Channel Myanmar

Dennis Dugan

Can’t Buy Me Love (1987) 6.8
Can’t Buy Me Love (1987) Can't Buy Me Love (1987)ရော်နယ်လ်မီလာဆိုတဲ့ အပယ်ခံကျောင်းသားလေးက ငကြောင်စာဂျပိုးလေးတစ်ကောင်ဖြစ်ရတာကိုစိတ်ကုန်လာလို့ ကျောင်းမှာပေါ်ပြူလာအဖြစ်ဆုံး ကောင်မလေးနဲ့ ဟန်ဆောင်တွဲပြီး လူရာဝင်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ဖြစ်လာအောင်ကြိုးစားမှုကို ပုံဖော်ရိုက်ကူးထားတဲ့ အချစ်ဟာသ ဆယ်ကျော်သက်ဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ရော်နယ်လ်ဟာ စင်ဒီမန်စီနီလို့ခေါ်တဲ့ ကျောင်းနေဖက် ပန်းဖွားမယ်ခေါင်းဆောင် အချောအလှလေးရဲ့အိမ်မှာ မြက်ရိတ်ပေးတဲ့ကောင်လေးဖြစ်တယ်။ တစ်နေ့ စင်ဒီက ပါတီတစ်ခုကို သူ့အမေမသိအောင် ခိုးဝတ်သွားတဲ့ သူ့အမေရဲ့လည်သာအပေါ်ထပ်မှာ ဝိုင်စွန်းလာခဲ့တယ်။ ပြန်လျှော်လို့လည်းမရ၊ ဆိုင်ရှင်နဲ့လည်း အပေးအယူလုပ်မရဖြစ်နေတဲ့စင်ဒီ့ကို မြင်လိုက်ရတဲ့ရော်နယ်လ်ဟာ သူမြက်ရိတ်လို့ရလာတဲ့ပိုက်ဆံထဲက အဝေးကြည့်‌မှန်ပြောင်းဝယ်ဖို့လုပ်ထားတဲ့ ဒေါ်လာတစ်ထောင်ကို စင်ဒီသူနဲ့တစ်လဟန်ဆောင်‌တွဲပြီး လူတွေရဲ့အာရုံစိုက်ခံရအောင်လုပ်ဖို့အတွက် အပေးအယူလုပ်ခဲ့တယ်။ သူတို့ရဲ့ ဟန်ဆောင်အချစ်ခရီးလမ်းလေးမှာတွေ့ကြုံရတဲ့ အချိုးအကွေ့တွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ဒီကားလေးထဲမှာတော့ အောင်မြင်မှုဒဏ်မခံနိုင်ဘဲ အသက်၄၄မှာတင် ဆေးလွန်ပြီဂ အသက်ဆုံးရှုံးသွားခဲ့တဲ့ တစ်ခေတ်တစ်ခါက ပင်ကိုသဘာဝအချောအလှလေး Amanda Peterson နဲ့ လူပျိုပေါက်အရွယ်ကတည်းက လန်ထွက်နေပြီး အခုထိကို ချောနေ၊ ခန့်နေဆဲဖြစ်တဲ့ မင်းသားကြီး ...
movie

Can’t Buy Me Love (1987)

1987
I Now Pronounce You Chuck & Larry (2007) 5.9
I Now Pronounce You Chuck & Larry (2007) I Now Pronounce You Chuck & Larry (2007)ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ... ဘယ်လို​တွေလွဲကုန်မလဲ... ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ ...
movie

I Now Pronounce You Chuck & Larry (2007)

