက်ကြွပြီးတော်တဲ့ ဂျာနယ်လစ်လေးစီလင်းတစ်ယောက် အလုပ်အသစ်မှာ ဘယ်လိုတွေကြုံတွေ့ရမလဲ သတင်းတွေရေးဖို့ရှာဖွေမွှေနှောက်ရင်း စုံစမ်းရင်း ဘာတွေထပ်ပြီးဖော်ထုတ်နိုင်မလဲ.. ဒီမြို့လေးရဲ့ လျှို့ဝှက်ချက်တွေရယ် ဒီမြို့လေးကတကယ်ပဲ ကျိန်စာမိနေတာလား နောက်ဆုံးဘယ်လိုဖြစ်သွားမလဲဆိုတာကို Mystery ဆန်ဆန် မပျင်းရဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမှာပါ။ File size…(1.8GB) / (1.14GB) / (412MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:57:00 Genre...Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sarah
movie
Wickensburg (2022)
Junkyard Dogs (2022) 5.4
Junkyard Dogs (2022) Junkyard Dogs (2022) ================Dog person တို့ အကြိုက်တွေ့စေမယ့် ပါပီလေးတို့ဇာတ်လမ်းလေး လာပါပြီ။ဟူဒီနီ ဆိုတဲ့ ခြံစောင့်ခွေးလေးက ပိတ်ထားတဲ့တံခါးတွေ မှန်သမျှကို ရအောင်ဖွင့်တတ်တဲ့ ဆူဘီဗန်အိမ်က ဆရာကြီးတစ်ကောင်ပေါ့။ သူ့မိတ်ဆွေတွေကတော့ အိုင်းစတိုင်း လို့ခေါ်တဲ့ ဉာဏ်ပြေးပြီး အနံ့ခံ ကောင်းတဲ့ ခွေးမလေးတစ်ကောင်ရယ်၊ ဂျက်ပေါ့ လို့ခေါ်တဲ့ အကောင် ကြီးကြီး ခွေးတစ်ကောင်ရယ်ပါ။ ပျော်စရာလိန်းရပ်ကွက်လေးကို စောင့်ရှောက်နေကြတဲ့ ခွေးလေးတွေ ဖြစ်ပြီး၊ သူတို့ ရပ်ကွက်ကို သိပ်ချစ်ကြတဲ့ကောင်လေးတွေဖြစ်ပါတယ်။တစ်နေ့မှာ ထောင်ကထွက်လာတဲ့ ဂျင်မီ နဲ့ ခရက်ရှာတို့နှစ်ယောက် စာပို့ သမား အယောင်ဆောင်ပြီး ဟူဒီနီတို့ ရပ်ကွက်ကို ဓားပြတိုက်ဖို့ ကြံစည် လာကြတယ်။ ဒါတွေကို မထင်မှတ်ဘဲ သိသွားတဲ့ ဟူဒီနီက သူ့သခင်ဖြစ်တဲ့ မိုနီကာကို သတိပေးပေမယ့် မိုနီကာက မင်္ဂလာပွဲနဲ့ အလုပ်ရှုပ်နေပြီး သတိ မထားမိခဲ့ပါဘူး။ ဟူးမန်းမကို ပြောမရတဲ့အခါမှာ ရပ်ကွက်ကို ကယ်တင်ဖို့ ဟူဒီနီတို့ အုပ်စု ဉာဏ်နီဉာဏ်နက်တွေ ထုတ်ကြပါတော့တယ်။ထောင်ထွက်လူဆိုးတွေနဲ့ ဂျလည်ခွေးတစ်သိုက် ဉာဏ်ချင်းပြိုင်သုံးရတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဟူးမန်းတွေ အနိုင်ရမလား အာဝုတို့ အနိုင်ရမလား စောင့်ကြည့်ရမယ့် ...
