Channel Myanmar
Ed Helms
Walk Hard: The Dewey Cox Story (2007) 6.8
Walk Hard: The Dewey Cox Story (2007) (ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့်ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့သိကြမှာပါပဲ။အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင်တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ်လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကိုဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင်အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကိုဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့်စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့်မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစလူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင်အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ဒါပေမဲ့ ...
movie
Walk Hard: The Dewey Cox Story (2007)
Mune: Guardian of the Moon (2014) 7.1
Mune: Guardian of the Moon (2014) Mune : Guardian of the Moon (2014)ဒီကားလေးကတော့ ၂၀၁၄ မှာထွက်ရှိခဲ့တဲ့ Family/Fantasy အမျိုးအစား animation ကားကောင်းလေးတစ်ကားပါ Rating မှာလည်း MIDb 7.1 ထိရရှိထားပြီးတော့ ကလေးရောလူကြီးပါကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ အချိန် ၁ နာရီကျော်လောက်ကြာပြီး ဇာတ်အိမ်ဖွဲ့ထားတာလေးက ချစ်ဖို့ကောင်းလွန်းတော့ အကြိုက်တွေ့မယ်ဆိုတာသေချာပါတယ် ဇာတ်လမ်းအစမှာ နေနဲ့လရဲ့စောင့်ရှောက်သူတွေဟာ ကမ္ဘာကြီးကိုဟန်ချက်ညီအောင်ထိန်းသိမ်းနေကြရတယ် နက်ခရော့ဆိုတဲ့ မိစ္စာတစ်ကောင်က စောင့်ရှောက်သူအသစ်ခန့်အပ်လွှဲပြောင်းပွဲအပြီးမှာ လူသစ်လေးတွေဖြစ်တာကိုအခွင့်ကောင်းယူပြီး နေကိုခိုးဖို့ကြိုးစားပါတော့တယ် အရည်ပျော်လိုက် ခဲလိုက်ဖြစ်နေတဲ့ ဖယောင်းကောင်မလေးက ဘယ်လိုတွေကူညီပေးနိုင်မလဲ စောင့်ရှောက်သူတွေဖြစ်တဲ့ မူရ် နဲ့ ဆိုဟွန်းတို့ဘယ်လိုတွေကြိုးစားပြီး ကမ္ဘာကြီးကိုကယ်တင်ကြမလဲဆိုတာ ရင်ခုန်စရာလေးတွေ ဟာသလေးတွေရောပြီးမိသားစုနဲ့တူတူကြည့်ဖို့ အသင့်တော်ဆုံးကားလေးတစ်ကားပဲဖြစ်လို့ အခုပဲဒေါင်းထားလိုက်ကြတော့နော်အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Adventure, Animation, Comedy, Family Quality…. 1080p | 720p File size… 1GB | 490MB Format… mp4 Duration…. 1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron
movie
Mune: Guardian of the Moon (2014)
2014
Love the Coopers (2015) 5.8
