Channel Myanmar

Derek Jacobi

The Golden Compass (2007)
The Golden Compass (2007)  Fantasy Fiction ဇာတ်လမ်းကောင်း တစ်ကားကို မိတ်ဆက်ပေးပါရစေ။ Main characterတွေအနေဖြင့် ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး Daniel Craigနဲ့ The Secret of Moonacre၊ Dustbin Babyနဲ့ Endeavourတိုရဲ့ မင်းသမီး Dakota Blue Richardsက ဦးဆောင် သရုပ်ဆောင် ပါဝင်ထားပါတယ်။ ဗီလိန်တွေအနေနဲ့လည်း အထူးတလည်မိတ်ဆက်ပေးစရာ မလိုတဲ့ Nicole Kidmanက ဇာတ်အိမ်ကို ပိုမိုခိုင်လုံအောင် အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် Eva Green, Sam Elliott, Freddie Highmore, Ian McKellenတို့နှင့် တခြားသော ဝါရင့် ပါရမီရှင် သရုပ်ဆောင်တွေ ပါဝင်ထားတော့ ယခု ရုပ်ရှင်ဟာ Castတွေနဲ့တင် တန်နေပါပြီ။ကျွန်တော်တို့ စကြာဝဋ္ဌာတွေကြားမှာ အချင်းချင်းအပြိုင်ဖြစ်နေကြတဲ့ စကြဝဠာတွေ ကမ္ဘာတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာဆိုရင် ...
movie

The Golden Compass (2007)

The Warrior Queen of Jhansi (2019) 4.9
The Warrior Queen of Jhansi (2019) The Warrior Queen of Jhansi (2019) ==========================ဒီရုပ်ရှင်ကတော့ သမိုင်းကိုအခြေခံပြီးတော့ စိတ်ကူးယဥ်ဇာတ်လမ်း ဖန်တီးထားတာပါ။ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီ က အိန္ဒိပြည်ကနေ အကျိုးအမြက်တွေရရှိအောင် လုပ်နေတဲ့ကာလမှာပဲ ဂျန်စီပြည်နယ်ရဲ့ အုပ်စိုးသူဖြစ်နေတဲ့ ဘုရင်မရာနီက ပြည်နယ်ကို အလွယ်တကူအပ်ဖို့ ငြင်းဆိုခဲ့ပါတယ်။ နောက်ဆုံး အထိ သူဘယ်လိုခုခံသွားသလဲဆိုတာကို ကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းမှာတော့ ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီရဲ့အဲဒီခေတ်အခါက အ​ခြေအနေတွေကိုထင်ဟပ်အောင်ရိုက်ကူးထားပါတယ်။ ဒါရိုက်တာ Swati Bhise က ရိုက်ကူးထားပြီးတော့  VIWIFF ရဲ့ Impact Award ကို ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်)File Size..........(1.7 GB) / (724 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 42Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Adventure, Drama Translator.......Thy Santa Encoder..........SWM
movie

The Warrior Queen of Jhansi (2019)

2019
Gladiator (2000) 8.5
Gladiator (2000) ၂၀၀၀ ခုနှစ်က ထွက်ခဲ့တဲ့ Gladiator ... ရဲစွမ်းသတ္တိအပြည့်နဲ့ စစ်သူကြီး မက်စီမက်ဟာ အင်ပါယာပြည့်ရှင် အားကိုး ချစ်မြတ်နိုးရတဲ့ လက်ရုံးတစ်ဦးပါ။ တိုက်ပွဲတိုင်းကို အနိုင်ယူပေးခဲ့လို့ လက်အောက်ငယ်သား အားလုံးကပါ လေးစားရတဲ့သူပေါ့။ပြည့်ရှင်မင်း ဆီဇာက အင်ပါယာကြီးကို ထူထောင်ခဲ့ပေမဲ့ ရောမကို အာဏာရှင်စနစ်နဲ့ မအုပ်ချုပ်ချင်ပါဘူး။ သမ္မတနိုင်‌ငံတော်ဆိုတဲ့ စနစ်ကို ပြန်ပြောင်းချင်တဲ့သူ။ သူ့သားတော်ကတော့ သူနဲ့ ဆန့်ကျင်ဘက်ဖြစ်တယ်ဆိုတာ သိထားရတဲ့အတွက် မက်စီမက်ကိုပဲ နန်းမွေလွှဲခဲ့ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီးတဲ့နောက်မှာတော့....ဒီဇာတ်ကားက သွေးသံရဲရဲ ကြည့်ချင်သူတွေအတွက်တော့ အကြိုက်တွေ့မှာ သေချာပါတယ်။ ရောမရဲ့ မပါမဖြစ်တဲ့ အရီနာသတ်ကွင်းတွေထက်က သတ်ပုတ်ကြတဲ့ ပွဲတွေဆိုတာ ဘယ်လိုဆိုတာ သိထားပြီး ဖြစ်ကြမှာပါ။IMDb 8.5 ရထားတဲ့ ကားကောင်းတစ်ကား ဖြစ်ပါတယ်။File Size : (7.5 Gb) (3.3GB) and ( 1.6GB) Quality : Bluray 2160p, ...
movie

