Channel Myanmar

Dylan Flashner

Prey (2024) 5.5
Prey (2024)  ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာလူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ...။ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ်သုံးယောက်ပါပါတယ်...။အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာအသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်...။ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေကျက်စားတဲ့‌ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော...။ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီဗျာ...။ File size…1.11GB / 508MB Quality…WEB-Rip 1080p 5.1CH  / 720p Format…mp4 Duration….1h 26m Genre ….. Action ,  Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Prey (2024)

Deltopia (2023) 4.5
Deltopia (2023) Deltopia (2023) ============အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားက အိုင်လာဗီစတာဆိုတဲ့နေရာမှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ကကျောင်းသားကျောင်းသူတွေ နှစ်တိုင်း လုပ်ကြတဲ့ Deltopia ဆိုတဲ့ အကြီးဆုံးပါတီကြီးအကြောင်းဖြစ်ပါတယ်။ Alcohol, Drugs သုံးစွဲမှုတွေ ကြမ်းတမ်းတဲ့စကားတွေပါတာမို့ မိသား စုနဲ့ ကြည့်ဖို့တော့မသင့်တော်ပါဘူး။ပါတီမှာသောင်းကျန်းကြပြီး အလွဲတွေဖြစ်ကုန်တဲ့ဇာတ်လမ်းမျိုးသဘော ကျရင် ကြည့်ကြည့်သင့်တယ်လို့ပြောချင်ပါတယ်။ အထက်တန်းကျောင်း သားဂျက်ခ်ဟာ ငယ်ငယ်ကတည်းကသဘောကျခဲ့တဲ့ ကျောင်းနေဖက် ကောင်မလေးဟန်နာကို ဖွင့်မပြောပဲမျိုသိပ်ထားခဲ့ရာမှာ အထက်တန်း ကျောင်းနောက်ဆုံးနေ့ကိုရောက်ခဲ့ပြီဖြစ်ပါတယ်။ ဟန်နာက ကျောင်းပြီး ရင် နယူးယောက်မြို့ကိုပြောင်းတော့မယ်ဆိုတာကို သိရတဲ့အခါ ဟန်နာ တို့သွားမယ့် Deltopia ပါတီကို အမီလိုက်ပြီး ဖွင့်ပြောဖို့ကြိုးစားရာမှာ အမေရိကန်နိုင်ငံရဲအကြီးဆုံးပါတီမှာဘာတွေကြုံရမလဲကြည့်ရမှာဖြစ် ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Pyi T. Nyein ဖြစ်ပါတယ်)File Size..........(2.27 GB) / (789 MB) Quality...........WEB-DL 1080p / 720p Duration........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator......Pyi T. Nyein Encoder..........Zin Phyo Aung
movie

Deltopia (2023)

2023
High Heat (2022)
High Heat (2022) High Heat (2022)အန်နာ ခေါ် အန်ညာက ပြင်သစ်စားသောက်ဆိုင်ကို သူ့ခင်ပွန်းနဲ့အတူပူးတွဲပိုင်ပြီး စားဖိုမှူးတစ်ယောက်လဲဖြစ်ပါတယ်။ မီးဖိုချောင်ရဲ့ အပူတွေကြားမှာ စားဖိုမှူးတွေထုံးစံအတိုင်း တစ်ခါတစ်ရံပေါက်ကွဲသောင်းကျန်းတတ်တဲ့အန်နာ့ကို သူ့ခင်ပွန်းက ယုတ္တိမတန်သူ ဘွဲ့ပေးထားတယ်ဆိုပါတော့။ တကယ်တော့အန်နာက စားဖိုမှူးထက်အများကြီးပိုတဲ့ အပူတွေကိုကြုံဖူးခဲ့တဲ့ရုရှားစပိုင်တစ်ယောက်ဖြစ်ပါတယ်။ အဲဒီဘဝကနေထွက်ပြေးလာပြီး ကိုယ်ရောင်ဖျောက်နေသူတစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲညမှာတော့ မိန်းမအတိတ်အကြောင်းကိုဘာမှမသိတဲ့ အန်ညာ့ခင်ပွန်းကသူ့မိန်းမကိုဂုဏ်ပြုတဲ့အနေနဲ့ သတင်းစာထဲကိုဆိုင်အကြောင်းထည့်ပေးလိုက်ရာမှာ အန်ညာ့အတိတ်က အန်ညာ့နောက်ပြန်လိုက်တာတဲ့အပြင် သူ့ခင်ပွန်းရဲ့အကြွေးဇာတ်ထုပ်တွေကလဲ အဲဒီညမှာပေါ်လာချိန်မှာတော့ အန်ညာတစ်ယောက်ဆိုင်ထဲမှာတပ်စွဲပြီး သူ့စားသောက်ဆိုင်နဲ့သူ့ကိုယ်သူဘယ်လိုကာကွယ်သွားမယ်ဆိုတာကို အက်ရှင်နဲ့ဟာသရောနှောရိုက်ကူးထားလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ကောင်းမယ့် ကားတစ်ကားပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.4GB | 557MB | 276MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August
movie

