Channel Myanmar

Dennis Boutsikaris

The Bourne Legacy (2012) 6.6
The Bourne Legacy (2012) The Bourne Legacy (2012)IMDb Rating (6.6) / Rotten Tomatoes (56%)++++++++++++ဒီဇာတ်ကားကတော့ Matt Damon ရဲ့ Bourne ဇာတ်လမ်းမဟုတ်တော့ဘဲ မင်းသားသစ် Jeremy Renner ခေါင်းဆောင်ရိုက်ကူးထားတဲ့ Bourne ဇာတ်လမ်းကျောရိုးထဲက ဇာတ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအကျဉ်း..The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က ...
movie

The Bourne Legacy (2012)

4K HEVC
Pinball: The Man Who Saved the Game (2023)
Pinball: The Man Who Saved the Game (2023) 1942 ခုနှစ်မှစပြီး ပင်ဘောကိုရာဇဝတ်အဖွဲ့အစည်းတွေချုပ်ကိုင်ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အမေရိကန်ကမြို့တော်တော်များများမှာ ပိတ်ပင်ပစ်ခဲ့ပါတယ် ။ 1970 ပြည့်နှစ်တွေမှာ Roger Sharpe ဆိုတဲ့နှုတ်ခမ်းမွှေးကားကားနဲ့လူတစ်ယောက် နယူးယော့မြို့ကြီးကိုစာရေးဆရာဖြစ်ချင်လို့ ရောက်လာရင်း မဂ္ဂဇင်းတိုက်တစ်ခုမှာအလုပ်လည်းရ Ellen ဆိုတဲ့ကောင်မလေးလည်းရပြီး သာယာနေတဲ့အချိန်မှာ သူရဲ့တစ်ခုတည်းသောထွက်ပေါက်ဖြစ်တဲ့ ပင်ဘောကိုပိတ်ပင်ထားကြောင်းသိရှိသွားတဲ့အချိန် Roger တစ်ယောက် စာရေးဆရာအနေနဲ့ရော Music and Amusement Association(MAA) နဲ့ပူးပေါင်းပြီးရော ပင်ဘောတရားဝင်ပြန်လည်ဖြစ်မြောက်ရေးအတွက် ဘယ်လိုတွေကြိုးစားမလဲဆိုတာကို ကြည့်ရှုခံစားကြရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးဟာဆိုရင်တော့ ပင်ဘောရဲ့ကယ်တင်ရှင်ကြီးRoger Sharpe ရဲ့ဖြစ်ရပ်မှန်ဘဝကိုအခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်ခင်ဗျာ ။ ပင်ဘောကိုအကြောင်းပြချက်မျိုးစုံနဲ့ပိတ်ပင်ထားတဲ့ အမေရိကန်ကမြို့တွေရဲ့ဥပဒေတွေ၊ ပင်ဘောစတီထွင်တုန်းကနဲ့အခု ဘယ်လိုတွေပြောင်းလဲသွားလဲဆိုတာတွေနဲ့ Roger နဲ့ Ellen တို့အတူဖြတ်သန်းခဲ့ကြပုံကို လက်ရှိအချိန်မှာ Roger Sharpe ကပြန်ပြောပြနေပုံနဲ့တစ်မျိုး 1970 တုန်းက Roger Sharpe အနေနဲ့တစ်ဖုံ ဟာသလေးနှောပြီးတင်ဆက်ထားပါတယ် ။ ဒါရိုက်တာတွေကတော့ညီအကိုတွေဖြစ်တဲ့ Austin နဲ့ Meredith Bragg ကရိုက်ကူးထားတာဖြစ်ပြီး ...
movie

Pinball: The Man Who Saved the Game (2023)

Impossible Monsters (2019) 6.2
Impossible Monsters (2019) ဒီ ရုပ်ရှင်ကတော့ အိပ်မက်တွေအကြောင်းကို စိတ်ဝင်စားသူတွေ ကြည့်ရှုသင့်တဲ့ dramatic thriller အမျိုးအစားပါ။ဇာတ်လမ်းဇာတ်အိမ်က တော်တော်လေးထူးခြားတယ်လို့ ပြောရပါမယ်။ရည်မှန်းချက်ကြီးတဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ဒေါက်တာ Richard Freeman က အိပ်စက်ခြင်းပညာရပ်မှာ လေ့လာမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။အိပ်စက်ခြင်း ပညာရပ်ကို လေ့လာတယ်ဆိုကတည်းကအိပ်မက်ဆိုးတွေ အိပ်မက်ယောင်တာတွေအိပ်နေတုန်းဘီလူးစီးတယ်လို့ ပြောကြတဲ့ sleep paralysis အကြောင်းတွေပေါ့။အဲ့ဒီလေ့လာမှုမှာ ပါဝင်အစမ်းသပ်ခံသူတွေကပန်းချီဆရာ Otis၊ ပရော်ဖက်ဆာ Freeman ရဲ့အတန်းက ကျောင်းသူ Jo နဲ့ Freeman ရဲ့ ချစ်သူ Leigh တို့ပဲ ဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ အိပ်မက်နဲ့ လက်တွေ့ကမသဲကွဲတော့လောက်အောင် ဘယ်လိုဖြစ်ရပ်တွေ ဖြစ်လာမလဲဆိုတာကိုကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါ။ File Size : ( 783 MB , 232 MB) Quality : WEB-DL 720p Running Time : 1 ...
movie

Impossible Monsters (2019)