Gladiator (2000)

4K HEVC
Hereafter (2010) 6.5
Hereafter (2010) Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်‌တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie

Hereafter (2010)

2010
My Week with Marilyn (2011) 6.9
My Week with Marilyn (2011) My Week with Marilyn (2011)~ IMDb - 6.9/10, Rotten Tomatoes - 83% ~ဒီရုပ်ရှင်ကို ကောလင်းကလတ်ရေးတဲ့ The Prince, The Showgirl and Me နဲ့ My Week with Marilyn ဆိုတဲ့ ဒိုင်ယာရီစာအုပ်နှစ်အုပ်ကနေ ရိုက်ထားတာ။ The Prince and the Showgirl (1957) ကို မာရီလင်မွန်ရိုးနဲ့ လောရန့်အိုလီဗာတို့ ရိုက်ခဲ့ကြတုန်းက အကြောင်းပေါ့။ ဒီဇာတ်လမ်းကို သူ့ခေါင်းစဉ်အတိုင်းပဲ စာရေးဆရာ ကောလင်းကလတ်ရဲ့ ရှုထောင့်ကနေပဲ ပုံဖော်ထားတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကက ကောလင်းလို့ပြောလို့ရပေမဲ့ သူက ဒီဇာတ်လမ်းထဲ အားကောင်းလှတဲ့ ဇာတ်ကောင်တော့ မဟုတ်နေဘူး။ သူက မွန်ရိုးကိုချစ်မိတဲ့ တတိယအဆင့်လက်ထောက်ဒါရိုက်တာနေရာက သူ့အမြင်ကို ဖော်ပြသွားရုံပဲ။ ဒီဇာတ်လမ်းရဲ့ အားအကောင်းဆုံး ...
movie

My Week with Marilyn (2011)

2011
The Day of the Jackal (1973) 7.8
The Day of the Jackal (1973) The Day of the Jackal (1973)~ IMDb - 7.8/10, Rotten Tomatoes - 90% ~ပြင်သစ်နိုင်ငံရဲ့ ၁၉၆၂ ခုနှစ်ကတော့ နိုင်ငံရေး မုန်တိုင်းထန်တဲ့ အချိန်လို့ပဲပြောပါတော့။ စစ်ရေးဗိုလ်ချုပ်တွေကနေ နိုင်ငံတော်သမ္မတနေရာ ဝင်ယူတာမျိုးတွေ၊ စစ်ဘက်မှာလည်း နိုင်ငံရေးဆန်ချင်တဲ့အဖွဲ့နဲ့ စစ်ရေးအမြင်ကိုသာ ဆုပ်ကိုင်ချင်တဲ့အဖွဲ့တွေဆိုပြီး ဂိုဏ်းကဏ္ဍတွေ ကွဲခဲ့တဲ့အချိန်ပါပဲ။ဒီလိုနဲ့ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ နိုင်ငံတော်သမ္မတ ချားလ် ဒီဂေါလ် က အာဂျီးရီးယားကို လုံးဝလွတ်လပ်ရေးပေးလိုက်တယ်။ ရင်ကို မြေကတုတ်လုပ်ပြီး တစ်လက်မချင်းစီကို သွေးချောင်းစီးတိုက်ယူခဲ့ရတဲ့ စစ်ဘက်ရေးရာပုဂ္ဂိုလ်တွေကတော့ ဘယ်ကျေနပ်နိုင်ပါ့မလဲလေ။ဒီလိုနဲ့ နိုင်ငံတော်သမ္မတကို လုပ်ကြံဖို့ OAS မြေအောက်အဖွဲ့ကို တည်ထောင်ပြီး သမ္မတကို အကြိမ်ကြိမ် လုပ်ကြံခဲ့ကြတယ်။ တစ်ခါ မအောင်မမြင်ဖြစ်တိုင်း ဦးစီးသူတစ်ယောက် အသက်ပေးလာရတဲ့အခါ OAS အဖွဲ့ကြီး ချိနဲ့လာတော့တာပေါ့။ဒီမှာတင် နိုင်ငံခြားသား ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ကို ငွေအပုံလိုက်ပေးပြီး ငှားရမ်းလိုက်တော့တာပဲ။ ...
movie

