Channel Myanmar

Eddie Frierson

Frozen (2013) 7.4
Frozen (2013) Frozen (2013) IMDb - 7.4/10_____Rotten - 90% Won 2 Oscars. Another 79 wins & 59 nominations  Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ...
movie

Frozen (2013)

2013
4K HEVC
Cloudy with a Chance of Meatballs 2 (2013) 6.5
Cloudy with a Chance of Meatballs 2 (2013) Cloudy with a Chance of Meatballs 2 (2013) IMDb - 6.4/10_____Rotten - 70%အစားအသောက်တွေ မိုးပေါ်ကကျလာတဲ့ ကာတွန်းကား ဒုတိယအပိုင်းကို တင်ဆက်ပေးပါမယ်။ဒါက ဒုတိယကားဖြစ်တာမလို့ ပထမကားမကြည့်ရသေးဘူးဆိုရင်တော့ ပထမကားကို အရင်ကြည့်ကြဖို့ အကြံပြုချင်ပါတယ်။ဟောဒီ Cloudy with a Chance of Meatball 2 ကတော့ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ဒုတိယကားကိုတော့ Sony Pictures တစ်ခုတည်းကပဲ ဖြန့်ချိခဲ့တာဖြစ်ပြီးတော့ပထမကားထက် ရုံတင်ဝင်ငွေက ပိုများတယ်လို့ ဆိုရပါမယ်။ဒီကားအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၇၄.၃ သန်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းလေးကို ပြောပြရရင်တော့ ဖလင့်လော့ခ်ဝုဒ်မှာငယ်ငယ်ကတည်းက လေးစားအားကျခဲ့ရတဲ့ သိပ္ပံပညာရှင်တစ်ယောက် ရှိခဲ့တယ်။သူ့နာမည်ကတော့ ချက်စတာဗွီပါ။ဖလင့်တို့ ကျွန်းလေးက အစားအသောက် ရာသီဥတုကြောင့် ကျန်ခဲ့တဲ့စားစရာတွေနဲ့ ရှုပ်ပွနေခဲ့တယ်။ ဒါကို ချက်စတာဗွီတို့ ကုမ္ပဏီက လာရောက်ရှင်းလင်းပေးတာပါ။ချက်စတာဗွီနဲ့အဖွဲ့ဟာ သန့်ရှင်းရေးအမည်ခံပြီး ...
movie

Cloudy with a Chance of Meatballs 2 (2013)

2013
Barnyard (2008) 5.6
Barnyard (2008) Barnyard (2006) IMDb 5.6/10ကလေးတွေသဘောကျမဲ့barnyard (တိရိစ္ဆာန်တို့ရဲ့ ကျီ) ဆိုတဲ့ဇာတ်ကားကတော့ ဘဝကို ပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါးပါးနေတတ်တဲ့ အိုတစ်စ်ဆိုတဲ့ နွားတစ်ကောင်ဟာ ကျီမှာနေရတဲ့သာမာန်ဘဝကို ပျင်းစရာလို့ ထင်မြင်နေခဲ့ပါတယ်။ လူတွေအနားမှာမရှိတဲ့အခါ တိရစ္ဆာန်တွေဟာ လူတွေလို ပြုမူနေထိုင်ကြပါတယ်။ အိုတစ်စ်ရဲ့ မွေးစားဖခင်ဖြစ်တဲ့ ကျီ အကြီးအကဲနွားကြီး ဘန်ဟာ တာဝန်မယူစိတ်မရှိတတ်ပဲ သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတဲ့ သူ့ရဲ့ မွေးစားသားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေခဲ့တာပါ။ အဲ့ဒီလိုနဲ့ တစ်ညမှာတော့ ခေါင်းဆောင် ဘန်ဟာ ကျီမှာရှိတဲ့တိရစ္ဆာန်တွေကို ညကင်းစောင့် ကာကွယ်ပေးရင်း ဝံပုလွေအုပ်ရဲ့လက်ထဲ အသက်ပေးလိုက်ရပါတော့တယ်။ မွေးစားအဖေ ဘန်မရှိတော့တဲ့နောက်မှာ ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေတွေက ခေါင်းဆောင်တစ်ယောက်ရဲ့ဆက်ခံသူဖြစ်တဲ့ မွေးစားသား အိုတစ်စ်အတွက် တာဝန်ယူစရာအဖြစ် ရောက်လာတဲ့အချိန်မှာတော့ အပျော်ကြိုက်တဲ့ နွားလေး အိုတစ်စ်တစ်ကောင် ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ၊စစ်မှန်တဲ့ ခေါင်းဆောင်မှုကနေ ရရှိလာတဲ့ပျော်ရွှင်မှုကို သူဘယ်လို နားလည်အောင်လုပ်မလဲ ဆိုတာ "Barnyard" ဆိုတဲ့ ဇာတ်ကားမှာ သူ့ရဲ့စွန့်စားခန်းတွေ ပျော်တတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံတွေအကြောင်း အဖြေရှာရင်း ပေါ့ပေါ့ပါးပါးလိုက်ပါကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…  1.71 GB /  815 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ...
movie

