Channel Myanmar

Dreama Walker

The Sitter (2011) 5.6
The Sitter (2011)  The wolf of Wall Street ကြည့်ဖူးသူတိုင်း Jonah Hill ကို မှတ်မိကြမယ်ထင်ပါတယ် ဒီတစ်ခါမှာတော့ သူဟာ ကလေးထိန်းရင်း တိုင်ပတ်တဲ့ ပေါ့ပေါ့ပါးပါး ဟာသကားလေးကိုကြည့်ရမှာဖြစ်ပါတယ် နိုအာဆိုတဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်တဲ့သူဟာ တစ်ရက်မှာတော့ သူ့အမေအစား ကလေးထိန်းပေးဖို့ဖြစ်လာပါတော့တယ် သူ့ကိုသူ စိုးရိမ်လွန်တတ်တဲ့ရောဂါရှိတယ်လို့ ထင်နေတဲ့ စတေလာ အမြဲ လူကြီးတစ်ယောက်လို နေချင်နေတဲ့ ဘလိုက်နဲ့ ရိုဒရီကိုဆိုတဲ့ အမွှေစိန်လေး သုံးယောက်ကို ထိန်းရင်း သူ့ကောင်မလေးက ဆီကိုသွားဖို့အကြောင်းဖြစ်လာပါတော့တယ် ကလေးသုံး‌ယောက်နဲ့ လမ်းမှာ ဘယ်လိုလွဲပြီးရင်းလွဲပြီး အရှုပ်တော်ပုံတွေကို ဘယ်လိုရှင်းမလဲဆိုတာကိုတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ အပန်းဖြေရင်း ကြည့်ရှူလိုက်ကြပါဦးဗျာFile size…(1.8 GB)/(1 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban
movie

The Sitter (2011)

Compliance (2012)
Compliance (2012) ၂၀၀၄ ခုနှစ်က အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှာ ဖြစ်ပွားခဲ့‌တဲ့အဖြစ်အပျက်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။ အသင့်စား စားသောက်ဆိုင်တစ်ခုရဲ့ မန်နေဂျာဖြစ်သူ ဆန်ဒရာဟာ ရဲအရာရှိဟန်ဆောင်ထားတဲ့ သူတစ်ယောက်ရဲ့ ဖုန်းကိုလက်ခံရရှိကာ ထိုသူခိုင်းတဲ့အတိုင်း ဆိုင်ဝန်ထမ်း ဘက်ကီကို သံသယရှိသူအနေနဲ့စစ်ဆေးခြင်းကိုဆောင်ရွက်ပါတော့တယ်။ ဆန်ဒရာကဆိုင်ရဲ့အလုပ်ကိစ္စတွေဖြေရှင်းဖို့လိုလာတဲ့အခါ အခြားသူတွေကို သူ့နေရာမှာ လူစားထိုးကာ ဘက်ကီကိုစောင့်ကြည့်ခိုင်းပါတော့တယ်။တဖြည်းဖြည်းနဲ့ အရာရှိယောင်ဆောင်သူရဲ့ ခိုင်းစေချက်တွေက လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေဖြစ်လာသောအခါ ဒီလိုကျူးလွန်မှုမျိုးတွေက တစ်နေရာမကဖြစ်နေသောအခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ စိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်File size…(1.2 GB)/(600MB)/(300 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice
movie

Compliance (2012)

The Invention of Lying (2009) 6.4
The Invention of Lying (2009) The Invention of Lying (2009) ~ IMDb - 6.4/10, Rotten Tomatoes - 55% ~မုသားမရှိတဲ့ကမ္ဘာမှာနေချင်တယ် ဘာညာ စာတိုလေးတွေ ရေးကြ ပြောကြတာတွေ တွေ့ဖူးမယ်ထင်ပါတယ်။ ကိုယ်တိုင်ရော ပြောမိကြဖူးပါသလား။ တကယ်ပဲ အဲဒီလိုကမ္ဘာထဲရောက်သွားရင်ကော ဘယ်လိုနေမယ်ထင်ပါသလဲ။ဒီဇာတ်ကားထဲမှာတော့ အဲလိုမျိုးကမ္ဘာတစ်ခုထဲက ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲကလူတွေဟာ ခင်ဗျားတို့ ကျွန်တော်တို့လို သာမန်လူတွေပါပဲ။ ကွာခြားမှုတစ်ခုတည်းရှိတာက သူတို့ဟာ မုသားဆိုတဲ့ သဘောတရားကို နားမလည်ကြဘူး၊ သိလည်းမသိ၊ ပြောလည်းမပြောတတ်ကြဘူး။ ဒီတော့ မြှောက်ပင့်ပြီးညာပြောတာမျိုး၊ အားနာလို့လိမ်ပြောတာမျိုး၊ လိုချင်တာရဖို့လိမ်ညာတာမျိုး လုံးဝမရှိပါဘူး။ သူတို့က သူတို့စိတ်ထဲရှိတာကိုပဲ အရှိအတိုင်းပြောတတ်ကြပါတယ်။ အဲလိုဆိုတော့ တစ်ခါတလေမှာ အပြောခံရသူမှာ စပ်ဖျင်းဖျင်းတော့ ဖြစ်တာပေါ့လေ။မာ့ခ် ဘယ်လီဆင်လို အသက်ကလေးဆယ်ကျော် ပိုက်ဆံကမရှိ လူက ဝပြဲပြဲ ရွက်ကြမ်းရေကျိုရုပ်နဲ့ လူ ဆိုရင် ပိုခံရခက်တာပေါ့။ ...
movie