The Day of the Jackal (1973)

1973
Underworld: Evolution(2006) 6.7
Underworld: Evolution(2006) Underworld: Evolution(2006)***************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 2.8GB& 1.2GB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 46min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Evolution(2006)

Allelujah (2022) 5.9
Allelujah (2022) Allelujah (2022) ============ IMDb Rating - 5.9/10လူရယ်လိုဖြစ်လာရင် သေခြင်းတရားနဲ့အိုမင်းခြင်းကိုရင်ဆိုင်ရမှာက မလွဲဧကန်ပါပဲ လူအိုချင်းတူနေရင်တောင်မှ ကိုယ်ရဲ့သားသမီး၊ မြေး မြစ်တွေနဲ့ ပျော်ရွှင်စွာနေထိုင်ရတဲ့သူတွေရှိသလို တစ်ကိုယ်တည်း အထီးကျန်စွာရှင်သန်နေရတဲ့သူတွေလည်း ရှိပါတယ်။ အိုမင်းမစွမ်း ဖြစ်လာတဲ့အခါ လောကဓံကိုတစ်ကိုယ်တည်းရင်ဆိုင်နေတာထက် ဘေးလူတွေရဲ့အကူအညီကလည်း အထောက်အကူဖြစ်စေနိုင်ပါ တယ်။ဒီဇာတ်လမ်းမှာ သက်ကြီးစောင့်ရှောက်ရေးဆေးရုံက ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ သက်ကြီးဘိုးဘွားတိုရဲ့အပေးအယူမျှမှုကို အလှပဆုံး ဖြစ်အောင်ရိုက်ပြထားပါတယ်။ သားသမီးရှိသည်ဖြစ်စေ မရှိသည်ဖြစ် စေ အထီးကျန်စွာဖြတ်သန်းနေရတဲ့သူတွေကို ဒေါက်တာဗယ်လင်တိုင်း နဲ့စစ်စတာဂဲလ်တွေက ဘယ်လိုစိတ်မျိုးထားပြီး ကူညီ စောင့် ရှောက် ပေးလဲ၊ ဒီကြားထဲ ဆေးရုံနဲ့ပတ်သက်တဲ့အရှုပ်အရှင်းတွေကလည်း ပေါ်လာတဲ့အခါမှာတော့ . . . ဒီဇာတ်ကားလေးဟာကြည့်ရှူသူတွေအတွက် အသိပညာတစ်ခုခု ရသွားစေမယ့်ကားလေးပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.28 GB) / (478 MB) / (264 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 39Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......ZWT Encoder..........SWM
movie

Allelujah (2022)