Barnyard (2008)

2006
Doctor Dolittle (1998) 5.4
Doctor Dolittle (1998) Dr. Dolittle (1998) ==============နာမည်ကြီးမင်းသားကြီး Eddie Murphy ရဲ့ တော်တော်လေးကျော်ကြားခဲ့တဲ့ Dr. Dolittle ကို တင်ဆက်ပေးလိုက်ပါပြီ။ ငယ်စဉ်ကတည်းက တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်ပြီး ထူးထူးဆန်းဆန်း ကြောင်တောင်တောင်ကလေးလေးဖြစ်နေလို့ ပယောဂပါအနှင်ခံရမလိုဖြစ်ခဲ့တဲ့ Dolittle လေးတစ်ယောက် ဆရာဝန်ဖြစ်လာ ခဲ့ပါတယ်။ လူကြီးဖြစ်လာတဲ့ကာလတစ်လျှောက်မှာတော့ တိရစ္ဆာန်တွေရဲ့အသံကို မကြားနိုင်တော့သယောင်ဖြစ်နေခဲ့တာပေါ့။ တစ်နေ့... ကိုယ့်ကားနဲ့တိုက်မိမလို ဖြစ်သွားတဲ့ လမ်းဘေးခွေးက ပြန်ဆဲသွားတာကို ခံလိုက်ရပြီးနောက်မှာတော့ Dolittle ဟာ အရင်ကလို အကောင်ပလောင်တွေပြောသမျှ ပြန်ကြားနိုင်နေ မှန်း ကိုယ့်ကိုယ်ကိုသတိထားမိလာပါတော့တယ်။ဆရာဝန်အလုပ်စကတည်းက ပိုက်ဆံများများရှာရဖို့ကိုပဲ တစိုက်မတ်မတ်ဦး တည်ပြီး တည်တည်ကြည်ကြည် ကြိုးကြိုးစားစားအလုပ်လုပ်လာပြီးမှ ငယ် ငယ်ကလို လူထူးဆန်းဘဝပြန်ရောက်တော့မယ်ဆိုတော့ မခံချင့်မခံသာတွေ ဖြစ်ပြီး ဦးနှောက်ဓာတ်မှန်ရိုက်လိုက် ဘာလာလာမကြားယောင်ပြုလိုက်နဲ့ အရူးမီးဝိုင်းဖြစ်နေတာပေါ့။ ဒါပေမယ့် စိတ်ရင်းကောင်းတဲ့ Dolittle အတွက် တော့ အကူအညီလိုနေတဲ့ သတ္တဝါလေးတွေကို လျစ်လျူရှုဖို့က ထင်သလောက် လွယ်ကူမနေခဲ့ပါဘူး။ နယ်ရောက်တုန်း ဇီးကွက်တစ်ကောင်ကို ကူညီပေး အပြီးမှာတော့ Dr. Dolittle လည်း တစ်တောလုံးရဲ့ဆယ်လီဖြစ်သွားပါတော့ တယ်။ "ငါတို့ပြောတာတွေ နားလည်တဲ့ဆရာဝန်ဟေ့" ဆိုပြီး အိမ်တိုင်ရာ ရောက် အလုံးလိုက်အရင်းလိုက် အုပ်လိုက်ခဲလိုက်ရောက်ချလာပြီး ဆေးခန်း ထိုင်ခရော ...
movie

Doctor Dolittle (1998)