movie
Junkyard Dogs (2022)
2022
Love Accidentally (2022) 5.4
Love Accidentally (2022)   Love Accidentally (2022) စာဖတ်သူရေ ....အွန်လိုင်းကနေ စာတွေ အပြန်အလှန်ပို့ရင်း ပြုံးနေမိပြီလား ... . ပြောတဲ့စကားတွေက အချစ်ရေးတွေ မဟုတ်တာတောင် ဒီလူနဲ့ဆို ပျော်ရွှင်ရလို့ ကိုယ်တိုင် မသိလိုက်ခင်မှာတင် ကိုယ်ရဲ့ တစ်နေ့တာအကြောင်း စာလေးတွေ ပို့မိနေပြီလားအခု ဒီစာလေးဖတ်ရင်း တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ အတွေးထဲမှာ ခွင့်ပြုချက်မရှိဘဲ ၀င်လာနေပြီလား.....ဒါဆို မတော်တဆ ချစ်မိနေပြီလို့ ရာနှုန်းပြည့်ပြောမရရင်တောင် တစ်၀က်တော့  မှန်နေပါပြီ .... တစ်၀က်ကတော့ သင်ကိုယ်တိုင် အတည်ပြုပေးဖို့ လိုပါလိမ့်မယ်.....ဒီအကြောင်းအရာလေးကို လူနှစ်ယောက်ရဲ့ အဖြစ်နဲ့ သက်သေပြပေးချင်ပါတယ်....ဂျေဆင်နဲ့ အလက်ဇာဆိုတာ ကြော်ငြာကုမ္ပဏီတစ်ခုက အရည်အချင်းရှိ  အရောင်းကိုယ်စားလှယ်နှစ်ဦးပါ။ အရာရာမှာ အပြိုင်အဆိုင်နဲ့ သူ့ထက်ငါကျောအောင်အမြဲကြိုးစားနေကြသူတွေပေါ့။ တစ်နေ့မှာ အကြောင်းကိုယ်စီနဲ့ အရောင်းကိုယ်စားလှယ် ရာထူးကနေ စောပစ်ဘဲပစ် ရာထူးပါ နှစ်ယောက်သား ထပ်ရသွားပါတယ်။ပိုပြီးကံဆိုးတဲ့ အလက်ဇာကတော့ ဘဲပစ်ခံရတဲ့နေ့မှာ ဖုန်းကပါ လစ်သွားလို့ ဖုန်းအသစ်တစ်လုံးနဲ့ သူငယ်ချင်းမကို အသည်းကွဲကြောင်း စာအရှည်ကြီးတွေပို့ ဖီးလ်ပါတော့တယ်။နည်းပညာ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘယ်သူမှ ဖုန်းနံပါတ်အလွတ်မရတဲ့ ပြဿနာနဲ့ အလက်ဇာတစ်ယောက် သူငယ်ချင်းရဲ့ ...
movie
Love Accidentally (2022)
Love Actually (2003)
Love Actually (2003) Love Actually (2003) ================ အခုလိုခရစ္စမတ်ကာလနီးလာတဲ့အချိန်လေးမှာ ခရစ္စမတ်ပါဝင်တဲ့ဇာတ်လမ်းကိုကြည့်ရတဲ့အရသာဟာ အင်မတန်ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတာအမှန်ပါပဲ (ကိုယ့်တစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမမြင်ဖူးတဲ့ နှင်းပွင့်လေးတွေကိုစိတ်ကူးယဉ်ရတဲ့feelလေးနဲ့ပေါ့) အဲ့ဒီထဲမှာမှ ကိုယ်သဘောကျတဲ့မင်းသားမင်းသမီး သရုပ်ဆောင်တွေကိုတစ်စုတစ်ဝေးထဲမြင်တွေ့ရမယ်ဆို အတိုင်းထက်လွန်းကျေနပ်ဖို့ကောင်းပြီမဟုတ်ပါလား ဗြိတိန်ရဲ့နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman Colin Firth,Bill Nighy ,Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာ မြင်လိုက်ရတာနဲ့တင်အချိန်ပေးရကျိုးနပ်သည့်အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းဟာဆိုရင်အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ပင်ညွှန်းရမယ့် ဇာတ်လမ်းဟောင်းလေးတစ်ခုပါ intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသားခြင်းကြည်နူးခြင်းဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် ခရစ္စမတ်ချိန်ခါအားလပ်ရက်မှာမိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲ အညွှန်းလေးအကျဉ်းချုပ်ပြောရရင်.... မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ် ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက် အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီး မိမိမွေးရပ်မြေကိုစွနိ့ခွာချင်နေတဲ့ ဗြိတန်သားငနဲလေးတစ်ယောက် အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကို အခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီး ကင်မရာလေးနဲ့ရိုက်ပြီးအမှတ်တရပုံရိပ်ကို တိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက် ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက် ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက် Real sex မဟုတ်တဲ့ဟန်ပြသရုပ်ဆောင် အပြာကားရိုက်ရင်းတကယ်ချစ်မိသွားတဲ့ချစ်သူနှစ်ဦး သူဋ္ဌေးဖြစ်သူကိုစနိုက်ကြော်ရန်လိုက်ကပ်နေတဲ့ စာရေးမလေးနဲ့ သူဋ္ဌေးရဲ့မိန်းမမိသားစုအကြောင်း ရုံးတစ်ခုထဲမှာအတူတူလုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်လေးကိုတစ်ဖတ်သတ်အချစ်နဲ့ ၂နှစ် ၇လနဲ့ ၃ရက်တိုင်အောင်ထိ ဖွင့်ဟပြောဖို့ရန်အခြေအနေမပေးတဲ့ ကောင်မလေးတစ်ယောက်အကြောင်း စသဖြင့် မတူညီတဲ့ဇာတ်လမ်း ၈ ခုဟာဘယ်မျိုးသော အကြောင်းအရာတွေနဲ့ ချိတ်ဆက်နေမလဲ ကြည့်နေတဲ့ပရိတ်သတ်ကိုဝမ်းသာကြည်နူးတစ်လှည့် ဝမ်းနည်းကြေကွဲစရာလေးတွေနဲ့တစ်ဖုံ ခံစားမှုတွေရမယ်ဆိုတာသေချာပါတယ် Love actually ဇာတ်ကားဟာ Nominated 27 နဲ့ Winners 10 ခုကို ရရှိထားဖြစ်ပြီး အကောင်းဆုံးဇာတ်ပို့ဆုတွေကို မင်းသားကြီး Bill Nighy နဲ့ မင်းသမီးကြီး Emma Thompson တို့ကအများဆုံးရထားကြပြီး 2017 ခုနှစ်မှာတော့ Red Nose Day Actually ဆိုတဲ့ မိနစ်ပိုင်းစာလေးနဲ့အလွမ်းပြေတင်ဆက်ပေးခဲ့ပါတယ် အကယ်၍ Sequal များဆက်ထွက်ခဲ့မယ်ဆိုရင်လည်း Alan Rickman ...
movie
Love Actually (2003)
[James Bond] The World Is Not Enough (1999) 6.4
[James Bond] The World Is Not Enough (1999)  ***Channel Myanmar အနေနဲ့ James Bond ဇာတ်ကားတွေကို BluRay 1080p 5.1 CH Quality နဲ့စာတန်းထိုးကအစ ပြန်လည်ပြုပြင်ပြီးအကောင်းဆုံးဖြစ်အောင် တင်ဆက်သွားမှာ ဖြစ်ပါတယ်….https://channelmyanmar.org/category/007/ ဒီလင့်မှာ တင်ပြီးသမျှကို ဝင်ကြည့်လို့ရပါတယ်။***+++++++++++++++++++ဒီ ဇာတ်ကားကတော့ မင်းသား Pierce Brosnan ရဲ့ တတိယမြောက်ဘွန်းဇာတ်ကားဖြစ်ပါတယ်..Pierce Brosnan ရဲ့ဘွန်းဇာတ်ကောင်ကို ပရိတ်သတ်တော်တော်များများနှစ်သက်ကြောင်းတွေ့ရပါတယ်…ကြင်အင်လက္ခဏာ…တည်ငြိမ်မှု..ဝတ်စားဆင်ယင်မှု..သရုပ်ဆောင်မှုတွေအရPierce Brosnan နဲ့ ဘွန်းကို တစ်ထပ်တည်းကိုက်ညီစေတဲ့ ရသကို ပေးစွမ်းနိုင်ခဲ့တာပါ….နောက်တစ်ချက်က သူ့ရဲ့ဇာတ်ကားတွေမှာ Action ပိုင်း အတော်လေး ပြည့်စုံတာကို တွေ့ရမှာပါ..ဒီဇာတ်ကားရဲ့ Bond Girl နှစ်ယောက်ဖြစ်တဲ့ Sophie Marceau နဲ့ Denise Richards နှစ်ယောက်လုံးကတော့အရွယ်ကောင်းနဲ့ကွက်တိပါပဲ...တော်တော်လေးဆွဲဆောင်မှုရှိပါတယ်..။IMDb Rating (6.4/10) ရရှိထားပါတယ်…။   File size…(2.8 GB) and (1.5 GB) Quality….BluRay 1080p and 720p (HEVC ...