2022
Nanny McPhee(2005) 6.9
Nanny McPhee(2005) Nanny McPhee(2005)===================ဇာတ်လမ်းအစမှာ ပြောခဲ့သလိုပဲ"ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကို ဝမ်းနည်းဖို့ကောင်းအောင်.ထိုင်ခုံအလွတ်တစ်လုံးနဲ့. စတင်ရလိမ့်မယ်.တကယ်လို့ အဲဒီ့ခုံက လွတ်မနေခဲ့ဘူးဆိုရင်ကျွန်တော်တို့မှာ ပြောစရာဇာတ်လမ်းရှိမှာမဟုတ်ပါဘူး."ဇနီးသည် ဆုံးပါးသွားတဲ့နောက် မစ္စတာဘရောင်းဟာမိခင်ရဲ့စောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးခုနှစ်ယောက်ကိုကြည့်ရှုဖို့ ကလေးထိန်း (နာနီ)ကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သို့ပေမယ့် အလုပ်အရမ်းများတဲ့ ဖခင်ရဲ့ အာရုံစိုက်မှု၊ဂရုစိုက်မှု၊ မေတ္တာတွေကို တောင့်တနေတဲ့ ကလေးတစ်စုဟာသူတို့ရဲ့မကျေနပ်ချက်တွေကို ငှားရမ်းထားတဲ့ နာနီများအပေါ်ပုံချပြီး ပညာပေးမောင်းထုတ်ခဲ့တာ (၁၇)ယောက် တိုင်ခဲ့ပါတယ်။မိခင်ရဲ့ မေတ္တာကိုလည်း လွမ်းဆွတ်၊ ဖခင်ရဲ့ ဂရုစိုက်မှုတွေကိုလည်းတောင့်တရင်းနဲ့ အလိုမကျတဲ့ စိတ်များစွာနဲ့ ဆိုးသွမ်းနေတဲ့ကလေးတစ်သိုက် အများအမြင်မှာ ဆိုးသွမ်းနေတဲ့ ကလေးတွေအပေါ် စာနာနားလည်ပြီး မေတ္တာအပြည့်အဝ ထားပေးနိုင်တဲ့အိမ်စေလေးအီဗန်ဂျလင်းအဒေါ်ဖြစ်သူရဲ့ နောက်အိမ်ထောင်ပြုဖို့တိုက်တွန်းချက်တွေကြောင့် ကလေးတွေရဲ့ ရှေ့ရေးအတွက်ဒိမိသားစုလေးမပြိုကွဲဖို့ ဗျာများနေရတဲ့ မုဆိုးဖို မစ္စတာဘရောင်းဒီမိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ကတော့ဆန်းကြယ်မှု (Miracle) တစ်ခု လိုအပ်နေပါတယ်။ဘယ်လိုဆန်းကြယ်မှုကများ ဒီမိသားစုရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးသွားမယ်ဆိုတာကို CM ကနေပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။  File size…2.04GB / 999MB Quality…Blu-Ray 1080p ...
movie

Nanny McPhee(2005)

Adam Resurrected (2008) 6.1
Adam Resurrected (2008) Adam Resurrected (2008)===================IMDb Rating - 6.1/10ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့ စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊ ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန် ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက် လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe တို့ပဲဖြစ်ပါတယ်။အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ် တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊ အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး ​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။အဆိုပါဗီဇကို စစ်ပြီး​ခေတ် ...
movie

Adam Resurrected (2008)

