Channel Myanmar

Derek de Lint

When a Stranger Calls(2006) 5.7
When a Stranger Calls(2006) "Have you checked the children?" ဆိုတဲ့ လူထူးလူဆန်းတစ်ယောက်ရဲ့ အသံသြသြကြီးကို ဖုန်းထဲကနေ ကြားလိုက်ရတဲ့အခါ ခေါင်းနားပန်းကြီးပြီး ထိတ်လန့်သွားရှာမယ့် ဆယ်ကျော်သက်အရွယ် က​လေးထိန်း မိန်းကလေးငယ်တစ်ယောက်ရဲ့ ခံစားချက်ကို အပြည့်အဝ သိချင်ရင်တော့ "When a stranger calls" လို့အမည်ရတဲ့ ၂၀၀၆ ခုနှစ်ထွက် horror-suspense- thriller ရုပ်ရှင်ကို ကြည့်ဖို့ ညွှန်းပေးချင်ပါတယ်။ ၄င်းဟာ ၁၉၇၉ မှာ ထွက်ရှိခဲ့တဲ့ "When a stranger calls" ရုပ်ရှင်ကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဂျေးလ် ဂျွန်ဆန် (Camilla Belle) ဟာ ဆယ်ကျော်သက်အရွယ် ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး အချိန်ပိုင်းကလေးထိန်းအလုပ်ကိုလည်း တွဲဖက်လုပ်ကိုင်ပါတယ်။ တစ်ညနေခင်းမှာ သူမဟာ လူနေအိမ်ခြေ နည်းပါးသောအရပ်မှာ သီးခြားတည်ရှိတဲ့ အလွန်လှပတဲ့ စံအိမ်ကြီးတစ်ခုမှာ ကလေးထိန်းရဖို့ အကြောင်းဖန်လာပါတယ်။ သဘောအလွန်ကောင်းတဲ့ အိမ်ရှင်ဇနီးမောင်နှံဟာ အိပ်ပျော်နေတဲ့ ...
movie

When a Stranger Calls(2006)

Gooische Vrouwen 2 (2014) 5.9
Gooische Vrouwen 2 (2014) Gooische Vrouwen 2 (2014) ==================== IMDb Rating - 5.9/10(ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်)ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(1.74 GB) / (765 MB) / (452 MB) Quality............Blu-Ray 1080p / 720p / 480p Duration.........1Hr 46Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Kaung Paing Encoder..........SWM
movie

Gooische Vrouwen 2 (2014)

2014
Gooische vrouwen (2011) 6.2
Gooische vrouwen (2011) Gooische vrouwen (2011) =================== IMDb Rating - 6.2/10"Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်)File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM
movie

Gooische vrouwen (2011)

2011
Deep Impact (1998) 6.2
Deep Impact (1998) Deep Impactဆိုတဲ့အတိုင်းပါပဲ ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။ ဒီလိုနဲ့ New Yorkမြို့လောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။ အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို့ ကြည့်ရကျိုးမနပ်ရင်တောင် အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။File size…(1.91GB)  / (`1016MB) / (614MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...  Drama / Action / Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

Deep Impact (1998)

The Unbearable Lightness of Being (1988) 7.3
The Unbearable Lightness of Being (1988) The Unbearable Lightness of Being (1988)=============================အချစ်နဲ့ရာဂ ဒီနှစ်မျိုးကိုခွဲခြားနိုင်တာကတော့ယုံကြည်မှုနဲ့သစ္စာရှိမှုတို့ပဲ။သစ္စာမရှိတဲ့အချစ်ဟာ ဆားမပါတဲ့ဟင်းတခွက်လိုပဲဖြစ်နေသလိုရာဂသက်သက်ဟာလည်းပူလောင်မှုတွေပဲရကြတယ် တိုမတ်စ်ဟာချက်နိုင်ငံ ပါရာဂွေးမှာ အထူးကုဆရာ၀န်လေးတယောက်။ပညာမှာတဖတ်ကမ်းခတ်တော်သလိုတဖက်မှာလည်းမိန်းမကျမ်းကျေအရမ်း‌ပွေတဲ့သူ။ဆာဘီနာဆိုတာကတော့ယောကျာ်းတိုင်း‌ငေးရတဲ့အလှအပတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ ပန်းချီဆရာမလေး။သူ့အတွက်ယောကျာ်းတွေဆိုတာခေါင်းခေါက်ယူလို့ရပေမယ့်တိုမက်စ်ကိုပဲစွဲလမ်းနေမိတဲ့သူ။ တယ်ရီဇာကတော့ အရမ်းချစ်တတ်တဲ့ဇနပုဒ်က စာကြမ်းပိုးဓာတ်ပုံဆရာမလေး။ အမြဲငိုငိုရီရီနဲ့တိုမတ်စ်လိုလူရဲ့ရင်ထဲမှာတောင်အမြဲပူပန်နေရအောင်နုံခြာသူလေးပေါ့။ဒီ၃ယောက်အတွက် ဒီလိုမျိုးခံစားချက်တွေကြားမှာဘယ်လိုဆက်ဖြစ်သွားကြမလဲ။ နိုင်ငံရေးတွေလူမှုရေးတွေကြားထဲမှာတိုမတ်စ်အတွက်ဘယ်သူ့ကိုရွေးချယ်ရမလဲ။  တိုမက်စ်တယောက်ကြောင့်ဆာဘီနာ နဲ့တယ်ရီဇာကြားကရောဘာတွေဆက်ဖြစ်ကြမလဲအဆုံးသတ်မှာရောသူတို့အတွက်ပျော်ရွှင်စရာဘ၀တွေရနိုင်ကြမလားဆိုတာကို The Unbearable lightness of beingဆိုတဲ့အချစ်ဒရာမာကားလေးမှာ ရှုစားပေးကြပါဦးခင်ဗျ....File size…2.89GB / 1.25GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….2h 51m Genre .....  Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

The Unbearable Lightness of Being (1988)

The Admiral (2015) 7.0
The Admiral (2015) The Admiral (2015)==============IMDb Rating - 7.0/10ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ...
movie

The Admiral (2015)

2015