1998
Tangled 2010 7.7
Tangled 2010 ဟိုးရှေးရှေးတုန်းက နေ‌ရောင်ခြည်လေးတစ်စက်ဟာ ကောင်းကင်ပေါ်ကနေ လူ့ပြည်ကိုကျလာခဲ့ဖူးသတဲ့ အဲ့ဒီနေစက်လေးကနေ မှော်ဝင်ရွှေရောင်ပန်းလေးတစ်ပွင့်ဖူးပွင့်ခဲ့ပြီ သူ့မှာ ဖျားနာ ဒဏ်ရာ နာကျင်မူတွေကိုကုသပေးနိုင်စွမ်းရှိလေသတဲ့ .... ပြူတင်းပေါက်လေးနေ ဟိုးအဝေးကိုလှမ်းမျှော်ကြည့်ခဲ့ရတဲ့နေ့ရက်တွေ... ဘယ်ဆီကိုမှန်မသိ မှန်းမျှော်ခဲ့ရတဲ့အချိန်တွေ.. အခုတော့ ရည်ရွယ်ရာဆီရောက်ခဲ့ပြီ.. မြူမှုန်တွေ ပင့်တင်လိုက်သလို.. အလင်းရောင်ကိုငါတွေ့ခဲ့ရပြီလေ... ကောင်မလေးက- အမ်မက်တစ်ခုကို လိုလားတောင့်တခဲ့ပြီး အဲ့ဒီတစ်ခုအတွက်ကြိုးစားလျှောက်လှမ်းရင်း တစ်နေ့အဲ့ဒီပန်းတိုင်ကိုရောက်တဲ့အခါမှာကော ပျော်ရွှင်ရပါ့မလား မျှော်မှန်းထားသလိုကော ဖြစ်လာပါ့မလား ဖြစ်လာခဲ့ရင်ကော အဲ့ဒါပြီးရင် ဘာဆက်လုပ်ရမှာလဲ လို့မေးတဲ့အခါ ကောင်လေးက- အဲ့ဒီအတွက် ကောင်းကွက်ကတော့ မင်းနောက်အိမ်မက်တစ်ခုကိုမက်လို့ရပြီပေါ့... ငါ့ရဲ့အိမ်မက်အသစ်ကတော့ မင်းပါပဲ... အိုကေ Tangled ဆိုတာ 2010 တည်းကထွက်ခဲ့တဲ့ Animation Movie တစ်ခုပါ။ ဆံပင်ရှည်ကောင်မလေး နဲ့သူခိုးလေးတစ်ယောက်တို့ရဲ့ ဇတ်လမ်းလေးပေါ့ ဇတ်ကွက် အလှည့်အပြောင်းလေးတွေကတော့အားလုံး အလွတ်တောင်ရနေလောက်ပါပြီ။ ဒီဇတ်ကားလေးကို ဖန်များအကြည်ပြန်သိမ်းနိုင်ဖို့နဲ့ နောက်တစ်ကြိမ်ဟိုးတစ်ချိန်က ဆံပင်ရှည်နဲ့ကောင်မ‌လေးဇတ်ကားကို ပြန်ခံစားနိုင်ဖို့ ချန်နယ်မြန်မာကနေ တစ်ဖန်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ဇတ်ကားက Musical Animation တစ်ခုဖြစ်တာကြောင့် ဇတ်ကားထဲကသီချင်းများကိုလဲ အတတ်နိုင်ဆုံး မူရင်းအရသာမပျက်အောင် ဘာသာပြန်ထားပေးပါတယ်ခင်ဗျ။ "I See the Light" သီချင်းနဲ့ 54th Grammy Awards နဲ့ Best Song Awards ဆုတို့ရရှိခဲ့ပါတယ်။ Nominated များစွာဝင်ခဲ့ပြီး ဇတ်လမ်းတို Tangled Ever After ကို 2012 မှာထပ်ထွက်ခဲ့ပါသေးတယ်။ တကယ်တော့ ...
movie