Love the Coopers (2015)  မိသားစုတိုင်းမှာ မတူညီတဲ့ နောက်ခံဇာတ်လမ်းတွေအဖြစ်အပျက်တွေ ပျော်ရွှင်စရာတွေ ဝမ်းနည်းရတာတွေမကျေမနပ်ဖြစ်ရတာတွေ ရှိကြပါတယ်။ လူတွေဟာ လူတွေဖြစ်နေတဲ့အတွက်ကြောင့်ကို ပြီးပြည့်စုံခြင်းမရှိနိုင်ကြပါဘူး။ ဒါကြောင့် ဘယ်လောက်ပဲမပြေလည်တာတွေရှိကြပေမယ့်အချိန်မနှောင်းခင်မှာ ပြေလည်မှုရဖို့ ကြိုးစားသင့်ကြပါတယ်။ ဘာလို့လဲဆိုတာ့ မိသားစုဖြစ်နေလို့ပါ။ တစ်သက်မှာ တစ်ခါပဲ ရနိုင်တဲ့ ရွေးချယ်ခွင့်လည်းမရှိတဲ့ ကိုယ့်ကို ချစ်ခြင်းမေတ္တာတွေသိသိသာသာဖြစ်ဖြစ် မသိမသာဖြစ်ဖြစ် ပေးနိုင်တဲ့သူတွေဖြစ်နေလို့ပါလေ။ သွေးက ရေထက်တော့ပြစ်တယ်လို့ဆိုကြတယ်မလား။ ချစ်ခြင်းမေတ္တာက ပြဿနာအားလုံးကိုဖြေရှင်းနိုင်မယ်လို့ ထင်ပါတယ်။ဒီဇာတ်ကားလေးမှာလည်း သားသမီး‌တွေကို ထိန်းကျောင်းရင်း ကိုယ့်ဖာသာကိုယ်ပျောက်ဆုံးနေတဲ့ ဇနီးမောင်နှံနှစ်ယောက်ဟာ မိသားစုဝင်တွေအတွက် အမှတ်တရဖြစ်စေမဲ့ ခရစ်စမတ်ညစာလေးကိုဖန်တီးကြရင်း မပြေလည်တာတွေကို ပြေလည်အောင်လုပ်ပေးနိုင်ဖို့ ကြိုးစားကြပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ ပြဿနာတွေ မထင်မှတ်တာတွေ ကြုံလာရတဲ့အခါ ဘယ်လိုကျော်ဖြတ်ကြလဲ နောက်ဆုံးမှာ ဘယ်လိုပြေလည်သွားကြလဲဆိုတာကို ခရစ်စမတ်အချိန်နောက်ခံလေး နဲ့ တင်ဆက်ပြထားတဲ့အတွက် ဆွတ်ပျံ့ကြည်နှူးဖွယ် ရယ်ရွှင်ဖွယ် ခံစားကြရမှာပါ။2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ comedy drama အမျိုးအစားဇာတ်ကားဖြစ်ပြီး မိသားစု နဲ့ ချစ်ရသူတွေနဲ့ ကတောက်ကဆဖြစ်နေရတဲ့ အချိန်တွေမှာများကြည့်ဖြစ်ခဲ့မယ်ဆိုရင် ဇာတ်ကားဆုံးတာနဲ့ ရင်ထဲ အတွေးတစ်စကျန်ကောင်း ကျန်နေနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size…    2 GB /  984 MB Quality… BluRay 1080p / 720p Format… ...
movie
Love the Coopers (2015)
2015
Family Switch (2023) 5.7
Family Switch (2023) Family Switch (2023)အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ "Enid Sinclair" အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ ...
movie
Family Switch (2023)
2023
Stretch (2014) 6.5
Stretch (2014)  ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင်ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson,Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေကIMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကားအ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက်ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီးတင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေးဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝရောက်သွားပါ​တော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
Stretch (2014)
We’re the Millers (2013) 7.0