High Heat (2022)

2022
Collide (2022) 4
Collide (2022) Collide (2022)ဇီး x လီလီ တမီရာ x ဟန်တာ အိန်ဂျလီကာx ပီတာသူတို့သုံးတွဲလုံးက တစ်ညမှာ Collide ဆိုတဲ့စားသောက်ဆိုင်မှာရှိနေခဲ့တယ်။ ဒီသုံးတွဲက တစ်ယောက်နဲ့တစ်ယောက်လုံးဝမသိကြဘူး။ဇီး နဲ့လီလီက စားသောက်ဆိုင်မှာအလုပ်လုပ်ကြတဲ့စုံတွဲလေး။ ဇီးကတစ်နေ့မှာ ရေထဲမျောလာတဲ့ကိုကင်းထုပ်ကြီးကိုမတော်တဆရပြီးနောက်မှာ မူးယစ်ဆေးအကြောင်းလဲသိပ်နားမလည်တော့ အဲဒါတွေကိုရရာစျေးလောက်နဲ့ရောင်းပြီး သူတို့ချစ်သူနှစ်ဦးဘဝကိုအသစ်စတင်ကြမယ်ပေါ့။တမီရာကတော့ စားသောက်ဆိုင်မှာတစ်ယောက်ယောက်ကိုအကြာကြီးထိုင်စောင့်နေခဲ့တယ်။ တော်တော်ကြာမှဟန်တာကရောက်လာတယ်။ ဟန်တာနောက်ကျတာလားဆိုတော့မဟုတ်ဘူး။ တမီရာက ဟန်တာတောင်မသိခဲ့တဲ့ဟန်တာ့ကြောင့်နစ်နာခဲ့ရမှုကို အကြွေးပြန်ယူဖို့အစောကြီးရောက်လာပြီးပြင်ဆင်ထားတာရှိတယ်။အန်ဂျလီကာကတော့ အသက်၄၀ ကျော်မမကြီး။ စားသောက်ဆိုင်ကမန်နေဂျာနဲ့ဖောက်ပြန်နေတာ။ သူ့ယောကျ်ားဖြစ်တဲ့ပီတာကလဲ ဆိုင်ပြင်မှာရှိနေတယ်။ ပီတာကအရမ်းရိုးအေးသူဆိုတော့ ဖောက်ပြန်တဲ့မိန်းမကိုသူပဲကားနဲ့ဝင်တိုက်ပစ်ရမလား သူ့ကိုယ်သူပဲသတ်သေပစ်ရမလား ကားထဲမှာထိုင်ပြီးဝေခွဲမရဖြစ်နေသူ။အဲဒီလိုလုံးဝမသိကြတဲ့ စုံတွဲသုံးတွဲရဲ့ဇာတ်လမ်းတွေက Collide စားသောက်ဆိုင်မှာ အရှိန်ပြင်းပြင်းတဲ့တိုက်ခိုက်မိချိန်မှာတော့......အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre.....Thriller Quality…. 1080p | 720p | 480p File size…1.33GB | 656MB | 352MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Rashida Encoder .....August
movie

Collide (2022)

Code Name Banshee (2022)
Code Name Banshee (2022) Codename: Banshee(2022) =================== The Skin I live in , Zorro တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Antonio Banderas ရဲ့ အက်ရှင်ဇာတ်ကြမ်း ကားလေးပါ။ ဇာတ်လမ်းအညွှန်းက စီအိုင်အေရဲ့ လက်သုံးတော် ကေလပ်တို့ဂိုဏ်းဟာ အင်အားကြီးလာတာနဲ့အမျှ စီအိုင်အေကိုယ်တိုင်က သူတို့ရဲ့အတွင်းသတင်းတွေပေါက်ကြားမှာ စိုးတာကြောင့် ရုရှားကို သတင်းရောင်းပါတယ်ဆိုပြီး အန်တိုနီဦးဆောင်တဲ့အဖွဲ့နဲ့ ကေလပ်တို့ကို လုပ်ကြံခိုင်းပါတယ်။ ဒါပေမယ့် ကေလပ်ဟာ မသေဘဲ လွတ်သွားခဲ့ပြီး စီအိုင်အေလက်ကနေ ၅ နှစ်လောက်ခြေရာဖျောက်နေခဲ့ပါတယ်။ ဒါကို စီအိုင်အေအဖွဲ့ကလည်း အပူတပြင်းလိုက်ရှာနေခဲ့ပြီး ဘန်ရှီးခေါ် ကေလပ်ရဲ့ တပည့်ကလည်း ကေလပ်ဆီရောက်လာခဲ့ပါတယ် ။ သူတို့ နှစ်ယောက်ပေါင်းကာ အန်တိုနီနဲ့ CIA ကို ဘယ်လိုပြန်လည်တိုက်ခိုက် လက်စားချေသွားမလဲဆိုတာ ကြည့်ရမှာပါ။ ကြမ်းကြမ်းရမ်းရမ်းနဲ့ အက်ရှင်တွေ ကြိုက်တတ်သူ‌တွေ သဘောကျစေမယ့် ဇာတ်‌ကားလေးဖြစ်ပါတယ်။( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing က ရေးသားထားပါတယ်)Genre..... Action, Thriller Quality…. 1080p | 720p ...
movie