Tangled 2010

2010
Moneyball(2011) 7.6
Moneyball(2011) Moneyball(2011) IMDb....7.6,,,,Rotten...94% ဒီကားကတော့ ဘေ့စ်ဘောမန်နေဂျာ Billy Beane အကြောင်းကိုရိုက်ကူးထားတာပါ...Billy BeaneကOakland Aအသင်းရဲ့ ဘေ့စ်ဘောမန်နေဂျာ တစ်ယောက်ပါ....ဘေ့စ်ဘောလောကမှာတော့ နည်းပြထဲမယ်သူရတဲ့လစာဟာတခြားနည်းပြတွေနဲ့ယှဉ်ရင် အတော်ကိုနည်းပါတယ်...အသင်းဘုတ်အဖွဲ့ကလည်း  ရေရှည်စီမံကိန်းတွေနဲ့ အသင်းအပေါ်ကိုင်တွယ်ပုံတွေက အနည်းငယ်ညံဖျင်းလို့နေပါတယ်...မန်နေဂျာ Billy အတွက်တော့ တကယ်ကိုအားမရချင်စရာပဲ..သို့ပေမယ့် သူဟာ အသင်းကိုအကောင်းဆုံးတည်ဆောက်ဖို့ ဘယ်တော့မှ ဇွဲမလျှော့ဘူး...ဘုတ်အဖွဲ့က လူတော်တော်များများကို အတိုက်အခံလုပ်ပြီးလမ်းကြောင်းတစ်ခုသူတည်ဆောက်ခဲ့တယ်...သူဟာ Word Series မှာ အသင်းကို အများအသိပြုတဲ့ အမြင့်ဆုံးနေရာမျိုးကို ရပ်တည်စေချင်တယ်...သူ့အသင်းအတွက် ကစားသမားတွေကို သူကိုယ်တိုင်သေချာစိစစ်ရွေးချယ်ခဲ့တယ် Billy Beaneနဲ့ သူ့ရဲ့လက်ထောက်Peter Brand တို့ရဲ့ ကြိုးစားမှုကြောင့့်အသင်းဟာ ဘယ်လိုအခြေအနေမျိုးကိုရောက်သွားမလဲ...လူဝယ်တဲ့နေရာ လူရွေးချယ်တဲ့နေရာမှာ မန်နေဂျာတွေရဲ့အခက်အခဲတွေ အားကစားသမားတွေရဲ့ခံယူချက်တွေကို တွေ့ရမှာဖြစ်သလို  အားကစားလောကရဲ့  အကြောင်းကိုလည်း ဇာတ်ကားကြည့်ရင်းအတော်လေးသိသွားနိုင်ပါတယ်...ပြီးတော့ ဒီကားမှာ အဓိကသရုပ်ဆောင်ထားတဲ့ Brad Pitt, Robin Wright, Jonah Hill တို့ကိုတော့အတော်များများသိကြမယ်ထင်ပါတယ်.. .IMDbနဲ့ Rottenကလည်း အလန်းကြီးဆိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့...ဇာတ်လမ်းအညွန်းနဲ့ဘာသာပြန်သူကတော့  Tinnilar Lwin ...
movie

Moneyball(2011)