movie
[James Bond] The World Is Not Enough (1999)
HEVC 1080p 5.1
Money Plane 2020 3.3
Money Plane 2020 ဂျက်ဟာ ဒုစရိုက်သမားကြီး တစ်ဦးဆီမှာ အကြွေးများစွာ တင်နေတဲ့သူပါ။ သူ့မှာ အဖွဲ့တစ်ဖွဲ့လည်း ရှိပါတယ်။ ဆိုးတူကောင်းဖက် လုပ်စားကြမယ့် အဖွဲ့ပေါ့။ ဂျက်အကြွေးတွေကို အကြေချေပေးမယ်လို့ ပြောပြီး ဒုစရိုက်သမားကြီးက အလုပ်တစ်ခု ခိုင်းလာပါတယ်။ ပြတိုက်ထဲက ဒေါ်လာသန်းချီတန်တဲ့ ပန်းချီကားကို ခိုးဖို့ပေါ့။ အလုပ်ကို သေချာလုပ်တတ်တဲ့ ဂျက်တို့အဖွဲ့က သေချာပေါက်ဖြစ်စေရမယ်လို့ ယုံကြည်ပြီး ခိုးဖို့လုပ်ကြတယ်။ ဒါပေမဲ့ သူတို့လာမယ်ဆိုတာကို ပြတိုက်က ဘယ်လိုသိသွားတယ် မသိဘဲ ခိုးလို့ မရခဲ့ကြဘူး။ ဒီမှာပဲ ဒုစရိုက်သမားကြီးက မကျေနပ်တာနဲ့ ဒီထက်ပိုအန္တာရာယ်ကြီးပြီး ပိုပွပေါက်ရမယ့် Money Plane ဆီကို လွှတ်လိုက်တော့တယ်။ ကျန်တာတွေကို ဂျက်တို့အဖွဲ့ ဘယ်လိုလှုပ်ရှားမလဲဆိုတာကို ကြည့်ကြည့်ကြပါဦး။File Size : 600 Mb / 300 Mb Quality :WEB-DL 720p Format…mp4 Duration…01:22:00 Genre : Action Subtitle : Myanmar ...
movie
Money Plane 2020
1st Born(2019) 5.4
1st Born(2019) 1st Born(2019)(unicode)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....(zawgyi)ပေါ့ပေါ့ပါးပါး ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ အီရန်လူမျိုးယောက်ျား ဘန်ဂျမင်နဲ့အမေရိကန်အမျိုးသမီးကိတ်တို့ဟာ အိမ်ထောင်ကျပြီးခုနစ်နှစ်အတွင်းကလေးမရကြပါဘူး ကလေးမရကြတော့ ကလေးမွေးစားဖို့စီစဉ်ကြပါတယ် စီစဉ်နေတုန်းမှာပဲ မမျှော်လင့်ပဲ ကိုယ်ဝန်ရှိနေတာကိုသိလိုက်ကြပါတယ် ကံဆိုးစွားနဲ့ပဲကလေးမှာ ရောဂါဖြစ်နေတာကိုသိလိုက်ပါတယ် အဲ့ရောဂါက အဖိုးတွေရဲ့ရိုးတွင်းချဉ်ဆီနဲ့မှကုလို့ရမယ်ဖြစ်ပါတယ် အဲ့ဒါမှာဇာတ်လမ်းကစပါတော့တယ် ဘန်ဂျမင်ရဲ့အဖေကအမေရိကန်ကိုမုန်းပါတယ် မုန်းလွန်းလို့ကျောင်းသားဘဝတည်းက အီရန်မှာရှိတဲ့အမေရိကန်သံရုံးကိုဝင်တိုက်တာပါ အဲ့လောက်ကိုမုန်းပါတယ် ဘန်ဂျမင်ရဲ့အမျိုးသမီးကိတ်ရဲ့အဖေကလည်း ဆီနိတ်တာဖြစ်ဖို့ကြိုးပမ်းနေတဲ့အချိန်လဲဖြစ်ပါတယ် ယောက္ခမချင်းက နိုင်ငံကိုတအားချစ်တဲ့လူတွေပီပီ ဘယ်လိုတွေဖြစ်မလဲဆိုတာ ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုပေးကြပါဦး ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်....File Size : (850 MB) ...
