Channel Myanmar

Dimas Danang

Sleep Call (2023) 6.7
Sleep Call (2023)  ဒီရုပ်ရှင်လေးကတော့ Drama၊ Thrillerအမျိုးအစားအင်ဒိုရုပ်ရှင်ကားလေးဖြစ်တာမလို့ plotကောင်းကောင်းကိုခံစားချက်အပြည့်နဲ့ စီးမျှောကြည့်လို့ကောင်းဦးမှာပါ။အင်ဒို မော်ဒယ်၊မင်းသမီးချော Laura Basukiရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်ချက်တွေကလည်း ဂရုဏာမသက်ဘဲမနေနိုင်အောင် မြင်တွေ့ရဦးမှာပါ...။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ဒီနာဟာ အွန်းလိုင်းချေးငွေယူခဲ့မိပြီး အကြွေးသံသရာထဲကရုန်းမထွက်နိုင်အောင်ဖြစ်နေသူပါ...။အကြွေးတွေပြန်မဆပ်နိုင်တဲ့အဆုံး အွန်လိုင်းချေးငွေရုံးမှာပဲအလုပ်ဝင်လုပ်ရင်း အကြွေးဆပ်ဖို့ကြံရရှာပါတယ်...။အွန်လိုင်းချေးငွေဆိုတာ လိမ်လည်ကလိမ်ကကျစ်ကျတာနဲ့ထူးမခြားနားပေမို့ ဒီနာတစ်ယောက် နေ့စဥ်နေ့တိုင်းအလုပ်လုပ်နေရပေမယ့် ဘဝအဓိပ္ပာယ်ပျောက်၊ ခံစားချက်တွေပျောက်ဆုံးနေခဲ့ရပါတယ်။ သူ့အတွက် စိတ်ဖြေစရာဆိုတာကလည်းညညဆို မအိပ်ခင်ဖုန်းအတူပြောပေးတဲ့ အွန်လိုင်းချစ်သူလေးသာရှိပါတယ်...။ဒီနာတစ်ယောက် အကြွေးသံသရာထဲရုန်းကန်နေရရင်းအမြတ်ထုတ်လိုသူတွေကြား ဘယ်လိုဆက်လက်ရှင်သန်ရမလဲ...သူ့ရဲ့အွန်လိုင်းချစ်သူလေးကရော ဒီနာ့ဘဝကို ဘယ်လိုကယ်တင်နိုင်မလဲ...စတာတွေကို မထင်ထားလောက်တဲ့ plotအစုံနဲ့မြင်တွေ့ရမှာမို့ အခုပဲကြည့်ရှုလိုက်ပါတော့ဗျာ။ File size…1.20GB / 520MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 40m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Sleep Call (2023)

Gundala (2019) 7.2
Gundala (2019) ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie

Gundala (2019)