2008
Joe Maddison’s War (2010) 6.9
Joe Maddison’s War (2010) Joe Madison's War (2010)  ငါက ပထမကမ္ဘာစစ်ရဲ့ စစ်သားတစ်ယောက်။ အဲဒီစစ်ကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေ အခုထိ ခြောက်လှန့်နေဆဲ။ညဘက် အိပ်မက်ဆိုးတွေမက်ရင်း မျက်ရည်ကျမိတယ်။စစ်ပွဲကြီးအပြီး တို့နိုင်လိုက်ပြီပဲ ထင်ခဲ့တာပေါ့။ ဒီလိုစစ်ပွဲမျိုး ထပ်မဖြစ်နိုင်တော့ဘူး ထင်ခဲ့မိ။ငါလည်း သင်္ဘောကျင်းလုပ်သားတစ်ယောက်အဖြစ် ဇနီးသည်နဲ့ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူ နေထိုင်လာခဲ့တယ်။ငါနဲ့တိုက်ဖော်တိုက်ဖက်ရောင်းရင်းတွေလည်း ငါ့လိုပဲ စစ်ပွဲကြီးကို မမေ့နိုင်ကြသူတွေပါ။ဒါပေမဲ့ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာပြန်တယ်။ တစ်ကမ္ဘာလုံးချီတဲ့စစ်ဖြစ်လာသလို ငါ့ကမ္ဘာငယ်‌လေးတစ်ခုလုံးလည်း ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားတော့တာပါပဲ။ငါ့သားကိုစစ်ထဲဝင်ဖို့ ဆင့်ခေါ်ကြတယ်။ ငါ့သမီးရဲ့ခင်ပွန်းသည်လည်းပါတာပေါ့။ လက်ထပ်ပြီးလို့မှမကြာခင် ခွဲကြရရှာတယ်။ ကမ္ဘာစစ်ဆိုတာကို ကောင်းကောင်းကြုံခဲ့ရတဲ့ငါ့အတွက် ပထမအကြိမ်ကထက် ပိုပြီးလက်နက်တွေထွန်းကားလာပြီဖြစ်တဲ့ ဒီတစ်ပွဲက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လိမ့်မယ်ဆိုတာ မတွေးရဲဘူး။ငါ့ဒုက္ခတွေက ဒီလောက်နဲ့မဆုံးခဲ့။ ငါ့ဇနီးသည်ကပါ ငါ့ကို စွန့်ပစ်ပြီး တခြားလူတစ်ယောက်နဲ့ အဝေးကိုထွက်သွားပြန်တယ်။ ဘာကြောင့်မှန်းလည်း ငါမသိရပါလား။ သူ အကတော်သလောက် ငါက လုံးဝမကတတ်လို့လား မသိပါဘူးလေ။ အဲဒီအချိန်မှာပဲ ဟစ်တလာရဲ့လေတပ်မတော်က ဗြိတိန်နိုင်ငံရဲ့ မြို့ကြီးတွေပေါ်ကို နေ့စဉ်ရက်ဆက် ဗုံးမိုးတွေရွာချပေးကြတော့တယ်။ ...
movie

Joe Maddison’s War (2010)

2010
Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
Murder on the Orient Express (2017) 6.5
Murder on the Orient Express (2017) Murder on the Orient Express (2017) IMDb - 6.5/10_____Rotten - 61%   စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ ...
movie

Murder on the Orient Express (2017)

2017
4K HEVC
Come Away 2020 6
Come Away 2020 889ခုနှစ်ကရေးဖွဲ့ခဲ့တဲ့ The Stolen Child ကဗျာကိုနောက်ခံထားပီးရိုက်ထားတဲ့ COME AWAY ဆိုတဲ့ဇာတ်ကားလေးကကလေးတွေရဲ့အိပ်မက ်ကမ္ဘာအကြောင်းကိုစိတ်ကူးယဥ္ပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ်ဇာတ်ဆောင်ကလေးမောင်နှမတွေ ဖြစ်တ​ဲ့ဒေးဗစ် ပီတာနဲ့ အဲလစ် ၃ယောက်ထဲမှာမှအဲလစ်ကnarratorအဖြစ်နဲ့ပါ၀င်ထားတာပါအဲမောင်နှမ၃ယောက်က နယ်စွန်နယ်ဖျားကဆင်းရဲတဲ့မိသားစုလေးကဖြစ်ပီးသူတို့အဖေကတော့လက် မှုပညာရှင်တစ်ယောက်ပါ အေးချမ်းနေတ​ဲ့သူတို့မိသားစုလေးဆီကိုရောက်လာတဲ့ဂယက်ကတော့ ဒေးဗစ်ကို Bristlemoss ကျောင်းကိုပို့ပေးမဲ့ကလေးတွေရဲ့အဒေါ် အယ်လီနာရဲ့အကြံပါပဲ အဲကိုသွားခါနီးဆဲဆဲမှာပဲဒေးဗစ်ရဲ့မျော်လင့်မထားတဲ့သေခြင်းတ ရားနဲ့ကြုံကြိုက် မိပါတယ်ပီတာနဲ့ အဲလစ်ရဲ့ရင်ထဲကနက်ရှိုင်းတဲ့ဒဏ်ရာတွေရှိလာသလိုကလေးတွေရဲ့အိပ်မက ်ကမ္ဘာလေးကလဲ သူတို့ရဲ့လက်တကမ်းအလိုမှာရှိနေတာပါအရွယ်ရောက်ကြီးပြင်းချင်တဲ့ဆန္ဒရှိကြပေမဲ့ ဒုက္ခအားလုံးကင်း​ေ၀းမဲ့အိပ်မက ်ကမ္ဘာလေးကိုဘယ်သူသွားနိုင်မလဲဆိုတာရသမြောက်စွာကြည့်ရှုခံစားရမှာဖြစ်ပါတယ် File size… 1 Gb / 500 Mb Quality… webrip 1080p Format…mp4 Duration….01:30:00 Genre … Adventure, Fantasy, Dram Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang  
movie

