Channel Myanmar

Eddie Bo Smith Jr.

Stir of Echoes (1999) 6.9
Stir of Echoes (1999) Stir of Echoes (1999) ================ IMDb Rating - 6.9/10တွမ်ဝစ်ဇကီးဟာ ဖုန်းလိုင်းပြင်လုပ်သားတစ်ယောက်ဖြစ်ပြီး သူ့ဇနီး မက်ဂီ၊သားငယ်ဂျိတ်ခ်တို့နဲ့အတူ အလုပ်သမားလူတန်း စားတွေနေထိုင်တဲ့ ရပ်ကွက်တစ်ခုမှာနေပါတယ်။တစ်နေ့မှာ တော့ ပါတီတစ်ခုမှာစကြနောက်ကြရင်း အိပ်မွေ့ချပညာရှင် သဘာဝလွန်ကိစ္စတွေကိုဝါသနာပါတဲ့ ခယ်မဖြစ်သူက အမြင် ကျဉ်းလွန်းတဲ့သူ့ကို စိတ်တံခါးဖွင့်ပေးလိုက်ရာကနေ တမလွန် ဘဝကိုမြင်နိုင်တဲ့အမြင်အာရုံရရှိသွားပါတော့တယ်။အဲ့ဒီမှာသူစမြင်လာရတာကတော့ သူတို့အိမ်ဧည့်ခန်းထဲက ဆိုဖာ ပေါ်မှာထိုင်နေတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကိုပါ။ သူတို့သားဖြစ်သူ ဂျိတ်ခ်ကတော့ ဒီမိန်းကလေးကိုမြင်တွေ့နေရ တာကြာပြီဖြစ်ပြီး အမြဲအဆက်အသွယ်ရှိ စကားပြောလေ့ရှိကြောင်း ကိုပါ တစ်စစသိလာရပြီးတဲ့နောက်မှာတော့ အဲ့ဒီမိန်းကလေးအ ကြောင်းကိုစုံစမ်းပြီး ကူညီပေးဖို့ကြိုးစားရပါတော့တယ်။ ဒီမကျွတ် လွတ်တဲ့မိန်းကလေးက သူတို့နဲ့ဘယ်လိုပတ်သက်နေလဲ၊ ဘာကြောင့် ဒီတိုက်ခန်းမှာကပ်တွယ်နေသလဲ၊ အစရှိတဲ့ပဟေဠိတွေကို သူဖြေ ရှင်းရပါလိမ့်မယ်။Stir of Echoes ဟာ တစ်ချိန်မှာဂန္ဓဝင်တွေဖြစ်လာမယ့်၊ အဲ့ဒီခေတ် ကာလကလည်း အပေါက်ကြီးပေါက်ခဲ့တဲ့ The Sixth Sense, The Blair Witch Project နဲ့ The Mummy တို့နဲ့တိုက်ဆိုင်ခဲ့တဲ့အတွက် ထိုက်သင့်သလောက်လူသိမများခဲ့တဲ့ Horror ကားကောင်းတစ်ကား ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.72 GB) / (636 MB) Quality............BLU-RAY L 1080p / ...
movie

Stir of Echoes (1999)

1999
Under Siege(1992) 7.0
Under Siege(1992) Under Siege(1992)******************မင်းသားကြီး Steven Seagal ရဲ့ အက်ရှင်ဇာတ်ကားကြီး ဖြစ်ပါတယ်။ကေဆီရိုင်းဘတ်က မစ်ဆူရီဆိုတဲ့ စစ်သင်္ဘောဟောင်းပေါ်က ခေါင်းဆောင်စားဖိုမှူးဖြစ်ပါတယ်။ တစ်နေ့မှာ သင်္ဘောကပ္ပတိန်ကြီးရဲ့ စပရိုက် မွေးနေ့ပွဲအတွက်ဆိုပြီး တီးဝိုင်းအဖွဲ့တစ်ဖွဲ့ရယ်မိန်းမချောလေးတစ်ဦးရယ် ရောက်လာကြပါတယ်။ဒါပေမဲ့ အဲဒီတီးဝိုင်းအဖွဲ့ရဲ့အကြံအစည်က သင်္ဘောသားတွေ ထင်ထားသလိုမဟုတ်တဲ့အခါသူတို့သင်္ဘောတစ်စီးလုံး ပြန်ပေးဆွဲခံလိုက်ရပါတော့တယ်။အဲဒါကို စားဖိုမှူးလို့ပဲသိထားကြတဲ့ ရေတပ် ဆီးလ်အထူးတပ်ဖွဲ့ဝင်ဟောင်းရိုင်းဘတ်က ဘယ်လိုပြန်ကယ်ဆယ်မလဲဆိုတာ…  File Size :(3.85GB) (1.05GB) and (504 MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:43:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

Under Siege(1992)

The Jackal(1996) 7.0
The Jackal(1996) The Jackal(1996) အညွှန်း********************* Bruce Willis  နဲ့ Richard Gere  တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကိုဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကိုလုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.....  File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Jackal(1996)