2019
Terlalu Tampan ( 2019 ) 7.4
Terlalu Tampan ( 2019 ) Zawgyi*******ဒီဇာတ္ကားေလးကေတာ့ IMDb မွာလည္း 7.1 အထိရထားၿပီiflix မွာလည္း 8.6/10ထိရထားတဲ့ အင္ဒိုနီးရွားဆယ္ေက်ာ္သက္ေပါ့ေပါ့ပါးပါးအခ်စ္ဟာသကားေလးပဲျဖစ္ပါတယ္။႐ုပ္ရွည္ေခ်ာၿပီးခန္႔ညားလွၿပီဆိုၿပီးအရာရာအဆင္ေျပၿပီလို႔ထင္ၾကတဲ့သူေတြရွိၾကေပမယ့္ ဒီမွာေတာ့မ်ိဳး႐ိုးလိုက္႐ုပ္ေခ်ာတဲ့အေခ်ာႀကီးမိသားစုကေပါက္ဖြားလာလို႔ေစာ္ၾကည္ဘဲျဖစ္ေနတဲ့ေကာင္ေလးတစ္ေယာက္.....ေတြ႕သမွ်မိန္းမတိုင္းကသဲသဲလႈပ္ၾကလြန္းလို႔အျပင္ေတာင္မထြက္ရဲေအာင္ျဖစ္ရၿပီး ေခ်ာလြန္းလို႔ဒုကၡေရာက္ေနရတဲ့ကူလင္းတစ္ေယာက္.....မိဘေတြနဲ႔အစ္ကိုျဖစ္သူတို႔ေပါင္းၿပီးဂ်င္းထည့္လိုက္လို႔ မျဖစ္မေနအျပင္ေက်ာင္းစတက္ရတဲ့အခါ..ေလာကႀကီးထဲတကယ္စၿပီးတိုး၀င္မိတဲ့အခါမွာေတာ့ သူ႔ေၾကာက္ေနတဲ့အရာေတြ....သူလက္ခံထားတဲ့စံသတ္မွတ္ခ်က္ေတြ...အားလုံးေျပာင္းလဲသြားပါတယ္။တကယ္အဲလိုျဖစ္သြားေစရေအာင္ ေက်ာင္းစတက္ကတည္းဘယ္လိုေတြျဖစ္ခဲ့လဲ...ဘာေတြကအဓိကျဖစ္ေစခဲ့လဲဆို တာေတာ့.လူငယ္အခ်စ္ဟာသကားေလးျဖစ္တဲ့အတြက္ ေပါ့ေပါ့ပါးပါးနဲ႔ၾကည့္ေကာင္းေစမွာပါ။ Unicode*******ဒီဇာတ်ကားလေးကတော့ IMDb မှာလည်း 7.1 အထိရထားပြီiflix မှာလည်း 8.6/10ထိရထားတဲ့ အင်ဒိုနီးရှားဆယ်ကျော်သက်ပေါ့ပေါ့ပါးပါးအချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ရုပ်ရှည်ချောပြီးခန့်ညားလှပြီဆိုပြီးအရာရာအဆင်ပြေပြီလို့ထင်ကြတဲ့သူတွေရှိကြပေမယ့် ဒီမှာတော့မျိုးရိုးလိုက်ရုပ်ချောတဲ့အချောကြီးမိသားစုကပေါက်ဖွားလာလို့စော်ကြည်ဘဲဖြစ်နေတဲ့ကောင်လေးတစ်ယောက်.....တွေ့သမျှမိန်းမတိုင်းကသဲသဲလှုပ်ကြလွန်းလို့အပြင်တောင်မထွက်ရဲအောင်ဖြစ်ရပြီး ချောလွန်းလို့ဒုက္ခရောက်နေရတဲ့ကူလင်းတစ်ယောက်.....မိဘတွေနဲ့အစ်ကိုဖြစ်သူတို့ပေါင်းပြီးဂျင်းထည့်လိုက်လို့ မဖြစ်မနေအပြင်ကျောင်းစတက်ရတဲ့အခါ..လောကကြီးထဲတကယ်စပြီးတိုးဝင်မိတဲ့အခါမှာတော့ သူ့ကြောက်နေတဲ့အရာတွေ....သူလက်ခံထားတဲ့စံသတ်မှတ်ချက်တွေ...အားလုံးပြောင်းလဲသွားပါတယ်။တကယ်အဲလိုဖြစ်သွားစေရအောင် ကျောင်းစတက်ကတည်းဘယ်လိုတွေဖြစ်ခဲ့လဲ...ဘာတွေကအဓိကဖြစ်စေခဲ့လဲဆို တာတော့.လူငယ်အချစ်ဟာသကားလေးဖြစ်တဲ့အတွက် ပေါ့ပေါ့ပါးပါးနဲ့ကြည့်ကောင်းစေမှာပါ။ Translated & Review By Thura Zarni AungEncoded By LK
movie

Terlalu Tampan ( 2019 )

2019