2011
Independence Day: Resurgence(2016) 5.2
Independence Day: Resurgence(2016) Independence Day: Resurgence(2016)ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင်တော့ . ၁၉၉၆ ခုနှစ်မှာ လူသားတွေဟာဂြိုလ်သားတွေကို အနိုင်ယူနိုင်ခဲ့ပြီးနောက်ပိုင်း အာကာသထဲမှာကမ္ဘာကိုနောက်ထပ်အန္တရာယ်မပေးနိုင်အောင် စောင့်ရှောက်မှုတွေပြုလုပ်ထားကြပါတယ်။လကမ္ဘာပေါ်ကနေ ဂြိုလ်သားတွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့စောင့်စားနေတဲ့ အဖွဲ့ထံသို့ အာကာသယာဉ်တစ်စီးရောက်လာခဲ့တယ်။ထိုယာဉ်ဟာ ၁၉၉၆တုန်းကစစ်ဖြစ်ခဲ့တဲ့ဂြိုလ်သားတွေရဲ့ယာဉ်နဲ့မတူတဲ့အတွက် သမ္မတနဲ့နိုင်ငံတကာခေါင်းဆောင်တို့ဟာတိုင်ပင်ဆွေးနွေးသလိုမစ္စတာဒေးဗစ်ကိုလည်း မေးမြန်းအကြံဉာဏ်ယူပါတယ်။ထိုယာဉ်ကို လက်ဦးမှုရယူပြီးပစ်ချဖျက်စီးသင့်မသင့်ဆွေးနွေးတဲ့အခါ ဒေးဗစ်ကမပစ်ဖို့အကြံပေးပေမယ့် ...ခေါင်းဆောင်အများစုရဲ့ ပစ်ချဖို့အကြံပြုချက်ကြောင့်သမ္မတဟာ ပစ်ချစေခဲ့ပါတယ်။ ထိုယာဉ်ကြီးအာကာသထဲပြုတ်ကြပျက်စီးတဲ့အခါ ဒေးဗစ်ဟာစစ်ဆေးဖို့အတွက်သမ္မတကိုခွင့်တောင်း တဲ့အခါ အောင်ပွဲခံပွဲအပြီးမှသာလုပ်ခွင့်ပေးပါတယ်။အဲ့ဒီမှာ ဂျိတ်ဟာ အာကာသကနေ အာကာသယာဉ်ကိုယူပြီး ဒေးဗစ်ကိုလာရောက်ခေါ်ဆောင်ပြီး ၎င်းယာဉ်ကိုစစ်ဆေးဖို့ကူညီနေချိန်မှာပဲ ၁၉၉၆ ခုနှစ်တုန်းကဂြိုလ်သားတွေပြန်လည်ရောက်ရှိလာခဲ့ပြီး အာကာစခန်းနဲ့ကမ္ဘာဟာစတင်ပျက်စီးတဲ့အဖြစ်ကိုရောက်ပါတော့တယ်။ဒီဇာတ်ကားဟာ IMDb rating 5.2/10 ရရှိထားပေမဲ့ အရမ်းကိုကောင်းလွန်းတဲ့ ဇာတ်ကားဆိုတာ ကြည့်ပြီးတဲ့သူတိုင်းလက်ခံပါလိမ့်မယ်။နောက်ပြီး ရိုက်ကွင်းရိုက်ကွက်တွေ Visual Effect တွေဟာ သာလွန်ကောင်းမွန်ခဲ့ပြီး ခိုင်မာတဲ့ ဇာတ်အိမ်ကို အကောင်းဆုံးရိုက်ပြသွားတဲ့ ဇာတ်ကားကောင်းဆိုလည်း မမှားပါဘူး။(ဒီဇာတ်ကားကို ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှ ညီလေး SCRN ပဲဖြစ်ပါတယ်။)File Size : (2.13GB)(857MB) and (313 ...
movie

Independence Day: Resurgence(2016)

2016
Wreck-It Ralph (2012) 7.7
Wreck-It Ralph (2012) Ralph ဟာ သူ့ဂိမ်းထဲ က ပြီးပြည့်​စုံပြီး ​တော်​​နေတဲ့ ​ကောင်​လိုမျိုး အချစ်​ခံချင်​သူပါပြသနာက လူဆိုး​​တွေကို ဘယ်​သူမှမချစ်​​ကြတာပါပဲဒါ​ပေမဲ့ သူရဲ​ကောင်း​တွေကို​တော့ ချစ်​ကြပါတယ်​ဒီ​တော့ ဆားဂျင့်​အဖြစ်​​ဆော့ရတဲ့ ဂိမ်း​ပေါ်လာတဲ့အခါမှာ​တော့ အဲ ဂိမ်းကို သူ့အတွက်​ သူရဲ​ကောင်းဖြစ်​ဖို့ အခွင့်​အ​ရေးလို့ မြင်​သွားပါတယ်​သူဟာ ဂိမ်းထဲ ကို ရိုးရှင်းတဲ့ပလန်​နဲ့ ဝင်​သွားတယ်​ နိုင်​ခဲ့​ပေမယ့်​ မကြာခင်​မှာပဲ အရာအားလုံးပျက်​စီးသွားခဲ့ပါတယ်​ဒီအခါမှာ သူဘာ​တွေဆက်​လုပ်​မလဲဘာ​တွေ ဆက်​ဖြစ်​လာမလဲသူဖြစ်​ချင်​တဲ့ သူရဲ​ကောင်း​ရော ဖြစ်​လာပါ့မလားဆိုတာ​တော့ Wreck-It Ralph ဆိုတဲ့ ၂၀၁၂ ထွက်​ Animation ကား​လေးထဲမှာ ဆက်​လက်​ကြည့်​ရှုကြပါIMDb rating 7.7 ထိရထားတဲ့ ကာတွန်း​လေးမို့ လက်​မလွတ်​သင့်​တဲ့ ဇာတ်​ကား​လေးပါ File Size : (850 MB) and (373 MB) Quality : Blu-Ray 720p Running Time : 1hr 41min Format : ...
movie

Wreck-It Ralph (2012)

2012