Chain Reaction (1996) 5.6
Chain Reaction (1996) အရင်ဆုံး ဇတ်ကားထဲပါတဲ့ Ref: လေးတွေကို Run through ပါမယ်။ အခုကမ္ဘာပေါ်ကလူ‌တွေဟာ ရုပ်ကျွင်းလောင်စာတွေကိုအဓိကထား အသုံးပြု၊ စွမ်းအင်ထုတ်လုပ်ပြီး အသုံးပြုလည်ပတ်နေကြတာပါ။ တစ်ကမ္ဘာလုံးမှာ ကျောက်မီးသွေး၊ ရေနံ၊ သဘာ၀ဓာတ်ငွေ့တို့ကို အဓိကအသုံးပြုကြပါတယ်။ လက်ရှိခန့်မှန်းထားသလောက် ၂၀၈၁ မှာ ကမ္ဘာ့လက်ကျန် ရုပ်ကျွင်းလောင်စာတွေအားလုံး ကုန်ခမ်းလိမ့်မယ်လို့ တွက်ချက်ထားကြပါတယ်။ နေစွမ်းအင် ဆိုလာတို့ ရေအားလျှပ်စစ်တို့လိုပဲ ဟိုက်ဒရိုဂျင်ကိုလဲလောင်ကျွမ်းစေပြီး ပေါများတဲ့စွမ်းအင် ထုတ်နိုင်ပါတယ်။ ရေထဲက ဟိုက်ဒရိုဂျင်ကို လျှပ်ကူးစေပြီး အောက်စီဂျင်နဲ့ ဟိုက်ဒရိုဂျင်ကိုခွဲထုတ်ကာ ဟိုက်ဒရိုဂျင်သက်သက်ကိုလောင်စာအဖြစ်အသုံပြုတဲ့နည်းပါ။ ၁၉ လောက်မှာ ခေတ်စားခဲ့ပါတယ်။ ဟိုက်ထရိုဂျင် လောင်စာကိုထုတ်လုပ်ဖို့ ကြိုးစားကြတဲ့တကယ့်စာတမ်းတွေလဲရှိပါတယ်။ ဟိုက်ဒရိုဂျင်လောင်စာကို ၁၈၃၉ မှာ ဆာဝီလယမ် ကစပြီး ပထမဆုံးစိတ်ကူးရခဲ့တာပါ ရေထဲကို လျှပ်စစ်ဖြတ်၊ ဟိုက်ဒရိုဂျင်ကို ခွဲထုတ်ပြီး စွမ်းအင်အဖြစ်လောင်ကျွမ်းစေပါတယ် ၁၉၅၉ မှာလက်တွေ့အလုပ်လုပ်နိုင်တဲ့ မြင်းကောင်ရေ ၂၀ နဲ့ အင်ဂျင်ကို စထုတ်နိုင်ခဲ့ပါတယ်။ အခုတော့ အင်ဂျင်တော်တော်များများ ထုတ်ပြီးစမ်းနေကြပါပြီ။ ဟိုက်ဒရိုဂျင်လောင်စာရဲ့ လောင်ကျွမ်းအပူချိန်က သဘာ၀ဓာတ်ငွေ့ ကရတဲ့စွမ်းအင်နဲ့ ထပ်တူနီးပါးရှိပြီး လောင်းကျွမ်းအသုံးပြုလို့ ဘေးထွက်ဆိုးကျိုး၊ ပတ်၀န်းကျင်ညစ်ညမ်းမူ စတာတွေ မရှိတဲ့ သန့်စင်တဲ့ လောင်စာတစ်ခုဖြစ်တဲ့အတွက် လူတိုင်းကစိတ်ဝင်စားကြ လိုချင်ကြပါတယ် နောက်ရုပ်ကျွင်းလောင်စာမဟုတ်လို့ လွယ်လွယ်မကုန်ခမ်းနိုင်ပါဘူး။ တွေးကြည့်ပါဗျာ ...
movie

Chain Reaction (1996)

19962007
The Fugitive (1993) 7.8
The Fugitive (1993)    ဒီတစ်ခေါက်မှာဆိုရင်ရင်တော့ Old But Gold တွေထဲက တစ်ကားဖြစ်တဲ့ The Fugitive ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ IMDb Rating- 7.8/10 ထိ ရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Harrison Ford နဲ့ Tommy lee Jones တို့လို မင်းသားကြီးတွေပါဝင်ထားတဲ့ Action , Crime , Drama ဇာတ်ကားအမျိုးအစားလည်းဖြစ်ပြီး ထို ၁၉၉၃ ခုနှစ်ပတ်ဝန်းကျင်ကနေ အခုထိ ကြည့်ရှု့လို့မရိုးနိုင်လောက်အောင် ဇာတ်လမ်းဇာတ်အိမ်ခိုင်မာပြီး ကြည့်လို့ကောင်းတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဖြင့်ပဲ မင်းသားကြီး Jones က Best Supporting Actor ဆုကို ရခဲ့တာဖြစ်သလို ၁၉၉၃ ခုနှစ်မှာ ဝင်ငွေအကောင်းဆုံးဇာတ်ကားလည်း ဖြစ်ခဲ့ပါသေးတယ်။ ဒီဇာတ်ကားကို ညွန်းရမယ်ဆိုရင် ဇာတ်လမ်းကိုတော့ Chicago မြို့မှာထင်ရှားတဲ့ အရိုးခွဲစိတ်ဆရာဝန် Richard အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်။ Richard ဟာဆိုရင် သူ့မိန်းမ သေဆုံးမှု့မှာ တရားခံအဖြစ်ဆွဲချက်တင်ခံရပြီး သက်သေများက သူ့ဆီပဲ ဦးတည်နေတာကြောင့် တကယ်မသတ်ဘဲ သေဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ထို့နောက် Chicago မြို့ထဲမှ သူအပါအဝင်ဖြစ်သော ထောင်ကားဟာ lllINOISသို့ မောင်းနှင်လာခဲ့ပါတယ်။ လမ်းတစ်ဝက်အရောက်မှာပဲ ထောင်သားတွေက ရုန်းရင်းဆန်ခက် ပြုလုပ်တာကြောင့် သူပါလာသော ထောင်ကားတိမ်းမှောက်ပြီး Richard ...
movie

The Fugitive (1993)

1993