The Invention of Lying (2009)

2009
Sex and the City (2008) 5.6
Sex and the City (2008) Sex and the City (2008)==================IMDb Rating - 5.6/10#Unicodeခေါင်းစဉ်ကိုကြည့်ပြီး 21+ ကားထင်နေရင်မှားသွားပါလိမ့်မယ်။ ထက်မြက်တဲ့ အမျိုးသမီးတွေကြည့်သင့်တဲ့ဇာတ်ကားကောင်းလေး လာပါပြီ။ နယူးယောက်မြို့သူ ၄ ယောက်ရဲ့ အိမ်ထောင်ရေး နဲ့ အချစ်ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်တဲ့ ဇာတ်ကားဆိုလည်း မမှားပါဘူး။ဇာတ်လမ်းအညွှန်း*****************နယူးယောက်မြို့ကြီးကို လူတွေလာကြတာ ၂ ချက်ပဲရှိတယ် အောင်မြင်မှုနဲ့ အချစ် အတွက်ပဲ....လို့ ခံယူထားတဲ့Carrie Bradshaw , Samantha Jones , Charlotte York , Miranda Hobbes တို့ ၄ ယောက်ဟာ အရမ်းခင်ကြတဲ့ squad ဖြစ်ပါတယ်။ သူတို့ခံယူချက်အတိုင်း သက်ဆိုင်ရာ နယ်ပယ်မှာအောင်မြင်မှုကိုရရှိပြီးတဲ့အခါမှာအချစ်စစ်ကို စူးစမ်းရှာဖွေကြရင်းနဲ့ ဘဝရဲ့အလွဲလွဲအချော်ချော်အဖြစ်အပျက်တွေကို ဘယ်လိုထိန်းကျောင်းကျော်ဖြတ်သွားမလဲ ခံစားရမှာပါ ။ သူငယ်ချင်း ၄ ယောက်ရဲ့ Friendship နဲ့ Relationship ကိုတဝကြီးကြည့်ရှုရမှာဖြစ်ပြီးRomance, Drama ...
movie

Sex and the City (2008)

2008
Gran Torino(2008) 8.1
Gran Torino(2008) Gran Torino(2008) IMDb....8.1,,,,,,Rotten....80%,,, Top Rated Movies #162Director:Clint Eastwood ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာClint Eastwoodကို သတိထားမိခဲ့ပါတယ်...သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်....သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်.... Gran Torni ကားရဲ့ပိုစတာကြည့်မိပြန်တော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ပြီး ဇာတ်လမ်းအကျဉ်းလေးရေးထားတာကလည်း သိပ်ပြီးစွဲမက်စရာမရှိခဲ့ဘူး...သို့ပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ဘာသာပြန်ပြီးကြည့်ခဲ့မိတယ်...ဒီကားမှာလည်း သူကိုယ်တိုင်အဓိကသရုပ်ဆောင်ထားပါတယ်.... ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်...သူ့မိန်းမရဲ့ အသုဘ အခမ်းအနား... လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့.... သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေ အများစုတစ်ဖွဲဖွဲရောက်လာတယ်...သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေ ရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ...သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲ ဒဲ့ဒိုးပြောဆိုတတ်တဲ့သူ.သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင်ဝန်လေးနေတယ်.. ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်.... ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး...သို့ပေမယ့် ခင်ဗျားကိုဇတ်လမ်းအစကနေ အဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်.... သေချာတယ်ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်...အယ်တစ်ချို့သောသူတွေအတွက်တော့ ...
movie

Gran Torino(2008)

2008