We’re the Millers (2013) 2013 ခုနှစ်က ထွက်ရှိထားပြီး IMDB 7/10 ရရှိထားတဲ့ Crime/Comedy ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆေးခြောက်ကို ကိုယ်စားလှယ်ယူပြီးရောင်းတဲ့ ဒေးဗစ် တစ်ယောက် တစ်နေ့မှာ ဓားပြတိုက်ခံရပြီး ရှိသမျှပိုက်ဆံတွေရော ဆေးခြောက်တွေပါ အကုန်ပါသွားပါတော့တယ် ဒီအခါမှာ ပိုက်ဆံတွေ ပြန်မလျော်နိုင်တဲ့ ဒေးဗစ်ကို သူ့ရဲ့ သူငယ်ချင်းလည်းဖြစ် အလုပ်ရှင်လည်းဖြစ်သူက အလျော်အစားအနေနဲ့ အလုပ်တစ်ခုကမ်းလှမ်းပါတယ် ဒီအလုပ်ကတော့ မက္ကစီကိုက ဆေးခြောက်တွေကို နယ်စပ်ကိုဖြတ်ပြီး အမေရိကန်ထဲ သယ်လာဖို့ပါ ရွေးစရာလမ်း မရှိတော့တဲ့ ဒေးဗစ်ဟာ နယ်စပ်ဖြတ်ပြီး ဆေးခြောက်တွေသယ်မယ့် မူးယစ်ဆေးမှောင်ခို အလုပ်ကို လက်ခံလိုက်ရပါတော့တယ် ဆေးခြောက်မှောင်ခိုသယ်မယ့်အလုပ်ကို ကူညီဖို့ အူကြောင်ကြောင်ကောင်လေးတစ်ယောက်ရယ် အိမ်ခြေမဲ့ ကလေကချေမလေးတစ်ယောက်ရယ် ကလပ်တစ်ခုကဖော်ချွတ်မယ်တစ်ယောက်ရယ်ကို ပိုက်ဆံပေးမယ်ပြောကာ မိသားစုဟန်ဆောင်ပြီး အတူလိုက်ခဲ့ဖို့ခေါ်လာခဲ့ပါတယ် ဒေးဗစ်တို့ အဖွဲ့ အလွဲလွဲအချော်ချော်နဲ့ ဘယ်လိုတွေ ဆက်လုပ်သွားကြမယ် ဆေးခြောက်တွေ သယ်လာပြီး ငွေတွေပဲ ရမလား အဖမ်းပဲခံရမလားဆိုတာ ဒီဇာတ်ကားလေးမှာ တဝါးဝါး တဟားဟား ရယ်ရင်း ကြည့်သွားရမှာဖြစ်ပါတယ်    File size…  1.9 GB / 884  MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h Genre .....  Drama, Comedy Subtitle…. Myanmar Subtitle (Hard ...
movie
We’re the Millers (2013)
2013
Night at the Museum: Battle of the Smithsonian (2009) 6
Night at the Museum: Battle of the Smithsonian (2009) Night At The Museum: Battle of The Smithsonian (2009) ~ IMDb Rating - 6/10 ~သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက ...
movie
Night at the Museum: Battle of the Smithsonian (2009)
2009
Ron’s Gone Wrong (2021) 7.2
Ron’s Gone Wrong (2021) Ron's Gone Wrongဒီတစ်ခါမှာတော့ မတွေ့မမြင်ရတာ ကြာပြီဖြစ်သလို Big Hero 6, The Mitchells vsThe Machines တို့လိုမျိုး လူသားနဲ့ စက်ရုပ်ရဲ့ ဆက်ဆံရေးကိုအခြေခံထားတဲ့Animation ဇာတ်ကားတွေဘက်ကို တဖန်ပြန်လှည့်ရအောင်ပါ။"ခင်ဗျားတို့တွေ အထီးကျန်တယ်လို့ ခံစားရဖူးလား""ထောင့်စွန်းတစ်နေရာမှာ ရပ်နေရပြီး ကသိကအောက်နဲ့ ဘယ်သူ့ကိုမှ စကားသွားမစရဲဘဲနဲ့လေ"တော်ရုံတန်ရုံ စကားမပြောရဲတဲ့လူတွေ သူငယ်ချင်းရှာဖို့ခက်တဲ့သူတွေအတွက်နည်းပညာဟာ အထောက်အပံ့တစ်ခု ဖြစ်လာပါတယ်။ ဒီလိုနဲ့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့bubble ဟာ bubble robot ဆိုတဲ့ စက်ရုပ်လေးတွေကို လူတွေအတွက် "best friend"(အကောင်းဆုံးသူငယ်ချင်း) အဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။ ဖုန်းတွေ tablet တွေထက်လုပ်ဆောင်နိုင်စွမ်းမြင့်တဲ့ ဒီစက်ရုပ်လေးတွေက ပိုင်ရှင်ရဲ့ ဒေတာအချက်အလက်တွေကိုသိမ်းယူပြီးတော့ bubble network ကနေတစ်ဆင့် ဝါသနာတူ အကြိုက်တူ သူငယ်ချင်းတွေကို ရှာဖွေပေးပါတယ်။သူငယ်ချင်းတွေကို ရှာဖွေပေးတဲ့အပြင် သူကိုယ်တိုင်ကိုက ပိုင်ရှင်အနီးနား ၆ ပေအတွင်းမှာနေပေး ကူညီပေး စကားပြောပေးတဲ့ ...
