Channel Myanmar

Dennis Kreusler

Nim’s Island(2008) 7.0
Nim’s Island(2008) Nim's Island(2008)******************Gerard Butler ကြီးရဲ့ နောက်ထပ် စွန့်စားခန်း ကားတစ်ကားဖြစ်ပါတယ်...လူသူမသိပေမယ့် အရမ်းလှပတဲ့သီးသန့်ကျွန်းလေးမှာ နှစ်ယောက်တည်းနေကြတဲ့ နင်းမ်နဲ့သူ့အဖေဂျက်ခ်။နှစ်ယောက်လုံး စွန့်စားရတာဝါသနာပါကြပြီး ဂျက်ခ်ကတော့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပါတယ်။တစ်နေ့မှာတော့ နင်းမ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ဂျက်ခ်တစ်ယောက်ပင်လယ်ထဲရှာဖွေရေးခရီးထွက်သွားတာကနေ မုန်တိုင်းမိပြီး လမ်းပျောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာလည်း နင်းမ်တို့သီးသန့်ကျွန်းကို အပျော်စီးသဘေႅာပေါ်ကရှာတွေ့ပြီကျွန်းကိုစီးပွားဖြစ်လုပ်မလို့ကြံစည်ပါတော့တယ်။ ထိုအချိန် တစ်ယောက်တည်းကျန်ခဲ့တဲ့နင်းမ်ကလည်း စာရေးဆရာမအလက်စ်ဇန်းဒြားနဲ့အဆက်အသွယ်သွားရပါတယ်။ နာမည်ကြီးစွန့်စားသမားဇာတ်ကောင် "အဲလက်စ်ရိုဗာ"စာအုပ်ရေးခဲ့တဲ့သူဖြစ်ပေမယ့်အပြင်မှာကျ အိမ်အပြင်တောင်မထွက်ရဲတဲ့သူဖြစ်နေပါတယ်။ ဒါပေမဲ့ နင်းမ်အကူအညီတောင်းလာတဲ့အခါမှာတော့...သူတို့သီးသန့်ကျွန်းလေးပေါ် ကျူးကျော်လာတဲ့သူတွေကို နင်းမ်တစ်ယောက်အောင်အောင်မြင်မြင်မောင်းထုတ်နိုင်ပါ့မလား..နင်းမ်အဖေကရော ပြန်လာနိုင်ပါ့မလား..အလက်စ်ဇန်းဒြားကရော ရောက်လာနိုင်ပါ့မလားဆိုတာကတော့.. File Size :(2.3GB)(1.2GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:36:00 Genre :Adventure, Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Nim’s Island(2008)

The Invisible Man (2020) 7.5
The Invisible Man (2020) The Invisible Man (2020)===================IMDb Rating 7.5/10 ထိရရှိထားပါတယ် . . .#UnicodeFebruary လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားကနာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာသူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . ...
movie

The Invisible Man (2020)

2020
Hacksaw Ridge (2016) 8.1
Hacksaw Ridge (2016) Hacksaw Ridge (2016) IMDb - 8.1/10_____Rotten - 85% Won 2 Oscars. Another 51 wins & 114 nominations    ((Blu-Ray 1080p 5.1 CH, Blu-Ray720, တို့ဖြင့် နင်းကန်ကောင်းသည့် စစ်ကားအား ပြန်လည် အရောင်အသွေးစုံလင်စွာဖြင့် တင်ဆက်ပေးလိုက်ပါသည်....)) စစ်ခုံရုံးတစ်ခု မှာ ခန္ဓာကိုယ်ပါးလှပ်လှပ်စစ်သည်တစ်ယောက်ဟာ စွဲချက်တွေကြောင့် ရုံးတင်ခံနေရတယ်... စွဲချက်က ဘာလဲဆိုတော့ သေနတ်ကိုင်ရန်ငြင်းဆန်မှု အမိန့်မလိုက်နာမှုကြောင့်ပါ... စစ်သားလုပ်တယ် သေနတ်မကိုင်ချင်ဘူး ဘယ်လိုမှ သဟဇတမဖြစ် ... သို့သော် တပ်မတော်တွင် တာဝန်မထမ်းပဲပြန်ထွက်သွားမလားဆိုတော့လည်းမဟုတ်ပြန် ဆက်လက်တာဝန်ထမ်းဆောင်လိုလျှက်ရှိနေပြန်သည်... သူ့ရည်ရွယ်ချက်က စစ်ပွဲမှာဒဏ်ရာ ရနေတဲ့သူငယ်ချင်းရဲဘော်ရဲဘက်တွေကို အရေးပေါ်ဆေးကုပေးမယ် ... အားပေးမှုတွေလုပ်မယ် ... ကျည်လွတ်နယ်မြေကို ရွှေ့ပြောင်းပေးမယ်ဆိုတာပါပဲ... စွဲချက်တွေကစစ်ထောင်သေချာပေါက်ကျမည့် အချက်တွေကြီးပါပဲ ... ဒီကားထရေလာကြည့်တော့ ဒုတိယကမ္ဘာစစ်အတွင်း သေနတ်မကိုင်တဲ့စစ်သည်တစ်ယောက်ဟာ ရှေ့တန်းမှာ ကျည်ဆန်တွေကြားပြေးလွှားရင်း ဒဏ်ရာရစစ်သည်တွေကို အသည်းအသန် ကယ်တင်နေတာတွေ့ရတယ် ... Ratingမြင့် ယုတ္တိလွန်စစ်ကားနေမှာပါလေလို့ တွေးမိတယ်... နောက်တော့ ကျွန်တော်ထင်တာ လုံးဝလွဲသွားတယ် ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် သေနတ်မကိုင်တဲ့အဲ့ဒီဆေးတပ် သားလေးဟာ တိုက်ပွဲဝင်စစ်သည်တွေကိုအသက်စွန့်ကယ်တင်ခဲ့တာကြောင့် ...
movie

Hacksaw Ridge (2016)

2016