Channel Myanmar

Drew Seltzer

The Men Who Stare at Goats (2009) 6.2
The Men Who Stare at Goats (2009)  ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre...Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani
movie

The Men Who Stare at Goats (2009)

Never Rarely Sometimes Always (2020) 7.3
Never Rarely Sometimes Always (2020) [Unicode] Never, Rarely, Sometimes,Always (2020) ========================= IMdb Rating - 7.3/10 ဒီရုပ်ရှင်ဟာ ထူးခြားမှုတစ်စုံတရာမရှိပေမယ့် ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ မြင်နေကြပြဿနာ တစ်ခုအတွက် ကာကာကွယ်ကွယ်ပြောရရင် တစ်ချို့အတွက်တော ဘာမှန်းမသိဘဲ ပြီးသွားတဲ့ကားသက်သက်ဖြစ်မှာပါ။ IMdb ratingဟာ ခင်ဗျားသွားပေးလည်းရတဲ့ ratingတစ်ခုဆိုတော့ IMDb ratingမဆိုးတာကို အသာဖယ်လိုက်ပါဦး။ ကမ္ဘာ့စိတ်အချရဆုံး ratingလို့ပြောကြတဲ့ Rotten Tomatoesရဲ့ criticတွေပေးတဲ့ Tomatoers rating ၉၉ရှိပါတယ်။ ဒီလောက်ဆို ကျွန်တော်ညွှန်းစရာတောင်မလိုပါဘူး။ ရုပ်ရှင်ကောင်းဆိုတာ သိသာပါတယ်။ တစ်ခုရှိတာကတော့ Audience Ratingကတော့ ၂၀ပဲရှိပါတယ် ။ ဆိုလိုတာကတော့ လူတိုင်းကြိုက်မယ့်ကား မဟုတ်ပါဘူး။ ကောင်းတယ်ညွှန်းလို့ Downမိတာ မကောင်းဘူးပြောမယ့်သူတွေ ကြိုက်မယ့်ကားမျိုးမဟုတ်ပါဘူး။ The New Yokerမှာတောင် ဒီရုပ်ရှင်အကြောင်း ဆောင်းပါးတစ်ခုတ်တရရေးထားပါတယ်။ ရုပ်ရှင်တစ်ကားရဲ့ ကောင်းခြင်းမ‌ကောင်းခြင်းက ကြည့်ရှုသူရဲ့ ခံစားမှုအကျယ်အပြောနဲ့ တိုက်ရိုက် အချိူးကျပါတယ်။ ဒီရုပ်ရှင်ရဲ့ အကြောင်းအရာနဲ့ တင်ဆက်ပြသပုံဟာ အင်မတန်ရိုးရှင်းပြီး သရုပ်မှန်ဆန်ပါတယ်။ မြင်နေကျပြဿနာ တစ်ခုကိုပဲ တင်ပြထားတာပါ။ ခေတ်အဆက်ဆက်ပြဿနာဖြစ်တဲ့ လိင်မှုရေးရာနဲ့ အမျိုးသမီးတွေရဲ့ အနိုင်ကျင့်ခံရမှုတွေ လစဉ်ဓမ္မတာဝေဒနာတွေ၊ ကိုယ်ဝန်နဲ့ပက်သက်တဲ့ ဝေဒနာတွေအကြောင်းပါပဲ။ စစ်တမ်းကောက်ချက်အရတော့ အမျိူးသမီးထုရဲ့ ...
movie

Never Rarely Sometimes Always (2020)

2020