movie
Ron’s Gone Wrong (2021)
2021
HEVC 1080p 5.1
Evan Almighty (2007) 5.4
Evan Almighty (2007) Evan Almighty (2007) =============ကမ္ဘာဦးအစမှာ အဖြစ်အပျက်တစ်ခု ဘုရားသခင်လက်ထက်မှာ ဖြစ်ပေါ်ခဲ့ဖူးတယ်လို့ ခရစ်ယာန် သမ္မာကျမ်းကဆိုပါတယ်။ အကျင့်ပျက် အကုသိုလ်တွေနဲ့ ဆိုးသွမ်းလာတဲ့ လူသားတွေအပေါ် ဘုရားသခင်က ကြီးမားတဲ့အပြစ်ပေးခဲ့တယ်။ လူသားတွေဟာ ကြီးမားတဲ့ရေလွှမ်းမိုးမှုကြီးအောက်မှာ သေကြေပျက်ဆီးသွားပြီး လူသားမျိုးနွယ် ချုပ်ငြိမ်းရမယ့်အဖြစ်ကို ရင်ဆိုင်ခဲ့ရတာပေါ့။ဒါပေမယ့် နောဧဆိုတဲ့ လူသားတစ်ယောက်ကိုတော့ ဘုရားသခင်က အခွင့်အရေးတစ်ခုပေးခဲ့ပါတယ် ကမ္ဘာကြီးကို restart ချတဲ့ပုံစံနဲ့ ရွေးချယ်ခံရတဲ့ လူသားတွေ တိရိစ္ဆာန်မျိုးစိတ်တွေကို ကယ်တင်နိုင်ဖို့ ကြီးမားတဲ့ အာ့ခ် လှေကြီးတစ်စင်း တည်ဆောက်ရန်အတွက် နောဧကို ဘုရားသခင်က သတိပေးခဲ့တယ်။ နောဧက ဇနီးတစ်ယောက် သားသုံးယောက်နဲ့ လှေကြီးကိုတည်ဆောက်ပြီး လူသားများနဲ့ တိရိစ္ဆာန်မျိုးစိတ်တစ်ခုမှာ အဖိုအမ တစ်စုံစီကို ရေလွှမ်းမိုးမှုကြီးကနေ ကယ်တင်နိုင်ခဲ့တယ်။အဲဒီလိုအဖြစ်မျိုး ယနေ့ကာလမှာ ထပ်မံပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါပေမယ့် ဒီတစ်ခါမှာတော့ ရေလွှမ်းမိုးမှုကြီးက ဘုရားသခင်ရဲ့ အမျက်ကြောင့်ဖြစ်ပေါ်လာတာမဟုတ်ဘဲ လူသားတွေရဲ့ အမှားကြောင့်ဖြစ်ပေါ်လာတာပါ။ ကမ္ဘာကြီးကို ပြောင်းလဲပစ်ချင်တဲ့ ...