Code Name Banshee (2022)

2022
Hot Seat (2022) 3.9
Hot Seat (2022) Hot Seat (2022) ========== 2022 ထွက် အက်ရှင်ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အော်လန်ဒိုဆိုတာ အရမ်းတော်တဲ့ ဟက်ကာ IT သမားတစ်ယောက်ပါ။ သို့ပေမယ့် အလုပ်အရမ်းရှုပ်တော့ မိသားစုကို အချိန်မပေးနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာတော့ သူတို့မြို့မှာ ပေါက်ကွဲမှုတစ်ခုနဲ့အတူ ပြဿနာတွေစတင်ရှုပ်ထွေးလာပါတော့တယ်။ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက တစ်မြို့လုံးအတွက် အချက်အချာဖြစ်လာသောအခါမှာတော့.... အဲ့ဒီပြဿနာတွေထဲ အော်လန်ဒိုတစ်ယောက်ဘယ်လို ပါဝင်ပတ်သက်နေတာပါလဲ။ သူ့လို IT သမားတစ်ယောက်က ဘယ်လိုဖြေရှင်းနိုင်ပါ့မလဲဆိုတာ စိတ်လှုပ်ရှားဖွယ်ကြည့်ရှုမှာပါ။ Mad Max မင်းသားကြီး Mel Gibson လည်းပါဝင်ထားပြီး Rating အရမ်းကြီးကောင်းတာ မဟုတ်သော်ငြားလည်း အက်ရှင်ပရိသတ်တွေအတွက် အပျင်းပြေ ရေငတ်ပြေစေတဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။    File size…1.3GB /  629MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 39m Subtitle….Myanmar Subtile (Hard Sub) Encoder….YK  Translated by SPA
movie

Hot Seat (2022)

2022
Asking For It (2022) 2.7
Asking For It (2022) Asking For It (2022)ဇာတ်လမ်းအညွှန်း==========================Vanessa Hudgens ရဲ့ Thriller Movie အသစ်လေး ထွက်လာပါပြီဇာတ်လမ်းဇာတ်အိမ်က မြင်နေကျပုံစံနဲ့ မတူဘဲ ထူးခြားနေပါတယ်။ မိန်းကလေးတွေကို အဓိကဇာတ်ကောင်ထားပြီး တည်ထားတဲ့ ဇာတ်အိမ်မျိုး ဖြစ်နေတာပါ။"ကိုယ် အချိန်မီတော့ ထုတ်လိုက်နိုင်ပေမယ့် ပိုသေချာသွားအောင် ဆေးလေးဖြစ်ဖြစ် သောက်လိုက်ပေါ့"..................ကောင်မလေးတစ်ယောက်ကို ခြေတော်တင်ပြီး ဒီလို စကားမျိုးပြောခဲ့ရုံနဲ့.... ဖုတ်ဖက်ခါပြီး အိပ်ရာက ထသွားရုံနဲ့ .... ဒီတစ်ညတာ ကိစ္စပြီးသွားရောလား....ယောကျာ်းလေးတွေက တစ်ခဏစာမို့ ပြောခဲ့နိုင်ပေမယ့် တစ်ဖက်က မိန်းကလေးက တစ်ဘဝစာပါ....။အထူးသဖြင့် မိန်းကလေးက မူးနေတဲ့အချိန် မရုန်းနိုင်တာကို သဘောတူတယ်လို့ပဲ ယူဆပြီး ကြုံတုန်း တွယ်လိုက်မယ်ဆိုတာမျိုးက..... သဘောတူကြည်ဖြူတယ်လို့ ဆိုနိုင်ရိုးလား။ခေတ်မီလှပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းလေးက မထင်မှတ်ထားတဲ့ ဒိုင်ယာလော့တွေ ပါလာပြီး ကြည့်ရှုသူတွေကို မေးခွန်းတွေ ဆက်တိုက် မေးချင်လာအောင် လုပ်နိုင်ပါတယ်...။ဇာတ်လမ်းနာမည်လေးက "Asking For It" လို့နာမည်ရပြီး 2022 ခုနှစ်ကမှ ပူပူနွေးနွေး ထွက်ထားတာပါ။အသားရောင်ခွဲခြားမှုတွေ ၊ လိင်ခွဲခြားဆက်ဆံမှုတွေ အမြတ်ထုတ်မှုတွေ ...
movie

Asking For It (2022)

2021