Come Away 2020

Ironclad (2011) 6.1
Ironclad (2011) (Unicode)IMDB 6.1RT 4.2၁၂၁၅ ခုနှစ် အင်္ဂလန်တိုင်းပြည် အခွန်တွေကို မတရားကောက်ခံ ၊ လူသတ်ပက်စက်ပြီး မြို့စားမိန်းမတွေနဲ့ ပွေရှုတ်တက်တဲ့ ဘုရင်ဂျွန်ဟာ နံမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဘုရင်တပါးပါ။၁၆ နှစ်တာ ကာလကြာ သူ အင်္ဂလန်ကို အုပ်စိုးပြီးနောက်ပိုင်းမှာတော့ မြို့စားတွေက သူကို သည်းမခံနိုင်ကြတော့ပဲ အားလုံးစုပေါင်းပြီး ပုန်ကန်ကြပါတော့တယ်။ဘုရားစစ်သည်တော်တွေဟာလည်း မြို့စားတွေဖက်က ဝင်ရောက်တိုက်ခိုက်ပေးခဲ့ပါတယ်။၃ နှစ်တာ ရှည်ကြာလှတဲ့ ပြည်တွင်းစစ်ပွဲကြီးဟာ နောက်ဆုံးမှာတော့ မဂ်နာသဘောတူစာချုပ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါတယ်။မဂ်နာစာချုပ်ဆိုတာ ဘုရင်နဲ့ မြို့စားတွေအကြား သဘောတူညီချက်တွေ ထားရှိတဲ့ စာချုပ်တစ်ခုပါပဲ။အာလုံးပြီးဆုံးသွားခဲ့ပြီလို့ ထင်ထားတဲ့နောက်ပိုင်းမှာတော့ ဘုရင်ဂျွန်ဟာ ကြေးစားစစ်တပ်ကြီးကိုငှားရမ်းကာ မြို့စားတွေကို သတ်ပြီး တစ်နိုင်ငံလုံးကို ပြန်လည်သိမ်းပိုက်ဖို့ ကြံစည်ပါတော့တယ်။ဘုရင်ဂျွန်ကို တားဆီးနိုင်ဖို့အတွက်ဆိုရင် အင်္ဂလန်တောင်းပိုင်းရဲ့ အချက်အချာဖြစ်တဲ့ ရီုချက်စတာရဲတိုက်ကို ထိန်းထားနိုင်ဖို့ လိုအပ်တယ်ဆိုတာ...
movie

Ironclad (2011)