movie
Evan Almighty (2007)
2007
Coffee & Kareem (2020) 5.1
movie
Coffee & Kareem (2020)
2020
Corporate Animals (2019) 4.6
Corporate Animals (2019) Corporate animal လူစီဆိုတာက စားလို့ရတဲ့ဇွန်း၊ခက်ရင်းတွေကိုထုတ်လုပ်တဲ့ကုမ္မဏီပိုင်ရှင် ဘောစိမမတစ်ယောက်ပေါ့ဗျာ။ သူဦးဆောင်တဲ့ Team Building မှာ သူ့ရဲ့ညာလက်ရုံးလိုလိုအတွင်းရေးမှူးလိုလိုဖြစ်နေတဲ့ ဖရက်ဒီရယ် ပြီးတော့ ဂျက်ဇ်ဆိုတဲ့ဝန်ထမ်းအသစ်ရယ် ပြီးတော့ ကုမ္မဏီတစ်ခုလုံးကဝန်ထမ်းတွေရယ်ကို နယူးမက္ကစီကိုကတောင်ကြားတွေမှာ စွန့်စားခန်းလိုလိုခရီးထွက်ကြပါလေရောပေါ့။ဇတ်လမ်းက အဲ့ဒီမှာ စတာပါပဲ။ သူတို့လဲ တောင်ကြားထဲရောက်ရော ငလျင်လှုပ်ပြီးတော့ သူတို့အကုန်ပိတ်မိကြတာပေါ့။ ဆိုတော့ ပိတ်မိနေတဲ့တောင်ကြားထဲမှာနေထိုင်ရင်းနဲ့ ကယ်တင်မဲ့သူလာမယ့်အချိန်ကိုစောင့်ရင်း သူတို့ရဲ့တစ်ဦးချင်းကိုယ်စီရဲ့နေထိုင်မှုတွေ ပုံရိပ်တွေ ခံစားချက်တွေက ပွင့်ဟလာပါတော့တယ်။ ရီစရာတွေနဲ့ပြည့်နှက်နေတဲ့ဒီဇတ်ကားက တောင်ကြားထဲပိတ်မိနေတဲ့လူတစ်စုလို့တောင်မထင်ရလောက်အောင်ပါပဲ။ ဖရက်ဒီနေရာမှာ သရုပ်ဆောင်ထားတဲ့သူကိုတော့ အားလုံးပဲသိကြလိမ့်မယ်ထင်ပါတယ် Deadpool ဇာတ်ကားထဲမှာ တက္ကဆီဒရိုင်ဘာနေရာကသရုပ်ဆောင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ ဟာသဇာတ်ကားလို့ပြောရမှာလဲ တောင်ကြားထဲပိတ်မိနေတာဆိုတော့ ပြောရခက်တယ်လို့ပဲပြောရမှာပေါ့နော်။ ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးလို့ပဲညွှန်းချင်ပါတယ်ဗျ။
movie
Corporate Animals (2019)
2019
Vacation (2015) 6.1
Vacation (2015) ဒါကတော့ Comedy ဇာတ်ကဟောင်းလေးပဲဖြစ်ပါတယ်။ကြည့်ဖူးတဲ့သူတွေလည်းရှိမှာပါ။မိသားစုတစ်သိုက် ခရီးထွက်ရင်းအလွဲလွဲအချော်ချော်တွေဖြစ်ခဲ့တာကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဇာတ်ဆောင်မင်းသားကလည်း Hangover ထဲမှာပါဝက်ခဲ့တဲ့ Ed Helms ပဲဖြစ်ပါတယ်။ဒါ့အပြင် Thor မင်းသား Chris Hemsworthပာဝင်ပြောင်ထားပာသေးတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မိသားစုတွင်းသိပ်မနွေးထွေးတာကိုတွေ့နေရတဲ့ ဖခင်ဖြစ်သူ လေယာဉ်မှူးတစ်ယောက် နွေရာသီအားလပ်ရက်မှာမိသားစုလိုက် Road Trip ထွက်မယ်ဆိုတာကစတာပါပဲ။လမ်းတျောက်လျောက် စထွက်ကတည်းကကိုတက်လိုက်တဲ့ပြသနာတွေဟာ ခရီးဆုံးထဲထိကိုမပြီးပါဘူး။အရင်က Comedy ဇာတ်ကားဟောင်းတွေကိုကြည့်ချင်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုသူရပါ)File Size : (850 MB) and (350 MB) Quality : Blu-Ray 720p Running Time : 1hr 39min Format : Mp4 Genre : Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-DRONES Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie
Vacation (2015)
2015
The Lorax (2012) 6.4
The Lorax (2012) The Lorax (2012) IMDb - 6.4/10_____Rotten Tomatoes - 53%    ဒီကားလေးက အပင်လေးတွေကိုချစ်တတ်တဲ့သူတွေ အထူးကြည့်သင့်တဲ့ကားကောင်းလေးပါ ဆုကြီးလေးဆုနဲ့အခြားဆုပေါင်းများစွာရရှိထားပြီး အတွေးသစ်အမြင်သစ်အချို့ကိုပေးစွမ်းနိုင်ပါလိမ့်မယ် အသက်၁၂နှစ်ပဲရှိတဲ့ တက်ဒ်လေးက တနီးဗေးလ်ဆိုတဲ့ မြို့မှာနေပါတယ် မြို့ဟာသဘာဝတရားလုံးဝပျောက်နေပြီး  လေကအစသစ်ပင်အဆုံး man-madeတွေဖြစ်နေပါပြီ အသက်ရှင်ဖို့မဖြစ်မနေလိုအပ်တဲ့လေကိုတော့ အရင်းရှင်ငပုကောင်အိုဟဲကနေကြိုးကိုင်ထားပြီး ဈေးကိုသူလိုသလိုကစားကာတစ်မြို့လုံးကိုဂုတ်သွေးစုပ်နေပါတော့တယ် ကျွန်တော်တို့အားလုံးနီးပါးမုန်းလို့မရတဲ့မမဆိုတဲ့လူတန်းစားဟာ ဒီကားရဲ့အသက်ပါပဲ တဒ်ဟာသူ့ရဲ့မမကိုပိုးပန်းဖို့သစ်ပင်အစစ်ကို မဖြစ်မနေရှာရမယ့်အခြေအနေထဲရောက်သွားပြီး လုံးဝမမျှော်လင့်ထားတဲ့သစ်ပင်တွေမျိုးတုံးသွားစေတဲ့နောက်ကွယ်က အကြောင်းတရားအချိုု့ကိုရှာတွေ့သွားတဲ့အခါမှာတော့   အသံနောက်ခံတွေကတော့ တက်ဒ်နေရာမှာ မင်းသားချော Zac Efron နဲ့ မင်းသမီးနေရာမှာတော့ ပုရိသတို့ အသဲစွဲ Taylor Swift လေးပါ    Translated by Dolly Encoded by sithu
movie
The Lorax (2012)
2012
Tag (2018) 6.6
Tag (2018) "အသက်ကြီးလာလို့ ကစားတာရပ်လိုက်တာမဟုတ်ဘူး၊ ကစားတာရပ်လိုက်တာလို့ အသက်ကြီးလာတာ" ဆိုတဲ့ဆောင်ပုဒ်က သူတို့ရဲ့လက်သုံးဆောင်ပုဒ်တစ်ခုပေါ့။သူတို့ဆိုတာ Hogan, Bob, Chilli, Sable, Jerry တို့သူငယ်ချင်းငါးယောက်အဖွဲ့ကိုရည်ညွှန်းတာပါ။ဟိုးငယ်ငယ်လေးကတည်းက ကျောင်းနေဖက် ဆော့ဖော်ဆော့ဖက်တွေဖြစ်တဲ့အတွက် တစ်ယောက်ကိုတစ်ယောက်လည်း သံယောဇဉ်အတော်ရှိကြပါတယ်။အသက်ကြီးလာတဲ့အခါကိုယ့်လမ်းကိုလျှောက်ပြီး တစ်ယောက်နဲ့တစ်ယောက် သူစိမ်းတွေလိုတကွဲတပြားမဖြစ်ချင်တဲ့သူတို့သူငယ်ချင်းတစ်သိုက်ဟာ အချိန်တန်ရင်ခွဲခွာရမယ်ဆိုတဲ့ လောကကြီးရဲ့နိယာမကို ဆန့်ကျင်ဖို့နည်းလမ်းတစ်ခုကိုတီထွင်ခဲ့ပါတယ်တော့တယ်။အဲဒါကတော့ အသက်ကြီးတဲ့အချိန် ငယ်ငယ်တုန်းကလို ဆက်ပြီးဆော့ကစားတဲ့နည်းပါပဲ။သူတို့ဆော့တဲ့ကစားနည်းကို