movie
1st Born(2019)
2018
Wild Things (1998) 6.5
Wild Things (1998) Wild Things(1998) ................................. ပထမဆုံးအနေနဲ့ ဒီကားမှာ sexခန်းတွေ၊ ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေ၊ homosexualအခန်းတွေ ဖောဖောသီသီ ပါဝင်တာကြောင့် မိသားစုနဲ့လုံးဝမကြည့်ဖို့ တစ်ချက်သတိပေးပါရစေ။ 18နှစ်မပြည့်သေးသူတွေ အရွယ်မရောက်သေးတဲ့လူတွေလဲမကြည့်သင့်ပါဘူး ဇာတ်လမ်းမှာအဓိကဇာတ်ကောင် ငါးယောက်ပါပါတယ် သူတို့ကတော့ 1.ဆမ်လွမ်ဘာဒို ဘလူးဘေးအထက်တန်းကျောင်းက ကျောင်းဆရာလေးဆမ်က ရုပ်ချောသဘောကောင်းတဲ့ဆရာလေးမို့ လူချစ်လူခင်ပေါပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးပေါ့။ အထူးသဖြင့် ကျောင်းသူလေးတွေအတွက်ကတော့ ဆမ်ဟာသူတို့ရဲ့ပုံပြင်ထဲကမင်းသားလေး။ 2. ကယ်လီဗန်ရိုင်ယန် ကယ်လီကတော့ ဘလူးဘေးအထက်တန်းကျောင်းရဲ့ A list စာရင်းဝင် ခပ်ဟော့ဟော့ သူဌေးသမီးလေး။ သူလေးကလဲ ကျောင်းဆရာကို အသေအကျေ crushနေတဲ့ ကောင်မလေး။ တစ်နေ့မှာတော့ ကယ်လီတစ်ယောက် ကျောင်းဆရာရဲ့အိမ်ကို ကားသွားဆေးပေးရင်း သူ့ကိုကျောင်းဆရာက မုဒိမ်းကျင့်ပါတယ်ဆိုပြီး ရိုးသားကြိုးစားတဲ့ ကျောင်းဆရာလေးကိုစွပ်စွဲလာပါတော့တယ်။ 3.ဆူဇန်မာရီတိုလာ ဆူဇီလို့ခေါ်ကြတဲ့ ဒီကောင်မလေးကတော့ ကယ်လီလိုပဲ ခပ်လန်းလန်းကောင်မလေးဆိုပေမယ့် ကယ်လီလိုတော့ မချမ်းသာရှာဘူး မွေးစားမိခင်နဲ့အတူ မြို့စွန်ရပ်ကွက်မှာနေရတဲ့ကောင်မလေး။ အဲ..ကယ်လီက ကျောင်းဆရာမုဒိမ်းကျင့်တာခံရပါတယ် စွပ်စွဲလိုက်တော့ တစ်မြို့လုံးမယုံကြည်နိုင် ဖြစ်နေကြချိန်မှာ ဆူဇီကလဲ ဒီကျောင်းဆရာဟာ သူ့ကိုလဲ ဒီလိုပဲကျင့်ခဲ့ဖူးကြောင်း အရင်တုန်းကပြောရင် ဘယ်သူမှမယုံမှာစိုးလို့ မပြောခဲ့တာဖြစ်ကြောင်း ထပ်ပြီးထုတ်ပြောလာပါတယ်။ ဒီအချိန်မှာ ကျောင်းဆရာလေးကတကယ်ပဲ မုဒိမ်းကျင့်တယ်လို့ တချို့တွေယုံလာကြပါတယ်။ 4,5. စုံထောက်ရေးဒူကတ် နဲ့ ဂလော်ရီယာ သူတို့ကတော့ ကျောင်းဆရာလေးဆမ်ရဲ့အမှုကိုအဓိက ကိုင်တွယ်ကြမယ့်သူတွေပါ။ သူတို့နှစ်ယောက်ထဲက စုံထောက်မလေး