2011
The Host (2020)
The Host (2020) The Host 2020===========#Unicode၂၀၂၀ မှာ အသစ်စက်စက်ထွက်ရှိထားတဲ့ Crime / Mystery နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့...လောင်းကစားတွေနဲ့ အကြွေးတွေနဲ့ ပတ်ချာလည်နေတဲ့ ရောဘတ်... အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့ ရောဘတ်... သူ့ဘဝမှာ အမှားပေါ်အမှားဆင့်နေတဲ့ ရောဘတ်..သူ့အကြွေးတွေ အတွက် အလျော်အစားအနေနဲ့ ဘာမှန်းမသိတဲ့ သေတ္တာတစ်လုံးကို အလဲအလှယ်လုပ်ပေးရမယ့်အခါ...​အဲ့သေတ္တာထဲမှာ ဘာတွေပါတာလဲ ရောဘတ်တစ်ယောက် ဘယ်လိုလူတွေနဲ့ ပတ်သက်ဆက်နွယ်မိတာလဲ ဆိုတာကို ရင်ထိတ်သည်းဖိုကြည့်ရှုရမှာပဲ ဖြစ်ပါတယ်..R rated ဖြစ်ပြီး IMDB 5.4/10 ရရှိထားပါတယ်...#ZawgyiThe Host၂၀၂၀ မွာ အသစ္စက္စက္ထြက္ရွိထားတဲ့ Crime / Mystery နဲ့ Thriller အမျိုးအစားဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းကတော့...လောင်းကစားတွေနဲ့ အကြွေးတွေနဲ့ ပတ်ချာလည်နေတဲ့ ရောဘတ်... အိမ်ထောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ဖောက်ပြန်မိတဲ့ ရောဘတ်... သူ့ဘဝမှာ အမှားပေါ်အမှားဆင့်နေတဲ့ ရောဘတ်..သူ့အကြွေးတွေ အတွက် အလျော်အစားအနေနဲ့ ဘာမှန်းမသိတဲ့ သေတ္တာတစ်လုံးကို အလဲအလှယ်လုပ်ပေးရမယ့်အခါ...​အဲ့သေတ္တာထဲမှာ ဘာတွေပါတာလဲ ရောဘတ်တစ်ယောက် ဘယ်လိုလူတွေနဲ့ ပတ်သက်ဆက်နွယ်မိတာလဲ ဆိုတာကို ရင်ထိတ်သည်းဖိုကြည့်ရှုရမှာပဲ ...
movie

The Host (2020)

2020
Tolkien (2019) 6.8
Tolkien (2019) (Unicode)ဒီရုပ်ရှင်ကိုတော့ လူတိုင်းကြိုက်မယ်မထင်ပါဘူး။အရမ်းကြိုက်မယ့်သူတွေလည်း ရှိပါလိမ့်မယ်။ဒါက ကျွန်တော်တို့တွေ အရမ်းကြိုက်ရတဲ့ ရုပ်ရှင်တွေရဲ့ မူရင်းဝတ္ထုတွေကို ရေးသားခဲ့တဲ့ စာရေးဆရာကြီး တစ်ယောက်ရဲ့ အကြောင်းပါပဲ။The lord of the rings နဲ့ Hobbit ရုပ်ရှင်တွေကို အများစု သိကြမှာပါ။အော်စကာတွေ တစ်ပြုံကြီးနဲ့ ဂန္ဓဝင် ရုပ်ရှင်တွေကိုး။ဒါပေမယ့် မူရင်းဝတ္ထုရဲ့ စာရေးသူကိုတော့ အမာခံဖန်တွေပဲ သိကြမယ်ထင်ပါတယ်။J.R.R.Tolkien ခေါ် ဂျွန် ရော်နယ် ရူအယ် တိုကင်းန်ပါပဲ။တိုကင်းန်ဟာ လူငယ်ဘဝမှာ သူငယ်ချင်း သုံးယောက်ရှိခဲ့ပါတယ်။စာပေအနုပညာကို စိတ်တူကိုယ်တူလိုက်စားကြတဲ့ လေးယောက်အဖွဲ့ပေါ့။ဒါကြောင့်လဲ သူ့ရဲ့ဝတ္ထုတွေမှာ လေးယောက်တွဲတွေ လွှမ်းမိုးမှုရှိခဲ့တာလားပါပဲ။တိုကင်းန်ဟာ ဘာသာစကားတွေ ဒဏ္ဍာရီတွေဘက်မှာ အရမ်းထူးချွန်တဲ့သူပါ။သူဟာ ပထမကမ္ဘာစစ်မှာ ပါဝင်တိုက်ခဲ့ဖူးခဲ့တယ်။ဒုတိယ ကမ္ဘာစစ်မှာ ဝှက်စာဖြေသူအဖြစ် ပြောင်မြောက်စွာ ...
movie

Tolkien (2019)