မြန်မာလိုခေါ်ရရင်တော့ စိန်ပြေးလိုက်တမ်းပေါ့ဗျာ။သူတို့သူငယ်ချင်းတွေဟာ အဲဒီစိန်ပြေးလိုက်တမ်းကို နှစ်တိုင်းရဲ့မေလတိုင်းမှာ ကစားလေ့ရှိတယ်။ဒါပေမယ့် အရင်တုန်းကလို လူစုလူဝေးနဲ့ကွင်းပြင်ကျယ်ကြီးထဲမှာဆော့ကြတာမဟုတ်ပါဘူး။မေလအတွင်းတစ်ရက်ရက်မှာခွေးရူးဖြစ်တဲ့သူက ကိုယ်ဖမ်းချင်တဲ့လူရှိတဲ့နေရာကို ရောက်အောင်လာပြီး ဖမ်းရတာပဲဖြစ်ပါတယ်။ဒါ့အပြင်ကိုယ့်ကိုမြင်ရင်လည်း အဖမ်းခံရတဲ့သူက ထွက်ပြေးနိုင်တဲ့အတွက် မမှတ်မိအောင်ရုပ်တွေဘာတွေ ဖျက်ပြီးအနားရောက်မှအမိဖမ်းရပါတယ်။ထူးခြားချက်တစ်ခုကတော့ သူတို့သူငယ်ချင်းထဲမှာ Jerry ဆိုတဲ့တစ်ယောက်က အဲဒီကစားနည်းစဆော့ပါပြီဆိုကတည်းက နှစ် ၃၀ တိုင်အောင် တစ်ခါမှအဖမ်းမခံရသေးပါဘူး။၃၁ နှစ်မြောက်မှာတော့ Jerry တစ်ယောက်အိမ်ထောင်ပြုပြီးတော့ ဒီကစားပွဲကနေအကောင်းဆုံးစံချိန်နဲ့ အပြီးတိုင်အနားယူတော့မယ်ဆိုတဲ့သတင်းကို သိသွားတဲ့ Hogan ဟာ ကျန်တဲ့သူငယ်ချင်းသုံးယောက်ကိုအမြန်စုပြီးတော့ မင်္ဂလာပွဲမှာခြေချုပ်မိနေမယ့် Jerry ကိုဖမ်းပြီး သူ့ရဲ့နှစ် ၃၀ ...
movie
Tag (2018)
2018
Chappaquiddick (2017) 6.8
Chappaquiddick (2017) ဒီတစ်​​ခေါက်​က​တော့ အ​မေရိကန်​ဇာတ်​လမ်း​ကောင်း​ကောင်း​လေး​တွေကို ကြိုက်​တဲ့သူ​တွေအတွက်​ပဲဖြစ်​ပါတယ်​ဇာတ်​လမ်းက​တော့ ....Joe Kennedy ရဲ့ အသက်​ရှင်​ကျန်​ခဲ့တဲ့တစ်​ဦးတည်း​သောသား အမတ်​ Ted Kennedy က Chappaquiddick ကျွန်းကို ​လှေပြိုင်​ပွဲအတွက်​သွားရင်​ "Boiler Room Girls" လို့​ခေါ်တဲ့ စည်းရုံးမဲဆွယ်​​ရေးက အမျိုးသမီး​တွေနဲ့ ၁၉၆၉ ဇူလိုင်​လ၁၈ရက်​မှာ ပြန်​လည်​​တွေ့ဆုံပွဲလုပ်​ခဲ့ပါတယ်​ပွဲပြီးတဲ့​နောက်​မှာ သူ့ရဲ့အစ်​ကိုဖြစ်​သူ Bobby လက်​ထပ်​တုန်းက အတူအလုပ်​လုပ်​​ပေးခဲ့ဖူးတဲ့ Mary Jo နဲ့အတူ ပါတီက​နေထွက်​လာခဲ့တယ်​လမ်းမှာပဲ မ​တော်​တဆမှုဖြစ်​ပြီး ကားက​ရေထဲထိုးကျသွားခဲ့ပြီး Mary Joလည်း​သေသွားခဲ့ပါတယ်​လာမယ့်​​ရွေး​ကောက်​ပွဲမှာ အ​ရွေးခံမယ့်​ လွှတ်​​တော်​အမတ်​ Ted ဟာ Mary Jo ​သေတဲ့ကိစ္စနဲ့ပတ်​သတ်​ပြီး ​ဖြေရှင်းရင်း ပြဿနာ​တွေ ရှုပ်​​ထွေးသွားခဲ့ပါတယ်​အဲ့ပြဿနာ​တွေကို ဘယ်​လို​ဖြေရှင်းမလဲ?Ted က ပြစ်​ဒဏ်​​တွေခံရဦးမှာလား?Ted ရဲ့သမ္မတ​လောင်း​နေရာက​ရော ဘယ်​လိုဖြစ်​မလဲ ဆိုတာစိတ်​ဝင်​တစား​စောင့်​ကြည့်​ရမယ့်​ ဇာတ်​လမ်း​ကောင်းဖြစ်​ပါတယ်​ဒီဇာတ်​လမ်းကို John Curranက ရိုက်​ကူးထားပြီး​တော့ John Clarke, Kate Mara, Ed ...