ဂလော်ရီယာကလဲ ကျောင်းဆရာကိုကြိတ်ကြွေနေပါသေးတယ်။ ဒါကတော့ဇာတ်လမ်းရဲ့ အစကျောင်းဆရာလေးဆမ်ရဲ့ အမှုဖြစ်ပေါ်လာပုံဖြစ်ပါတယ်။ spoilerမဟုတ်ပါဘူး ဒါဟာဇာတ်လမ်းရဲ့ အစပိုင်းလေးပဲရှိပါသေးတယ်။ နောက်ပိုင်းမှာ ဇာတ်လမ်းရဲ့ ထင်မထားတဲ့အချိုးအကွေ့ အချိတ်အဆက်တွေက ပရိတ်သတ်ကို ပါးစပ်အဟောင်းသား ဖြစ်စေပါလိမ့်မယ်။ အညှီအဟောက်အခန်းလေးတွေလဲပါမှ ဇာတ်အိမ်ကလဲခိုင်မှ မင်းသားမင်းသမီးကလဲချောမှ twistတွေကလဲကြမ်းမှ ကြည့်ချင်တယ်ဆိုသူတွေ အတွက်ကတော့ Wild Things ဟာ လုံးဝကိုလက်လွတ်မခံသင့်တဲ့ ဘေကုန်ရကျိုးနပ်မယ့် ကားကောင်းတစ်ကားဖြစ်တဲ့အကြောင်း အာမခံလိုက်ပါတယ်။ Kaung Khant Win က ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ...
movie
Wild Things (1998)
1998
Blue Lagoon: The Awakening (2012) 5.6
Blue Lagoon: The Awakening (2012) အမ်မာနဲ့ ဒင်းဆိုတဲ့အထက်တန်းကျောင်းသူလေးနဲ့ကျောင်းသားလေးနှစ်ယောက်ဟာ အတန်းကလိုက်ပို့တဲ့ခရီးစဉ်တစ်ခုမှာကံဆိုးမိုးမှောင်ကျတဲ့သူနှစ်ယောက်ပဲဖြစ်ပါတယ် အရမ်းကိုတော်ပြီးတော့ ကျောင်းရဲ့အပျိုစင်ကြယ်ပွင့်လေး အမ်မာနဲ့ ကျောင်းမှာဆို ဘယ်သူနဲ့အဆက်အဆံမရှိတဲ့ဒင်းတို့ဟာ ကျောင်းသားတွေခိုးပြီးတော့ကဲကြတဲ့သဘောင်္ပေါ်ကပါတီကနေ ပင်လယ်ထဲကိုပြုတ်အကျပြီးမှာတော့ သူတို့တွေနိုးထလာတဲ့အချိန်မှာ ကမ်းမမြင်လမ်းမမြင်အနေအထားကိုရောက်ရှိနေပါပြီ။ အရာရာကိုပြီးပြည့်စုံတဲ့စီစဉ်ထားတတ်တဲ့အမ်မာအတွက်ကတော့ ကျွန်းပေါ်မှာဘာမှမရှိပဲနေရထိုင်ရတာတော်တော်လေးကိုစိတ်ညစ်စရာကောင်းပေမယ့် သဘာဝကိုတန်ဖိုးထားပြီးတော့အေးဆေးနေတတ်တဲ့ဒင်းအတွက်ကတော့ ပျော်စရာခရီးစဉ်တစ်ခုဖြစ်လို့နေပါတယ်။ ကျွန်းပေါ်မှာနေထိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်အားကိုးနေထိုင်ရင်းနဲ့ပဲ အမ်မာနဲ့ဒင်းတို့ကြားမှာရင်းနှီးမှုထက်ကျော်လွန်တဲ့စိတ်တွေပိုလာခဲ့ပါတော့တယ် ဒီတော့ အမ်မာနဲ့ဒင်းနဲ့သူတို့ဘဝတစ်လျှောက်လုံးကိုကျွန်းပေါ်မှာပဲနေထိုင်ရင်းနဲ့ကုန်ဆုံးသွားမလား ကယ်တင်မဲ့သူတွေပဲရောက်ရှိလာနိုင်မလား သူတို့မြို့ကိုပြန်ရောက်သွားရင်တောင် သူတို့နှစ်ယောက်ကြားကဆက်ဆံရေးကဘယ်လိုတွေဆက်ဖြစ်လာနိင်မလဲဆိုတာ ကြည့်ရှုလို့ကောင်းတဲ့ဇတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဘာသာပြန်ပေးထားတာတော့Aye Chansuဖြစ်ပြီးsithuကencodeပေးထားပါတယ်