2019
The King’s Speech (2010) 8.0
The King’s Speech (2010) The King's Speech (2010) IMDb - 8.0/10_____Rotten - 95% Won 4 Oscars. Another 106 wins & 204 nominations   သိက္ခာက အင်္ဂလိပ်တွေအတွက် အသက်၊ လွတ်လပ်ခြင်းက အမေရိကန်တွေအတွက် အသက် ၊ စည်းကမ်းက ဂျပန်တွေအတွက် အသက် .......... ဒီဇာတ်ကားက သမိုင်းကို ပြန်လည်အသက်သွင်းရိုက်ကူးထားခြင်းဖြစ်ပါတယ်။ သို့သော် အမှန်တကယ်ဖြစ်ရပ်မှန်အတိုင်း တစ်သွေမတိမ်း ရိုက်ကူးထားခြင်းမဟုတ်ဘဲ ရိုက်ကူးသူ၏ စိတ်လိုရာ ဇာတ်လမ်းဆင်ပြီး လိုသလို အနုပညာကို အစွမ်းပြထားသည့်ဇာတ်လမ်းဖြစ်ပါသည်။ အချိန်ကာ ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁၁ နေရာကာ ဘာကင်ဟမ်နန်းတော် ကိုယ်အရူးအမှုးချစ်ရတဲ့ အချစ်အတွက်ချစ်သက်သေပြဖို့ ၊တာဝန်ယူဖို့၊ မသိပ်ငယ်စေဖို့၊ သမိုင်းမှာ ဆုံးရှုံးမှုအများဆုံးထဲကတစ်ခုအဖြစ်မှတ်တမ်းဝင်သွားမယ့် လက်မှတ်တစ်ချက်ကို ကိုယ်စာရွှက်ပေါ်မှာထိုးလိုက်ပါပြီ။ အနုပညာပိုင်းရော ငွေကြေးပိုင်ရောမှာပါ အောင်မြင်မှုကြီးကြီးမားမားရယူထားနိုင်ခဲ့တဲ့ ဒီသမိုင်းရုပ်ရှပ်ကို The Weinstein Company နဲ့ Momentum Pictures တို့ဖြန့်ချီထားခဲ့ပါတယ်။ IMDb 8/10 ၊ Rotten Tomatoes 95% ၊ Common Sense5/5၊ CinemaScore A+ တို့ ရရှိထားပါတယ်။၂၀၁၀ စက်တင်ဘာမှာ ...
movie

The King’s Speech (2010)

2010
Stratton (2017) 5
Stratton (2017)   အခုမိတ်ဆက်ပေးချင်တဲ့ Stratton ဆိုတဲ့ဇာတ်ကားလေးကတော့ ဗြိတိန်အက်ရှင်ကားလေးပါ SBS ရဲ့တာဝန်ရှိသူ Stratton ကသူ့ရဲ့ပါတနာ Marty နဲ့အတူ ဇီဝလက်နက်ကို ယူဖို့ အီရတ်က ဓာတ်ခွဲခန်းမှာ သွားရောက်ရှာဖွေရပါတယ် မစ်ရှင်ကလွဲပြီး သူ့သူငယ်ချင်း Marty က သေလောက်တဲ့ဒဏ်ရာရသွားပါတယ် အဲနောက်တော့ သူ့ရဲ့အထက်လူကြီး သတင်းရတာက လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကသေဆုံးပြီလို့ထင်ထားခဲ့တဲ့ အရင်က ဆိုဗီယက်တာဝန်ရှိသူ Barovski က လက်စားချေဖို့ပြန်လာတယ်ဆိုတဲ့သတင်းပါ အဲအခါမှာ Stratton နဲ့သူ့အဖွဲ့ဟာ စိတ်ကူးယဉ်လို့မရနိုင်လောက်တဲ့ အဖြစ်အပျက်တွေကိုတားဆီးဖို့ အချိန်နဲ့အမျှ လေ့ကျင့်ရပါတော့တယ် သူတို့တွေ ဘယ်လိုလေ့ကျင့်ကြမယ်ဆိုတာနဲ့ Barovski ကိုနိုင်အောင်တိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းဇာတ်ကွက်ပီပီပြင်ပြင်နဲ့ ရိုက်ပြထားတဲ့အက်ရှင်ကားကောင်းလေးပါ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့မလို့ ကြည့်ရှုသင့်တဲ့အက်ရှင်ကားတစ်ကားလို့ ပြောလို့ရပါတယ် CM ပရိသတ်ကြီးရေ  File Size : (700 MB) and (280MB) Quality : Bluray 720p Running Time ...
movie

Stratton (2017)

2017