movie
Chappaquiddick (2017)
2017
Captain Underpants: The First Epic Movie (2017) 6.6
Captain Underpants: The First Epic Movie (2017)  ဒီကာတွန်းကားလေးက အမေရိကားရဲ့ ကလေးကြိုက်ကာတွန်းစီးရီးစာအုပ်ကို Dreamwork Animation ကနေ ရုပ်ရှင်အဖြစ် ပြန်ပြီးတော့ အသက်သွင်းထားတာပါ။မူရင်း ကာတွန်းစီးရီးက ၁၂ အုပ်တိတိ ရှိပြီး ၃ ကြိမ်တိုင်တိုင် ပြန်လည် ထုတ်ဝေထားပါတယ်။ဒီကာတွန်းကို ဘာသာစကားပေါင်း ၂၀ကျော်လောက်နဲ့ဘာသာပြန်ထုတ်ဝေခဲ့ပြီးစာအုပ်ပေါင်းသိန်း၇၀လောက်ရောင်းရခဲ့တဲ့ကာတွန်းစီးရီးလေးပါ။ဇာတ်လမ်းလေးကတော့ ကျောင်းသားလေးနှစ်ယောက်နဲ့ သူငယ်ချင်းသံယောဇဉ်ကို ဖော်ကျူးထားတဲ့ဇာတ်လမ်းမျိုးလေးပါ။          ကာရိုးဒ်နဲ့ ဂျော့ရှ်က အစအနောက်သန်တဲ့ စတုတ္ထတန်းကျောင်းသားလေးတွေပါ။သူတို့က ဟာသဥာဏ်ရွှင်ပြီးတော့ ကာတွန်းရုပ်ပြတွေကို အတူဖန်တီးရေးဆွဲနေတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။သူတို့က ကက်ပတိန်အန်ဒါပန့်လို့ခေါ်တဲ့ စူပါဟီးရိုး ကာတွန်းရုပ်ပြလေးကို အတူတူရေးဆွဲခဲ့တယ်။          သူတို့ရဲ့ကျောင်းအုပ်ကြီးက စိတ်တိုစိတ်ဆိုး စည်းကမ်းတင်းကြပ်တဲ့သူမို့ သူတို့နှစ်ယောက်ကို ကြည့်မရပါဘူး။ သူတို့နောက်ပြောင်နေတာကို သက်သေမရှိသေးလို့ ဘာမှမလုပ်နိုင်သေးပေမယ့် တစ်နေ့နေ့တော့ စောင့်ဖမ်းပြမယ်လို့ကြုံးဝါးထားပါတယ်။တစ်နေ့ သူတို့ပြဿနာရှာတာကို လက်ပူးလက်ကြပ်မိတဲ့ အခါမှာတော့ အကြီးဆုံးပြစ်ဒဏ်အနေနဲ့ သူတို့နှစ်ယောက်ကို  အတန်းခွဲထားဖို့ လုပ်ပါတော့တယ်။ သူတို့သူငယ်ချင်းနှစ်ယောက် မခွဲချင်တာနဲ့ ကြံမိကြံရာနဲ့ ကျောင်းအုပ်ကြီးကို အိပ်မွေ့ချကြိုးစားတာ ရလိုက်တယ်။အိပ်မွေ့ချထားရင်း ကျောင်းအုပ်ကြီးက ...
movie
Captain Underpants: The First Epic Movie (2017)
2017