Channel Myanmar

Devas Dixit

Doctor G (2022) 7.1
Doctor G (2022) Doctor G (2022)ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါသူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ်ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူးသို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB  / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko
movie

Doctor G (2022)

2022
Har Kisse Ke Hisse Kaamyaab (2020) 8.3
Har Kisse Ke Hisse Kaamyaab (2020) IMDb 8.4/10"ဘဝကိုသာ ပျော်ပျော်နေလိုက် တခြား ဘာရွေးခြယ်စရာရှိလို့လဲ"****************************************အဲ့ဒိခေတ်တုန်းက အာလူးတွေကို သိပ်လိုချင်ကြတာလေ အာလူးဆိုတာဘာကိုပြောတာလဲငါတို့လို သရုပ်ဆောင်တွေကို အာလူးလို့ခေါ်ကြတယ် အားလူးက ဘယ်အရာနဲ့မဆိုရောနှောလို့ရတယ်လေအသား၊ ငါး ဟင်းသီးဟင်းရွက် ကြိုက်တာနဲ့ အာလူးကိုရောလို့ရတယ်ဟာသကားပဲဖြစ်ဖြစ် ဒရာမာကားပဲဖြစ်ဖြစ် အက်ရှက်ကားပဲဖြစ်ဖြစ် ဘယ်မင်းသားလာလာ ငါတို့လိုအာလူးတွေက အဆင်ပြေတယ်မလား====================================ကြယ်ပွင့်များနှင့်ခရီးစဉ်ဆိုတဲ့ အစီစဉ်မှာ ရွေးခြယ်တင်ဆက်ခြင်းခံရတဲ့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်သူ ဆူဒီးရ်ဟာ ယခုလိုပဲစိတ်ပျက်လက်ပျက်နဲ့ ပြောကြားလိုက်တော့ အစီစဉ်တင်ဆက်သူ အမျိုးသမီးက စိတ်မကောင်းစွာဖြင့် ဘာလို့ဒီပြောရတာလဲဆရာဆရာသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားအရေအတွက်က ၄၉၀ လောက်ထိရှိတယ်လေ အတိအကျဆို ၄၉၉ ကားတောင်ရှိတာဒီစကားသံကိုကြားလိုက်ရတော့ ဆူဒီးရ် စိတ်ဝင်စားသွားပါတယ် သူတောင် သူရုပ်ရှင်ဘယ်နှကားမှာ သရုပ်ဆောင်ခဲ့ဖူးလဲ အတိအကျမသိပါဘူးအဲ့ဒိနောက်မှာတော့ သူငယ်ချင်းတစ်ယောက်၏ အားပေးမှုနဲ့ ဆူဒီးရ်တစ်ယောက် သူ့ဘဝမှာ ကား ...
movie

Har Kisse Ke Hisse Kaamyaab (2020)

2020