movie
Blue Lagoon: The Awakening (2012)
2012
Scary Movie 3 (2003) 5.5
movie
Scary Movie 3 (2003)
2003
American Satan (2018) 6.0
American Satan (2018) Rockerကြီး​တွေအတွက်​ ဇာတ်​ကား​ကောင်း​လေးတစ်​ကားနဲ့မိတ်​ဆက်​​ပေးပါရ​စေ။ဒီဇာတ်​ကား​လေးက​တော့ Rockဂီတကိုရူးသွပ်​တဲ့ ဂျွန်​နီတို့လူငယ်​တစ်​ဖွဲ့ဟာ တီးဝိုင်း​ထောင်​ပြီးအောင်​မြင်​မှုရ​အောင်​ကြိုးစားကြတဲ့ဇာတ်​လမ်း​လေးပါ။တီးဝိုင်းအဖွဲ့​ထောင်​ပြီး​အောင်​မြင်​မှုက​အောင်​ကြိုးစား​နေချိန်​မှာပဲ ​စေတန်​နတ်​ဆိုးနဲ့​တွေပြီး လမ်းမှားကိုစတင်​လိုက်​မိပါ​တော့တယ်​။စေတန်​နတ်​ဆိုးက သူတို့အဖွဲ့ကို​အောင်​မြင်​​အောင်​လုပ်​​ပေးမယ်​၊ သို့​ပေမယ့်​ အ​ပေးအယူအ​နေနဲ့လူသား​တွေကိုယစ်​ပူ​ဇော်​​ပေးရပါတယ်​။အဲ့ဒါနဲ့​အောင်​မြင်​မှုကို​တောင့်​တကြတဲ့လူငယ်​အတွက်​ အမှား​တွေလုပ်​မိကြပါ​တော့တယ်​။တီးဝိုင်းအဖွဲ့က​အောင်​မြင်​လာတာနဲလအမျှ အ​ပျော်​အပါး​တွေပါလာပြီး​နောက်​ဆုံးမှာ ​ဆေးစွဲသွားတဲ့အထိလမ်းမှားလိုက်​မိပါ​တော့တယ်​။အဲ့လိုအခက်​အခဲ​တွေ၊ ပြင်​မရအမှား​တွေထဲက​နေ ဘယ်​လိုရုန်းထွက်​ကြမလဲဆိုတာ ဒီဇာတ်​လမ်းက​လေးမှာ ဆက်​လက်​ကြည့်​ရှု့ကမှာဖြစ်​ပါတယ်​။ဇာတ်​ကားထဲမှာ သုံးထားတဲ့သီချင်း​တွေနဲ့ riffတီးကွက်​​တွေကအမိုက်​စား​တွေမို့လို့ Rockပရိတ်​သတ်​​တွေအတွက်​​တော့ သ​ဘောကျမှာအမှန်​ပါပဲ။Rockerကြီးများ လက်​လွတ်​မခံသင့်​တဲ့ဇာတ်​လမ်း​ကောင်း​လေးပါ။ File Size : (900 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre :Drama, Music, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.X264-AMIABLE Translated by Ye Yint Encoded by Thanhtike Zaw
movie
American Satan (2018)
2018