2007
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
That’s My Boy (2012) 5.5
That’s My Boy (2012) ဒီတစ်ခေါက်မှာတော့ CM ပရိတ်သတ်ကြီးကို ၂၀၁၂ ခုနှစ်ထွက် Comedy/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဟာသဇာတ်ရုပ်ကို ပိုင်နိုင်လှတဲ့ မင်းသားကြီး Adam Sandler (50 First Dates/Murder Mystery)၊ ရုပ်တည်ကြီးနဲ့ အရွှန်းထထဖောက်တတ်တဲ့ ဟာသမင်းသား Andy Samberg (Brooklyn Nine-Nine/Palm Springs)နဲ့ မင်းသမီးချော Leighton Meester (Monte Carlo/The Judge)တို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်လေး ဒွန်နီက အရွယ်ငယ်ပေမယ့် အစွယ်မသေးဆိုသလို အသက်မပြည့်ခင်မှာပဲ ကျောင်းက ဆရာမနဲ့ တဂျိန်းဂျိန်းဖြစ်ရာကနေ ဆရာမက ကိုယ်ဝန်ရသွားခဲ့ပါတယ်။လူငယ်ပေမယ့် ဇ မသေးလှတဲ့ ဒွန်နီတစ်ယောက် ဆရာမကို ဂျိန်းတဲ့ ကျောင်းသားအဖြစ် အားလုံးရဲ့ပါးစပ်ဖျားရေပန်းစားပြီး နာမည်ကြီးသွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကလေးက ကလေးကို ပျိုးထောင်ဆိုသလို တစ်ကိုယ်တော်အဖေအဖြစ် သားလေး ဟန်းဆိုလိုကို ပျိုးထောင်ခဲ့ပြီး ...
movie

That’s My Boy (2012)

Happy Gilmore (1996) 7.0
Happy Gilmore (1996) လူတိုင်းသိကြတဲ့ဟာသသရုပ်ဆောင်ကြီး Adam Sandlerရဲ့ ဟာသရုပ်ရှင်ကောင်းလေးလာပါပြီ။ဟပ်ပီးဂေးလ်မောဆိုသူဟာ ငယ်စဥ်ကတည်းက ဟောကီအားကစားကိုနှစ်သက်သူတစ်ဦးပါ။ သူက ဟောကီကိုအလွန်နှစ်ကြိုက်ပင်မယ့်လည်း ကံမကောင်းလှရှာတော့ ဟောကီနဲ့သူနဲ့ကံမပါရှာပါဘူး။ ဒါပေမဲ့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အားအင်ကို ဂေါက်ဖ်ကစားတဲ့နေရာမှာ အသုံးချဖို့ဖြစ်လာပါတော့တယ်။ သူ့အဖွားကလည်း IRSရဲ့အကြွေးသိမ်းခြင်းခံရပြီး သူ့အဖွားအိမ်အတွက် ဟပ်ပီးတစ်ယောက်ဂေါက်ဖ်ကိုအသုံးချသွားပြီး အိမ်ကိုပြန်ရွေးသွားနိုင်မလား၊ ဂေါက်ဖ်လမ်းခရီးမှာ ဘယ်လိုအခက်ခဲတွေတွေ့ကြုံသွားရမလဲဆိုတာကို အတက်ကျ အနိမ့်အမြင့်လေးတွေကို ဟာသနှောပြီးကြည့်ရှူ့ရမှာဖြစ်ပါတယ်။ Nominations၄ခုဝင်ပြီး 1ခုဆုရရှိထားတာမို့လို့ စိတ်ကိုပေါ့ပေါ့ပါးပါးလေးနဲ့ရယ်လိုက်မောလိုက်ကိုမှ plotလေးနဲ့ကြည့်ချင်တဲ့လူတွေအတွက် ဒီကားလေးကိုကြည့်ရှု့ဖို့တိုက်တွန်းပါတယ်။File size…(2.82GB)  / (1.36GB) /714MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre...Comedy / Spot Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  Min Khant Kyi Win
movie

Happy Gilmore (1996)

Big Daddy (1999) 6.4
Big Daddy (1999) Big Daddy (1999) ============= IMDb Rating - 6.4/10၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ...
movie

Big Daddy (1999)

1999